သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပညာေရး ျပဳျပင္ေျပာင္းလဲမႈ လႊတ္ေတာ္အခန္းက႑


ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈ ေကာ္မတီဥကၠ႒ ေဒါက္တာတင္ေအာင္
ပညာေရး ျပဳျပင္ေျပာင္းလဲမႈ လႊတ္ေတာ္အခန္းက႑
please wait

No media source currently available

0:00 0:08:22 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ပညာေရးျပဳျပင္ေျပာင္းလဲေရးအတြက္ ၂၀၁၆ ကေန ၂၀၂၁ အထိ စီမံကိန္း ေသခ်ာလုပ္ေဆာင္ေနတာမွာ လႊတ္ေတာ္က ပံ့ပိုးမႈေတြနဲ႔ အေကာင္အထည္ေဖာ္ေနတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈ ေကာ္မတီဥကၠ႒ ေဒါက္တာတင္ေအာင္က ေျပာပါတယ္။ ဦးေက်ာ္ဇံသာ VOA Studio မွာ ေတြ႔ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ ဆရာက ေက်ာင္းဆရာတဦးလည္း ျဖစ္တယ္။ ပညာေရးကို ကိုယ္စားျပဳၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္နဲ႔လည္း ပညာေရးမွာ ပါဝင္တယ္ဆိုေတာ့ အင္မတန္မွ အေရးႀကီးတဲ့ ပုဂၢိဳလ္တေယာက္ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ ႔ ပညာေရးျပဳျပင္ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီးေတာ့ လႊတ္ေတာ္ရဲ ႔ ပါဝင္ပံ့ပိုးႏုိင္မႈ ဘယ္ေလာက္ရိွမယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ ျမန္မာႏုိင္ငံရဲ ႔ ျပဳျပင္ေျပာင္းလဲေရးကေတာ့ ၂၀၁၆ ကေန ၂၀၂၁ ကို NESP (National Education Strategic Plan) ဆြဲၿပီး အေကာင္အထည္ေဖာ္ေနတာကေတာ့ က်ေနာ္တုိ႔ရဲ ႔ ပညာေရးပါ။ အဲဒီ ပညာေရး ေအာင္ျမင္ဖို႔ လႊတ္ေတာ္ဘက္ကေန ဝန္ႀကီးဌာနကို Oversight ဘယ္လိုလုပ္မလဲ။ ဥပေဒေတြ ဘယ္လိုျပဳျပင္ဆြဲေပးမလဲ။ Oversight လုပ္တယ္ဆိုတာ လက္ရိွသြားေနတဲ့ (၂၀၁၆-၂၁) Education စနစ္ Plan ႀကီးရဲ ႔ ေအာင္ျမင္မႈကို တဘက္ကေန က်ေနာ္တို႔က ဘယ္ေလာက္လုပ္ႏိုင္သလဲဆိုတာကို Oversight လုပ္ေနတာပါ။

ေမး ။ ။ ဒီစီမံကိန္းကို လႊတ္ေတာ္က စၿပီးေတာ့ ျပဳျပင္ေျပာင္းလဲေရး ဥပေဒေတြ ေရးဆြဲခဲ့တယ္ဆုိေတာ့ အဲဒါ ဘယ္တုန္းက ေရးဆြဲအတည္ျပဳခဲ့ပါလဲ။

ေျဖ ။ ။ က်ေနာ္တို႔ National Education Strategic Plan ဆိုတာက ၂၀၁၆ ကေန စၿပီးေတာ့ က်ေနာ္တို႔ရဲ ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ႀကီးက စတင္ဖြင့္လွစ္ပြဲ လုပ္ၿပီးေတာ့ က်ေနာ္တို႔က အေကာင္အထည္ေဖာ္ခဲ့တာ။ အဲဒီမတိုင္ခင္ ၂၀၁၄-၁၅ ကတည္းက ဒါကို ေရးဆြဲခဲ့တယ္။ အေကာင္အထည္ေဖာ္တာကေတာ့ ၂၀၁၆ မွာပါ။

ေမး ။ ။ ၂၀၁၆ ဆိုေတာ့ (၃) ႏွစ္ ရိွလာခဲ့ပါၿပီ။ ဘယ္ေလာက္ ခရီးေရာက္ၿပီလဲလို႔ ဆရာ ခန္႔မွန္းႏိုင္လဲ။

