သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆံုေမးျမန္းခန္း (ပထမပိုင္း)


ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ဦးလွမိုးေအာင္
တိုက္႐ိုက္ လင့္ခ္

ဧရာဝတီတိုင်းဒေသကြီးအတွင်းက တောင်သူတွေ ဝင်ငွေတိုးအောင်နဲ့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်မှုတွေ အခုချိန်မှာ ဘယ်လောက်ထိ အောင်မြင်ခရီးရောက်နေပါပြီလဲ။ တိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ ပုသိမ်မြို့မှာ ဝန်ကြီးချုပ်ဦးလှမိုးအောင်,ကို၊ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဝန်ကြီးချုပ်ကိုယ်တိုင် လယ်ယာမြေကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အတတ်ပညာကို သင်ယူခဲ့တဲ့လူလည်း ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံတွေရှိခဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်မိန့်ခွန်းထဲမှာ ပြောသွားတာကို ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ ဧရာဝတီတိုင်းဟာလည်း မြန်မာနိုင်ငံမှာ စပါးအထွက်ဆုံးဒေသ ဖြစ်တယ်။ မြန်မာပြည်ရဲ့ စပါးကျီဆိုပြီးတော့လည်း တင်စားပြောဆိုကြတယ်။ လယ်ယာကဏ္ဍဟာ အင်မတန်အရေးကြီးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝန်ကြီးချုပ်က ဒီဟာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဘွဲ့ရထားတဲ့လူလည်း ဖြစ်တယ်။ ဒီဟာတွေကို တလျှောက်လုံး လုပ်လာတယ်ဆိုတော့ ပိုပြီးတော့ အလျင်သင့်သလို ဖြစ်သွားတာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ပြောထားတော့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်သမားတွေဘဝ မြှင့်တင်ရေးကိစ္စမှာ ဝန်ကြီးချုပ် ပြောထားတဲ့အတိုင်း ဘယ်လောက်အထိများ ဝန်ကြီးချုပ် လုပ်ပေးနိုင်ခဲ့ပြီးပြီလဲဆိုတာကို သိချင်ပါတယ်။

ဖြေ ။ ။ ကျနော် တာဝန်ယူထားတဲ့ တိုင်းဒေသကြီးအဆင့် ဧရာဝတီတိုင်းထဲမှာဆိုရင် လယ်ယာစိုက်ပျိုးမြေ ဧက (၃၇) သိန်း ရှိပါတယ်။ (၃၇) သိန်းကို ကျနော် စတာဝန်ယူတဲ့နှစ်မှာပဲ မြေမှာ ချဉ်ငန်ဓါတ် ဘယ်လောက်ရှိလဲ။ အဓိက Major Element ခေါ်တဲ့ nitrogen (N), phosphorus (P) and potassium (K) တွေဟာ ဘယ်လောက် ရာခိုင်နှုန်း ရှိတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ မသိဘဲနဲ့ စိုက်ပျိုးနေရင် အလွယ်တကူ ပြောကြမယ်ဆိုရင်တော့ မှန်းစိုက်ပြီးတော့ အလွယ်တကူ စိုက်တယ်လို့ပဲ ပြောလို့ရမယ်။ ဒီနေ့ သိပ္ပံနည်းကျ စိုက်ကြလို့ပြောတဲ့အခါမှာ သိပ္ပံနည်းကျဆိုတဲ့ အသုံးအနှုန်းက နည်းနည်းလွဲနေတယ်လို့ ထင်တယ်။ ကျနော် စိုက်ပျိုးရေးကျောင်းဆင်းတစ်ယောက်အနေနဲ့ ကျနော့်အမြင်အရဆိုရင် ဒါက စပြီးတော့ စိုက်တော့မယ်ဆိုရင် ဒီမြေမှာ မြေရဲ့ PH လို့ခေါ်တဲ့ ချဉ်ငန်ဓါတ် ဘယ်လောက်ရှိလဲ။ နောက်တခါ အဟာရတန်းဖိုးတွေ ဘယ်လောက်ရှိသလဲဆိုတာတွေ သိဖို့လိုပါတယ်။ သိရင် များရင် ကျနော်တို့ လျှော့ရမယ်။ လိုအပ်ရင် ဖြည့်ပေးရမယ်။ အဲဒီလိုဖြစ်တဲ့အတွက် စတဲ့နှစ်မှာ ဧက (၃၇) သိန်းထဲက ဧက (၉) သိန်းကျော် (၁၀) သိန်းနီးပါးကို PH စမ်းခိုင်းပါတယ်။ NPK စမ်းခိုင်းပါတယ်။ စမ်းခိုင်းပြီးတော့ တောင်သူ ဧက (၅၀) ကို တစ်ကွက်၊ တစ်ခါစမ်းတယ်။ အဲဒီတောင်သူတွေမှာ PH ဘယ်လောက်ရှိလဲ။ သူတို့မြေ ဧက (၅၀) က Detail တစ်ဧကချင်းတော့ မဖြစ်နိုင်ဘူး။ ဧက (၅၀) ကို Focus လုပ်လိုက်ပြီးတော့ အဲဒီမှာ PH ဘယ်လောက်ရှိလဲ။ N ဘယ်လောက်၊ P ဘယ်လောက်၊ K ဘယ်လောက် ရှိသလဲဆိုတာကို စာအုပ်လေးထဲမှာ ရေးပေးပါတယ်။ မှတ်တမ်းပြုပြီး PH နည်းနေတယ်ဆိုရင် neutral point က PH 7. ကို မရောက်ဘူးဆိုရင် ဘယ်လို Treatment ပေးရမယ်ဆိုတာကိုလည်း Instruction တစ်ခါတည်း ပေးထားပါတယ်။

