သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုလက္နက္ေရာင္းတဲ့ ႐ုရွားကုမၸဏီေတြ အေရးယူဖို႔ Burma Campaign UK တိုက္တြန္း 


စစ္အာဏာသိမ္းမႈဆန္႔က်င္ကန္႔ကြက္သူေတြကို နွိမ္နင္းဖို႔ ဝင္ေရာက္လာတဲ့ ျမန္မာစစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၂၊ ၂၀၂၁)  

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္ကို လက္နက္ေရာင္းေနတဲ့ ႐ုရွားကုမၸဏီေတြကို ပိတ္ဆို႔အေရးယူသင့္တယ္လို႔ BURMA CAMPAIGN UK အဖြဲ႕က တိုက္တြန္းလိုက္ပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢက ႐ုရွား ကို ထပ္မံ အေရးယူဖို႔ျပင္ဆင္ေနခ်ိန္မွာ ဘားမား ကင္န္ပိန္း ယူေက က ခုလို ေၾကညာခ်က္ ထြက္လာတာပါ။

႐ုရွားဟာ ျမန္မာစစ္တပ္ကို အႀကီးမားဆုံး လက္နက္ေရာင္းခ်ေနတဲ့တိုင္းျပည္ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ BURMA CAMPAIGN UK က ေျပာပါတယ္။ အာဏာသိမ္းၿပီးကတည္းက ျမန္မာစစ္တပ္ ကိုယ္စားလွယ္အဖြဲ႕မ်ားစြာကို ႐ုရွားကလက္ခံခဲ့တာပါ။ တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရး ကိစၥမွာ ႏိုင္ငံတကာအသိုက္အဝန္းက ဝင္ေရာက္မစြက္ဖက္သင့္ဘူး လို႔ ႐ုရွားက ေျပာပါတယ္။ ဒါေပမဲ့ အေနာက္ႏိုင္ငံေတြက စြက္ဖက္တယ္ဆိုတာထက္ ႐ုရွားက ပိုၿပီး စြက္ဖက္ေနပါတယ္လို႔ BURMA CAMPAIGN UK ရဲ႕ အလုပ္အမႈေဆာင္ အရာရွိ ANNA ROBERTS က ေျပာပါတယ္။

ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအတြက္ ျမန္မာျပည္သူေတြရဲ႕ ေတာင္းဆိုခ်က္အတိုင္း တျခား ႏိုင္ငံေတြ က ေဆာင္႐ြက္ၾကတာ ျဖစ္ေပမဲ့ ႐ုရွားကေတာ့ ျမန္မာျပည္သူေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ႏိုင္ေအာင္လို႔ စစ္တပ္ဘက္က ဝင္ေရာက္စြက္ဖက္ေနတာျဖစ္တယ္လို႔ ေၾကညာခ်က္က ဆိုပါတယ္။

“ယူကရိန္းကို ဗုံးႀကဲတဲ့ ႐ုရွားဂ်က္ေလယာဥ္မ်ိဳးေတြကိုပဲ ျမန္မာစစ္တပ္ကိုေရာင္းခ်ခဲ့ၿပီး အရပ္သားေတြ အေပၚ ျမန္မာစစ္တပ္က ဗုံးႀကဲေနတာပါ” လို႔ ANNA ROBERTS က ဆိုပါတယ္။ “ယူကရိန္း က်ဴးေက်ာ္စစ္ေၾကာင့္ ႐ုရွားကုမၸဏီေတြအေပၚ ပိတ္ဆို႔ အေရးယူသလိုပဲ ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်ေနတဲ့ ႐ုရွားကုမၸဏီေတြကိုလည္း ပိတ္ဆို႔အေရးယူသင့္ပါတယ္” လို႔ ANNA ROBERTS က တိုက္တြန္းလိုက္ပါတယ္။

ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်ေနတဲ့ ႐ုရွားကုမၸဏီစာရင္းကို BURMA CAMPAIGN UK အင္တာနက္ စာမ်က္ႏွာမွာ တင္ထားတာ ေတြ႕ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာကိုလက်နက်ရောင်းတဲ့ ရုရှားကုမ္ပဏီတွေ အရေးယူဖို့ Burma Campaign UK တိုက်တွန်း

မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ရုရှားကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူသင့်တယ်လို့ BURMA CAMPAIGN UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂက ရုရှား ကို ထပ်မံ အရေးယူဖို့ပြင်ဆင်နေချိန်မှာ ဘားမား ကင်န်ပိန်း ယူကေ က ခုလို ကြေညာချက် ထွက်လာတာပါ။

ရုရှားဟာ မြန်မာစစ်တပ်ကို အကြီးမားဆုံး လက်နက်ရောင်းချနေတဲ့တိုင်းပြည် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ BURMA CAMPAIGN UK က ပြောပါတယ်။ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့များစွာကို ရုရှားကလက်ခံခဲ့တာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စမှာ နိုင်ငံတကာအသိုက်အဝန်းက ဝင်ရောက်မစွက်ဖက်သင့်ဘူး လို့ ရုရှားက ပြောပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက စွက်ဖက်တယ်ဆိုတာထက် ရုရှားက ပိုပြီး စွက်ဖက်နေပါတယ်လို့ BURMA CAMPAIGN UK ရဲ့ အလုပ်အမှုဆောင် အရာရှိ ANNA ROBERTS က ပြောပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်အတိုင်း တခြား နိုင်ငံတွေ က ဆောင်ရွက်ကြတာ ဖြစ်ပေမဲ့ ရုရှားကတော့ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နိုင်အောင်လို့ စစ်တပ်ဘက်က ဝင်ရောက်စွက်ဖက်နေတာဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

“ယူကရိန်းကို ဗုံးကြဲတဲ့ ရုရှားဂျက်လေယာဉ်မျိုးတွေကိုပဲ မြန်မာစစ်တပ်ကိုရောင်းချခဲ့ပြီး အရပ်သားတွေ အပေါ် မြန်မာစစ်တပ်က ဗုံးကြဲနေတာပါ” လို့ ANNA ROBERTS က ဆိုပါတယ်။ “ယူကရိန်း ကျူးကျော်စစ်ကြောင့် ရုရှားကုမ္ပဏီတွေအပေါ် ပိတ်ဆို့ အရေးယူသလိုပဲ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ ရုရှားကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူသင့်ပါတယ်” လို့ ANNA ROBERTS က တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ ရုရှားကုမ္ပဏီစာရင်းကို BURMA CAMPAIGN UK အင်တာနက် စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

=============

XS
SM
MD
LG