ေျဖ ။ ။ အခု က်ေနာ္တုိ႔ သြားေနတဲ့ စနစ္က KG plus 12 – KG, Grade 1 to Grade 12 သြားေနတဲ့ စနစ္ႀကီးက အခုအခ်ိန္မွာဆိုရင္ KG တန္း ၿပီးသြားၿပီ။ Grade 1, Grade 2, Grade 3 လည္း ၿပီးသြားၿပီ။ Grade 3 နဲ႔ ပတ္သက္လို႔ ဒီႏွစ္မွာ Grade 6 တို႔ကို လက္ရိွ စာသင္ႏွစ္မွာ က်ေနာ္တို႔ စနစ္သစ္နဲ႔ သြားေနပါတယ္။ အဲဒါလဲ က်ေနာ္တို႔ ၿပီးသြားပါၿပီ။ လာမယ့္ႏွစ္မွာေတာ့ Grade 4, 7, 10 တို႔ကို တႏွစ္ခ်င္း ျပဳျပင္ေျပာင္းလဲၿပီးေတာ့ အေကာင္အထည္ေဖာ္ၾကမယ္။ ၂၀၂၃ ဒီဇင္ဘာ ေရာက္ရင္ေတာ့ အခုသြားေနတဲ့ စနစ္ေဟာင္းေတြ အားလံုးဟာ မရိွေတာ့ဘဲနဲ႔ KG plus 12 ပညာေရးစနစ္ႀကီးက လမ္းေၾကာင္းမွန္ေပၚ ေရာက္ပါလိမ့္မယ္။

ေမး ။ ။ ဆိုေတာ့ အခုျမန္မာျပည္မွာ ဆယ္တန္းအထိပဲ ရိွပါေသးလား။ အထက္တန္းကို ဆယ့္ႏွစ္တန္းအထိ သင္ေနပါၿပီလား။

ေျဖ ။ ။ အခု ဆယ့္ႏွစ္တန္း မေရာက္ေသးပါဘူး။ အခုလက္ရိွ ဆယ္တန္းအထိပဲ ရိွပါေသးတယ္။ အခုန က်ေနာ္ေျပာတဲ့ ဆယ့္နွစ္တန္းဆိုတာ ၂၀၂၂ - ၂၀၂၃ အဲဒီ စာသင္ႏွစ္မွာ ဆယ့္ႏွစ္တန္း ေရာက္ပါလိမ့္မယ္။ (၁၂) တန္း ေရာက္ၿပီးရင္ေတာ့ ၂၀၂၃ မွာေတာ့ စာေမးပြဲက ဆယ့္ႏွစ္တန္း စာေမးပြဲကို မတ္လမွာ စၿပီးေတာ့ ပထမဦးဆံုးအႀကိမ္ ေျဖဆိုၾကရမွာ ျဖစ္ပါတယ္။

ေမး ။ ။ အခုေလာေလာဆယ္ ၿပီးခဲ့တာ KG ကေန Grade 4 လား၊ Grade 3 လား ၿပီးသြားၿပီ။ အဲဒီအထိ အကုန္လံုး အဆင္ေျပပါသလား။ ဘာအခက္အခဲ - က်ေနာ္ထင္တယ္ -- ဆရာေတြကို ေလ့က်င့္ေပးရတာလဲ အေရးႀကီးတဲ့ကိစၥတရပ္လို႔ ထင္ပါတယ္။ အဲဒါအျပင္ ဘယ္လိုအခက္အခဲေတြ ႀကံဳခဲ့ရပါသလဲ။ ဘယ္ေလာက္ အဆင္ေျပေခ်ာေမြ႔ခဲ့ပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ ပထမဦးဆံုး KG ကို စတယ္။ ေနာက္ Grade 1, Grade 2, Grade 3 စခဲ့တယ္။ ပထမဦးဆံုး စစခ်င္း ဘာေတြလုပ္ရသလဲဆိုရင္ က်ေနာ္တို႔ရဲ ႔ ျပဳျပင္ေျပာင္းလဲမႈက သင္ရိုးကို စၿပီးေျပာင္းလဲရပါတယ္။ အေျခခံပညာေရးရဲ ႔ မူလတန္းအဆင့္ သင္ရိုးကိုေတာ့ JICA နဲ႔ ျမန္မာႏုိင္ငံပညာေရး အေျခအေနနဲ႔ ေပါင္းၿပီးေတာ့ ျပဳစုရပါတယ္။ အဲဒီလို ျပဳစုတဲ့ေနရာမွာလဲ Traditional နဲ႔ ကိုက္ညီမယ့္ သင္ရိုးေတြကိုေတာ့ ထည့္သြင္းေရးဆြဲခဲ့တယ္။ သို႔ေသာ္လဲပဲ တခါတခါမွာ တခ်ဳိ ႔ဟာေလးေတြမွာ ျပည္သူရဲ ႔ အျမင္က တမ်ဳိးျဖစ္သြားတဲ့အတြက္ေၾကာင့္ သင္ရိုးမွာလည္း အခက္အခဲေတြ ျဖစ္ခဲ့တာေတြလဲ တႏိုင္ငံလံုးက ၾကားထားပါတယ္။ ဒုတိယ က်ေနာ္တို႔က သင္ရိုးၿပီးလို႔ရိွရင္ က်ေနာ္တို႔ ပညာေရးက သင္ရိုးတခုတည္း ေျပာင္းလို႔မရပါဘူး။ သင္ၾကားနည္းေတြလည္း ေျပာင္းရပါတယ္။ အဲဒီလို သင္ၾကားနည္းေျပာင္းတဲ့အခါမွာလဲ ေရွ ႔ဆရာ၊ ဆရာမႀကီးေတြက သင္ၾကားနည္းအေဟာင္းနဲ႔ပဲ သင္ၾကားတယ္။