NPK မှာလည်း --နည်းနေရင် ဘာလုပ်ပါ။ များနေရင် ဘာလုပ်ပါ။ အဖြေက Color လေးတွေ ပါပါတယ်။ အဝါဆိုရင် သူက Level ဘယ်လောက်ရှိလဲ။ လိမ္မော်ရောင်ဆိုရင် ဘယ်လောက်ရှိတယ်။ အနီက ဘယ်လောက်ရှိတယ်။ သူ့ရဲ့ သင်္ကေတလေးတွေ ပါတယ်။ အဲဒီသင်္ကေတပေါ် မူတည်ပြီး နည်းနေတယ်ဆိုရင် ဘာလုပ်ပါ။ ဘယ်လောက်ထည့်ပါ။ အဲဒါမျိုး ကျနော်က လမ်းညွှန်ပါတယ်။
ကျနော် အခု (၂) နှစ်နီးပါး ဖြစ်လာတဲ့အချိန်မှာ ဒီနှစ် ပြီးခဲ့တဲ့နွေထဲက တောင်သူအကုန်လုံး လက်ထဲမှာ အဲဒီစာအုပ်လေးတွေ ရောက်နေပါပြီ။

အဓိက Main က စပါး။ အဲဒီတော့ ဒီစပါးက လက်ရှိအချိန် နိုင်ငံခြားကို တင်ပို့တဲ့အခါမှာ ဈေးကောင်းမရဘူး။ မနှစ်ကဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ဆန်တန်ချိန် ၃.၆ သန်းကို တရုတ်က ဝယ်ခဲ့တယ်။ ဒီနှစ် မဝယ်တော့ဘူး။ အဲဒီလို မဝယ်တော့ တရုတ်ပဲ ရောင်းမှာလား။ ကျနော်တို့က ဒီအပြင်နိုင်ငံတွေကိုလည်း ရောင်းချမယ်။ အဲဒီတော့ ဈေးကွက်ရှာတဲ့နေရာမှာ ဘာအရေးကြီးလဲဆိုရင် ပစ္စည်းအရည်အသွေး အရေးကြီးတယ်။ အရည်အသွေးကောင်းမှ ရောင်းရတော့မှာ။

မေး ။ ။ အဲဒီတော့ ဝန်ကြီးချုပ်တို့ တိုင်းဒေသကြီးအစိုးရကနေ တောင်သူတွေကို ဖြန့်ထားတဲ့ လမ်းညွှန်၊ လမ်းပြမြေပုံလို စာအုပ်ကလေး၊ ညွှန်ကြားချက်စာအုပ်ကလေးတွေအပေါ် တောင်သူတွေ ပိုပြီးသိရှိနားလည်အောင် Awareness သူတို့ဘက်က ပိုပြီးလိုက်နာနိုင်အောင် ဝန်ကြီးချုပ်တို့ ဖြစ်စေချင်တဲ့ ပုံစံအတိုင်း၊ စနစ်တကျ လိုက်နာနိုင်အောင်၊ ဝန်ကြီးချုပ်ပြောတယ် - ဝန်ကြီးချုပ် သွားရင်လာရင်နဲ့ ပြည်သူတွေနဲ့ တွေ့ရင်နဲ့ ပြောပြတာတွေရှိတယ်။ သက်ဆိုင်ရာလူကြီးတွေ သွားရင်လာရင်နဲ့လည်း ပြောပြတာရှိတယ်။ ဒါပေမဲ့လဲ တစုတဝေးတည်း အကုန်လုံး သိရှိနိုင်အောင် စနစ်တကျ Awareness Campaign လိုမျိုး ပုံစံမျိုးလုပ်တာ ရှိသလား။ ဝန်ကြီးချုပ်တို့ ဒီဟာကို တောင်သူတွေက ဘယ်လောက်အထိ နားလည်တယ်လို့ ပြန်ကြားရသလဲ။ သူတို့ ကောင်းကောင်းမွန်မွန် သိရှိပြီလို့ ဝန်ကြီးချုပ်တို့ သိသလား။ အဲဒါက သူတို့ရဲ့ စပါးထွက်လာခြင်းနဲ့ ဝန်ကြီးချုပ်တို့ ဖြစ်စေချင်တဲ့ Good Intent တကယ့်စေတနာနဲ့ လုပ်ပေးတဲ့ဟာရဲ့ ရလဒ်က အဲဒီအပေါ်မှာ မူတည်နေတယ်။ သူတို့နားလည်ခြင်း၊ နားမလည်ခြင်းပေါ် မူတည်နေတယ်လို့ ထင်မြင်သလား။

ဖြေ ။ ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဒီလိုလုပ်ခြင်းက သူနဲ့မြင့်တဲ့ နည်းပညာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ တောင်သူတွေဆိုတာ မြင်မှ၊ လက်တွေ့ပြမှာ ယုံတာဆိုတော့ အခု ဖျာပုံမှာ ပေါ်ဆန်မွှေးဆိုရင် အဲဒီက တောင်သူတွေ ပြောကြတယ်။ အရင်တုန်းက ပေါ်ဆန်မွှေး ပြန်ရပြီ။ အဲဒီတော့ အခြေအနေပေးကြမယ်ဆိုရင်တော့ ကျနော်တို့ Level တစ်ခုကိုတော့ တက်လာတယ်။ အဲဒီတော့ ဒီလိုလုပ်ရင် ဒီလိုဖြစ်ရင်၊ အထွက်တိုးပါလား။ အရည်အသွေး ကောင်းပါလားဆိုတဲ့ Message က တောင်သူတွေလက်ထဲ တော်တော်များများဆီ ရောက်နေတယ်။ အဲဒီလို ရောက်နေချိန်မှာ ကျနော်တို့က အခုချိန်မှာ --- သွားမလားဆိုတာ အလွယ်တကူ ဖြစ်လာတယ်။ ထူးခြားတာက ကျနော်တို့နိုင်ငံမှာ စိုက်ပျိုးရေးကုမ္ပဏီတွေ အများကြီး။ နက်နက်နဲနဲတော့ ကျနော်တို့ သိတာပေါ့။ ဒါပေမဲ့ အဲဒီစိုက်ပျိုးရေးကုမ္ပဏီတွေမှာ ဘာလဲဆိုတော့ Pre စိုက်ပျိုးရေးတွေနည်းတယ်။ Post-harvesting မှာ များတယ်။ ဆန်စက်-အကြောင်းသိတယ်။ အခြောက်ခံဖို့ သိတယ်။ နောက်ပိုင်းအကြောင်းအရာတွေကို သိတယ်။ ရှေ့ပိုင်းအကြောင်းအရာတွေကို မသိဘူး။ နောက်ဆုံး တကယ်လုပ်မယ်ဆိုရင် ထဲထဲဝင်ဝင်လုပ်ဖို့ Contract Farming Company တော်တော်နည်းတယ် (၅) ရာခိုင်နှုန်း မရှိဘူး။

မေး ။ ။ ဝန်ကြီးချုပ်တော့ ကြားဖူးသလား မသိဘူး။ ကျနော် ကြားသိဖူးတာက ထိုင်းနိုင်ငံမှာဆိုရင် Pre-harvesting နဲ့ Post-harvesting တွေ ဝန်ကြီးချုပ် ပြောလို့ပါ။ စိတ်ဝင်စားစရာကောင်းတာ ကျနော် ကြားဖူးတာက ထိုင်းနိုင်ငံမှာဆိုရင် Pre-harvesting နဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက တော်တော်လေး ရင်းနှီးမြုပ်နံှကြတယ်။ လယ်သမားတွေကို စပါးမစိုက်ခင်မှာ ငွေထုတ်ပေးတယ်။ မျိုးကောင်းရဖို့ကိစ္စတွေ၊ ရေကောင်းရေသန့်ရဖို့ ကိစ္စတွေ၊ အထွက်တိုးဖို့ကိစ္စတွေကို သူတို့က တော်တော်လေး ရင်းနှီးမြုပ်နံှတယ်။ ထွက်လာပြီဆိုရင်လဲ အဲဒီစပါးတွေကို သူတို့ပဲ ပြန်ဝယ်တယ်။ လယ်သမားတွေဆီက ထွက်လာတဲ့ ကောက်ပဲသီးနံှကောင်းမှ သူတို့လည်း ဈေးကောင်းနဲ့ နိုင်ငံခြားကို ပြန်ပြီးတော့ ပို့နိုင်မှာဆိုတော့ သူတို့က အဲဒီနည်းနဲ့သွားကြတယ်လို့ ကျနော်သိရတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ စောစောက ဝန်ကြီးချုပ်ပြောသလို မြန်မာနိုင်ငံမှာ အားနည်းချက်ရှိနေတာ Pre-harvesting မှာ ဝန်ကြီးချုပ်က မြင်တယ်။ ကိုယ်တိုင်လည်း ဒီကဏ္ဍကို သိထားတဲ့လူဆိုတော့ အဲဒီဘက်မှာ ဆိုကြပါစို့ ဧရာဝတီတိုင်းက စံနမူနာပေးပြီး၊ စံပြအနေနဲ့ ဝန်ကြီးချုပ်ပြောခဲ့သလို ဧက (၅၀) Focus လုပ်သလိုမျိုး တတိုင်းလုံးမှာ အထွက်တိုးလာအောင် လုပ်သလိုမျိုး၊ Pre-harvesting ဝန်ကြီးချုပ် အစိုးရက ဦးဆောင်ပြီး တခုခုလုပ်ပြရင်ပေါ့။

ဖြေ ။ ။ အခုန ဆရာပြောတဲ့ဟာက ကျနော်ပြောတဲ့ ဧကတစ်သောင်းလောက် လုပ်နေတယ်ဆိုတာ Contract Farming လို့ ခေါ်ပါတယ်။ အကျိုးတူလုပ်ငန်း။ အဲဒီလုပ်ငန်းမျိုးနဲ့ လုပ်ကြရင် သားရွှေအိုးထမ်းသလိုမျိုး ကုမ္ပဏီနဲ့ တောင်သူအပေါ်မှာ သစ္စာရှိရမယ်။ ယုံကြည်မှု ရှိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီက မျိုးစေ့ပေးတယ်။ Inputs တွေ ပေးတယ်။ နောက်တခါ ရတဲ့ဟာကို တောင်သူက မပို့ရဘူး။ ကျနော်တို့လုပ်ခဲ့တဲ့ Contract Farming ဆိုရင် အနည်းဆုံး ငါးထောင်ဈေး ဖြစ်ရမယ်။ ကြမ်းခင်းဈေး ငါးထောင်ပေးမယ်။ ငါးထောင်ဈေး ဖြစ်နေရင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါးထောင်ဈေးကို သတ်မှတ်ထားတယ်။ အဲဒါဆို ငါးထောင်ငါးရာဈေးပေးမယ်။ သူနဲ့ ဘယ်လောက်ပဲတက်တက်၊ ငါးရာ-ငါးရာ ပိုပေးမယ်။ အဲဒီတော့ သူတို့ Contract လုပ်ထားတဲ့အတိုင်း ဝယ်မယ်။ တောင်သူက သူတို့ကို သစ္စာရှိရှိနဲ့ ရောင်းဖို့ အရေးကြီးတယ်။

မေး ။ ။ ဒီသဘောတူညီချက်ကို မချိုးဖောက်နဲ့။ တိုင်းဒေသကြီး တစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင် ဝန်ကြီးချုပ် ဒါတွေကို အစမ်းလုပ်လာတာ (၂) နှစ်ကာလသက်တမ်း ရှိလာပြီ။ နောက်ထပ် (၁) နှစ် ကျန်သေးတယ်ဆိုကြပါစို့ - ဒီအစိုးရသက်တမ်းမှာ။ နောက် ဆက်ရင်လဲ ဆက်မှာပေါ့။ ဒီ (၂) နှစ်အတွင်းမှာ ဝန်ကြီးချုပ် ယေဘုယျအားဖြင့် ကျနော်တို့ ပြောနေတာ ဘယ်နှစ်ရာခိုင်နှုန်းလောက် တက်လာတယ်ဆိုတာမျိုး ကိန်းဂဏန်းအရ တိုင်းဒေသကြီးတခုလုံးအနေနဲ့ ခြုံပြောလို့ရတဲ့ အနေအထား ရှိပြီလား။

ဖြေ ။ ။ ပြောဖို့တော့ ခဲယဉ်းပေမယ့် ကျနော်တို့ မြို့နယ်တွေ သွားတဲ့အခါမှာ ပြည်သူနဲ့ တွေ့ဆုံပွဲတွေမှာ ပြောတာတွေ အသံတွေ ပြန်ကြားရပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် စိုက်ပျိုးရေးကဏ္ဍကို လုပ်နေတယ်ဆိုတာကို သူတို့သိတယ်။ တော်တော်များများ ကျနော့်နားထဲကို ပြန်ရောက်တယ်။ ရောက်တဲ့အခါမှာ ရောက်တိုင်းလဲ ကျနော်သွားတဲ့နေရာတိုင်းမှာလဲ မေးပါတယ်။ ဝန်ကြီးချုပ်ကို မမြင်ဘူးလို့လား။ သို့မဟုတ် ကျနော်တို့ လုပ်ရပ်ကို သိချင်လို့လား မေးတဲ့အခါမှာ တချို့က နှစ်ခုစလုံးဖြေတယ်။ တချို့ကလဲ ဒီလုပ်ငန်းကို စိတ်ဝင်စားလို့ လာပါတယ်လို့ပြောတယ်။ အဲဒီတော့ အရင်ထက်စာရင် (၂၆) မြို့နယ်ဟာ တောင်သူတွေကတော့ စိုက်ပျိုးရေးကဏ္ဍကို ကျနော်တို့အစိုးရက ဦးစားပေးဆောင်ရွက်နေတယ်။ ကျနော်ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်နေတယ်။ ဒီလိုလုပ်ရင် ဒီလိုဖြစ်ပါလားဆိုတဲ့ အသိကတော့ ကျနော် ရာခိုင်နှုန်းနဲ့ တိတိကျကျ မပြောနိုင်ပေမယ့် တောင်သူတွေထဲမှာ တော်တော်လေးတော့ ရောက်နေပြီလို ပြောနိုင်ပါတယ်။


==Zawgyi===

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ေတာင္သူေတြ ဝင္ေငြတိုးေအာင္နဲ႔ လယ္ယာက႑ တိုးတက္ဖြံ႕ၿဖိဳးေအာင္ လုပ္ေဆာင္မႈေတြ အခုခ်ိန္မွာ ဘယ္ေလာက္ထိ ေအာင္ျမင္ခရီးေရာက္ေနပါၿပီလဲ။ တိုင္းေဒသႀကီး အစိုးရ႐ုံးစိုက္ရာ ပုသိမ္ၿမိဳ႕မွာ ဝန္ႀကီးခ်ဳပ္ဦးလွမိုးေအာင္,ကို၊ ကိုေဇာ္ဝင္းလႈိင္ ေတြ႕ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ လယ္ယာေျမက႑နဲ႔ ပတ္သက္ၿပီးေတာ့ အတတ္ပညာကို သင္ယူခဲ့တဲ့လူလည္း ျဖစ္တယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ထဲမွာ ကိုင္တြယ္ခဲ့တဲ့ အေတြ႕အႀကဳံေတြရွိခဲ့ေတာ့ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဝန္ႀကီးခ်ဳပ္မိန႔္ခြန္းထဲမွာ ေျပာသြားတာကို က်ေနာ္တို႔ ေတြ႕ရတယ္။ ဆိုေတာ့ ဧရာဝတီတိုင္းဟာလည္း ျမန္မာႏိုင္ငံမွာ စပါးအထြက္ဆုံးေဒသ ျဖစ္တယ္။ ျမန္မာျပည္ရဲ႕ စပါးက်ီဆိုၿပီးေတာ့လည္း တင္စားေျပာဆိုၾကတယ္။ လယ္ယာက႑ဟာ အင္မတန္အေရးႀကီးတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ဝန္ႀကီးခ်ဳပ္က ဒီဟာနဲ႔ ပတ္သက္ၿပီး စိုက္ပ်ိဳးေရးက႑နဲ႔ ပတ္သက္ၿပီးေတာ့ ဘြဲ႕ရထားတဲ့လူလည္း ျဖစ္တယ္။ ဒီဟာေတြကို တေလွ်ာက္လုံး လုပ္လာတယ္ဆိုေတာ့ ပိုၿပီးေတာ့ အလ်င္သင့္သလို ျဖစ္သြားတာေပါ့။ ဒီဟာနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ေျပာထားေတာ့ လယ္ယာက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ လယ္သမားေတြဘဝ ျမႇင့္တင္ေရးကိစၥမွာ ဝန္ႀကီးခ်ဳပ္ ေျပာထားတဲ့အတိုင္း ဘယ္ေလာက္အထိမ်ား ဝန္ႀကီးခ်ဳပ္ လုပ္ေပးႏိုင္ခဲ့ၿပီးၿပီလဲဆိုတာကို သိခ်င္ပါတယ္။

ေျဖ ။ ။ က်ေနာ္ တာဝန္ယူထားတဲ့ တိုင္းေဒသႀကီးအဆင့္ ဧရာဝတီတိုင္းထဲမွာဆိုရင္ လယ္ယာစိုက္ပ်ိဳးေျမ ဧက (၃၇) သိန္း ရွိပါတယ္။ (၃၇) သိန္းကို က်ေနာ္ စတာဝန္ယူတဲ့ႏွစ္မွာပဲ ေျမမွာ ခ်ဥ္ငန္ဓါတ္ ဘယ္ေလာက္ရွိလဲ။ အဓိက Major Element ေခၚတဲ့ nitrogen (N), phosphorus (P) and potassium (K) ေတြဟာ ဘယ္ေလာက္ ရာခိုင္ႏႈန္း ရွိတယ္ဆိုတာ သိဖို႔လိုအပ္ပါတယ္။ မသိဘဲနဲ႔ စိုက္ပ်ိဳးေနရင္ အလြယ္တကူ ေျပာၾကမယ္ဆိုရင္ေတာ့ မွန္းစိုက္ၿပီးေတာ့ အလြယ္တကူ စိုက္တယ္လို႔ပဲ ေျပာလို႔ရမယ္။ ဒီေန႔ သိပၸံနည္းက် စိုက္ၾကလို႔ေျပာတဲ့အခါမွာ သိပၸံနည္းက်ဆိုတဲ့ အသုံးအႏႈန္းက နည္းနည္းလြဲေနတယ္လို႔ ထင္တယ္။ က်ေနာ္ စိုက္ပ်ိဳးေရးေက်ာင္းဆင္းတစ္ေယာက္အေနနဲ႔ က်ေနာ့္အျမင္အရဆိုရင္ ဒါက စၿပီးေတာ့ စိုက္ေတာ့မယ္ဆိုရင္ ဒီေျမမွာ ေျမရဲ႕ PH လို႔ေခၚတဲ့ ခ်ဥ္ငန္ဓါတ္ ဘယ္ေလာက္ရွိလဲ။ ေနာက္တခါ အဟာရတန္းဖိုးေတြ ဘယ္ေလာက္ရွိသလဲဆိုတာေတြ သိဖို႔လိုပါတယ္။ သိရင္ မ်ားရင္ က်ေနာ္တို႔ ေလွ်ာ့ရမယ္။ လိုအပ္ရင္ ျဖည့္ေပးရမယ္။ အဲဒီလိုျဖစ္တဲ့အတြက္ စတဲ့ႏွစ္မွာ ဧက (၃၇) သိန္းထဲက ဧက (၉) သိန္းေက်ာ္ (၁၀) သိန္းနီးပါးကို PH စမ္းခိုင္းပါတယ္။ NPK စမ္းခိုင္းပါတယ္။ စမ္းခိုင္းၿပီးေတာ့ ေတာင္သူ ဧက (၅၀) ကို တစ္ကြက္၊ တစ္ခါစမ္းတယ္။ အဲဒီေတာင္သူေတြမွာ PH ဘယ္ေလာက္ရွိလဲ။ သူတို႔ေျမ ဧက (၅၀) က Detail တစ္ဧကခ်င္းေတာ့ မျဖစ္ႏိုင္ဘူး။ ဧက (၅၀) ကို Focus လုပ္လိုက္ၿပီးေတာ့ အဲဒီမွာ PH ဘယ္ေလာက္ရွိလဲ။ N ဘယ္ေလာက္၊ P ဘယ္ေလာက္၊ K ဘယ္ေလာက္ ရွိသလဲဆိုတာကို စာအုပ္ေလးထဲမွာ ေရးေပးပါတယ္။ မွတ္တမ္းျပဳၿပီး PH နည္းေနတယ္ဆိုရင္ neutral point က PH 7. ကို မေရာက္ဘူးဆိုရင္ ဘယ္လို Treatment ေပးရမယ္ဆိုတာကိုလည္း Instruction တစ္ခါတည္း ေပးထားပါတယ္။

NPK မွာလည္း --နည္းေနရင္ ဘာလုပ္ပါ။ မ်ားေနရင္ ဘာလုပ္ပါ။ အေျဖက Color ေလးေတြ ပါပါတယ္။ အဝါဆိုရင္ သူက Level ဘယ္ေလာက္ရွိလဲ။ လိေမၼာ္ေရာင္ဆိုရင္ ဘယ္ေလာက္ရွိတယ္။ အနီက ဘယ္ေလာက္ရွိတယ္။ သူ႔ရဲ႕ သေကၤတေလးေတြ ပါတယ္။ အဲဒီသေကၤတေပၚ မူတည္ၿပီး နည္းေနတယ္ဆိုရင္ ဘာလုပ္ပါ။ ဘယ္ေလာက္ထည့္ပါ။ အဲဒါမ်ိဳး က်ေနာ္က လမ္းၫႊန္ပါတယ္။
က်ေနာ္ အခု (၂) ႏွစ္နီးပါး ျဖစ္လာတဲ့အခ်ိန္မွာ ဒီႏွစ္ ၿပီးခဲ့တဲ့ေႏြထဲက ေတာင္သူအကုန္လုံး လက္ထဲမွာ အဲဒီစာအုပ္ေလးေတြ ေရာက္ေနပါၿပီ။

အဓိက Main က စပါး။ အဲဒီေတာ့ ဒီစပါးက လက္ရွိအခ်ိန္ ႏိုင္ငံျခားကို တင္ပို႔တဲ့အခါမွာ ေဈးေကာင္းမရဘူး။ မႏွစ္ကဆိုရင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆန္တန္ခ်ိန္ ၃.၆ သန္းကို တ႐ုတ္က ဝယ္ခဲ့တယ္။ ဒီႏွစ္ မဝယ္ေတာ့ဘူး။ အဲဒီလို မဝယ္ေတာ့ တ႐ုတ္ပဲ ေရာင္းမွာလား။ က်ေနာ္တို႔က ဒီအျပင္ႏိုင္ငံေတြကိုလည္း ေရာင္းခ်မယ္။ အဲဒီေတာ့ ေဈးကြက္ရွာတဲ့ေနရာမွာ ဘာအေရးႀကီးလဲဆိုရင္ ပစၥည္းအရည္အေသြး အေရးႀကီးတယ္။ အရည္အေသြးေကာင္းမွ ေရာင္းရေတာ့မွာ။

ေမး ။ ။ အဲဒီေတာ့ ဝန္ႀကီးခ်ဳပ္တို႔ တိုင္းေဒသႀကီးအစိုးရကေန ေတာင္သူေတြကို ျဖန႔္ထားတဲ့ လမ္းၫႊန္၊ လမ္းျပေျမပုံလို စာအုပ္ကေလး၊ ၫႊန္ၾကားခ်က္စာအုပ္ကေလးေတြအေပၚ ေတာင္သူေတြ ပိုၿပီးသိရွိနားလည္ေအာင္ Awareness သူတို႔ဘက္က ပိုၿပီးလိုက္နာႏိုင္ေအာင္ ဝန္ႀကီးခ်ဳပ္တို႔ ျဖစ္ေစခ်င္တဲ့ ပုံစံအတိုင္း၊ စနစ္တက် လိုက္နာႏိုင္ေအာင္၊ ဝန္ႀကီးခ်ဳပ္ေျပာတယ္ - ဝန္ႀကီးခ်ဳပ္ သြားရင္လာရင္နဲ႔ ျပည္သူေတြနဲ႔ ေတြ႕ရင္နဲ႔ ေျပာျပတာေတြရွိတယ္။ သက္ဆိုင္ရာလူႀကီးေတြ သြားရင္လာရင္နဲ႔လည္း ေျပာျပတာရွိတယ္။ ဒါေပမဲ့လဲ တစုတေဝးတည္း အကုန္လုံး သိရွိႏိုင္ေအာင္ စနစ္တက် Awareness Campaign လိုမ်ိဳး ပုံစံမ်ိဳးလုပ္တာ ရွိသလား။ ဝန္ႀကီးခ်ဳပ္တို႔ ဒီဟာကို ေတာင္သူေတြက ဘယ္ေလာက္အထိ နားလည္တယ္လို႔ ျပန္ၾကားရသလဲ။ သူတို႔ ေကာင္းေကာင္းမြန္မြန္ သိရွိၿပီလို႔ ဝန္ႀကီးခ်ဳပ္တို႔ သိသလား။ အဲဒါက သူတို႔ရဲ႕ စပါးထြက္လာျခင္းနဲ႔ ဝန္ႀကီးခ်ဳပ္တို႔ ျဖစ္ေစခ်င္တဲ့ Good Intent တကယ့္ေစတနာနဲ႔ လုပ္ေပးတဲ့ဟာရဲ႕ ရလဒ္က အဲဒီအေပၚမွာ မူတည္ေနတယ္။ သူတို႔နားလည္ျခင္း၊ နားမလည္ျခင္းေပၚ မူတည္ေနတယ္လို႔ ထင္ျမင္သလား။

ေျဖ ။ ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္က ဒီလိုလုပ္ျခင္းက သူနဲ႔ျမင့္တဲ့ နည္းပညာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ ေတာင္သူေတြဆိုတာ ျမင္မွ၊ လက္ေတြ႕ျပမွာ ယုံတာဆိုေတာ့ အခု ဖ်ာပုံမွာ ေပၚဆန္ေမႊးဆိုရင္ အဲဒီက ေတာင္သူေတြ ေျပာၾကတယ္။ အရင္တုန္းက ေပၚဆန္ေမႊး ျပန္ရၿပီ။ အဲဒီေတာ့ အေျခအေနေပးၾကမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ Level တစ္ခုကိုေတာ့ တက္လာတယ္။ အဲဒီေတာ့ ဒီလိုလုပ္ရင္ ဒီလိုျဖစ္ရင္၊ အထြက္တိုးပါလား။ အရည္အေသြး ေကာင္းပါလားဆိုတဲ့ Message က ေတာင္သူေတြလက္ထဲ ေတာ္ေတာ္မ်ားမ်ားဆီ ေရာက္ေနတယ္။ အဲဒီလို ေရာက္ေနခ်ိန္မွာ က်ေနာ္တို႔က အခုခ်ိန္မွာ --- သြားမလားဆိုတာ အလြယ္တကူ ျဖစ္လာတယ္။ ထူးျခားတာက က်ေနာ္တို႔ႏိုင္ငံမွာ စိုက္ပ်ိဳးေရးကုမၸဏီေတြ အမ်ားႀကီး။ နက္နက္နဲနဲေတာ့ က်ေနာ္တို႔ သိတာေပါ့။ ဒါေပမဲ့ အဲဒီစိုက္ပ်ိဳးေရးကုမၸဏီေတြမွာ ဘာလဲဆိုေတာ့ Pre စိုက္ပ်ိဳးေရးေတြနည္းတယ္။ Post-harvesting မွာ မ်ားတယ္။ ဆန္စက္-အေၾကာင္းသိတယ္။ အေျခာက္ခံဖို႔ သိတယ္။ ေနာက္ပိုင္းအေၾကာင္းအရာေတြကို သိတယ္။ ေရွ႕ပိုင္းအေၾကာင္းအရာေတြကို မသိဘူး။ ေနာက္ဆုံး တကယ္လုပ္မယ္ဆိုရင္ ထဲထဲဝင္ဝင္လုပ္ဖို႔ Contract Farming Company ေတာ္ေတာ္နည္းတယ္ (၅) ရာခိုင္ႏႈန္း မရွိဘူး။

ေမး ။ ။ ဝန္ႀကီးခ်ဳပ္ေတာ့ ၾကားဖူးသလား မသိဘူး။ က်ေနာ္ ၾကားသိဖူးတာက ထိုင္းႏိုင္ငံမွာဆိုရင္ Pre-harvesting နဲ႔ Post-harvesting ေတြ ဝန္ႀကီးခ်ဳပ္ ေျပာလို႔ပါ။ စိတ္ဝင္စားစရာေကာင္းတာ က်ေနာ္ ၾကားဖူးတာက ထိုင္းႏိုင္ငံမွာဆိုရင္ Pre-harvesting နဲ႔ ပတ္သက္ၿပီး စီးပြားေရးလုပ္ငန္းရွင္ေတြက ေတာ္ေတာ္ေလး ရင္းႏွီးျမဳပ္နံွၾကတယ္။ လယ္သမားေတြကို စပါးမစိုက္ခင္မွာ ေငြထုတ္ေပးတယ္။ မ်ိဳးေကာင္းရဖို႔ကိစၥေတြ၊ ေရေကာင္းေရသန႔္ရဖို႔ ကိစၥေတြ၊ အထြက္တိုးဖို႔ကိစၥေတြကို သူတို႔က ေတာ္ေတာ္ေလး ရင္းႏွီးျမဳပ္နံွတယ္။ ထြက္လာၿပီဆိုရင္လဲ အဲဒီစပါးေတြကို သူတို႔ပဲ ျပန္ဝယ္တယ္။ လယ္သမားေတြဆီက ထြက္လာတဲ့ ေကာက္ပဲသီးနံွေကာင္းမွ သူတို႔လည္း ေဈးေကာင္းနဲ႔ ႏိုင္ငံျခားကို ျပန္ၿပီးေတာ့ ပို႔ႏိုင္မွာဆိုေတာ့ သူတို႔က အဲဒီနည္းနဲ႔သြားၾကတယ္လို႔ က်ေနာ္သိရတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ ေစာေစာက ဝန္ႀကီးခ်ဳပ္ေျပာသလို ျမန္မာႏိုင္ငံမွာ အားနည္းခ်က္ရွိေနတာ Pre-harvesting မွာ ဝန္ႀကီးခ်ဳပ္က ျမင္တယ္။ ကိုယ္တိုင္လည္း ဒီက႑ကို သိထားတဲ့လူဆိုေတာ့ အဲဒီဘက္မွာ ဆိုၾကပါစို႔ ဧရာဝတီတိုင္းက စံနမူနာေပးၿပီး၊ စံျပအေနနဲ႔ ဝန္ႀကီးခ်ဳပ္ေျပာခဲ့သလို ဧက (၅၀) Focus လုပ္သလိုမ်ိဳး တတိုင္းလုံးမွာ အထြက္တိုးလာေအာင္ လုပ္သလိုမ်ိဳး၊ Pre-harvesting ဝန္ႀကီးခ်ဳပ္ အစိုးရက ဦးေဆာင္ၿပီး တခုခုလုပ္ျပရင္ေပါ့။

ေျဖ ။ ။ အခုန ဆရာေျပာတဲ့ဟာက က်ေနာ္ေျပာတဲ့ ဧကတစ္ေသာင္းေလာက္ လုပ္ေနတယ္ဆိုတာ Contract Farming လို႔ ေခၚပါတယ္။ အက်ိဳးတူလုပ္ငန္း။ အဲဒီလုပ္ငန္းမ်ိဳးနဲ႔ လုပ္ၾကရင္ သားေ႐ႊအိုးထမ္းသလိုမ်ိဳး ကုမၸဏီနဲ႔ ေတာင္သူအေပၚမွာ သစၥာရွိရမယ္။ ယုံၾကည္မႈ ရွိရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကုမၸဏီက မ်ိဳးေစ့ေပးတယ္။ Inputs ေတြ ေပးတယ္။ ေနာက္တခါ ရတဲ့ဟာကို ေတာင္သူက မပို႔ရဘူး။ က်ေနာ္တို႔လုပ္ခဲ့တဲ့ Contract Farming ဆိုရင္ အနည္းဆုံး ငါးေထာင္ေဈး ျဖစ္ရမယ္။ ၾကမ္းခင္းေဈး ငါးေထာင္ေပးမယ္။ ငါးေထာင္ေဈး ျဖစ္ေနရင္ ျဖစ္ျဖစ္၊ မျဖစ္ျဖစ္ ငါးေထာင္ေဈးကို သတ္မွတ္ထားတယ္။ အဲဒါဆို ငါးေထာင္ငါးရာေဈးေပးမယ္။ သူနဲ႔ ဘယ္ေလာက္ပဲတက္တက္၊ ငါးရာ-ငါးရာ ပိုေပးမယ္။ အဲဒီေတာ့ သူတို႔ Contract လုပ္ထားတဲ့အတိုင္း ဝယ္မယ္။ ေတာင္သူက သူတို႔ကို သစၥာရွိရွိနဲ႔ ေရာင္းဖို႔ အေရးႀကီးတယ္။

ေမး ။ ။ ဒီသေဘာတူညီခ်က္ကို မခ်ိဳးေဖာက္နဲ႔။ တိုင္းေဒသႀကီး တစ္ခုလုံးကို ျပန္ၾကည့္မယ္ဆိုရင္ ဝန္ႀကီးခ်ဳပ္ ဒါေတြကို အစမ္းလုပ္လာတာ (၂) ႏွစ္ကာလသက္တမ္း ရွိလာၿပီ။ ေနာက္ထပ္ (၁) ႏွစ္ က်န္ေသးတယ္ဆိုၾကပါစို႔ - ဒီအစိုးရသက္တမ္းမွာ။ ေနာက္ ဆက္ရင္လဲ ဆက္မွာေပါ့။ ဒီ (၂) ႏွစ္အတြင္းမွာ ဝန္ႀကီးခ်ဳပ္ ေယဘုယ်အားျဖင့္ က်ေနာ္တို႔ ေျပာေနတာ ဘယ္ႏွစ္ရာခိုင္ႏႈန္းေလာက္ တက္လာတယ္ဆိုတာမ်ိဳး ကိန္းဂဏန္းအရ တိုင္းေဒသႀကီးတခုလုံးအေနနဲ႔ ၿခဳံေျပာလို႔ရတဲ့ အေနအထား ရွိၿပီလား။

ေျဖ ။ ။ ေျပာဖို႔ေတာ့ ခဲယဥ္းေပမယ့္ က်ေနာ္တို႔ ၿမိဳ႕နယ္ေတြ သြားတဲ့အခါမွာ ျပည္သူနဲ႔ ေတြ႕ဆုံပြဲေတြမွာ ေျပာတာေတြ အသံေတြ ျပန္ၾကားရပါတယ္။ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ စိုက္ပ်ိဳးေရးက႑ကို လုပ္ေနတယ္ဆိုတာကို သူတို႔သိတယ္။ ေတာ္ေတာ္မ်ားမ်ား က်ေနာ့္နားထဲကို ျပန္ေရာက္တယ္။ ေရာက္တဲ့အခါမွာ ေရာက္တိုင္းလဲ က်ေနာ္သြားတဲ့ေနရာတိုင္းမွာလဲ ေမးပါတယ္။ ဝန္ႀကီးခ်ဳပ္ကို မျမင္ဘူးလို႔လား။ သို႔မဟုတ္ က်ေနာ္တို႔ လုပ္ရပ္ကို သိခ်င္လို႔လား ေမးတဲ့အခါမွာ တခ်ိဳ႕က ႏွစ္ခုစလုံးေျဖတယ္။ တခ်ိဳ႕ကလဲ ဒီလုပ္ငန္းကို စိတ္ဝင္စားလို႔ လာပါတယ္လို႔ေျပာတယ္။ အဲဒီေတာ့ အရင္ထက္စာရင္ (၂၆) ၿမိဳ႕နယ္ဟာ ေတာင္သူေတြကေတာ့ စိုက္ပ်ိဳးေရးက႑ကို က်ေနာ္တို႔အစိုးရက ဦးစားေပးေဆာင္႐ြက္ေနတယ္။ က်ေနာ္ကိုယ္တိုင္လည္း ပါဝင္ေဆာင္႐ြက္ေနတယ္။ ဒီလိုလုပ္ရင္ ဒီလိုျဖစ္ပါလားဆိုတဲ့ အသိကေတာ့ က်ေနာ္ ရာခိုင္ႏႈန္းနဲ႔ တိတိက်က် မေျပာႏိုင္ေပမယ့္ ေတာင္သူေတြထဲမွာ ေတာ္ေတာ္ေလးေတာ့ ေရာက္ေနၿပီလို ေျပာႏိုင္ပါတယ္။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG