သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေမးျမန္းခန္း (ဒုတိယပိုင္း)


ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္

ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားကလာရောက် ရင်းနှီးမြုပ်နှံကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေက လိုအပ်တဲ့ အရည်အချင်းနဲ့ ပြည့်မီတဲ့ ဝန်ထမ်းအရေအတွက် မဖြည့်ဆည်းပေးနိုင်တဲ့ အခက်အခဲနဲ့ ကြုံနေရကြောင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို တင်ပြထားပါတယ်။

မေး ။ ။ တရုတ်နိုင်ငံက စီးပွားရေး ရင်းနှီးမြုပ်နံှမှုတွေ များနေသလားလို့။ သဘောက ကျနော် လမ်းမှာဆိုရင် Amusement Park လေး တစ်ခု ဝင်လာခဲ့တယ်။ ကျနော် သတိထားမိတာက တရုတ်ဆိုင်းဘုတ်တွေ၊ တရုတ်စာတွေနဲ့ ကျကျနန လုပ်ထားတယ်။ ကြည့်ကောင်းအောင်လုပ်ထားတယ်။ သိသာတာကတော့ တရုတ်လူမျိုးတယောက်ယောက် ပိုင်တယ်ဆိုတာ သိသာတယ်။ ထိုနည်းလည်းကောင်းပဲ စာသောက်ခန်းတခန်းခန်း ဝင်မယ်ဆိုရင်လဲ အဲဒီလိုမျိုး တွေ့တယ်ဆိုတော့ နည်းနည်းလေး သတိထားမိတာက တရုတ်ရင်းနှီးမြုပ်နံှမှုက ဒီထဲမှာများ တော်တော်များများ ရောက်နေသလား။ ကျနော်တို့ တနိုင်ငံလုံး ရင်းနှီးမြုပ်နံှမှုနဲ့ လိုနေတာမှန်တယ်။ ဧရာဝတီတိုင်းလည်း လိုနေတာပဲ။ ဒီမှာ ဘယ်သူတွေက ဘယ်လောက်အထိ ရင်းနှီးမြုပ်နံှနေတယ်ဆိုတာကို ဝန်ကြီးချုပ် ပြောပြလို့ရလား။

ဖြေ ။ ။ အကြမ်းမျဉ်းအားဖြင့်တော့ တရုတ်၊ စင်္ကာပူ၊ မလေးရှား။ တရုတ်ကတော့ နံပတ်တစ်မှာ များပါတယ်။ ကျနော်တို့တိုင်းမှာလည်း များသလို၊ တနိုင်ငံလုံးလည်း အဲဒီလိုရှိမယ် ထင်ပါတယ်။ အဲဒီတော့ ဖိတ်ခေါ်ကြတဲ့အထဲမှာတော့ သူတို့က အများဆုံး လာလုပ်နေကြမှာပေါ့။ ကျနော် တာဝန်ယူမှာတင် လုပ်ငန်း (၃၇) ခု ကျနော်တို့ MIC အောက်ကနေဆိုရင် AIC ခေါ်ပါတယ်။ တိုင်းဒေသကြီးရင်းနှီးမြုပ်နံှမှု လုပ်ငန်း (၃၇) ခု ခွင့်ပြုထားပါတယ်။ အဲဒီမှာ (၁၁) ခုက နိုင်ငံခြားကပါ။ (၂၆) ခုကတော့ ပြည်တွင်း။ အဲဒီ (၁၁) ခုပါတင် ယေဘုယျအားဖြင့်တော့ တရုတ်နိုင်ငံက များပါတယ်။

မေး ။ ။ တိုင်းဒေသကြီးအစိုးရတွေကလဲ ပြည်ထောင်စုအစိုးရနည်းတူပဲ ကိုယ့်တိုင်းဒေသကြီးထဲကို လာပြီးတော့ ရင်းနှီးမြုပ်နံှကြမယ်ဆိုရင် ဘယ်လိုကုမ္ပဏီတွေ လာသလဲ။ အဲဒီကုမ္ပဏီတွေက ဘယ်လိုမျိုးလဲ။ စီမံကိန်းတွေ ချမယ်ဆိုရင်လဲ စီမံကိန်းတွေကို ဘယ်လိုကုမ္ပဏီမျိုးတွေကို ပေးမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေက ဝန်ကြီးချုပ်တို့ အစိုးရတာဝန်ရှိသူတွေက သက်ဆိုင်ရာဝန်ကြီးဌာနတွေကတဆင့် ဝန်ကြီးချုပ်ရှိရောက်လာပြီး ဆုံးဖြတ်ကြတယ်ဆိုတော့ အဲဒီ Criteria တွေမှာ ဝန်ကြီးချုပ် ဘယ်လိုစဉ်းစားသလဲ။

ဖြေ ။ ။ ကျနော်တို့ ဖိတ်ခေါ်သော်ငြားလဲ လာတော့လာနေတယ်။ ဒါပေမဲ့ တရုတ်၊ စင်္ကာပူတို့က များတယ်။ ကိုရီးယားလည်း ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ MIC – AIC ညွှန်ကြားချက်မှာတော့ ဘယ်နိုင်ငံသား၊ ဘယ်ကလာတယ်ဆိုတာ၊ ဘယ်သူပေးရမယ်ဆိုတာ ကန့်သတ်ချက် မရှိပါဘူး။ ကန့်သတ်ချက်ရှိတာကတော့ ဒေါ်လာ (၅) သန်းအောက်ဆိုရင် ဧရာဝတီတိုင်းဒေသကြီး အစိုးရက ဆုံးဖြတ်နိုင်တယ်။ (၅) သန်းအထက်ဆိုရင် ပြည်ထောင်စုအစိုးရက ဆုံးဖြတ်တယ်။ အဲဒီပေါ် မူတည်ပြီးတော့ ကျနော်တို့က သူ့ရဲ့ ကျန်တဲ့ Criteria မြေယာပိုင်ဆိုင်မှု မှန်ကန်သလား။ သူ့လုပ်ငန်းက သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီသလား။ သူက ဒေသခံတွေအတွက် ဝန်ထမ်းဘယ်လောက်ပေးနိုင်သလဲ။ ကျနော်တို့အပေါ် ဆိုးကျိုးဘယ်လောက် ဖြစ်နိုင်သလဲ။ ဒါတွေပေါ် ဝေဖန်ပြီးတော့ ဆုံးဖြတ်ရတာ ရှိပါတယ်။ ကျန်တဲ့အကြောင်းအရာတွေကတော့ သူ့ရဲ့ သတ်မှတ်ထားတဲ့ ဥပေဒစည်းမျဉ်းစည်းကမ်းအတိုင်းပဲ လက်ခံပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မယ်ဆိုရင် လက်မခံဘူး။ လက်ခံလို့ မရဘူး။ လက်ခံနိုင်အောင် ဘယ်လိုလုပ်မလဲ။ လက်ခံနိုင်အောင် လုပ်ပေးမယ်ဆိုရင် ပြဌာန်းထားတဲ့ ဥပဒေနဲ့ မကိုက်ညီဘူးဆိုတော့ လုပ်လို့မရဘူး။ အဲဒီဥပဒေအရ ဆောင်ရွက်နေပါတယ်။

မေး ။ ။ တရုတ်ကိုပဲ ဖိပြောနေတာ မဟုတ်ပါဘူး။ ကျနော်တို့ သတိထားမိတာကို ပြောတာပါ။ တရုတ်ကုမ္ပဏီတွေဆိုရင် အခုဆိုရင် ဗမာနိုင်ငံမှာ လူပြောများနေတာက ဆိုကြပါစို့ - ဘယ်နေရာမဆို တရုတ်ကုမ္ပဏီတခုကို ကန်ထရိုက် ချပေးလိုက်ပြီဆိုရင် အဆောက်အဦးဆောက်တာပဲ ဖြစ်ဖြစ်၊ လမ်းဖောက်တာပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲမှာ တခုခုလုပ်ပြီဆိုရင် သူတို့ရသွားပြီဆိုရင် သူက ကုမ္ပဏီလုပ်ငန်းစတော့မယ်ဆိုရင် ငွေကတော့ သူ့ကုမ္ပဏီ၊ အဲဒီအပြင် သူ့ဝန်ထမ်းတွေခေါ်လာတယ်။ ပစ္စည်းတွေကလည်း သူ့နိုင်ငံက သွင်းလာတယ်။ ဆိုတော့ ဝန်ထမ်းတွေကလည်း သူ့ဝန်ထမ်းတွေဖြစ်တော့ အကုန်လုံးက သူ့ဟာတွေကြီးပဲ - ရင်းနှီးမြုပ်နံှမှုကလည်း သူ့ငွေပဲ။ မြန်မာနိုင်ငံက မြေကြီးပဲ စိုက်ရသလို ဖြစ်နေတယ်။ ဆိုတော့ စောစောက ပြဌာန်းထားတဲ့ အလုပ်အကိုင်ဖန်တီးပေးသလား။ မဖန်တီးပေးဘူးလား ဆိုတာတွေက ပါမလာဘူးလို့ ဖြစ်ဖြစ်နေတာ လူတွေက သတိထားမိတယ်။ တရုတ်ကုမ္ပဏီက လုပ်ပြီဆိုရင် သေချာတယ် တရုတ်ဝန်ထမ်းတွေ တပုံကြီးရောက်လာမယ်။ ဒီလိုလုပ်ကြတယ်။ မြန်မာဝန်ထမ်းတွေက ဆိုပင်ဆိုငြားသော်လဲ အလုပ်မရကြဘူးဆိုတဲ့ Complaint တွေ တက်နေတော့ အဲဒါကို ဝန်ကြီးချုပ် ကြားမိမယ်ထင်ပါတယ်။

ဖြေ ။ ။ ဟိုတုန်းကတော့ ကြားမိပါတယ်။ တကယ်တမ်း တကယ့်တကယ် လက်တွေ့မှာတော့ မဟုတ်ဘူး။ မဟုတ်ဘူးဆိုတော့ ကျနော်တို့ ရင်းနှီးဖို့အတွက် ဖိတ်ခေါ်နေတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် တရုတ်ကောင်းလို့ မဟုတ်ဘူး။ ဈေးဝယ်သလိုပေါ့ - ကိုယ်ကြိုက်တာကို ရွေးယူချင်တယ်။ ရွေးယူခွင့်မရှိတော့ ရှိတာနဲ့ လုပ်ရတယ်။ အဲဒီအခါမျိုးမှာ ကျနော်တို့ရဲ့ လက်ရှိအခြေအနေက စိတ်မကောင်းစရာပါ။ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုလာရင် လုပ်ထားတာက Skilled-labor ဝန်ထမ်းတစ်ရာ ရှိမယ်ဆိုရင် Skilled labor ကို သူတို့ဆီက (၂၀) ပဲ ခေါ်လာ၊ ကျန်တဲ့ (၈၀) ကို ပြည်တွင်းက ခေါ်ရမယ်။ နံပတ်တစ် ဒေးဒရဲဆိုရင် ဒေးဒရဲမြို့နယ် ခေါ်ရမယ်။ Local ပဲ ဖြစ်ရမယ်။ ဒေးဒရဲမှာ မလုံလောက်ဘူးဆိုရင် သူ့ခရိုင်က ဖျာပုံခရိုင်။ မရှိမှ ခရိုင်က သွားရမယ်။ ဒေးဒရဲမှာ အခု … စက်ရုံထောင်နေတယ်။ နှစ်မျိုး ကျနော်ကြားရတယ် - (၁) လျှပ်စစ်အဆင်သင့် မဖြစ်သေးဘူး။ နောက် ဝမ်းနည်းစရာတခုက အဲဒီ Skilled labor မပြောနဲ့ ရိုးရိုးအလုပ်သမားမှာ ချုပ်ဖို့၊ လုပ်ဖို့အတွက် ကျနော်တို့ ပြည်သူတွေ အဆင်သင့် မဖြစ်သေးဘူး။ တကယ့် Technician ဆိုတော့ ဝေးတော့။ Skilled labor ကတောင် မလုပ်နိုင်ဘူး။ ရိုးရိုးအလုပ်သမားတောင် သူတို့ကို သင်တန်း Training ပေးပြီးမှ လုပ်နေရတယ်။

အဲဒီတော့ ကျနော်တို့ဆီမှာ Vocational Training တွေ အများကြီးလိုအပ်နေတယ်။ အဲဒီလိုအဆင့် မပေးနိုင်ဘူး။

မေး ။ ။ ရင်းနှီးမြုပ်နံှမှုတွေနဲ့ ဆက်စပ်ပြီးတော့ မေးချင်တာက ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဧရာဝတီတိုင်းကို တော်တော်လေး စိတ်ဝင်စားတယ်ထင်တယ်။ သူ နှစ်ခုရှိပြီ လာရောက်သွားတာ။ သူကရော ဘယ်လိုကဏ္ဍတွေမှာ ရင်းနှီးမြုပ်နံှမှုကို စိတ်ဝင်စားသလဲ။ ကျနော်တို့ကြားတာ နောက်ဆုံးတခေါက် လာသွားတုန်းက ရေနံက သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေပါတယ်။ ဝန်ကြီးချုပ်နဲ့လည်း တွေ့တယ်ပြောပါတယ်။ ခရီးသွားလုပ်ငန်း။ ပြင်သစ်ဆိုတာ ဒီဟာတွေက ကျွမ်းကျင်ပြီးသားနယ်မြေတွေ ဖြစ်တယ်။ ရေနံ တူးဖော်တဲ့ လုပ်ငန်းတွေမှာ။ ဧရာဝတီတိုင်းက အများကြီး သံယဇာတတွေ - စိုက်ပျိုးရေးကောင်းသလို၊ သံယဇာတတွေလည်း အများကြီး ရှိတယ်။ Tourism နဲ့ ပတ်သက်ရင်လဲ ဝန်ကြီးချုပ်တို့ တိုင်းဒေသကြီးက အများကြီးလုပ်လို့ရတဲ့ နေရာတွေ ရှိသေးတော့ ဝင်ငွေရစရာ နည်းလမ်းတွေက အများကြီး ရှိနေသေးတော့ ဒါတွေကို သူတို့မျက်စိကျသလို၊ ဘာတွေကို သူတို့ ပိုစိတ်ဝင်စားသလဲ။ ဝန်ကြီးချုပ်တို့ စကားပြောကြည့်တော့။

ဖြေ ။ ။ ပြောခဲ့တာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အလာပသလာပ နက်နက်နဲနဲ လုပ်ငန်းအကြောင်းတော့ မပြောဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူလာတာက သူ့ရဲ့ EU နိုင်ငံတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတွေပါလာရင် သူပါလာတယ်ဆိုတော့ နှစ်ခါလောက် အလာပသလာပ စကားပြောဖူးတယ်။ ကျန်တဲ့အကြောင်းအရာတွေတော့ ထွေထွေထူးထူး မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဘက်ကတော့ ရင်းနှီးမြုပ်နံှမှုတွေမှာ သူ့အနေနဲ့ Positive ဘက်က ရှိတယ်လို့ မြင်ပါတယ်။ ကျန်တဲ့ဟာကတော့ ထွေထွေထူးထူး သူနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့ မသိပါဘူး။

မေး ။ ။ တရားဥပဒေစိုးမိုးရေး အားနည်းတယ်လို့ လူတွေက ပြောကြတယ်။ အကျင့်ပျက်ခြစားမှုကလဲ အခုထက်ထိ အရင်တုန်းက အတိုင်းပဲ ပြောကြတာရှိတယ်။ အချိန်အတိုင်းအတာတခုအထိ ဒီကိစ္စတွေက လိုတာတော့ မှန်တယ်။ တရားဥပဒေ စိုးမိုးမှုမရှိဘူးလို့၊ အကျင့်ပျက်ခြစားမှုတွေက တခုနဲ့တခု နည်းနည်း တချို့ကိစ္စတွေမှာ ဆက်စပ်နေတာ၊ ဆက်နွှယ်နေတာတွေ ရှိတော့ ဝန်ကြီးချုပ် ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတွေကို အခုပြောမယ်ဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးမှု၊ ကိုယ့်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့အရေးတွေကို ယုံယုံကြည်ကြည်နဲ့ နေနိုင်အောင်၊ စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်အောင် သူတို့ စိုးရိမ်နေသလို မဟုတ်ပါဘူးဆိုတာကို ဘယ်လိုပြောမလဲ။

ဖြေ ။ ။ အဲဒီလိုပါပဲ ကျနော်တို့ တိုင်းဒေသကြီးအစိုးတွေ၊ ပြည်နယ်အစိုးရတွေ၊ ပြည်ထောင်စုအစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်အတိုင်းအတာမှာလဲ ခုခေတ်က လူမှု့ကွန်ရက်တွေက မြန်တာလဲတစ်ကြောင်းပါတယ်။ အဲဒီမှာ သတင်းတစ်ခုရပြီဆိုရင် ဟုတ်ခြင်းမဟုတ်ခြင်းကို Confirm လုပ်ရပါတယ်။ အဲဒီလို Confirm လုပ်ပြီးမှ အတည်ပြုရပါတယ်။ ဆက်လက်ဆောင်ရွက်ရပါတယ်။ တချို့ကြတော့လဲ ကိစ္စတစ်ခုတည်းမှာပင် စိတ်ကျေနပ်မှု မရှိတာနဲ့ အကြီးကြီးပြောလိုက်တာ ရှိတယ်။

မေး ။ ။ Social Media က အရမ်းကြောက်စရာကောင်းတယ်။

ဖြေ ။ ။ အဲဒီတော့ Social Media နဲ့ ကျန်တဲ့မီဒီယာတွေ ပြောလိုက်တဲ့ဟာတွေက ကျနော်တို့လို Confirm လုပ်တာလား။ ဒါပေမဲ့ ကျနော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ အဲဒီလိုတွေ မဖြစ်နိုင်အောင် ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မရှိပါဘူး။ ကျနော်တို့က ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ သူများကိုတော့ မပြောလိုပါဘူး။ ရာအိမ်မှူးဆိုတာ အုပ်ချုပ်ရေးမှူးအောက်မှာ ရာအိမ်မှူးရှိတယ်။ အဲဒီရာအိမ်မှူးတွေအထိ ကျနော်တို့က Short-method သင်တန်းတွေ ပေးထားပါတယ်။ အဲဒါ ကျနော်တို့တိုင်းပဲ လုပ်တယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ ဘယ်လိုသင်တန်းတွေလဲ။ ဝန်ကြီးချုပ် ပြောပြလို့ရလား။

ဖြေ ။ ။ သူက အုပ်ချုပ်ရေးမှူးရဲ့ လက်တံလေး။ အဲဒီတော့ တရားဥပဒေ စိုးမိုးမှုနဲ့ ပတ်သက်ပြီးတော့ ရှေ့နေ၊ တရားဥပဒေအရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ သက်ဆိုင်ရာဌာနတွေက သူတို့ကို Short-methods တွေ ပေးထားတယ်။ On-job training လည်း ပေးထားတယ်။ ကျန်တဲ့နေရာမှာတော့ အုပ်ချုပ်ရေးမှူးအဆင့်လောက်ပဲ သင်တန်းကို ပေးထားတယ်။ ကျနော်တို့တိုင်းက အဲဒါတွေ rule of law ဖြစ်ဖို့အတွက် သူ့ထက်နိမ့်တဲ့ ရာအိမ်မှူး - ဥပမာ အုပ်စုတစ်စုမှာ အုပ်ချုပ်ရေးမှူး ရှိမယ်။ အဲဒီမှာ ဆယ်ရွာ ရှိမယ်ဆိုရင် အဲဒီ (၁၀) ရွာက ရာအိမ်မှူးတွေ။ အဲဒီရွာအိမ်မှူးတွေအထိ ကျနော်တို့က သင်တန်းတွေပေးတယ်။ ဘာဖြစ်လို့ သင်တန်းပေးတာလဲဆိုတော့ ကျနော်တို့ တရားဥပဒေစိုးမိုးမှုကို အဓိကထားပါတယ်။ အဲဒီမှာ လူကုန်ကူးမှုတွေ ဘယ်မှာ ဖြစ်နေလဲ။ မူးယစ်ဆေးဝါးတွေ ဘာဖြစ်နေလဲ။ အဲဒါတွေဆိုရင် တိုင်းဒေသကြီးအစိုးရကို Message မြန်မြန်ရောက်နိုင်ရေးအတွက် အောက်မှာ Gap ဖြစ်နေတဲ့ နေရာကို ကျနော်တို့က သင်တန်းပေးပြီးတော့ ကွန်ရက်သဖွယ် ဆောင်ရွက်နေတာ။ သူတို့ကနေ အုပ်ချုပ်ရေးမှူးကို ပေးမယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကြားမှာ Connection ပြတ်နေခဲ့တယ်။ နောက် ကျနော်တို့ ဆယ်အိမ်မှူးတောင် ပေးဖို့ အခြေအနေရှိတယ်။ ရာအိမ်မှူးက အိမ်ခြေ တစ်ရာအတွင်းမှာ Message ကို အုပ်ချုပ်ရေးမှူးကို ပေးမယ်။ အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို ပေးမယ်။ မြို့နယ်က တိုင်းဒေသအစိုးရကို ဒီ Message ရောက်လို့ရှိရင် တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ ပုံမှန်ထက်တော့မြန်တယ်။ အဲဒီလိုဖြစ်အောင် ကျနော်တို့တိုင်းဒေသကြီးအစိုးရက ကွန်ရက်သဖွယ် ဆောင်ရွက်ထားပါတယ်။

==ZawGyi===

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ႏိုင္ငံျခားကလာေရာက္ ရင္းႏွီးျမဳပ္ႏွံၾကတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြက လိုအပ္တဲ့ အရည္အခ်င္းနဲ႔ ျပည့္မီတဲ့ ဝန္ထမ္းအေရအတြက္ မျဖည့္ဆည္းေပးႏိုင္တဲ့ အခက္အခဲနဲ႔ ႀကဳံေနရေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္က ေျပာပါတယ္။ ကိုေဇာ္ဝင္းလႈိင္ ေတြ႕ဆုံေမးျမန္းထားတဲ့ ဒုတိယပိုင္းကို တင္ျပထားပါတယ္။

ေမး ။ ။ တ႐ုတ္ႏိုင္ငံက စီးပြားေရး ရင္းႏွီးျမဳပ္နံွမႈေတြ မ်ားေနသလားလို႔။ သေဘာက က်ေနာ္ လမ္းမွာဆိုရင္ Amusement Park ေလး တစ္ခု ဝင္လာခဲ့တယ္။ က်ေနာ္ သတိထားမိတာက တ႐ုတ္ဆိုင္းဘုတ္ေတြ၊ တ႐ုတ္စာေတြနဲ႔ က်က်နန လုပ္ထားတယ္။ ၾကည့္ေကာင္းေအာင္လုပ္ထားတယ္။ သိသာတာကေတာ့ တ႐ုတ္လူမ်ိဳးတေယာက္ေယာက္ ပိုင္တယ္ဆိုတာ သိသာတယ္။ ထိုနည္းလည္းေကာင္းပဲ စာေသာက္ခန္းတခန္းခန္း ဝင္မယ္ဆိုရင္လဲ အဲဒီလိုမ်ိဳး ေတြ႕တယ္ဆိုေတာ့ နည္းနည္းေလး သတိထားမိတာက တ႐ုတ္ရင္းႏွီးျမဳပ္နံွမႈက ဒီထဲမွာမ်ား ေတာ္ေတာ္မ်ားမ်ား ေရာက္ေနသလား။ က်ေနာ္တို႔ တႏိုင္ငံလုံး ရင္းႏွီးျမဳပ္နံွမႈနဲ႔ လိုေနတာမွန္တယ္။ ဧရာဝတီတိုင္းလည္း လိုေနတာပဲ။ ဒီမွာ ဘယ္သူေတြက ဘယ္ေလာက္အထိ ရင္းႏွီးျမဳပ္နံွေနတယ္ဆိုတာကို ဝန္ႀကီးခ်ဳပ္ ေျပာျပလို႔ရလား။

ေျဖ ။ ။ အၾကမ္းမ်ဥ္းအားျဖင့္ေတာ့ တ႐ုတ္၊ စကၤာပူ၊ မေလးရွား။ တ႐ုတ္ကေတာ့ နံပတ္တစ္မွာ မ်ားပါတယ္။ က်ေနာ္တို႔တိုင္းမွာလည္း မ်ားသလို၊ တႏိုင္ငံလုံးလည္း အဲဒီလိုရွိမယ္ ထင္ပါတယ္။ အဲဒီေတာ့ ဖိတ္ေခၚၾကတဲ့အထဲမွာေတာ့ သူတို႔က အမ်ားဆုံး လာလုပ္ေနၾကမွာေပါ့။ က်ေနာ္ တာဝန္ယူမွာတင္ လုပ္ငန္း (၃၇) ခု က်ေနာ္တို႔ MIC ေအာက္ကေနဆိုရင္ AIC ေခၚပါတယ္။ တိုင္းေဒသႀကီးရင္းႏွီးျမဳပ္နံွမႈ လုပ္ငန္း (၃၇) ခု ခြင့္ျပဳထားပါတယ္။ အဲဒီမွာ (၁၁) ခုက ႏိုင္ငံျခားကပါ။ (၂၆) ခုကေတာ့ ျပည္တြင္း။ အဲဒီ (၁၁) ခုပါတင္ ေယဘုယ်အားျဖင့္ေတာ့ တ႐ုတ္ႏိုင္ငံက မ်ားပါတယ္။

ေမး ။ ။ တိုင္းေဒသႀကီးအစိုးရေတြကလဲ ျပည္ေထာင္စုအစိုးရနည္းတူပဲ ကိုယ့္တိုင္းေဒသႀကီးထဲကို လာၿပီးေတာ့ ရင္းႏွီးျမဳပ္နံွၾကမယ္ဆိုရင္ ဘယ္လိုကုမၸဏီေတြ လာသလဲ။ အဲဒီကုမၸဏီေတြက ဘယ္လိုမ်ိဳးလဲ။ စီမံကိန္းေတြ ခ်မယ္ဆိုရင္လဲ စီမံကိန္းေတြကို ဘယ္လိုကုမၸဏီမ်ိဳးေတြကို ေပးမလဲဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြက ဝန္ႀကီးခ်ဳပ္တို႔ အစိုးရတာဝန္ရွိသူေတြက သက္ဆိုင္ရာဝန္ႀကီးဌာနေတြကတဆင့္ ဝန္ႀကီးခ်ဳပ္ရွိေရာက္လာၿပီး ဆုံးျဖတ္ၾကတယ္ဆိုေတာ့ အဲဒီ Criteria ေတြမွာ ဝန္ႀကီးခ်ဳပ္ ဘယ္လိုစဥ္းစားသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ ဖိတ္ေခၚေသာ္ျငားလဲ လာေတာ့လာေနတယ္။ ဒါေပမဲ့ တ႐ုတ္၊ စကၤာပူတို႔က မ်ားတယ္။ ကိုရီးယားလည္း ပါပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ရဲ႕ MIC – AIC ၫႊန္ၾကားခ်က္မွာေတာ့ ဘယ္ႏိုင္ငံသား၊ ဘယ္ကလာတယ္ဆိုတာ၊ ဘယ္သူေပးရမယ္ဆိုတာ ကန႔္သတ္ခ်က္ မရွိပါဘူး။ ကန႔္သတ္ခ်က္ရွိတာကေတာ့ ေဒၚလာ (၅) သန္းေအာက္ဆိုရင္ ဧရာဝတီတိုင္းေဒသႀကီး အစိုးရက ဆုံးျဖတ္ႏိုင္တယ္။ (၅) သန္းအထက္ဆိုရင္ ျပည္ေထာင္စုအစိုးရက ဆုံးျဖတ္တယ္။ အဲဒီေပၚ မူတည္ၿပီးေတာ့ က်ေနာ္တို႔က သူ႔ရဲ႕ က်န္တဲ့ Criteria ေျမယာပိုင္ဆိုင္မႈ မွန္ကန္သလား။ သူ႔လုပ္ငန္းက သဘာဝပတ္ဝန္းက်င္နဲ႔ ကိုက္ညီသလား။ သူက ေဒသခံေတြအတြက္ ဝန္ထမ္းဘယ္ေလာက္ေပးႏိုင္သလဲ။ က်ေနာ္တို႔အေပၚ ဆိုးက်ိဳးဘယ္ေလာက္ ျဖစ္ႏိုင္သလဲ။ ဒါေတြေပၚ ေဝဖန္ၿပီးေတာ့ ဆုံးျဖတ္ရတာ ရွိပါတယ္။ က်န္တဲ့အေၾကာင္းအရာေတြကေတာ့ သူ႔ရဲ႕ သတ္မွတ္ထားတဲ့ ဥေပဒစည္းမ်ဥ္းစည္းကမ္းအတိုင္းပဲ လက္ခံပါတယ္။
သဘာဝပတ္ဝန္းက်င္ ထိခိုက္မယ္ဆိုရင္ လက္မခံဘူး။ လက္ခံလို႔ မရဘူး။ လက္ခံႏိုင္ေအာင္ ဘယ္လိုလုပ္မလဲ။ လက္ခံႏိုင္ေအာင္ လုပ္ေပးမယ္ဆိုရင္ ျပဌာန္းထားတဲ့ ဥပေဒနဲ႔ မကိုက္ညီဘူးဆိုေတာ့ လုပ္လို႔မရဘူး။ အဲဒီဥပေဒအရ ေဆာင္႐ြက္ေနပါတယ္။

ေမး ။ ။ တ႐ုတ္ကိုပဲ ဖိေျပာေနတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ သတိထားမိတာကို ေျပာတာပါ။ တ႐ုတ္ကုမၸဏီေတြဆိုရင္ အခုဆိုရင္ ဗမာႏိုင္ငံမွာ လူေျပာမ်ားေနတာက ဆိုၾကပါစို႔ - ဘယ္ေနရာမဆို တ႐ုတ္ကုမၸဏီတခုကို ကန္ထ႐ိုက္ ခ်ေပးလိုက္ၿပီဆိုရင္ အေဆာက္အဦးေဆာက္တာပဲ ျဖစ္ျဖစ္၊ လမ္းေဖာက္တာပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံထဲမွာ တခုခုလုပ္ၿပီဆိုရင္ သူတို႔ရသြားၿပီဆိုရင္ သူက ကုမၸဏီလုပ္ငန္းစေတာ့မယ္ဆိုရင္ ေငြကေတာ့ သူ႔ကုမၸဏီ၊ အဲဒီအျပင္ သူ႔ဝန္ထမ္းေတြေခၚလာတယ္။ ပစၥည္းေတြကလည္း သူ႔ႏိုင္ငံက သြင္းလာတယ္။ ဆိုေတာ့ ဝန္ထမ္းေတြကလည္း သူ႔ဝန္ထမ္းေတြျဖစ္ေတာ့ အကုန္လုံးက သူ႔ဟာေတြႀကီးပဲ - ရင္းႏွီးျမဳပ္နံွမႈကလည္း သူ႔ေငြပဲ။ ျမန္မာႏိုင္ငံက ေျမႀကီးပဲ စိုက္ရသလို ျဖစ္ေနတယ္။ ဆိုေတာ့ ေစာေစာက ျပဌာန္းထားတဲ့ အလုပ္အကိုင္ဖန္တီးေပးသလား။ မဖန္တီးေပးဘူးလား ဆိုတာေတြက ပါမလာဘူးလို႔ ျဖစ္ျဖစ္ေနတာ လူေတြက သတိထားမိတယ္။ တ႐ုတ္ကုမၸဏီက လုပ္ၿပီဆိုရင္ ေသခ်ာတယ္ တ႐ုတ္ဝန္ထမ္းေတြ တပုံႀကီးေရာက္လာမယ္။ ဒီလိုလုပ္ၾကတယ္။ ျမန္မာဝန္ထမ္းေတြက ဆိုပင္ဆိုျငားေသာ္လဲ အလုပ္မရၾကဘူးဆိုတဲ့ Complaint ေတြ တက္ေနေတာ့ အဲဒါကို ဝန္ႀကီးခ်ဳပ္ ၾကားမိမယ္ထင္ပါတယ္။

ေျဖ ။ ။ ဟိုတုန္းကေတာ့ ၾကားမိပါတယ္။ တကယ္တမ္း တကယ့္တကယ္ လက္ေတြ႕မွာေတာ့ မဟုတ္ဘူး။ မဟုတ္ဘူးဆိုေတာ့ က်ေနာ္တို႔ ရင္းႏွီးဖို႔အတြက္ ဖိတ္ေခၚေနတယ္။ ဘယ္ႏိုင္ငံပဲျဖစ္ျဖစ္ တ႐ုတ္ေကာင္းလို႔ မဟုတ္ဘူး။ ေဈးဝယ္သလိုေပါ့ - ကိုယ္ႀကိဳက္တာကို ေ႐ြးယူခ်င္တယ္။ ေ႐ြးယူခြင့္မရွိေတာ့ ရွိတာနဲ႔ လုပ္ရတယ္။ အဲဒီအခါမ်ိဳးမွာ က်ေနာ္တို႔ရဲ႕ လက္ရွိအေျခအေနက စိတ္မေကာင္းစရာပါ။ ႏိုင္ငံျခားရင္းႏွီးျမဳပ္နံွမႈလာရင္ လုပ္ထားတာက Skilled-labor ဝန္ထမ္းတစ္ရာ ရွိမယ္ဆိုရင္ Skilled labor ကို သူတို႔ဆီက (၂၀) ပဲ ေခၚလာ၊ က်န္တဲ့ (၈၀) ကို ျပည္တြင္းက ေခၚရမယ္။ နံပတ္တစ္ ေဒးဒရဲဆိုရင္ ေဒးဒရဲၿမိဳ႕နယ္ ေခၚရမယ္။ Local ပဲ ျဖစ္ရမယ္။ ေဒးဒရဲမွာ မလုံေလာက္ဘူးဆိုရင္ သူ႔ခ႐ိုင္က ဖ်ာပုံခ႐ိုင္။ မရွိမွ ခ႐ိုင္က သြားရမယ္။ ေဒးဒရဲမွာ အခု … စက္႐ုံေထာင္ေနတယ္။ ႏွစ္မ်ိဳး က်ေနာ္ၾကားရတယ္ - (၁) လွ်ပ္စစ္အဆင္သင့္ မျဖစ္ေသးဘူး။ ေနာက္ ဝမ္းနည္းစရာတခုက အဲဒီ Skilled labor မေျပာနဲ႔ ႐ိုး႐ိုးအလုပ္သမားမွာ ခ်ဳပ္ဖို႔၊ လုပ္ဖို႔အတြက္ က်ေနာ္တို႔ ျပည္သူေတြ အဆင္သင့္ မျဖစ္ေသးဘူး။ တကယ့္ Technician ဆိုေတာ့ ေဝးေတာ့။ Skilled labor ကေတာင္ မလုပ္ႏိုင္ဘူး။ ႐ိုး႐ိုးအလုပ္သမားေတာင္ သူတို႔ကို သင္တန္း Training ေပးၿပီးမွ လုပ္ေနရတယ္။

အဲဒီေတာ့ က်ေနာ္တို႔ဆီမွာ Vocational Training ေတြ အမ်ားႀကီးလိုအပ္ေနတယ္။ အဲဒီလိုအဆင့္ မေပးႏိုင္ဘူး။

ေမး ။ ။ ရင္းႏွီးျမဳပ္နံွမႈေတြနဲ႔ ဆက္စပ္ၿပီးေတာ့ ေမးခ်င္တာက ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးက ဧရာဝတီတိုင္းကို ေတာ္ေတာ္ေလး စိတ္ဝင္စားတယ္ထင္တယ္။ သူ ႏွစ္ခုရွိၿပီ လာေရာက္သြားတာ။ သူကေရာ ဘယ္လိုက႑ေတြမွာ ရင္းႏွီးျမဳပ္နံွမႈကို စိတ္ဝင္စားသလဲ။ က်ေနာ္တို႔ၾကားတာ ေနာက္ဆုံးတေခါက္ လာသြားတုန္းက ေရနံက သက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းရွင္ေတြပါတယ္။ ဝန္ႀကီးခ်ဳပ္နဲ႔လည္း ေတြ႕တယ္ေျပာပါတယ္။ ခရီးသြားလုပ္ငန္း။ ျပင္သစ္ဆိုတာ ဒီဟာေတြက ကြၽမ္းက်င္ၿပီးသားနယ္ေျမေတြ ျဖစ္တယ္။ ေရနံ တူးေဖာ္တဲ့ လုပ္ငန္းေတြမွာ။ ဧရာဝတီတိုင္းက အမ်ားႀကီး သံယဇာတေတြ - စိုက္ပ်ိဳးေရးေကာင္းသလို၊ သံယဇာတေတြလည္း အမ်ားႀကီး ရွိတယ္။ Tourism နဲ႔ ပတ္သက္ရင္လဲ ဝန္ႀကီးခ်ဳပ္တို႔ တိုင္းေဒသႀကီးက အမ်ားႀကီးလုပ္လို႔ရတဲ့ ေနရာေတြ ရွိေသးေတာ့ ဝင္ေငြရစရာ နည္းလမ္းေတြက အမ်ားႀကီး ရွိေနေသးေတာ့ ဒါေတြကို သူတို႔မ်က္စိက်သလို၊ ဘာေတြကို သူတို႔ ပိုစိတ္ဝင္စားသလဲ။ ဝန္ႀကီးခ်ဳပ္တို႔ စကားေျပာၾကည့္ေတာ့။

ေျဖ ။ ။ ေျပာခဲ့တာေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အလာပသလာပ နက္နက္နဲနဲ လုပ္ငန္းအေၾကာင္းေတာ့ မေျပာျဖစ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူလာတာက သူ႔ရဲ႕ EU ႏိုင္ငံေတြနဲ႔ ပတ္သက္တဲ့ ႏိုင္ငံေတြပါလာရင္ သူပါလာတယ္ဆိုေတာ့ ႏွစ္ခါေလာက္ အလာပသလာပ စကားေျပာဖူးတယ္။ က်န္တဲ့အေၾကာင္းအရာေတြေတာ့ ေထြေထြထူးထူး မေျပာဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ဘက္ကေတာ့ ရင္းႏွီးျမဳပ္နံွမႈေတြမွာ သူ႔အေနနဲ႔ Positive ဘက္က ရွိတယ္လို႔ ျမင္ပါတယ္။ က်န္တဲ့ဟာကေတာ့ ေထြေထြထူးထူး သူနဲ႔ပတ္သက္ၿပီးေတာ့ သိပ္ၿပီးေတာ့ မသိပါဘူး။

ေမး ။ ။ တရားဥပေဒစိုးမိုးေရး အားနည္းတယ္လို႔ လူေတြက ေျပာၾကတယ္။ အက်င့္ပ်က္ျခစားမႈကလဲ အခုထက္ထိ အရင္တုန္းက အတိုင္းပဲ ေျပာၾကတာရွိတယ္။ အခ်ိန္အတိုင္းအတာတခုအထိ ဒီကိစၥေတြက လိုတာေတာ့ မွန္တယ္။ တရားဥပေဒ စိုးမိုးမႈမရွိဘူးလို႔၊ အက်င့္ပ်က္ျခစားမႈေတြက တခုနဲ႔တခု နည္းနည္း တခ်ိဳ႕ကိစၥေတြမွာ ဆက္စပ္ေနတာ၊ ဆက္ႏႊယ္ေနတာေတြ ရွိေတာ့ ဝန္ႀကီးခ်ဳပ္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး လူေတြကို အခုေျပာမယ္ဆိုရင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး၊ တရားဥပေဒ စိုးမိုးမႈ၊ ကိုယ့္တိုင္းေဒသႀကီးအတြင္းမွာ ျပည္သူေတြ ေအးေအးခ်မ္းခ်မ္း ေနႏိုင္ဖို႔အေရးေတြကို ယုံယုံၾကည္ၾကည္နဲ႔ ေနႏိုင္ေအာင္၊ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ေနႏိုင္ေအာင္ သူတို႔ စိုးရိမ္ေနသလို မဟုတ္ပါဘူးဆိုတာကို ဘယ္လိုေျပာမလဲ။

ေျဖ ။ ။ အဲဒီလိုပါပဲ က်ေနာ္တို႔ တိုင္းေဒသႀကီးအစိုးေတြ၊ ျပည္နယ္အစိုးရေတြ၊ ျပည္ေထာင္စုအစိုးရအေနနဲ႔ ေဆာင္႐ြက္ေနပါတယ္။ ေဆာင္႐ြက္အတိုင္းအတာမွာလဲ ခုေခတ္က လူမႈ႕ကြန္ရက္ေတြက ျမန္တာလဲတစ္ေၾကာင္းပါတယ္။ အဲဒီမွာ သတင္းတစ္ခုရၿပီဆိုရင္ ဟုတ္ျခင္းမဟုတ္ျခင္းကို Confirm လုပ္ရပါတယ္။ အဲဒီလို Confirm လုပ္ၿပီးမွ အတည္ျပဳရပါတယ္။ ဆက္လက္ေဆာင္႐ြက္ရပါတယ္။ တခ်ိဳ႕ၾကေတာ့လဲ ကိစၥတစ္ခုတည္းမွာပင္ စိတ္ေက်နပ္မႈ မရွိတာနဲ႔ အႀကီးႀကီးေျပာလိုက္တာ ရွိတယ္။

ေမး ။ ။ Social Media က အရမ္းေၾကာက္စရာေကာင္းတယ္။

ေျဖ ။ ။ အဲဒီေတာ့ Social Media နဲ႔ က်န္တဲ့မီဒီယာေတြ ေျပာလိုက္တဲ့ဟာေတြက က်ေနာ္တို႔လို Confirm လုပ္တာလား။ ဒါေပမဲ့ က်ေနာ္တို႔ တိုင္းေဒသႀကီးအစိုးရအေနနဲ႔ အဲဒီလိုေတြ မျဖစ္ႏိုင္ေအာင္ က်န္တဲ့ တိုင္းနဲ႔ျပည္နယ္ေတြမွာ မရွိပါဘူး။ က်ေနာ္တို႔က က်န္တဲ့တိုင္းနဲ႔ျပည္နယ္ေတြမွာ သူမ်ားကိုေတာ့ မေျပာလိုပါဘူး။ ရာအိမ္မႉးဆိုတာ အုပ္ခ်ဳပ္ေရးမႉးေအာက္မွာ ရာအိမ္မႉးရွိတယ္။ အဲဒီရာအိမ္မႉးေတြအထိ က်ေနာ္တို႔က Short-method သင္တန္းေတြ ေပးထားပါတယ္။ အဲဒါ က်ေနာ္တို႔တိုင္းပဲ လုပ္တယ္လို႔ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ ဘယ္လိုသင္တန္းေတြလဲ။ ဝန္ႀကီးခ်ဳပ္ ေျပာျပလို႔ရလား။

ေျဖ ။ ။ သူက အုပ္ခ်ဳပ္ေရးမႉးရဲ႕ လက္တံေလး။ အဲဒီေတာ့ တရားဥပေဒ စိုးမိုးမႈနဲ႔ ပတ္သက္ၿပီးေတာ့ ေရွ႕ေန၊ တရားဥပေဒအရာရွိေတြ၊ အုပ္ခ်ဳပ္ေရးမႉးေတြ၊ သက္ဆိုင္ရာဌာနေတြက သူတို႔ကို Short-methods ေတြ ေပးထားတယ္။ On-job training လည္း ေပးထားတယ္။ က်န္တဲ့ေနရာမွာေတာ့ အုပ္ခ်ဳပ္ေရးမႉးအဆင့္ေလာက္ပဲ သင္တန္းကို ေပးထားတယ္။ က်ေနာ္တို႔တိုင္းက အဲဒါေတြ rule of law ျဖစ္ဖို႔အတြက္ သူ႔ထက္နိမ့္တဲ့ ရာအိမ္မႉး - ဥပမာ အုပ္စုတစ္စုမွာ အုပ္ခ်ဳပ္ေရးမႉး ရွိမယ္။ အဲဒီမွာ ဆယ္႐ြာ ရွိမယ္ဆိုရင္ အဲဒီ (၁၀) ႐ြာက ရာအိမ္မႉးေတြ။ အဲဒီ႐ြာအိမ္မႉးေတြအထိ က်ေနာ္တို႔က သင္တန္းေတြေပးတယ္။ ဘာျဖစ္လို႔ သင္တန္းေပးတာလဲဆိုေတာ့ က်ေနာ္တို႔ တရားဥပေဒစိုးမိုးမႈကို အဓိကထားပါတယ္။ အဲဒီမွာ လူကုန္ကူးမႈေတြ ဘယ္မွာ ျဖစ္ေနလဲ။ မူးယစ္ေဆးဝါးေတြ ဘာျဖစ္ေနလဲ။ အဲဒါေတြဆိုရင္ တိုင္းေဒသႀကီးအစိုးရကို Message ျမန္ျမန္ေရာက္ႏိုင္ေရးအတြက္ ေအာက္မွာ Gap ျဖစ္ေနတဲ့ ေနရာကို က်ေနာ္တို႔က သင္တန္းေပးၿပီးေတာ့ ကြန္ရက္သဖြယ္ ေဆာင္႐ြက္ေနတာ။ သူတို႔ကေန အုပ္ခ်ဳပ္ေရးမႉးကို ေပးမယ္။ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရာအိမ္မႉးၾကားမွာ Connection ျပတ္ေနခဲ့တယ္။ ေနာက္ က်ေနာ္တို႔ ဆယ္အိမ္မႉးေတာင္ ေပးဖို႔ အေျခအေနရွိတယ္။ ရာအိမ္မႉးက အိမ္ေျခ တစ္ရာအတြင္းမွာ Message ကို အုပ္ခ်ဳပ္ေရးမႉးကို ေပးမယ္။ အုပ္ခ်ဳပ္ေရးမႉးက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ေပးမယ္။ ၿမိဳ႕နယ္က တိုင္းေဒသအစိုးရကို ဒီ Message ေရာက္လို႔ရွိရင္ တရားဥပေဒစိုးမိုးေရးက႑မွာ ပုံမွန္ထက္ေတာ့ျမန္တယ္။ အဲဒီလိုျဖစ္ေအာင္ က်ေနာ္တို႔တိုင္းေဒသႀကီးအစိုးရက ကြန္ရက္သဖြယ္ ေဆာင္႐ြက္ထားပါတယ္။

XS
SM
MD
LG