သင္ၾကားနည္းအေဟာင္းနဲ႔ပဲ သင္ၾကတယ္။ ဟိုတုန္းကေတာ့ ဆရာဗဟိုျပဳ သင္ၾကားနည္းနဲ႔ သင္ခဲ့တယ္။ သစ္ရိုးသစ္မွာ ေက်ာင္းသားဗဟိုျပဳပံုစံနဲ႔ ေျပာင္းသင္တဲ့အတြက္ ဆရာ၊ ဆရာမေတြကို သင္တန္းေပးရတယ္။ အဲဒီသင္တန္းေပးတဲ့ ေနရာမွာလဲ ဆရာ၊ ဆရာမေတြက ေတာက္ေလွ်ာက္ေက်ာင္းဖြင့္ၿပီး စာေမးပြဲေတြစစ္တယ္။ အေျဖလႊာေတြ စစ္ရတယ္။ ေအာင္စာရင္းေတြ ထုတ္ရတယ္။ ဒါေၾကာင့္ ေႏြရာသီမွာ (၁၀) ရက္တာ၊ ႏွစ္ပတ္တာပဲ က်ေနာ္တုိ႔က သင္တန္းေပးႏုိင္တယ္။ အဲဒီအခက္အခဲေလးေတြလဲ ေတာ္ေတာ္မ်ားမ်ား ရိွတယ္။ အဲဒီႏွစ္ပတ္ေလးေပးၿပီး ျပန္ပို႔ခ်တဲ့ေနရာမွာလဲ အခက္အခဲ ျဖစ္တယ္။ ဒါေၾကာင့္ ဆရာ၊ ဆရာမေတြရဲ ႔ အရည္အေသြးက ျပည့္မီသေလာက္ေတာ့ မရိွေသးဘူး။

ေမး ။ ။ ပညာေရးဦးတည္ခ်က္အေနနဲ႔ အရင္တုန္းကေတာ့ ျမန္မာႏုိင္ငံမွာ အမ်ဳိးသားပညာေရးဆိုတာ လြတ္လပ္ေရးမတုိင္ခင္ကတည္းက ရိွလာခဲ့ၿပီးေတာ့ အမ်ဳိးသားေရးစိတ္ဓါတ္ကို ဦးထိပ္ထားၿပီးေတာ့ ဦးစားေပးလာခဲ့တယ္။ အဲဒီကိစၥဟာ ေတာ္ေတာ္ေလး ဆက္တိုက္ရိွလာခဲ့တာကို ေတြ႔ရပါတယ္။ အခုအခါမွာေကာ အဲဒီသေဘာထားကို ေျပာင္းလဲလာပါသလား။ ကမာၻနဲ႔အဝွမ္း ညီညႊတ္ေအာင္။ သို႔တည္းမဟုတ္ ဒီအမ်ဳိးသားေရးကို ပိုၿပီးေတာ့ ဦးစားေပး အေလးထားတဲ့သေဘာမ်ဳိး ရိွေနပါေသးလား။

ေျဖ ။ ။ က်ေနာ္တို႔ သင္ရိုးဆြဲတုန္းက ၁၉၆၂ ေနာက္ပိုင္း သင္ရိုးေတာ္ေတာ္မ်ားမ်ားမွာ တျဖည္းျဖည္းခ်င္း အမ်ဳိးသားေရးစိတ္ဓါတ္ေတြကို ေလ်ာ့နည္းေစတဲ့ သင္ရိုးေတြ သင္ရိုးထဲမွာ ထည့္မဆြဲေတာ့ဘူး။ အမ်ဳိးသားေရးစိတ္ဓါတ္ကို ျပင္းျပေစမယ့္ သင္ရိုးေတြ တျဖည္းျဖည္းခ်င္း ေလ်ာ့လာခဲ့ၿပီ။ (၄) ႏွစ္တႀကိမ္၊ (၅) ႏွစ္တႀကိမ္ သင္ရိုးေလးေတြ ေျပာင္းလာတယ္။ ဒါေၾကာင့္ တျဖည္းျဖည္း ေလ်ာ့သြားတယ္။
ဒါေပမဲ့ အခုျပန္ဆြဲတဲ့အခ်ိန္မွာေတာ့ အမ်ဳိးသားေရးစိတ္ဓါတ္ေတြကို အမ်ားအားျဖင့္ သူ႔ရဲ ႔အတန္းစဥ္အလိုက္၊ သူ႔ရဲ ႔မွတ္ဥာဏ္၊ ကေလးေတြရဲ ႔ စဥ္းစားေတြးေခၚႏိုင္တဲ့ အတန္းစဥ္အလုိက္ အဲဒီသင္ရိုးေလးေတြေတာ့ အခုကတည္းက စၿပီးေတာ့ ထည့္သြင္းေရးဆြဲေနပါတယ္။

