ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သိန် လောက်အတွက် သုံးနှစ်စာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း (၇၀) ကျော် လိုအပ်နေတယ်လို့ ပြည်တွင်း အခြေစိုက် အကူအညီပေးအဖွဲ့တွေက ပြောပါတယ်။ နှစ်နှစ်ကျော်ကြာ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအတွက် အကူအညီတွေကို အခုချိန်ထိ အခိုင်အမာ မပေးနိုင်သေးဘဲ ရေတိုအကူအညီတွေကိုပဲ ပေးနိုင်သေးတယ်လို့လည်း ဆိုပါ တယ်။ စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်တွင်းအခြေစိုက် အဖွဲ့ (၇)ဖွဲ့ထဲက မေတ္တာဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းဆမ်ခမ်းကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ကချင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာ (၂) နှစ်ကျော်ပြီ။ စစ်ဘေးရှောင် ထွက်ပြေးနေတဲ့ ဒုက္ခသည် ရှစ်သောင်းကနေ တစ်သိန်းကြာရှိတယ်။ (၂) နှစ်ကျော်ကြာလာတဲ့ ဒီလူတွေအတွက် အကူအညီ အပြည့်အဝ မရသေးဘူး။ အခက်အခဲတွေ ရှိနေသေးတုန်းပဲလို့ နားလည်းပါတယ်။ အဲဒီလို အခြေအနေ ဘာကြောင့် ဖြစ်နေရပါသလဲ။
ဦးစိုင်းဆမ်ခမ်း ။ ။ ကျနော်အနေနဲ့တော့လည်း သေချာတော့ မပြောနိုင်ပါဘူး။ တခုကတော့ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံအဖွဲ့အစည်းတွေအနေနဲ့ စစ်ရှောင်ပြေးသူတွေကို ပံ့ပိုးကူညီပေးရေးအတွက် အကန့်အသတ်လေးတွေ တချို့ဆက်ပြီးတော့ ရှိနေတယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ ဒီနယ်မြေဒေသကို သွားရောက်နိုင်ဖို့အတွက် အကန့်အသတ်လေးတွေ ရှိနေတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ ဒေသခံအဖွဲ့အစည်းအနေနဲ့တော့ နိုင်ငံတော်အနေနဲ့ ဒါတွေမလုပ်ရဘူး၊ ဒီနေရာ မသွားရဘူးဆိုတဲ့ အကန့်အသတ် တကြိမ်မှမရှိပါဘူး။ ကျနော်တို့ ဒါကိုစပြီးတော့ ပံ့ပိုးကူညီမှုတွေ စပေးစဉ်ကတည်းက သက်ဆိုင်ရာ ဒေသပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ သွားခဲ့ကြပါတယ်။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးဝန်ကြီးဌာနက အင်မတန်ကို အကူအညီတွေ ပေးခဲ့တာ ရှိပါတယ်။ သက်ဆိုင်ရာဌာနတွေနဲ့လည်း ညှိနှိုင်းပေးခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် ကျန်းမာရေးကဏ္ဍနဲ့ ပညာရေးကဏ္ဍမှာဆိုလို့ရှိရင် ဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ ပံ့ပိုးကူညီမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့အတွက် ရင်ဆိုင်ရတဲ့ အကန့်အသတ် တော်တော်များများဟာ funding နဲ့ ပတ်သက်တာ ဖြစ်ပါတယ်။ (၂) နှစ်ကျော်လာသည်တိုင်အောင် အခုအချိန်အထိ ရရှိတဲ့အကူအညီတွေဟာ ကာလတို အကူအညီတွေပဲ ဖြစ်နေပါသေးတယ်။ (၃) လ သွားနေကြတာ ဖြစ်ပါတယ်။ အလွန်ဆုံးမှ (၆) လ ခွင့်ပြုတဲ့အပိုင်းတွေ ရှိပါတယ်။ ဆိုတော့ အလယ်အလတ်တန်းကာလနဲ့ ကာလရှည်ကို ကြည့်ဖို့အတွက် အခုအထိ အခက်အခဲ ရှိပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ အခု အကိုတို့ မဟာဗျူဟာ အဖွဲ့ (၇) ဖွဲ့အနေနဲ့ (၃) နှစ်စာလို့ ကျနော် နားလည်းပါတယ်။ ၂၀၁၃-၁၅ (၃) နှစ်စာ အကူအညီပေးဖို့ ရေးဆွဲတယ်။ အဲဒီအထဲမှာ အဓိက ဒီ (၃) နှစ်အတွက် ဒုက္ခသည် တစ်သိန်းပတ်ဝန်းကျင်အတွက် လိုအပ်တဲ့ ရန်ပုံငွေပမာဏကို ဘယ်လောက်လို့ ခန့်မှန်းထားသလဲ။
ဦးစိုင်းဆမ်ခမ်း ။ ။ သန်း (၇၀) လို့ ခန့်မှန်းထားပါတယ်။ အဖွဲ့အစည်း (၇) ဖွဲ့လုံးအတွက် ခန့်မှန်းထားတဲ့ ရှစ်သောင်းနဲ့ တစ်သိန်း ပတ်ဝန်းကျင် ဒီလူတွေကို ပံ့ပိုးကူညီဖို့ဆိုရင် ဒီလောက် လိုအပ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်ဒေါ်လာ သန်း (၇၀) ဖြစ်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ အမေရိကန်ဒေါ်လာ သန်း (၇၀) ရဖို့ အလားအလာ ဘယ်လောက်ကောင်းတယ်။ အဲဒီလောက် ရန်ပုံငွေရဖို့ အကောင်းမြင် မျှော်လင့်ချက် ရှိပါသလား။
ဦးစိုင်းဆမ်ခမ်း ။ ။ စိမ်ခေါ်မှုတွေ အများကြီး ရှိလိမ့်မယ်လို့ ကျနော်တို့ ကြိုတင်ပြီးတော့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားချင်ပါတယ်။ ဆိုတော့ အားလုံးရဲ့ ပံ့ပိုးကူညီမှုလည်း ကျနော်တို့ လိုအပ်ပါတယ်။ ငွေကြေးဆိုင်ရာတင်မကပါဘူး နည်းပညာပိုင်း၊ နောက် လုပ်ငန်းတွေ ပိုပြီးထိထိရောက်ရောက် လျင်လျင်မြန်မြန် လုပ်ဆောင်လာနိုင်အောင် ပံ့ပိုးကူညီတဲ့အပိုင်းတွေမှာ အားလုံးရဲ့ ပံ့ပိုးကူညီမှု လိုပါတယ်။ ဒုက္ခသည်တွေရဲ့ အရေးဟာ ဒုက္ခသည်တွေနဲ့ ဒီဟာကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့တင် ဆက်စပ်တာ မဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေမှာ တာဝန်ရှိသလို။ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစိုးရဖက်ကလည်း ပံ့ပိုးကူညီပေးမှုတွေ အများကြီး လိုအပ်နေပါတယ်။ အကူအညီတွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ အခုန ရှင်းသွားတဲ့အထဲမှာ ပါသွားတဲ့ ရန်ပုံငွေ။ ဒေသခံအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကနေ အလှုရှင်အဖွဲ့အစည်းတွေဆီကနေ ရန်ပုံငွေ လျှောက်တဲ့နေရာမှာ အဟန့်အတား ဖြစ်သလို ဖြစ်နေတဲ့ အတားအဆီးတွေ ရှိတယ်လို့ ပြောသွားတာ ရှိပါတယ်။ အဲဒီလို အတားအဆီးတွေက ဘယ်လိုအတားအဆီးမျိုးတွေ ဖြစ်နေတယ်ဆိုတာကို ရှင်းပြပေးပါ။
ဦးစိုင်းဆမ်ခမ်း ။ ။ တခုကတော့ ဥပမာပြောရရင်တော့ စီမံကိန်းတခုကို တင်လိုက်ပြီဆိုရင် အဖွဲ့အစည်းအနေနဲ့က ၈၀% ကိုပဲ အကူအညီပေးမယ်။ ၁၀၀% ပြီးအောင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ကျနော်တို့က ၁၀၀% ပြီးအောင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ၁၀၀% ပြီးသွားတဲ့အခါမှာ ကျနော်တို့က ၂၀% စိုက်ရပါတယ်။ စိုက်ပြီးတော့မှ သူတို့ကို လုပ်ငန်းအစီရင်ခံစာနဲ့ ဘဏ္ဍာရေး အစီရင်ခံစာ တင်လိုက်လို့ ကျေနပ်အားရမှု ရှိတယ်ဆိုရင် ကျန်တဲ့ ၂၀% ကို ပြန်ပေးပါမယ်ဆိုမှ co-funding လို့ ခေါ်ပါတယ်။ အဲဒါမျိုးလုပ်ဖို့ ထည့်ထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒီလို မူဝါဒဟာ မရည်ရွယ်ဘဲနဲ့ ဒေသခံအဖွဲ့အစည်းတွေအတွက် ဒီ fund တွေကို မရနိုင်အောင် ဟန့်တားထားသလိုမျိုး ဖြစ်နေပါတယ်။ ရည်ရွယ်တာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲမျိုးတွေ ရှိနေလို့ ကျနော်တို့ ဒါကို အမြဲပဲ ထောက်ပြပြောဆိုနေတာ ရှိပါတယ်။
နောက်တပိုင်းကတော့ ဒေသခံအဖွဲ့အစည်းတွေကို အကူအညီပေးတဲ့နေရာမှာ project funding တွေကို ပေးကြပါတယ်။ အကောင်အထည်ဖော်ဖို့အတွက်။ hygiene kits ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေ သွားဝေပေးလိုက်ပါအုံး။ ဝေမယ့်ပစ္စည်းကို ပေးမယ်။ Transportation cost ကို ပေးမယ်ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ ဝန်ထမ်းစာရိတ်တို့၊ ရုံးလည်ပတ်စရိတ်တို့ စတဲ့ လိုအပ်တဲ့ စီမံခန့်ခွဲမှုစရိတ် administrative cost ကို သိပ်ပေးလေ့ မရှိပါဘူး။ ကျနော်တို့ကလည်း ဒေသခံအဖွဲ့တွေအနေနဲ့ ဒါကိုပြောပါတယ်။ ဒေသခံအဖွဲ့တွေကလည်း နိုင်ငံတကာအဖွဲ့တွေနည်းတူ အရည်အသွေးပြည့်မီတဲ့ လုပ်ငန်းကို လုပ်စေချင်တယ်ဆိုလို့ရှိရင် သူတို့ကို အဖွဲ့အစည်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေလည်း လုပ်ပေးဖို့ လိုပါတယ်ဆိုတာကို ပြောပါတယ်။ နောက်တဆက်တည်းမှာပဲ ဒေသခံအဖွဲ့အစည်းတွေရဲ့ အခက်အခဲကို ပြောမယ်ဆိုလို့ရှိရင် funds အခက်အခဲ ရှိပါတယ်။ ဒီ fund တွေကို လျှောက်ထားတဲ့နေရာမှာ ဘာအခက်အခဲ ရှိသလဲဆိုရင် ဒေသခံအဖွဲ့အစည်းတွေမှာ စွမ်းရည်မရှိလောက်ပါဘူးကွာဆိုပြီး ထင်မြင်ယူဆချက်တွေ ရှိနေပါတယ်။ ဆိုတော့ ဒေသခံတွေဟာ လုပ်နိုင်စွမ်းရည်တွေ အများကြီး ရှိပါတယ်။ တချိန်တည်းမှာပဲ ဒေသခံတွေ လေ့လာသင်ယူဖို့ လိုအပ်တဲ့ စွမ်းရည်တွေလည်း ရှိနေအုံးမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်အနေနဲ့ ဒါကိုအမြဲ သင်ယူလေ့လာမှုအတွက် တံခါးဖွင့်ထားပါတယ်။ သင်ယူလေ့လာချင်တဲ့စိတ် ရှိပါတယ်။ ဒေသခံတွေ ဘာမှမတတ်ပါဘူးကွာဆိုပြီး ပယ်ချလိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကို ကျနော်တို့ အောင်အောင်မြင်မြင် (၂) နှစ်အတွင်းမှာ သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒေသခံတွေ အဖွဲ့အစည်းတွေဟာ အထိရောက်ဆုံး အကူအညီတွေ ပေးနိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ စွမ်းရည်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီးတော့မှ ဆက်ပြီး ပံ့ပိုးကူညီသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
နောက်အခက်အခဲတခုကတော့ registration နဲ့ ပတ်သက်တာ ဖြစ်ပါတယ်။ တချို့နယ်စပ်မှာ အကူအညီပေးနေတဲ့ အဖွဲ့လေးတွေဟာဆိုရင် မှတ်ပုံတင် မရှိပါဘူး။ မရှိတဲ့အခါကြတော့ သူတို့အနေနဲ့ ဒီ ရန်ပုံငွေတွေကို လျှောက်ထားတဲ့နေရာမှာ လုပ်ငန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ စိုးရိမ်ကြောင့်ကျမှုတွေနဲ့အတူ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။ ဆိုတော့ အခုနက ပြောသွားသလို ကျနော်တို့ လူမှုရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာလည်း လူမှုရေးဝန်ကြီးအနေနဲ့ ဒေသခံအဖွဲ့အစည်းတွေကို မြေတောင်မြှောက်ပေး
ချင်တယ်။ ဒေသခံအဖွဲ့အစည်းတွေဟာ အင်မတန် အရေးပါတဲ့ကဏ္ဍမှာ လုပ်ဆောင်နေတယ်ဆိုတာ အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်းနဲ့ တကယ်လိုများ ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ အခြေအနေတွေ ပေးလာပြီဆိုလို့ရှိရင် ဒေသခံအဖွဲ့အစည်းတွေ ထိရောက်တဲ့ အကူအညီပေးနိုင်ဖို့အတွက် မှတ်ပုံတင်ကိစ္စတွေ အလျင်အမြန်လုပ်နိုင်ဖို့အတွက် စဉ်းစားပြီးတော့ လိုအပ်တဲ့ အကူအညီတွေ ပေးပါမယ်ဆိုတဲ့ အချက်ကို ဝန်ကြီးအနေနဲ့ ပြောဆိုအားပေးထားတာ ရှိပါတယ်။ ကျနော်တို့လည်း အများကြီး ဝမ်းသာပါတယ်။ ဒါတွေ အများကြီး အရေးကြီးတယ်လို့ မြင်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ဒေသခံအဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ။ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ ဒေသခံအဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ဆိုပြီးတော့ အကိုတို့ တိုက်တွန်းတောင်းဆိုထားတာ ရှိပါတယ်။ ဒါဟာ ဒီလိုပြောဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းတယ်လို့ ကျနော် နားလည်းပါတယ်။ ဒီလို ပြောဖို့အတွက် အဓိကစေ့ဆော်တဲ့၊ လှုံဆော်တဲ့အချက်က ဘယ်အချက်ပါလဲ။
ဦးစိုင်းဆမ်ခမ်း ။ ။ အခုန ကျနော် ပြောသွားသလိုပါပဲ ဒေသခံအဖွဲ့အစည်းတွေလို့ ပြောလိုက်တိုင်းမှာ မလုပ်တတ်လောက်ပါဘူးဆိုတဲ့ ဟာနဲ့ပဲ ပယ်ချတာမျိုး မလုပ်ဖို့။ (၂) နှစ်အတွင်းမှာ ဒေသခံအဖွဲ့အစည်းတွေဟာ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို အထိရောက်ဆုံး အကူအညီပေးပြီးတော့မှ တင်ပြခဲ့ပြီးပါပြီ။ ထိရောက်တဲ့ ဘက်မလိုက်တဲ့ အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကဏ္ဍတွေကို အသိအမှတ်လိုတာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေ စပြီးတော့ ဖြစ်လာစဉ်ကတည်းက ဒေသခံအဖွဲ့အစည်းတွေဟာ coordination body လေး ဖွဲ့ပြီးတော့ လုပ်ငန်းတွေ မထပ်ရလေအောင်၊ ဟာကွက်တွေ မရှိရလေအောင်၊ အနည်းဆုံးဖြစ်ရလေအောင် ကြိုးစားပြီး ညှိနှိုင်းလုပ်ဆောင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေ ဝင်လာတဲ့အခါမှာ ရှိပြီးသာ ညှိနှိုင်းလုပ်ဆောင်ရေးအဖွဲ့လေးတွေ coordination mechanism လေးတွေကို အသိအမှတ်မပြုသလိုမျိုး ဖြစ်သွားခဲ့တာတွေ ရှိပါတယ်။ ဆိုတော့ လိုအပ်ချက်တွေ မတူညီပါဘူး။ ဒေသခံအဖွဲ့အစည်းတွေမှာ အခုန ကျနော်ပြောပြသွားသလို ဒီနယ်မြေ camp တွေသွားဖို့ အခက်အခဲ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အဲဒါကြောင့်မို့ ဒေသခံတွေအနေနဲ့လည်း local coordination mechanism တွေ ရှိဖို့လိုတယ်။ ဒါလေးတွေ အားကောင်းလာဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အားပေးဖို့လိုတယ်။ နိုင်ငံတကာမှာ လူသားချင်းထောက်ထားစာနာမှု အကူအညီပေးရေးမှာလည်း အပြောင်းအလဲလေးတွေ ရှိလာပါတယ်။ အရင်တုန်းကတော့ နိုင်ငံတကာအဖွဲ့တွေ ဝင်လာမယ်။ အကူအညီလာပေးလိုက်မယ် စသဖြင့် ရှိရာကနေ အခုအခါ ဒေသခံအဖွဲ့အစည်းတွေက ဒေသရဲ့ လိုအပ်ချက်ကို ထိထိမိမိ အကူအညီပေးတဲ့ အပိုင်းတွေက ပိုပြီးတော့မှ ထိရောက်လာတာကို မြင်လာတဲ့အပိုင်း ရှိပါတယ်။ ဒါကြောင့်လည်း ဒေသခံတွေရဲ့ ဦးဆောင်နိုင်မယ့်အပိုင်းကို အသိအမှတ်ပြုဖို့နဲ့ အားပေးဖို့ ကျနော် တိုက်တွန်းရတာ ဖြစ်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ အခုဟာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှိလာပါပြီ။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ရှိလာပါတယ်။ အကိုတို့အနေနဲ့ အဆိုးဆုံးရင်ဆိုင်နေရတဲ့ အခြေအနေတွေထဲမှာ တကယ်လို့သာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ရင် နောက်ထပ်စစ်ရှောင် ဒုက္ခသည် တစ်သိန်းခွဲလောက်အထိ ဖြစ်လာနိုင်တယ်လို့ အဆိုးဆုံးအခြေအနေ ခန့်မှန်းထားတာ ရှိပါတယ်။ အကိုအနေနဲ့ အခုသွားနေတဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အလားအလာ။ ပြည်နယ်ဒေသနှစ်ခု ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ ငြိမ်းချမ်းပြီးတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေ သူ့အိမ်သူ ပြန်နိုင်မယ့် အလားအလာတွေ ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။
ဦးစိုင်းဆမ်ခမ်း ။ ။ ကျနော် ထင်ပါတယ်။ ဘယ်တော့ ပြန်နိုင်မလဲဆိုတဲ့ မေးခွန်းကတော့ ကျနော်တို့အတွက် အဖြေရ အခက်ဆုံး မေးခွန်းဖြစ်မယ်လို့ ထင်ပါတယ်။ တဆက်တည်းမှာပဲ ပြီးခဲ့တဲ့လတုန်းက မြစ်ကြီးနားမှာ ရေးထိုးနိုင်ခဲ့တဲ့ အချက် (၇) ချက်ပါတဲ့ သဘောတူညီချက်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ ဒီ သဘောတူညီချက် (၇) ချက်ကိုလည်း အလျင်အမြန် အကောင်အထည် ဖော်နိုင်ဖို့အတွက် စောင့်မျှော်လျှက်ရှိပါတယ်။ တဖက်မှာကျတော့လည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ပြီး ပြင်းထန်နေတဲ့ဆိုတဲ့ သတင်းတွေ ကြားနေတာရှိတဲ့အတွက်ကြောင့်မို့ ကျနော့်အနေနဲ့ စိုးရိမ်တဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ လူမှုရေး လုပ်နေတဲ့အဖွဲ့အစည်း၊ လူသားချင်းထောက်ထားစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ (၂) နှစ်လုံးလုံး ပြည်သူတွေရဲ့ ဒုက္ခကို ကျနော်တို့ မြင်ခဲ့ပြီးပါပြီ။ အမြန်ဆုံး သူတို့ကို အိမ်ပြန်ခွင့် ရချင်စေပါတယ်။ ရလာအောင် ကျနော်တို့အားလုံ ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်လို့လည်း ပြောချင်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ဒေသခံအဖွဲ့ (၇) ဖွဲ့။ ဒီ (၇) ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မှတ်မိသလောက်လေး ပြောပြပါ။
ဦးစိုင်းဆမ်ခမ်း ။ ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းမှာဆိုရင် UNICEF, UNHCR, World Food Program, UNDP ရှိပါတယ်။ ဒါက ကျနော် သိသလောက်ပြောပြတာ။ နိုင်ငံတကာအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဒီ (၇) ဖွဲ့နဲ့ နီးနီးကပ်ကပ် အကူအညီပေးနေတဲ့ အဖွဲ့တွေထဲမှာဆိုရင် Oxfarm International, Ireland က အဖွဲ့အစည်း၊ Holland က အဖွဲ့အစည်း၊ ဂျာမနီကနေ ဂျာမနီအစိုးရ အကူအညီတဆင့် ပံ့ပိုးကူညီလုပ်ကိုင်ပေးနေတဲ့အဖွဲ့၊ Save the Children, အဲဒီလိုပဲ faith based organizations တွေခေါ်တဲ့ နိုင်ငံတကာကရုဏာအဖွဲ့အစည်းတွေ အဲဒါတွေရှိပါတယ်။ Baptist တွေဖက်ကကြည့်မယ်ဆိုရင်လည်း အဖွဲ့အစည်းတွေ ရှိပါတယ်။ ဘာသာရေးကို အခြေခံတဲ့ အဖွဲ့အစည်းတွေ ပြောပေမယ့် ဘာသာရေး အနှောင်အဖွဲ့မပါဘဲ အကူအညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အနှောင်အဖွဲ့ပါတဲ့ အကူအညီကို ဘယ်အကူအညီမှ မယူပါဘူး။
ကိုကျော်ကျော်သိန်း ။ ။ အခုဟာကတော့ background information နည်းနည်းပါ။ မေမှာ အခုနပြောတဲ့ လက်မှတ်ထိုးပြီးကတည်းကဆိုရင် နောက်ထပ် အိုးအိမ်စွန့်ထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည် အရေအတွက် အကိုတို့ဆီမှာ သိထားတာ ရှိပါသလား။ အဲဒါတခု။ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက်။ အခုနပြောတဲ့ မေလကနေ အခုအချိန်အထိ စစ်ရှောင်ဒုက္ခသည်အရေအတွက် နောက်ထပ်အရေအတွက်၊ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက် အဲဒါနဲ့ ပတ်သက်လို့ သိထားတာ ရှိပါသလား။
ဦးစိုင်းဆမ်ခမ်း ။ ။ စစ်ရှောင်အရေအတွက်နဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အတိအကျ သိထားတာ မရှိဘူး။ ကျနော်တို့ကတော့ တတ်နိုင်သလောက် IDP အရေအတွက်ကို ကြိုးစားပြီး update လုပ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ထပ်ပြီးတိုးလာတဲ့အပိုင်းတော့ ကြားရတာ မရှိသေးပါဘူး။ ကျောင်းမတက်နိုင်တဲ့ ကလေးကိုလည်း ဖြေဖို့ခက်တယ်။ မနှစ်က ကျနော် ဂျဲယန် camp ကိုရောက်တယ်။ အဲဒီမှာ လူဦးရေ လေးထောင်ကျော်တယ်။ အဲဒီအထဲမှာ ကျောင်းသားနှစ်ထောင်ကျော် ရှိတယ်။ ဆယ်တန်းဖြေမယ့် ကျောင်းသားတရာကျော် ရှိတယ်။ ဒီကျောင်းသားတရာကျော်ကို ဆရာ၊ ဆရာမ (၅) ဦးက မနက် (၇) နာရီကနေ ည (၁၀) နာရီအထိ စာသင်တယ်။ စနေ၊ တနင်္ဂနွေ မရှိပါဘူး။ ဆရာတွေနဲ့ တပည်တွေ အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ ကျနော် ဝမ်းအနည်းဆုံးက သူတို့ စာမေးပွဲဖြေခွင့် ရမယ်မရဘူးဆိုတဲ့အပိုင်း ကျနော်မသိဘူး။ ကျနော် သိသလောက်တော့ နိုင်ငံတော်ရဲ့ အစိုးရစစ်တဲ့ စာမေးပွဲကို ဖြေခွင့်မရလိုက်ပါဘူး။ နောက်တခုကတော့ ကျောင်းသားကလေးတွေ။ ကျနော်တို့ ပံ့ပိုးကူညီမှုနဲ့အတူ သူတို့မှာ စာသင်ခန်း သင်ထောက်ကူပစ္စည်းတွေရတာ ရှိတယ်။ ဆရာ၊ ဆရာမတွေ ပံ့ပိုးကူညီတာတွေရှိတယ်။ ယာယီကျောင်းဆောက်ပေးတာ ရှိတယ်။ ဒါပေမဲ့ ကလေးတွေက စာသင်ခန်းထဲမှာ စာသင်နေပေမယ့် စာအပေါ်မှာ အာရုံမစိုက်နိုင်ဘဲနဲ့ drop-off ကျောင်းထွက်သွားတာတွေ ရှိနေတယ်ဆိုတာကိုလည်း ကျနော်တို့ သိရတယ်။ ကျနော်တို့ protection survey မှာ ကြည့်မယ်ဆိုလို့ရှိရင် အချက်အလက်တချို့ ရမယ်လို့ ထင်ပါတယ်။ ကျနော်အနေနဲ့ ကိန်းဂဏန်းအတိအကျကို မမှတ်မိလို့ မပြောနိုင်ဘူး။
ကိုကျော်ကျော်သိန်း ။ ။ တခု ကျနော် သတိရတာက။ အခုန IDP ရှိနေတဲ့ နေရာက အစိုးရထိန်းချုပ်တဲ့ ဒေသရယ်။ ကချင်ထိန်းချုပ်တဲ့ ဒေသရယ် ရှိတော့ အကိုတို့ အကူအညီပေးနေတာ ဒေသနှစ်ခုစလုံးအတွက်လား။ အစိုးရထိန်းချုပ်တဲ့ ဒေသက IDP တွေအတွက် အစိုးရက အကူအညီပေးနေတာရှိလား။
ဦးစိုင်းဆမ်ခမ်း ။ ။ ကျနော်တို့ နှစ်ဖက်စလုံးကို အကူအညီ ပံ့ပိုးမှုတွေ လုပ်ပေးနေပါတယ်။ အစိုးရဖက်ကတော့ စစချင်းမှာ NFI အစားအသောက်မဟုတ်တဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ပံ့ပိုးကူညီမှု ရှိပါတယ်။ နောက်ပြီးတော့ camp နေရာ စီစဉ်တဲ့ကိစ္စတွေ၊ ကျန်းမာရေးနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပံ့ပိုးကူညီမှု ရှိပါတယ်။ ယာယီကျောင်းလေးတွေ ဖွင့်နိုင်အောင် ဆရာ၊ ဆရာမတွေ လွှတ်ပေးတာ၊ ဆရာဝန်နဲ့ ဆေးဆရာမတွေ လွှတ်ပေးတဲ့အပိုင်းတွေ ရှိပါတယ်။ ဒီနောက်ပိုင်းမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ အဓိက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အမြဲတမ်းတော့ လစဉ် မြို့နယ်အလိုက်၊ နောက်ပြီးတော့မှ တနိုင်ငံလုံး level မှာ လုပ်ငန်းညှိနှိုင်းလုပ်ဆောင်မှုတွေ coordination တွေတော့ သွားနေကြတာ ရှိပါတယ်။ ဒါပေမဲ့ ကျနော် အခုနပြောသလိုမျိုးပါပဲ ပြီးပြည့်စုံတာ မရှိသေးဘူး။ ဟာကွက်တွေတော့ အများကြီး ရှိနေပါသေးတယ်။ ကျနော်တို့ ဒေသခံ အဖွဲ့အစည်းတွေအနေနဲ့ နှစ်ဖက်စလုံးမှာ လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒေသခံတော်တော်များများဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ မရောက်တဲ့၊ ကုလသမဂ္ဂ အကူအညီမပေးနိုင်တဲ့ အခက်ခဲဆုံးဒေသတွေကို ကျနော်တို့ သွားပြီးလုပ်နေကြတာ ဖြစ်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။
ဦးစိုင်းဆမ်ခမ်း ။ ။ ကျေးဇူးတင်ပါတယ်။