သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနားပိုးရွိမရွိ ဘယ္လိုဓာတ္ခြဲ အေျဖရွာ (အပိုင္း ၂)


UTMB တက္ဆက္စ္ ေဆးတကၠသိုလ္ Galveston မွာရွိတဲ့ အဏုဇီဝေဗဒ ဓါတ္ခြဲခန္းက ေဒါက္တာျဖဴျမတ္ေသြးကို အြန္လိုင္းကေန ေမးျမန္းထား

ဒီတပတ္ ျမန္မာ့အေရး ေဆြးေႏြးခန္းအစီအစဥ္မွာ လက္ရွိတကမာၻလုံး ရင္ဆိုင္ေနရတဲ့ Covid 19 ေရာဂါပိုး အကူးစက္ခံရမႈ ရွိမရွိ စမ္းသပ္စစ္ေဆးမႈ ဘယ္လိုလုပ္ရတယ္ ဆိုတာ ေဆြးေႏြးထားတဲ့ ဒုတိယပိုင္းကို ထုတ္လႊင့္ေပးမွာပါ။ အေမရိကန္ႏိုင္ငံ UTMB Texas ေဆးတကၠသိုလ္ Galveston မွာရွိတဲ့ အဏုဇီဝေဗဒ ဓါတ္ခြဲခန္းက ေဒါက္တာျဖဴျမတ္ေသြးကို အြန္လိုင္းကေန ေမးျမန္းထားတဲ့ ဒုတိယပိုင္းမွာ ဓါတ္မွန္႐ိုက္တာနဲ႔ ဒီပိုးကို ခုခံဖို႔ထြက္လာတဲ့ ကိုယ္ခံအားရွိမရွိ စမ္းသပ္တာေတြလို သြယ္ဝိုက္စမ္းသပ္တဲ့နည္းကို သိရပါတယ္။

ေမး ။ ။ ေရာဂါပိုး ရိွမရိွ စမ္းသပ္တာထက္ တခ်ဳိ ႔ေလဆိပ္ေတြမွာလုပ္တဲ့နည္း - လူေတြမွာ ကိုယ္ခံအားဘယ္ေလာက္ေကာင္းသလဲ - immunity ကို စမ္းသပ္တာလည္း ရိွတယ္လို႔ ေျပာပါတယ္။ ဆုိေတာ့ ေဒါက္တာျဖဴျမတ္ေသြးက Immunology နဲ႔လည္း ပါရဂူဘြဲ႔ ရလာတယ္ဆိုေတာ့ နည္းနည္းေလးရွင္းျပေပးပါ။ ဘာျဖစ္လို႔ ဒီလုိမ်ဳိးလည္း စမ္းသပ္လို႔ရတာလို႔ ေျပာႏုိင္တာလဲ။

ေျဖ ။ ။ ဒီေရာဂါ ရိွမရိွကို လံုးဝအတိအက် စမ္းသပ္တယ္ဆုိတာက Real Time Polymerase Chain Reaction (RT PCR) နည္းကေတာ့ ေရာဂါပိုး ရိွလား၊ မရိွလားကို Definite စမ္းသပ္တာ။ ေနာက္တခုၾကေတာ့ Antibody ကို ကိုယ္ခံအား ရိွမရိွ - ဒီေရာဂါရလို႔ ကိုယ္ခံအား ထြက္လာတယ္။ ဒါကေတာ့ လူရယ္ ကိုယ္ခႏၶာကိုပဲ အေျခခံပါတယ္။ Antibody Test, Serology Test လို႔ေခၚတယ္။ Serology Test ဆိုတာက ေရာဂါ ကိုဗစ္ ရိွမရိွကို မေျပာႏုိင္ဘူး။ အကယ္၍ Antibody ရိွတယ္ဆိုလို႔ရိွရင္ Antibody ရိွတာက အရင္က ကိုဗစ္ကို ရိွခဲ့လို႔လည္း ျဖစ္ႏုိင္တယ္။ လက္ရိွ ကိုဗစ္ ရိွေနတဲ့အခ်ိန္အတြင္းမွာ Antibody ထြက္လာတဲ့ အခ်ိန္မွာ Antibody ကို စစ္လိုက္တဲ့အခ်ိန္နဲ႔ တိုက္ဆိုင္သြားတဲ့အခ်ိန္ေပၚ မူတည္ၿပီးေတာ့ လက္ရိွမွာ ကိုဗစ္ ရိွႏိုင္တာလည္း ျဖစ္ႏုိင္တယ္။ ဆိုေတာ့ ဒါက Serology Test ကိုေခၚတာ၊ Antibody စစ္တာက ဘာအတြက္အသံုးဝင္သလဲဆိုေတာ့ ေရာဂါလကၡဏာ မရိွတဲ့လူေတြအတြက္၊ မ်ားေသာအားျဖင့္ ေရာဂါလကၡဏာ မရိွတဲ့လူေတြအတြက္ေတာ့ အသံုးဝင္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ေရာဂါလကၡဏာ မရိွတဲ့လူေတြကို ေရာဂါပိုးရိွလာဆိုၿပီး လံုးဝ --- က်ေနတဲ့ပံုမ်ဳိး Test လုပ္တဲ့ေခတ္ေတြ အဲဒီလိုမ်ဳိး အရမ္းကို ရွားပါးေနတဲ့အခ်ိန္မွာ Antibody ကို ျမန္ျမန္ေလး စစ္ေပးလိုက္တဲ့အခ်ိန္မွာ Antibody ထြက္လာၿပီဆိုရင္ - ဒါဆိုရင္ ေရာဂါပိုး ရိွမရိွေတာ့ မသိဘူး။ ဒါေပမဲ့ သူ႔မွာ ကိုယ္ခံအား ရိွေနတယ္ဆိုတာေတာ့ သိရတယ္။ အဲဒီဓါတ္ကို ေျပာတာေပါ့။ အခုက အေမရိကမွာလည္း ဒီဓါတ္က စၿပီးေတာ အမ်ားႀကီးမေပၚလာေသးဘူး။ ဒါေပမဲ့ ကုမၸဏီေတြ တစ္ခုၿပီးတစ္ခုက FDA ခြင့္ျပဳခ်က္ကေတာ့ ရေနၿပီ။ ဒါေပမဲ့ ေစ်းကြက္ထဲကိုေတာ့ ျဖည္းျဖည္းခ်င္းနဲ႔ အခုမွ ေရာက္ရိွလာခါစပဲ ရိွေနေသးတယ္။ လံုးဝမက်ယ္ျပန္႔ေသးဘူး။

ေမ ။ ။ ဒါေပမဲ့ ဒီဥစၥာက အဲဒီလိုမ်ဳိး စစ္တဲ့ Serology Test က ျမန္တယ္ေပါ့။ သေဘာက။

ေျဖ ။ ။ အဲဒါက ဟုတ္တယ္။ လြယ္လည္း လြယ္တယ္။ ဒါက ေသြးေဖာက္ရတာ။ Antibody က ေသြးထဲမွာပဲ လွည့္ေနတာဆုိေတာ့ ေသြးေဖာက္ၿပီးေတာ့ စစ္တာ။ အကယ္၍ ဓါတ္ခြဲခန္းေတြ ဘယ္ေလာက္ႀကီးသလဲေပၚ မူတည္တယ္။ ဓါတ္ခြဲခန္းႀကီးရင္ႀကီးသလို သူတုိ႔ ဒီမွာ sample နမူနာေတြ အမ်ားႀကီးရတယ္ဆိုရင္ သူတုိ႔က စက္ေတြနဲ႔ တင္လိုက္တယ္ဆိုရင္ေတာ့ ခ်က္ခ်င္းပဲ အေျဖထြက္လာတယ္။ ျမန္တယ္။ ဗိုင္းရပ္စ္ ရိွမရိွကို လံုးဝစစ္တာထက္စာလုိ႔ရိွရင္ nucleic acid ကို RT PCR ကို သံုးၿပီးေတာ့ စစ္တဲ့နည္းထက္စာရင္ Serology Test ကေတာ့ လံုးဝျမန္တယ္။ ဒါက စက္နဲ႔ စစ္ရင္စစ္၊ မစစ္လုိ႔ရိွရင္ သူကို Kit လို႔လည္းေခၚတဲ့ Serology Kit နဲ႔ ေသြးတစ္စက္ကို ထည့္လိုက္တယ္ဆိုရင္ သူက သူ႔ Kit ထဲမွာ အကုန္လံုးလုပ္ထားၿပီးသား - ဗိုင္းရပ္စ္ပိုးေလးကို ထည့္ထားတယ္ဆိုရင္ ဒီဗိုင္းရပ္စ္ပိုးနဲ႔ တိုက္ဆိုင္တဲ့ Antibody ရိွတယ္ဆိုရင္ လိုင္းကေလးေပၚလာတယ္။ အဲဒီလို Kit ေတြသံုးၿပီး စမ္းသပ္တာလည္း ရိွပါတယ္။

ေမ ။ ။ ဆိုေတာ့ ဒါက ဒုတိယနည္းေပါ့။ တတိယနည္းကေတာ့ ဓါတ္မွန္ရိုက္တဲ့နည္း။ computed tomography (CT or CAT) scan လုပ္တဲ့နည္း။ အဲဒါကိုလည္း နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ ဓါတ္မွန္ရိုက္တဲ့အပိုင္းၾကေတာ့ ဒါကေတာ့ Clinical Imaging အပိုင္း ျဖစ္သြားတယ္။ ဒါက Clinical ေတြက X-ray နဲ႔ Respiratory အဆုပ္ Technologist, X-ray Technologist တို႔က ရိုက္ၾကတယ္ဆိုေတာ့ Literature and reports ေတြမွာ ဖတ္ရတာကေတာ့ Viral pneumonia ဖ်ားတယ္ဆိုလို႔ရိွရင္ ကိုဗစ္ေၾကာင့္ ဖ်ားတယ္ဆိုလို႔ရိွရင္ Chest X-ray မွာတယ္။ CT မွာတယ္။ လံုးဝသိသိသာသာ လကၡဏာကို ၾကည့္ၾကတယ္။ ဒါေပမဲ့ တစ္ခုရိွတာက Viral pneumonia ကိုဗစ္ကလည္း ကိုရိုနာဗိုင္းရပ္စ္အုပ္စုထဲမွာပါတဲ့ ဗိုင္းရပ္စ္ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ တခ်ဳိ ႔လကၡဏာေတြက X-ray ရိုက္ေပမယ့္ တခ်ဳိ ႔ၾကေတာ့ လကၡဏာေတြက တူေနမယ္။ ဒီဗိုင္းရပ္စ္ေၾကာင့္လဲ ျဖစ္ႏုိင္တယ္။ ဟိုဗိုင္းရပ္စ္ေၾကာင့္လဲ ျဖစ္ႏုိင္တယ္။ အဲဒီလိုပံုစံမ်ဳိး ျဖစ္ေနတာေၾကာင့္ - ဒီနည္းက အတိအက်ႀကီး လံုးဝေျပာလို႔မရဘူး။ ဒါေပမဲ့ X-ray ေပၚကို ၾကည့္ၿပီးေတာ့ ဒီဟာကေတာ့ Viral pneumonia ျဖစ္ေနတဲ့ပံုရတယ္။ ဒါဆိုရင္ ပိုၿပီးတိက်ရေအာင္ဆုိၿပီးေတာ့ microbiology laboratory - အဏုဇီဝေဗဒ ဓါတ္ခြဲခန္းေတြကို နမူနာပို႔ၿပီးေတာ့ RT-PCR နည္းကို သံုးၿပီးေတာ့ျဖစ္ျဖစ္ မ်ားေသာအားျဖင့္ အဲဒီလိုမ်ဳိး လူနာေတြကို X-ray ရိုက္တဲ့အဆင့္ေရာက္ၿပီဆိုၿပီးေတာ့ မ်ားေသာအားျဖင့္ RT-PCR နည္း - ဗိုင္းရပ္စ္ကို nucleic acid ကို ရွာတဲ့နည္း - အဲဒီစမ္းသပ္တဲ့နည္းကို သံုးၿပီးေတာ့ ပိုၾကတာမ်ားတယ္။ ဒါက Confirmation လို႔ေခၚတယ္။ ပထမက လူနာက ေဆးရံုလာမယ္။ ေခ်ာင္းဆိုးတယ္ဆိုရင္ X-ray ရိုက္မယ္။ ေပၚလာတယ္ဆိုရင္ ေသခ်ာေအာင္ဆိုၿပီး RT-RCR နည္းနဲ႔ ထပ္စစ္မယ္ဆိုၿပီး တဆင့္ၿပီးတဆင့္၊ တလႊာၿပီးတလႊာ အေျဖထုတ္တာပါ။

ေမ ။ ။ ကိုဗစ္-၁၉ ရိွမရိွ ကိုယ့္ကိုယ္ကို သံသယျဖစ္ေနလို႔ Test လုပ္ခ်င္တယ္ဆိုလို႔ရိွရင္ ဘယ္လို စလုပ္ရမလဲ။ ဘယ္ကိုသြားရမလဲ။ ဘာေတြလုပ္ရမလဲ။ အဲဒါေလးနည္းနည္း ေျပာျပေပးပါ။

ေျဖ ။ ။ တစ္ခုရိွတာကေတာ့ အေမရိကမွာေတာ့ ကိုယ္ေနတဲ့ ျပည္နယ္ေပၚမွာ မူတည္တယ္။ အကယ္၍ Texas လိုမ်ဳိး ဒီမွာၾကေတာ့ Clinic ေဆးခန္းေတြက ကိုဗစ္စစ္ေဆးမႈေနရာ Covid Test Site ဆိုၿပီးေတာ့ အဲဒီမွာ စမ္းတာေတာ့ မဟုတ္ဘူး၊ အဲဒီမွာ နမူနာယူတယ္။ ယူၿပီးေတာ့ အကယ္၍ ေနမေကာင္းဘူး၊ ကိုဗစ္ ျဖစ္ခ်င္လား မသိဘူးဆိုရင္ ကိုယ့္ကိုယ္ကိုလည္း ကာကြယ္တဲ့အေနနဲ႔ သူမ်ားကိုလည္း ကာကြယ္တဲ့အေနနဲ႔ ပထမအဆင့္က ကာကြယ္ဖို႔ Protection က အဓိက - Mask တပ္တာေတြ ဘာေတြ အကုန္လံုး လုပ္ၿပီးေတာ့ ကိုယ့္မွာ သြားႏုိင္လာႏုိင္တယ္ အေျခအေနရိွတယ္ဆိုရင္ေတာ့ အဲဒီလို အကာအကြယ္လုပ္ၿပီးေတာ့ Testing Site ေတြကို သြားလို႔ရတယ္။ ဒါေပမဲ့ Testing Site ေတြကို မသြားခင္မွာ ဒီမွာက ႀကိဳၿပီးေတာ့ ဖုန္းေခၚရတယ္။ ကိုယ့္ရဲ ႔ ဆရာဝန္ကိုပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ရင္ Testing Clinic ေတြရဲ ႔ ဖုန္းနံပတ္ေတြကို ႀကိဳဖုန္းေခၚၿပီးေတာ့ သူတုိ႔ဆီက ရက္ခ်ိန္းယူၿပီးေတာ့ သြားၿပီးေတာ့ နမူနာကို သြားေပးရတာေပါ့။ အဲဒီမွာ နမူနာယူမယ့္ Train လုပ္ထားတဲ့လူေတြ ရိွတယ္။ အဲဒီက နမူနာေတြ ယူၿပီးတာနဲ႔ သူတုိ႔ကလဲ ညႊန္ၾကားပါလိမ့္မယ္။ ဘယ္လိုမ်ဳိး အိမ္ျပန္ရင္ ဘယ္လိုေန၊ ဘာညာဆိုၿပီးေတာ့ - ကိုယ့္မွာ သြားလာႏုိင္တဲ့ အေျခအေနမ်ဳိး ရိွတယ္ဆိုရင္ သူတုိ႔ကိေတာ့ မ်ားေသာအားျဖင့္ နမူနာယူၿပီးရင္ အိမ္ကိုျပန္လႊတ္တယ္။ ဒါေပမဲ့ Guideline နဲ႔ ေပးထားတာေပါ့ အိမ္ျပန္ရင္ ေရမ်ားမ်ား fluid replacement လုပ္၊ အဲဒီလိုမ်ဳိး quarantine လုပ္ရမယ့္ လမ္းညႊန္မႈေတြကို - အိမ္ထဲကေန အိမ္ျပင္ကို ႏွစ္ပတ္သံုးပတ္ မထြက္ဖို႔။ ၾကားထဲမွာ Test result ရလဒ္ကို ရယူဖို႔။

အဲဒီ Testing site ကေန ယူထားတဲ့ နမူနာကို ေဆးရံုေတြကို ပို႔တယ္။ ဓါတ္ခြဲခန္းေတြကို ပို႔တယ္။ ဥပမာ သမီးတို႔ ေဆးရံုနဲ႔ ခ်ိတ္ထားတဲ့ Testing site ဆိုရင္ အဲဒီနမူနာေတြ သမီးတို႔ဆီ ေရာက္လာမယ္။

ေမ ။ ။ အခု ကိုဗစ္ေရာဂါ တကမာၻလံုးမွာ ပ်ံ ႔ႏံွ႔ေနတယ္။ ျမန္မာလူထုကို ဘယ္လို အႀကံေပးခ်င္လဲ။

ေျဖ ။ ။ ေျပာရမယ္ဆိုရင္ေတာ့ ဓါတ္ခြဲခန္းဆရာဝန္ ျဖစ္တဲ့အတြက္ေၾကာင့္ ေဆးကုသတဲ့ ဆရာဝန္မဟုတ္တဲ့ အတြက္ေၾကာင့္မို႔ အႀကံေပးတဲ့ကိစၥၾကေတာ့ Healthcare Professional အေနနဲ႔ ကိုဗစ္-၁၉ ေရာဂါရိွတယ္လို႔ သံသယရိွသူ။ ျဖစ္ေနသူေတြဆိုရင္ သြားႏုိင္လာႏုိင္ေသးတယ္ဆိုရင္ လႈပ္လႈပ္ရွားရွား ေနႏိုင္ေသးတယ္ ဆိုလို႔ရိွရင္ေတာ့ ကိုယ့္ဟာကိုယ္ေတာ့ အိမ္မွာ quarantine လုပ္ေန၊ အတတ္ႏုိင္ဆံုး အျပင္မထြက္တာေကာင္းတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ကေန သူမ်ားေတြဆီ မကူးဆက္ေစခ်င္ဘူး၊ ကိုယ့္အေျခအေနကိုလည္း ပိုၿပီးေတာ့ မဆုိးေစခ်င္ဘူးဆိုရင္ေတာ့ quarantine လုပ္ေနတာက ႏွစ္ပတ္တင္မကဘူး၊ ႏွစ္ပတ္သံုးပတ္ quarantine လုပ္ေနတာကေတာ့ အေကာင္းဆံုးေပါ့။ ဒါေပမဲ့ ဒါကလဲ ကိုယ့္အေျခအေနေပၚမွာ မူတည္မယ္။ အကယ္၍ အသက္ရွဳဘယ္ေလာက္ ေဖာက္လာသလဲ။ ေနတာထိုင္တာ အဆင္မေျပေတာ့ဘူးဆိုရင္ ေဆးရံုတက္ရမယ့္ အေျခအေနဆိုရင္ေတာ့ ေဆးရံုကို မတက္မျဖစ္ တက္ရမယ္ဆုိရင္ေတာ့ ေဆးရံုတက္ကုသတာ ေကာင္းတယ္။ ကုိယ္ကိုယ္တိုင္ မသြားႏိုင္ေတာ့ရင္ ေဆးရံုကားေခၚတာျဖစ္ျဖစ္ အဲဒါမ်ဳိးေတြ လုပ္ရမယ္။

အကယ္၍ ကိုယ္ကိုယ္တုိင္ ေနႏုိင္ေသးတယ္ဆုိရင္ေတာ့ မ်ားေသာအားျဖင့္က fluid replacement ေရမ်ားမ်ားေသာက္၊ အဟာရဓါတ္မ်ားပါတာကို ေသာက္စားရင္ ေကာင္းပါတယ္။ ကိုဗစ္-၁၉ က တကယ္ကို ေပါ့ေပါ့ဆဆ ေရာဂါမဟုတ္ဘူး၊ တကမာၻလံုး WHO က ထုတ္ထားတဲ့ ကပ္ေရာဂါ Pandemic ျဖစ္တာမုိ႔ တႏိုင္ငံတည္းျဖစ္တဲ့ ေရာဂါလည္း မဟုတ္ဘူး။ ႏုိင္ငံတုိင္း ႏိုင္ငံတုိင္း ျဖစ္ေနတာ။ ေဒတာေတြလည္း ရိွေနတယ္။ လူႀကီးလူငယ္ ျမန္မာျပည္မွာ ကိုယ့္ျမန္မာျပည္မိသားစုေတြ အကုန္လံုး ေလးေလးနက္နက္ထားဖုိ႔ တုိက္တြန္းတယ္။ လူႀကီးလူငယ္ က်န္းမာသည္ျဖစ္ေစ၊ ေရာဂါရိွသူျဖစ္ေစ၊ WHO က ခ်မွတ္ထားတဲ့ နည္းလမ္းေတြ၊ က်န္းမာေရးဌာနက ခ်ထားတဲ့ လမ္းညႊန္မႈေတြကို ေလးေလးနက္နက္ နားေထာင္ၿပီးေတာ့ လိုက္နာၿပီးေတာ့ Social Distancing ခပ္ခြါခြါေနတာေတြ။ အိမ္မွာ တတ္ႏုိင္ဆံုး အျပင္မထြက္ဘဲနဲ႔ Isolation quarantine ေနဖို႔ ေလးေလးနက္နက္ထားဖုိ႔ကို တိုက္တြန္းပါတယ္။ ဒီဟာက တကယ့္ကို ေပါ့ေပါ့ဆဆ ေရာဂါ မဟုတ္ပါဘူး။

====Unicode ===

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ လက်ရှိတကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ Covid 19 ရောဂါပိုး အကူးစက်ခံရမှု ရှိမရှိ စမ်းသပ်စစ်ဆေးမှု ဘယ်လိုလုပ်ရတယ် ဆိုတာ ဆွေးနွေးထားတဲ့ ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ အမေရိကန်နိုင်ငံ UTMB Texas ဆေးတက္ကသိုလ် Galveston မှာရှိတဲ့ အဏုဇီဝဗေဒ ဓါတ်ခွဲခန်းက ဒေါက်တာဖြူမြတ်သွေးကို အွန်လိုင်းကနေ မေးမြန်းထားတဲ့ ဒုတိယပိုင်းမှာ ဓါတ်မှန်ရိုက်တာနဲ့ ဒီပိုးကို ခုခံဖို့ထွက်လာတဲ့ ကိုယ်ခံအားရှိမရှိ စမ်းသပ်တာတွေလို သွယ်ဝိုက်စမ်းသပ်တဲ့နည်းကို သိရပါတယ်။

မေး ။ ။ ရောဂါပိုး ရှိမရှိ စမ်းသပ်တာထက် တချို့လေဆိပ်တွေမှာလုပ်တဲ့နည်း - လူတွေမှာ ကိုယ်ခံအားဘယ်လောက်ကောင်းသလဲ - immunity ကို စမ်းသပ်တာလည်း ရှိတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒေါက်တာဖြူမြတ်သွေးက Immunology နဲ့လည်း ပါရဂူဘွဲ့ ရလာတယ်ဆိုတော့ နည်းနည်းလေးရှင်းပြပေးပါ။ ဘာဖြစ်လို့ ဒီလိုမျိုးလည်း စမ်းသပ်လို့ရတာလို့ ပြောနိုင်တာလဲ။

ဖြေ ။ ။ ဒီရောဂါ ရှိမရှိကို လုံးဝအတိအကျ စမ်းသပ်တယ်ဆိုတာက Real Time Polymerase Chain Reaction (RT PCR) နည်းကတော့ ရောဂါပိုး ရှိလား၊ မရှိလားကို Definite စမ်းသပ်တာ။ နောက်တခုကြတော့ Antibody ကို ကိုယ်ခံအား ရှိမရှိ - ဒီရောဂါရလို့ ကိုယ်ခံအား ထွက်လာတယ်။ ဒါကတော့ လူရယ် ကိုယ်ခန္ဓာကိုပဲ အခြေခံပါတယ်။ Antibody Test, Serology Test လို့ခေါ်တယ်။ Serology Test ဆိုတာက ရောဂါ ကိုဗစ် ရှိမရှိကို မပြောနိုင်ဘူး။ အကယ်၍ Antibody ရှိတယ်ဆိုလို့ရှိရင် Antibody ရှိတာက အရင်က ကိုဗစ်ကို ရှိခဲ့လို့လည်း ဖြစ်နိုင်တယ်။ လက်ရှိ ကိုဗစ် ရှိနေတဲ့အချိန်အတွင်းမှာ Antibody ထွက်လာတဲ့ အချိန်မှာ Antibody ကို စစ်လိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အချိန်ပေါ် မူတည်ပြီးတော့ လက်ရှိမှာ ကိုဗစ် ရှိနိုင်တာလည်း ဖြစ်နိုင်တယ်။ ဆိုတော့ ဒါက Serology Test ကိုခေါ်တာ၊ Antibody စစ်တာက ဘာအတွက်အသုံးဝင်သလဲဆိုတော့ ရောဂါလက္ခဏာ မရှိတဲ့လူတွေအတွက်၊ များသောအားဖြင့် ရောဂါလက္ခဏာ မရှိတဲ့လူတွေအတွက်တော့ အသုံးဝင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါလက္ခဏာ မရှိတဲ့လူတွေကို ရောဂါပိုးရှိလာဆိုပြီး လုံးဝ --- ကျနေတဲ့ပုံမျိုး Test လုပ်တဲ့ခေတ်တွေ အဲဒီလိုမျိုး အရမ်းကို ရှားပါးနေတဲ့အချိန်မှာ Antibody ကို မြန်မြန်လေး စစ်ပေးလိုက်တဲ့အချိန်မှာ Antibody ထွက်လာပြီဆိုရင် - ဒါဆိုရင် ရောဂါပိုး ရှိမရှိတော့ မသိဘူး။ ဒါပေမဲ့ သူ့မှာ ကိုယ်ခံအား ရှိနေတယ်ဆိုတာတော့ သိရတယ်။ အဲဒီဓါတ်ကို ပြောတာပေါ့။ အခုက အမေရိကမှာလည်း ဒီဓါတ်က စပြီးတော အများကြီးမပေါ်လာသေးဘူး။ ဒါပေမဲ့ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခုက FDA ခွင့်ပြုချက်ကတော့ ရနေပြီ။ ဒါပေမဲ့ ဈေးကွက်ထဲကိုတော့ ဖြည်းဖြည်းချင်းနဲ့ အခုမှ ရောက်ရှိလာခါစပဲ ရှိနေသေးတယ်။ လုံးဝမကျယ်ပြန့်သေးဘူး။

မေ ။ ။ ဒါပေမဲ့ ဒီဥစ္စာက အဲဒီလိုမျိုး စစ်တဲ့ Serology Test က မြန်တယ်ပေါ့။ သဘောက။

ဖြေ ။ ။ အဲဒါက ဟုတ်တယ်။ လွယ်လည်း လွယ်တယ်။ ဒါက သွေးဖောက်ရတာ။ Antibody က သွေးထဲမှာပဲ လှည့်နေတာဆိုတော့ သွေးဖောက်ပြီးတော့ စစ်တာ။ အကယ်၍ ဓါတ်ခွဲခန်းတွေ ဘယ်လောက်ကြီးသလဲပေါ် မူတည်တယ်။ ဓါတ်ခွဲခန်းကြီးရင်ကြီးသလို သူတို့ ဒီမှာ sample နမူနာတွေ အများကြီးရတယ်ဆိုရင် သူတို့က စက်တွေနဲ့ တင်လိုက်တယ်ဆိုရင်တော့ ချက်ချင်းပဲ အဖြေထွက်လာတယ်။ မြန်တယ်။ ဗိုင်းရပ်စ် ရှိမရှိကို လုံးဝစစ်တာထက်စာလို့ရှိရင် nucleic acid ကို RT PCR ကို သုံးပြီးတော့ စစ်တဲ့နည်းထက်စာရင် Serology Test ကတော့ လုံးဝမြန်တယ်။ ဒါက စက်နဲ့ စစ်ရင်စစ်၊ မစစ်လို့ရှိရင် သူကို Kit လို့လည်းခေါ်တဲ့ Serology Kit နဲ့ သွေးတစ်စက်ကို ထည့်လိုက်တယ်ဆိုရင် သူက သူ့ Kit ထဲမှာ အကုန်လုံးလုပ်ထားပြီးသား - ဗိုင်းရပ်စ်ပိုးလေးကို ထည့်ထားတယ်ဆိုရင် ဒီဗိုင်းရပ်စ်ပိုးနဲ့ တိုက်ဆိုင်တဲ့ Antibody ရှိတယ်ဆိုရင် လိုင်းကလေးပေါ်လာတယ်။ အဲဒီလို Kit တွေသုံးပြီး စမ်းသပ်တာလည်း ရှိပါတယ်။

မေ ။ ။ ဆိုတော့ ဒါက ဒုတိယနည်းပေါ့။ တတိယနည်းကတော့ ဓါတ်မှန်ရိုက်တဲ့နည်း။ computed tomography (CT or CAT) scan လုပ်တဲ့နည်း။ အဲဒါကိုလည်း နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ဓါတ်မှန်ရိုက်တဲ့အပိုင်းကြတော့ ဒါကတော့ Clinical Imaging အပိုင်း ဖြစ်သွားတယ်။ ဒါက Clinical တွေက X-ray နဲ့ Respiratory အဆုပ် Technologist, X-ray Technologist တို့က ရိုက်ကြတယ်ဆိုတော့ Literature and reports တွေမှာ ဖတ်ရတာကတော့ Viral pneumonia ဖျားတယ်ဆိုလို့ရှိရင် ကိုဗစ်ကြောင့် ဖျားတယ်ဆိုလို့ရှိရင် Chest X-ray မှာတယ်။ CT မှာတယ်။ လုံးဝသိသိသာသာ လက္ခဏာကို ကြည့်ကြတယ်။ ဒါပေမဲ့ တစ်ခုရှိတာက Viral pneumonia ကိုဗစ်ကလည်း ကိုရိုနာဗိုင်းရပ်စ်အုပ်စုထဲမှာပါတဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့အတွက်ကြောင့်မို့ တချို့လက္ခဏာတွေက X-ray ရိုက်ပေမယ့် တချို့ကြတော့ လက္ခဏာတွေက တူနေမယ်။ ဒီဗိုင်းရပ်စ်ကြောင့်လဲ ဖြစ်နိုင်တယ်။ ဟိုဗိုင်းရပ်စ်ကြောင့်လဲ ဖြစ်နိုင်တယ်။ အဲဒီလိုပုံစံမျိုး ဖြစ်နေတာကြောင့် - ဒီနည်းက အတိအကျကြီး လုံးဝပြောလို့မရဘူး။ ဒါပေမဲ့ X-ray ပေါ်ကို ကြည့်ပြီးတော့ ဒီဟာကတော့ Viral pneumonia ဖြစ်နေတဲ့ပုံရတယ်။ ဒါဆိုရင် ပိုပြီးတိကျရအောင်ဆိုပြီးတော့ microbiology laboratory - အဏုဇီဝဗေဒ ဓါတ်ခွဲခန်းတွေကို နမူနာပို့ပြီးတော့ RT-PCR နည်းကို သုံးပြီးတော့ဖြစ်ဖြစ် များသောအားဖြင့် အဲဒီလိုမျိုး လူနာတွေကို X-ray ရိုက်တဲ့အဆင့်ရောက်ပြီဆိုပြီးတော့ များသောအားဖြင့် RT-PCR နည်း - ဗိုင်းရပ်စ်ကို nucleic acid ကို ရှာတဲ့နည်း - အဲဒီစမ်းသပ်တဲ့နည်းကို သုံးပြီးတော့ ပိုကြတာများတယ်။ ဒါက Confirmation လို့ခေါ်တယ်။ ပထမက လူနာက ဆေးရုံလာမယ်။ ချောင်းဆိုးတယ်ဆိုရင် X-ray ရိုက်မယ်။ ပေါ်လာတယ်ဆိုရင် သေချာအောင်ဆိုပြီး RT-RCR နည်းနဲ့ ထပ်စစ်မယ်ဆိုပြီး တဆင့်ပြီးတဆင့်၊ တလွှာပြီးတလွှာ အဖြေထုတ်တာပါ။

မေ ။ ။ ကိုဗစ်-၁၉ ရှိမရှိ ကိုယ့်ကိုယ်ကို သံသယဖြစ်နေလို့ Test လုပ်ချင်တယ်ဆိုလို့ရှိရင် ဘယ်လို စလုပ်ရမလဲ။ ဘယ်ကိုသွားရမလဲ။ ဘာတွေလုပ်ရမလဲ။ အဲဒါလေးနည်းနည်း ပြောပြပေးပါ။

ဖြေ ။ ။ တစ်ခုရှိတာကတော့ အမေရိကမှာတော့ ကိုယ်နေတဲ့ ပြည်နယ်ပေါ်မှာ မူတည်တယ်။ အကယ်၍ Texas လိုမျိုး ဒီမှာကြတော့ Clinic ဆေးခန်းတွေက ကိုဗစ်စစ်ဆေးမှုနေရာ Covid Test Site ဆိုပြီးတော့ အဲဒီမှာ စမ်းတာတော့ မဟုတ်ဘူး၊ အဲဒီမှာ နမူနာယူတယ်။ ယူပြီးတော့ အကယ်၍ နေမကောင်းဘူး၊ ကိုဗစ် ဖြစ်ချင်လား မသိဘူးဆိုရင် ကိုယ့်ကိုယ်ကိုလည်း ကာကွယ်တဲ့အနေနဲ့ သူများကိုလည်း ကာကွယ်တဲ့အနေနဲ့ ပထမအဆင့်က ကာကွယ်ဖို့ Protection က အဓိက - Mask တပ်တာတွေ ဘာတွေ အကုန်လုံး လုပ်ပြီးတော့ ကိုယ့်မှာ သွားနိုင်လာနိုင်တယ် အခြေအနေရှိတယ်ဆိုရင်တော့ အဲဒီလို အကာအကွယ်လုပ်ပြီးတော့ Testing Site တွေကို သွားလို့ရတယ်။ ဒါပေမဲ့ Testing Site တွေကို မသွားခင်မှာ ဒီမှာက ကြိုပြီးတော့ ဖုန်းခေါ်ရတယ်။ ကိုယ့်ရဲ့ ဆရာဝန်ကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် Testing Clinic တွေရဲ့ ဖုန်းနံပတ်တွေကို ကြိုဖုန်းခေါ်ပြီးတော့ သူတို့ဆီက ရက်ချိန်းယူပြီးတော့ သွားပြီးတော့ နမူနာကို သွားပေးရတာပေါ့။ အဲဒီမှာ နမူနာယူမယ့် Train လုပ်ထားတဲ့လူတွေ ရှိတယ်။ အဲဒီက နမူနာတွေ ယူပြီးတာနဲ့ သူတို့ကလဲ ညွှန်ကြားပါလိမ့်မယ်။ ဘယ်လိုမျိုး အိမ်ပြန်ရင် ဘယ်လိုနေ၊ ဘာညာဆိုပြီးတော့ - ကိုယ့်မှာ သွားလာနိုင်တဲ့ အခြေအနေမျိုး ရှိတယ်ဆိုရင် သူတို့ကိတော့ များသောအားဖြင့် နမူနာယူပြီးရင် အိမ်ကိုပြန်လွှတ်တယ်။ ဒါပေမဲ့ Guideline နဲ့ ပေးထားတာပေါ့ အိမ်ပြန်ရင် ရေများများ fluid replacement လုပ်၊ အဲဒီလိုမျိုး quarantine လုပ်ရမယ့် လမ်းညွှန်မှုတွေကို - အိမ်ထဲကနေ အိမ်ပြင်ကို နှစ်ပတ်သုံးပတ် မထွက်ဖို့။ ကြားထဲမှာ Test result ရလဒ်ကို ရယူဖို့။

အဲဒီ Testing site ကနေ ယူထားတဲ့ နမူနာကို ဆေးရုံတွေကို ပို့တယ်။ ဓါတ်ခွဲခန်းတွေကို ပို့တယ်။ ဥပမာ သမီးတို့ ဆေးရုံနဲ့ ချိတ်ထားတဲ့ Testing site ဆိုရင် အဲဒီနမူနာတွေ သမီးတို့ဆီ ရောက်လာမယ်။

မေ ။ ။ အခု ကိုဗစ်ရောဂါ တကမ္ဘာလုံးမှာ ပျံ့နံှ့နေတယ်။ မြန်မာလူထုကို ဘယ်လို အကြံပေးချင်လဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ ဓါတ်ခွဲခန်းဆရာဝန် ဖြစ်တဲ့အတွက်ကြောင့် ဆေးကုသတဲ့ ဆရာဝန်မဟုတ်တဲ့ အတွက်ကြောင့်မို့ အကြံပေးတဲ့ကိစ္စကြတော့ Healthcare Professional အနေနဲ့ ကိုဗစ်-၁၉ ရောဂါရှိတယ်လို့ သံသယရှိသူ။ ဖြစ်နေသူတွေဆိုရင် သွားနိုင်လာနိုင်သေးတယ်ဆိုရင် လှုပ်လှုပ်ရှားရှား နေနိုင်သေးတယ် ဆိုလို့ရှိရင်တော့ ကိုယ့်ဟာကိုယ်တော့ အိမ်မှာ quarantine လုပ်နေ၊ အတတ်နိုင်ဆုံး အပြင်မထွက်တာကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကနေ သူများတွေဆီ မကူးဆက်စေချင်ဘူး၊ ကိုယ့်အခြေအနေကိုလည်း ပိုပြီးတော့ မဆိုးစေချင်ဘူးဆိုရင်တော့ quarantine လုပ်နေတာက နှစ်ပတ်တင်မကဘူး၊ နှစ်ပတ်သုံးပတ် quarantine လုပ်နေတာကတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဒါကလဲ ကိုယ့်အခြေအနေပေါ်မှာ မူတည်မယ်။ အကယ်၍ အသက်ရှုဘယ်လောက် ဖောက်လာသလဲ။ နေတာထိုင်တာ အဆင်မပြေတော့ဘူးဆိုရင် ဆေးရုံတက်ရမယ့် အခြေအနေဆိုရင်တော့ ဆေးရုံကို မတက်မဖြစ် တက်ရမယ်ဆိုရင်တော့ ဆေးရုံတက်ကုသတာ ကောင်းတယ်။

ကိုယ်ကိုယ်တိုင် မသွားနိုင်တော့ရင် ဆေးရုံကားခေါ်တာဖြစ်ဖြစ် အဲဒါမျိုးတွေ လုပ်ရမယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် နေနိုင်သေးတယ်ဆိုရင်တော့ များသောအားဖြင့်က fluid replacement ရေများများသောက်၊ အဟာရဓါတ်များပါတာကို သောက်စားရင် ကောင်းပါတယ်။ ကိုဗစ်-၁၉ က တကယ်ကို ပေါ့ပေါ့ဆဆ ရောဂါမဟုတ်ဘူး၊ တကမ္ဘာလုံး WHO က ထုတ်ထားတဲ့ ကပ်ရောဂါ Pandemic ဖြစ်တာမို့ တနိုင်ငံတည်းဖြစ်တဲ့ ရောဂါလည်း မဟုတ်ဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်း ဖြစ်နေတာ။ ဒေတာတွေလည်း ရှိနေတယ်။ လူကြီးလူငယ် မြန်မာပြည်မှာ ကိုယ့်မြန်မာပြည်မိသားစုတွေ အကုန်လုံး လေးလေးနက်နက်ထားဖို့ တိုက်တွန်းတယ်။ လူကြီးလူငယ် ကျန်းမာသည်ဖြစ်စေ၊ ရောဂါရှိသူဖြစ်စေ၊ WHO က ချမှတ်ထားတဲ့ နည်းလမ်းတွေ၊ ကျန်းမာရေးဌာနက ချထားတဲ့ လမ်းညွှန်မှုတွေကို လေးလေးနက်နက် နားထောင်ပြီးတော့ လိုက်နာပြီးတော့ Social Distancing ခပ်ခွါခွါနေတာတွေ။ အိမ်မှာ တတ်နိုင်ဆုံး အပြင်မထွက်ဘဲနဲ့ Isolation quarantine နေဖို့ လေးလေးနက်နက်ထားဖို့ကို တိုက်တွန်းပါတယ်။ ဒီဟာက တကယ့်ကို ပေါ့ပေါ့ဆဆ ရောဂါ မဟုတ်ပါဘူး။

XS
SM
MD
LG