ေမး ။ ။ ေနာက္တခုက ျမန္မာႏိုင္ငံမွာ အထူးသျဖင့္ ဆရာက သခ်ၤာဆရာဆုိေတာ့ သိခ်င္မွ သိပါလိမ့္မယ္။ လႊတ္ေတာ္အမတ္တေယာက္အေနနဲ႔ ျမန္မာႏုိင္ငံမွာ သမိုင္းတို႔ ဘာတုိ႔ သင္တဲ့အခါမွာ တိုင္းရင္းသားေပါင္းစံု ရိွေပမယ့္ တိုင္းရင္းသားအေရးထက္ ဗမာဗဟိုျပဳ သင္ရိုးဆြဲတယ္ဆိုၿပီးေတာ့ တိုင္းရင္းသားသမိုင္း ပညာရွင္ေတြ၊ ေက်ာင္းသားေက်ာင္းသူေတြ ေတာ္ေတာ္မ်ားမ်ား ညည္းညဴဖူးတာ ရိွပါတယ္။ အဲဒီကိစၥကို ဆရာတုိ႔ ထည့္ၿပီးစဥ္းစားပါသလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ ေစာေစာကေျပာသလို ေျပာတယ္ဆိုတာ တခ်ိန္တုန္းကေတာ့ သင္ရိုးေတြသည္ ဗမာလူမ်ဳိးအတြက္။ ျမန္မာျပည္မွာရိွတဲ့ ဗမာလူမ်ဳိးကိုပဲေတာင္မွ တိုင္းရင္းသားခ်စ္စိတ္ဆိုတဲ့ Traditional နဲ႔ ပတ္သက္တဲ့ဟာ ေတာ္ေတာ္မ်ားမ်ား နည္းသြားခဲ့တယ္။ အဲဒီကေန က်ေနာ္တုိ႔က ဒါေတြအျပင္ တိုင္းရင္းသားေတြရဲ ႔ ေခါင္းေဆာင္ - သင္ရိုးမ်ဳိး။ အဲဒီလိုမ်ဳိးေတြကိုလဲ က်ေနာ္တို႔မွာ လူမ်ဳိးေပါင္း (၁၃၅) မ်ဳိး ရိွပါတယ္ က်ေနာ္တို႔ ႏုိင္ငံမွာ။ ဒါေတြကို ထည့္ဖို႔ဆိုတာ က်ေနာ္တို႔ ေတာ္ေတာ္ေလးေတာ့ စဥ္းစားရပါတယ္။ က်ေနာ္တို႔က ဘာျဖစ္လာလဲဆိုေတာ့ သက္ဆိုင္ရာ သူတုိ႔ရဲ ႔ လူမ်ဳိးစုအလိုက္ ထုတ္ေဝဖို႔ ဘာသာရပ္စာအုပ္ေလးေတြ၊ က်ေနာ္တို႔က သင္ရိုးေလးေတြ ျပဳစုဖို႔ လုပ္ပါတယ္။ အဲဒါလဲ သက္ဆိုင္ရာ ျပည္နယ္ လူမႈေရးဝန္ႀကီးေတြက ဦးေဆာင္ၿပီးေတာ့ သင္ရိုးေတြကို လုပ္တယ္။ အဲဒီသင္ရိုးေတြဆိုရင္ က်ေနာ္တုိ႔က ဒါေလးေတြကို သူတို႔မွ က်ေနာ္တို႔ထက္ ခေရစိတြင္းက် သိမယ္။ ျမန္မာျပည္မွာ ဗမာေတြက သင္ရိုးကို ထည့္ဆြဲတာသည္ ဆြဲလာတဲ့ သင္ရိုးက မွားေနရင္ ဘယ္သူက တာဝန္ယူမလဲ။ ေခါင္းေဆာင္တေယာက္ရဲ ႔ အခ်က္ေတြ။ ဒါေၾကာင့္ သူ႔ျပည္နယ္က လူမႈေရးဝန္ႀကီးေတြ ရိွတယ္။ အဲဒါေတြကို က်ေနာ္တို႔က လႊဲအပ္ထားပါတယ္။
ပညာေရးဝန္ႀကီးဌာနက ေငြပဲ အကုန္အက်ခံပါ။

ေမး ။ ။ ဆရာက ဒီအျမင္ရိွေပမယ့္ ဆရာက လႊတ္ေတာ္မွာဆိုေတာ့ အမတ္အမ်ားစုက ဒီသေဘာထားမ်ဳိး ရိွၾကပါ့ရဲ ႔လား။

ေျဖ ။ ။ တခ်ဳိ ႔ေသာ စခါစ - က်ေနာ္ လႊတ္ေတာ္ထဲကို ၂၀၁၆ ေဖေဖၚဝါရီမွာ ေရာက္ပါတယ္။ စခါစမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ေတာ္ေတာ္မ်ားမ်ားက ဒါေတြေျပာၾကားပါတယ္။ ေနာက္ က်ေနာ္တို႔ ဗမာ့ေခါင္းေဆာင္ေတြကိုေတာ့ ထည့္တယ္။ ခ်င္းေခါင္းေဆာင္ မပါဘူးလား။ ကရင္ေခါင္းေဆာင္ မပါဘူးလား။ သူတုိ႔ရဲ ႔ ပထမဦးဆံုး ေမးခြန္းေတြကေတာ့ မွန္ပါတယ္။ သို႔ေသာ္လဲ က်ေနာ္တို႔ သြားေနတဲ့ Trend က အဲဒီအခ်ိန္မွာ သင္ရိုးညႊန္တမ္းေတြမွာ Grade 1, 2, 3 မွာ ဒီလိုဟာမ်ဳိးေလးေတြကို က်ေနာ္တုိ႔က ထည့္ဆြဲမယ္၊ သက္ဆိုင္ရာ တုိင္းေဒသႀကီးဝန္ႀကီးေတြက ဦးေဆာင္ၿပီးေတာ့ တိုင္းရင္းသားဘာသာစကားေတြကို ေရးဆြဲၾကမယ္ သိသြားတဲ့ေနာက္ပိုင္းမွာေတာ့ ေတာ္ေတာ္မ်ားမ်ား လႊတ္ေတာ္က အဲဒီအသံတိတ္သြားပါတယ္။ အျပင္မွာေတာ့ နည္းနည္းရိွတယ္လုိ႔ က်ေနာ္ ၾကားမိပါတယ္။
ေမး ။ ။ ေက်းဇူးတင္ပါတယ္။

==Unicode ==

မြန်မာနိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၆ ကနေ ၂၀၂၁ အထိ စီမံကိန်း သေချာလုပ်ဆောင်နေတာမှာ လွှတ်တော်က ပံ့ပိုးမှုတွေနဲ့ အကောင်အထည်ဖော်နေတယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောပါတယ်။ ဦးကျော်ဇံသာ VOA Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဆရာက ကျောင်းဆရာတဦးလည်း ဖြစ်တယ်။ ပညာရေးကို ကိုယ်စားပြုပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့လည်း ပညာရေးမှာ ပါဝင်တယ်ဆိုတော့ အင်မတန်မှ အရေးကြီးတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ရဲ့ ပါဝင်ပံ့ပိုးနိုင်မှု ဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကတော့ ၂၀၁၆ ကနေ ၂၀၂၁ ကို NESP (National Education Strategic Plan) ဆွဲပြီး အကောင်အထည်ဖော်နေတာကတော့ ကျနော်တို့ရဲ့ ပညာရေးပါ။ အဲဒီ ပညာရေး အောင်မြင်ဖို့ လွှတ်တော်ဘက်ကနေ ဝန်ကြီးဌာနကို Oversight ဘယ်လိုလုပ်မလဲ။ ဥပဒေတွေ ဘယ်လိုပြုပြင်ဆွဲပေးမလဲ။ Oversight လုပ်တယ်ဆိုတာ လက်ရှိသွားနေတဲ့ (၂၀၁၆-၂၁) Education စနစ် Plan ကြီးရဲ့ အောင်မြင်မှုကို တဘက်ကနေ ကျနော်တို့က ဘယ်လောက်လုပ်နိုင်သလဲဆိုတာကို Oversight လုပ်နေတာပါ။

မေး ။ ။ ဒီစီမံကိန်းကို လွှတ်တော်က စပြီးတော့ ပြုပြင်ပြောင်းလဲရေး ဥပဒေတွေ ရေးဆွဲခဲ့တယ်ဆိုတော့ အဲဒါ ဘယ်တုန်းက ရေးဆွဲအတည်ပြုခဲ့ပါလဲ။

ဖြေ ။ ။ ကျနော်တို့ National Education Strategic Plan ဆိုတာက ၂၀၁၆ ကနေ စပြီးတော့ ကျနော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးက စတင်ဖွင့်လှစ်ပွဲ လုပ်ပြီးတော့ ကျနော်တို့က အကောင်အထည်ဖော်ခဲ့တာ။ အဲဒီမတိုင်ခင် ၂၀၁၄-၁၅ ကတည်းက ဒါကို ရေးဆွဲခဲ့တယ်။ အကောင်အထည်ဖော်တာကတော့ ၂၀၁၆ မှာပါ။

မေး ။ ။ ၂၀၁၆ ဆိုတော့ (၃) နှစ် ရှိလာခဲ့ပါပြီ။ ဘယ်လောက် ခရီးရောက်ပြီလဲလို့ ဆရာ ခန့်မှန်းနိုင်လဲ။

ဖြေ ။ ။ အခု ကျနော်တို့ သွားနေတဲ့ စနစ်က KG plus 12 – KG, Grade 1 to Grade 12 သွားနေတဲ့ စနစ်ကြီးက အခုအချိန်မှာဆိုရင် KG တန်း ပြီးသွားပြီ။ Grade 1, Grade 2, Grade 3 လည်း ပြီးသွားပြီ။ Grade 3 နဲ့ ပတ်သက်လို့ ဒီနှစ်မှာ Grade 6 တို့ကို လက်ရှိ စာသင်နှစ်မှာ ကျနော်တို့ စနစ်သစ်နဲ့ သွားနေပါတယ်။ အဲဒါလဲ ကျနော်တို့ ပြီးသွားပါပြီ။ လာမယ့်နှစ်မှာတော့ Grade 4, 7, 10 တို့ကို တနှစ်ချင်း ပြုပြင်ပြောင်းလဲပြီးတော့ အကောင်အထည်ဖော်ကြမယ်။ ၂၀၂၃ ဒီဇင်ဘာ ရောက်ရင်တော့ အခုသွားနေတဲ့ စနစ်ဟောင်းတွေ အားလုံးဟာ မရှိတော့ဘဲနဲ့ KG plus 12 ပညာရေးစနစ်ကြီးက လမ်းကြောင်းမှန်ပေါ် ရောက်ပါလိမ့်မယ်။

မေး ။ ။ ဆိုတော့ အခုမြန်မာပြည်မှာ ဆယ်တန်းအထိပဲ ရှိပါသေးလား။ အထက်တန်းကို ဆယ့်နှစ်တန်းအထိ သင်နေပါပြီလား။

ဖြေ ။ ။ အခု ဆယ့်နှစ်တန်း မရောက်သေးပါဘူး။ အခုလက်ရှိ ဆယ်တန်းအထိပဲ ရှိပါသေးတယ်။ အခုန ကျနော်ပြောတဲ့ ဆယ့်နှစ်တန်းဆိုတာ ၂၀၂၂ - ၂၀၂၃ အဲဒီ စာသင်နှစ်မှာ ဆယ့်နှစ်တန်း ရောက်ပါလိမ့်မယ်။ (၁၂) တန်း ရောက်ပြီးရင်တော့ ၂၀၂၃ မှာတော့ စာမေးပွဲက ဆယ့်နှစ်တန်း စာမေးပွဲကို မတ်လမှာ စပြီးတော့ ပထမဦးဆုံးအကြိမ် ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

မေး ။ ။ အခုလောလောဆယ် ပြီးခဲ့တာ KG ကနေ Grade 4 လား၊ Grade 3 လား ပြီးသွားပြီ။ အဲဒီအထိ အကုန်လုံး အဆင်ပြေပါသလား။ ဘာအခက်အခဲ - ကျနော်ထင်တယ် -- ဆရာတွေကို လေ့ကျင့်ပေးရတာလဲ အရေးကြီးတဲ့ကိစ္စတရပ်လို့ ထင်ပါတယ်။ အဲဒါအပြင် ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရပါသလဲ။ ဘယ်လောက် အဆင်ပြေချောမွေ့ခဲ့ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ပထမဦးဆုံး KG ကို စတယ်။ နောက် Grade 1, Grade 2, Grade 3 စခဲ့တယ်။ ပထမဦးဆုံး စစချင်း ဘာတွေလုပ်ရသလဲဆိုရင် ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုက သင်ရိုးကို စပြီးပြောင်းလဲရပါတယ်။ အခြေခံပညာရေးရဲ့ မူလတန်းအဆင့် သင်ရိုးကိုတော့ JICA နဲ့ မြန်မာနိုင်ငံပညာရေး အခြေအနေနဲ့ ပေါင်းပြီးတော့ ပြုစုရပါတယ်။ အဲဒီလို ပြုစုတဲ့နေရာမှာလဲ Traditional နဲ့ ကိုက်ညီမယ့် သင်ရိုးတွေကိုတော့ ထည့်သွင်းရေးဆွဲခဲ့တယ်။ သို့သော်လဲပဲ တခါတခါမှာ တချို့ဟာလေးတွေမှာ ပြည်သူရဲ့ အမြင်က တမျိုးဖြစ်သွားတဲ့အတွက်ကြောင့် သင်ရိုးမှာလည်း အခက်အခဲတွေ ဖြစ်ခဲ့တာတွေလဲ တနိုင်ငံလုံးက ကြားထားပါတယ်။ ဒုတိယ ကျနော်တို့က သင်ရိုးပြီးလို့ရှိရင် ကျနော်တို့ ပညာရေးက သင်ရိုးတခုတည်း ပြောင်းလို့မရပါဘူး။ သင်ကြားနည်းတွေလည်း ပြောင်းရပါတယ်။ အဲဒီလို သင်ကြားနည်းပြောင်းတဲ့အခါမှာလဲ ရှေ့ဆရာ၊ ဆရာမကြီးတွေက သင်ကြားနည်းအဟောင်းနဲ့ပဲ သင်ကြားတယ်။

သင်ကြားနည်းအဟောင်းနဲ့ပဲ သင်ကြတယ်။ ဟိုတုန်းကတော့ ဆရာဗဟိုပြု သင်ကြားနည်းနဲ့ သင်ခဲ့တယ်။ သစ်ရိုးသစ်မှာ ကျောင်းသားဗဟိုပြုပုံစံနဲ့ ပြောင်းသင်တဲ့အတွက် ဆရာ၊ ဆရာမတွေကို သင်တန်းပေးရတယ်။ အဲဒီသင်တန်းပေးတဲ့ နေရာမှာလဲ ဆရာ၊ ဆရာမတွေက တောက်လျှောက်ကျောင်းဖွင့်ပြီး စာမေးပွဲတွေစစ်တယ်။ အဖြေလွှာတွေ စစ်ရတယ်။ အောင်စာရင်းတွေ ထုတ်ရတယ်။ ဒါကြောင့် နွေရာသီမှာ (၁၀) ရက်တာ၊ နှစ်ပတ်တာပဲ ကျနော်တို့က သင်တန်းပေးနိုင်တယ်။ အဲဒီအခက်အခဲလေးတွေလဲ တော်တော်များများ ရှိတယ်။ အဲဒီနှစ်ပတ်လေးပေးပြီး ပြန်ပို့ချတဲ့နေရာမှာလဲ အခက်အခဲ ဖြစ်တယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးက ပြည့်မီသလောက်တော့ မရှိသေးဘူး။

မေး ။ ။ ပညာရေးဦးတည်ချက်အနေနဲ့ အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဆိုတာ လွတ်လပ်ရေးမတိုင်ခင်ကတည်းက ရှိလာခဲ့ပြီးတော့ အမျိုးသားရေးစိတ်ဓါတ်ကို ဦးထိပ်ထားပြီးတော့ ဦးစားပေးလာခဲ့တယ်။ အဲဒီကိစ္စဟာ တော်တော်လေး ဆက်တိုက်ရှိလာခဲ့တာကို တွေ့ရပါတယ်။ အခုအခါမှာကော အဲဒီသဘောထားကို ပြောင်းလဲလာပါသလား။ ကမ္ဘာနဲ့အဝှမ်း ညီညွှတ်အောင်။ သို့တည်းမဟုတ် ဒီအမျိုးသားရေးကို ပိုပြီးတော့ ဦးစားပေး အလေးထားတဲ့သဘောမျိုး ရှိနေပါသေးလား။

ဖြေ ။ ။ ကျနော်တို့ သင်ရိုးဆွဲတုန်းက ၁၉၆၂ နောက်ပိုင်း သင်ရိုးတော်တော်များများမှာ တဖြည်းဖြည်းချင်း အမျိုးသားရေးစိတ်ဓါတ်တွေကို လျော့နည်းစေတဲ့ သင်ရိုးတွေ သင်ရိုးထဲမှာ ထည့်မဆွဲတော့ဘူး။ အမျိုးသားရေးစိတ်ဓါတ်ကို ပြင်းပြစေမယ့် သင်ရိုးတွေ တဖြည်းဖြည်းချင်း လျော့လာခဲ့ပြီ။ (၄) နှစ်တကြိမ်၊ (၅) နှစ်တကြိမ် သင်ရိုးလေးတွေ ပြောင်းလာတယ်။ ဒါကြောင့် တဖြည်းဖြည်း လျော့သွားတယ်။
ဒါပေမဲ့ အခုပြန်ဆွဲတဲ့အချိန်မှာတော့ အမျိုးသားရေးစိတ်ဓါတ်တွေကို အများအားဖြင့် သူ့ရဲ့အတန်းစဉ်အလိုက်၊ သူ့ရဲ့မှတ်ဉာဏ်၊ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ အတန်းစဉ်အလိုက် အဲဒီသင်ရိုးလေးတွေတော့ အခုကတည်းက စပြီးတော့ ထည့်သွင်းရေးဆွဲနေပါတယ်။

မေး ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ အထူးသဖြင့် ဆရာက သင်္ချာဆရာဆိုတော့ သိချင်မှ သိပါလိမ့်မယ်။ လွှတ်တော်အမတ်တယောက်အနေနဲ့ မြန်မာနိုင်ငံမှာ သမိုင်းတို့ ဘာတို့ သင်တဲ့အခါမှာ တိုင်းရင်းသားပေါင်းစုံ ရှိပေမယ့် တိုင်းရင်းသားအရေးထက် ဗမာဗဟိုပြု သင်ရိုးဆွဲတယ်ဆိုပြီးတော့ တိုင်းရင်းသားသမိုင်း ပညာရှင်တွေ၊ ကျောင်းသားကျောင်းသူတွေ တော်တော်များများ ညည်းညူဖူးတာ ရှိပါတယ်။ အဲဒီကိစ္စကို ဆရာတို့ ထည့်ပြီးစဉ်းစားပါသလဲ။

ဖြေ ။ ။ ကျနော်တို့ စောစောကပြောသလို ပြောတယ်ဆိုတာ တချိန်တုန်းကတော့ သင်ရိုးတွေသည် ဗမာလူမျိုးအတွက်။ မြန်မာပြည်မှာရှိတဲ့ ဗမာလူမျိုးကိုပဲတောင်မှ တိုင်းရင်းသားချစ်စိတ်ဆိုတဲ့ Traditional နဲ့ ပတ်သက်တဲ့ဟာ တော်တော်များများ နည်းသွားခဲ့တယ်။ အဲဒီကနေ ကျနော်တို့က ဒါတွေအပြင် တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင် - သင်ရိုးမျိုး။ အဲဒီလိုမျိုးတွေကိုလဲ ကျနော်တို့မှာ လူမျိုးပေါင်း (၁၃၅) မျိုး ရှိပါတယ် ကျနော်တို့ နိုင်ငံမှာ။ ဒါတွေကို ထည့်ဖို့ဆိုတာ ကျနော်တို့ တော်တော်လေးတော့ စဉ်းစားရပါတယ်။ ကျနော်တို့က ဘာဖြစ်လာလဲဆိုတော့ သက်ဆိုင်ရာ သူတို့ရဲ့ လူမျိုးစုအလိုက် ထုတ်ဝေဖို့ ဘာသာရပ်စာအုပ်လေးတွေ၊ ကျနော်တို့က သင်ရိုးလေးတွေ ပြုစုဖို့ လုပ်ပါတယ်။ အဲဒါလဲ သက်ဆိုင်ရာ ပြည်နယ် လူမှုရေးဝန်ကြီးတွေက ဦးဆောင်ပြီးတော့ သင်ရိုးတွေကို လုပ်တယ်။ အဲဒီသင်ရိုးတွေဆိုရင် ကျနော်တို့က ဒါလေးတွေကို သူတို့မှ ကျနော်တို့ထက် ခရေစိတွင်းကျ သိမယ်။ မြန်မာပြည်မှာ ဗမာတွေက သင်ရိုးကို ထည့်ဆွဲတာသည် ဆွဲလာတဲ့ သင်ရိုးက မှားနေရင် ဘယ်သူက တာဝန်ယူမလဲ။ ခေါင်းဆောင်တယောက်ရဲ့ အချက်တွေ။ ဒါကြောင့် သူ့ပြည်နယ်က လူမှုရေးဝန်ကြီးတွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့က လွှဲအပ်ထားပါတယ်။
ပညာရေးဝန်ကြီးဌာနက ငွေပဲ အကုန်အကျခံပါ။

မေး ။ ။ ဆရာက ဒီအမြင်ရှိပေမယ့် ဆရာက လွှတ်တော်မှာဆိုတော့ အမတ်အများစုက ဒီသဘောထားမျိုး ရှိကြပါ့ရဲ့လား။

ဖြေ ။ ။ တချို့သော စခါစ - ကျနော် လွှတ်တော်ထဲကို ၂၀၁၆ ဖေဖေါ်ဝါရီမှာ ရောက်ပါတယ်။ စခါစမှာ လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက ဒါတွေပြောကြားပါတယ်။ နောက် ကျနော်တို့ ဗမာ့ခေါင်းဆောင်တွေကိုတော့ ထည့်တယ်။ ချင်းခေါင်းဆောင် မပါဘူးလား။ ကရင်ခေါင်းဆောင် မပါဘူးလား။ သူတို့ရဲ့ ပထမဦးဆုံး မေးခွန်းတွေကတော့ မှန်ပါတယ်။ သို့သော်လဲ ကျနော်တို့ သွားနေတဲ့ Trend က အဲဒီအချိန်မှာ သင်ရိုးညွှန်တမ်းတွေမှာ Grade 1, 2, 3 မှာ ဒီလိုဟာမျိုးလေးတွေကို ကျနော်တို့က ထည့်ဆွဲမယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးတွေက ဦးဆောင်ပြီးတော့ တိုင်းရင်းသားဘာသာစကားတွေကို ရေးဆွဲကြမယ် သိသွားတဲ့နောက်ပိုင်းမှာတော့ တော်တော်များများ လွှတ်တော်က အဲဒီအသံတိတ်သွားပါတယ်။ အပြင်မှာတော့ နည်းနည်းရှိတယ်လို့ ကျနော် ကြားမိပါတယ်။
မေး ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG