သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေအာင္ဘာေလထီ အျမင့္ဆံုးဆုေၾကးပမာဏ ၃ ပံု ၁ ပုံထိ ေလ်ာ့သြား


Virus Outbreak Myanmar

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ေမလ ၁ ရက္ စေနေန႔မွာဖြင့္မယ့္ ေအာင္ဘာေလထီရဲ႕ အျမင့္ဆံုး ဆုေၾကးကုိ ၃ ပံု ၁ ပံု အထိ ေလ ွ်ာ့ခ်လိုက္ၿပီး က်ပ္ သိန္း ၅,၀၀၀ ေထာင္လုိ႔ သတ္မွတ္လိုက္ပါတယ္။ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ နစက စစ္ေကာင္စီအတြက္ ဝင္ေငြမရေအာင္ သပိတ္ေမွာက္တဲ့အေနနဲ႔ ျပည္သူေတြက ထီေတြ မထိုးၾကတဲ့အတြက္ ထီလက္မွတ္အေရာင္း ထိုးက်သြားခဲ့တဲ့ၿပီးေနာက္ အခုလုိ အျမင့္ဆံုးဆုေၾကးကို ေလွ်ာ့ခ်လိုက္ရတာျဖစ္ပါတယ္။ ရန္ကုန္ကလာတဲ့ ထီသတင္းအျပည့္အစုံကို မစုျမတ္မြန္က ေျပာျပထားပါတယ္။

ေမလ ၁ ရက္ေန႔မွာဖြင့္မယ့္ ၂၆ ႀကိမ္ေျမာက္ ၁,၀၀၀ က်ပ္တန္ ေအာင္ဘာေလ သိန္းဆုဖြင့္ပြဲအတြက္ အထူးဆုႀကီးကို အျမင့္ဆံုး က်ပ္သိန္း ၅,၀၀၀ ဆုနဲ႔ က်ပ္သိန္း ၁,၀၀၀ ဆု တစ္ဆုစီ ခြဲေဝခ်ီးျမႇင့္သြားမယ္လို႔ ေအာင္ဘာေလသိန္းဆုဌာနခြဲက ထုတ္ျပန္ေၾကညာပါတယ္။ အျမင့္ဆံုးဆုေၾကးကို အရင္က က်ပ္သိန္္း ၁၅,၀၀၀ ခဲြကေန က်ပ္သိန္း ၅,၀၀၀ ေထာင္အထိ ၃ ပံု ၁ ပံု ေလ ွ်ာ့ခ်လိုက္ရတာပါ။

ထီလက္မွတ္ေရာင္းရေငြ ၆၀% ကို ဆုေၾကးေတြ ျပန္ေပးတာျဖစ္ၿပီး ေအာင္ဘာေလ သိန္းဆုဌာနခဲြရဲ႕ ထုတ္ျပန္ခ်က္အရ ထီလက္မွတ္ေရာင္းရေငြ က်ပ္ေငြ သိန္းေပါင္း ၂၀,၀၀၀ ေက်ာ္ရွိတဲ့အတြက္ အဲဒီ ၆၀% ျဖစ္တဲ့ သိန္းေပါင္း ၁၂,၀၀၀ ေက်ာ္ကို ဆုေၾကးေတြ ျပန္ခဲြေပးမွာျဖစ္ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာသိမ္းစစ္ေကာင္စီ ဝင္ေငြမရေအာင္ ျပည္သူေတြက ထီမထိုးဘဲ သပိတ္ေမွာက္ခဲ့ၾကတာပါ။ ဒါေၾကာင့္ ထီေရာင္းအား ထုိးက်သြားၿပီး အာဏာမသိမ္းခင္အခ်ိန္ထက္စာရင္ ၁၀% ရာခိုင္ႏႈန္းေအာက္ ေရာက္သြားတယ္လို႔ ထီလုပ္ငန္းရွင္ ဦးသိန္းထြန္းက VOA ကိုေျပာပါတယ္။

“(ေရာင္းအား) အရမ္းက်သြားတာ။ အခုဆိုရင္ အရင္ေရာင္းအားရဲ႕ ၁၀% ေအာက္ ေရာက္သြားတာ။ က်ေနာ္တို႔ကေတာ့ ထီး႐ုံးကေနဝယ္ၿပီး ျဖန႔္ေပးတာေပါ့၊ လက္လီျပန္ေရာင္းတဲ့သူေတြက မေရာင္းၾကဘူးဗ်၊ ေလာေလာဆယ္ နားၾကတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ေရာင္းအားေတြက်ကုန္တာ။ ေနာက္ ထီထိုးတဲ့ တခ်ိဳ႕ေတြကလည္း CDM လုပ္တယ္ေပါ့ဗ်ာ။ ထိုးအားသိပ္မရွိေတာ့ ေရာင္းအားကလည္း သိပ္မရွိေတာ့ဘူး။”

ေအာင္ဘာေလ ထီေရာင္းခ်ရေငြရဲ႕ ၄၀% ကို ႏိုင္ငံေတာ္ဘ႑ာေငြထဲ ထည့္သြင္းတာျဖစ္လို႔ ျပည္သူအမ်ား ထီမထိုးဘဲ ဆန႔္က်င္ေနၾကတာျဖစ္ပါတယ္။ အာဏာသိမ္းၿပီးတဲ့ေနာက္မွာ အရင္လို ပံုမွန္ ထီမဖြင့္ႏုိင္ခ့ဲပါဘူး။

အခုလို ဆုေၾကးေငြ အဆမတန္ ေလွ်ာ့ခ်လိုက္တာေၾကာင့္ ကတိမတည္တဲ့လုပ္ရပ္သာျဖစ္တယ္လို႔ ပံုမွန္ထီထိုးေနသူတေယာက္က ေျပာပါတယ္။ သူကေတာ့ ေဖေဖာ္ဝါရီလမတိုင္ခင္အထိ ထီအၿမဲကံစမ္းသူ ကိုမင္းလြင္ျဖစ္ပါတယ္။

“နဂိုတည္းက သူတို႔ ဒီေလာက္ ဒီေလာက္ ဆုေတြေပးမယ္လို႔ဆိုၿပီးေတာ့ အရင္တုန္းက ၅၀၀၊ ေနာက္က်ေတာ့ ထီဆုကိုျမႇင့္ၿပီးေတာ့ ၁,၀၀၀ ဆိုၿပီးေတာ့ ေရာင္းတာေလ။ ျပည္သူလူထုကလည္း ၁,၀၀၀ နဲ႔ ဝယ္လို႔ရွိရင္ သိန္း ၁၅,၀၀၀ ရမယ္ဆိုၿပီးေတာ့ ေမွ်ာ္လင့္ခ်က္နဲ႔ ထိုးတာေပါ့ေနာ္။ ေရာင္းအားက်သြားလို႔ သူတို႔ဝင္ေငြမရေတာ့ဘူး ဆိုတဲ့အခ်ိန္က်ေတာ့ ဆုေငြေလွ်ာ့ထုတ္ေပးတယ္ဆိုတာ ဒါမလုပ္သင့္တဲ့အလုပ္ေပါ့ေနာ္။ တကယ္ေတာ့ သူတို႔ ႏွစ္ေပါင္းမ်ားစြာ သူတို႔အျမတ္ရခဲ့တယ္။ ဒီတႀကိမ္မွာ တကယ္လို႔ မေရာင္းရဘူးဆိုရင္ သူတို႔ဘက္က ျပန္စိုက္ထုတ္ၿပီးေတာ့ နဂိုေၾကညာထားတဲ့ဆုအတိုင္း သူတို႔ထုတ္ေပးသင့္တယ္ေပါ့ေနာ္။ သူတို႔ရတုန္းကက် ယူထားၿပီးေတာ့ မရတဲ့အခါက်ေတာ့ မစိုက္ႏိုင္ဘူးဆိုတာကေတာ့ အဓိပၸါယ္မရွိဘူးေလ။”

၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး က်ပ္ ၁,၀၀၀ တန္ ထီလက္မွတ္ေတြကို စတင္ထုတ္ေဝခဲ့ၿပီး အျမင့္ဆုံးဆုေၾကးေငြ က်ပ္သိန္း ၁၅,၀၀၀ သတ္မွတ္ခဲ့တာပါ။ ထီဖြင့္ပြဲကို လစဥ္ ပံုမွန္လုပ္ခဲ့ရာက စစ္အာဏာသိမ္းၿပီးေနာက္ ၂၅ ႀကိမ္ေျမာက္ ထီဖြင့္ပြဲ ၁၅ ရက္ေနာက္က်ခဲ့ပါတယ္။ ဧၿပီလ ၁ရက္ေန႔မွာ ဖြင့္လွစ္မယ့္ ၂၆ ႀကိမ္ေျမာက္ ထီဖြင့္ပြဲကိုလည္း အခ်ိန္ ၁ လ ေနာက္က်ၿပီးမွ ဖြင့္တာျဖစ္ပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ မေလ ၁ ရက် စနေနေ့မှာဖွင့်မယ့် အောင်ဘာလေထီရဲ့ အမြင့်ဆုံး ဆုကြေးကို ၃ ပုံ ၁ ပုံ အထိ လေ ျှာ့ချလိုက်ပြီး ကျပ် သိန်း ၅,၀၀၀ ထောင်လို့ သတ်မှတ်လိုက်ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် နစက စစ်ကောင်စီအတွက် ဝင်ငွေမရအောင် သပိတ်မှောက်တဲ့အနေနဲ့ ပြည်သူတွေက ထီတွေ မထိုးကြတဲ့အတွက် ထီလက်မှတ်အရောင်း ထိုးကျသွားခဲ့တဲ့ပြီးနောက် အခုလို အမြင့်ဆုံးဆုကြေးကို လျှော့ချလိုက်ရတာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ထီသတင်းအပြည့်အစုံကို မစုမြတ်မွန်က ပြောပြထားပါတယ်။

မေလ ၁ ရက်နေ့မှာဖွင့်မယ့် ၂၆ ကြိမ်မြောက် ၁,၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် အထူးဆုကြီးကို အမြင့်ဆုံး ကျပ်သိန်း ၅,၀၀၀ ဆုနဲ့ ကျပ်သိန်း ၁,၀၀၀ ဆု တစ်ဆုစီ ခွဲဝေချီးမြှင့်သွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ကြေညာပါတယ်။ အမြင့်ဆုံးဆုကြေးကို အရင်က ကျပ်သိန်း ၁၅,၀၀၀ ခွဲကနေ ကျပ်သိန်း ၅,၀၀၀ ထောင်အထိ ၃ ပုံ ၁ ပုံ လေ ျှာ့ချလိုက်ရတာပါ။

ထီလက်မှတ်ရောင်းရငွေ ၆၀% ကို ဆုကြေးတွေ ပြန်ပေးတာဖြစ်ပြီး အောင်ဘာလေ သိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ ထီလက်မှတ်ရောင်းရငွေ ကျပ်ငွေ သိန်းပေါင်း ၂၀,၀၀၀ ကျော်ရှိတဲ့အတွက် အဲဒီ ၆၀% ဖြစ်တဲ့ သိန်းပေါင်း ၁၂,၀၀၀ ကျော်ကို ဆုကြေးတွေ ပြန်ခွဲပေးမှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ ဝင်ငွေမရအောင် ပြည်သူတွေက ထီမထိုးဘဲ သပိတ်မှောက်ခဲ့ကြတာပါ။ ဒါကြောင့် ထီရောင်းအား ထိုးကျသွားပြီး အာဏာမသိမ်းခင်အချိန်ထက်စာရင် ၁၀% ရာခိုင်နှုန်းအောက် ရောက်သွားတယ်လို့ ထီလုပ်ငန်းရှင် ဦးသိန်းထွန်းက VOA ကိုပြောပါတယ်။

“(ရောင်းအား) အရမ်းကျသွားတာ။ အခုဆိုရင် အရင်ရောင်းအားရဲ့ ၁၀% အောက် ရောက်သွားတာ။ ကျနော်တို့ကတော့ ထီးရုံးကနေဝယ်ပြီး ဖြန့်ပေးတာပေါ့၊ လက်လီပြန်ရောင်းတဲ့သူတွေက မရောင်းကြဘူးဗျ၊ လောလောဆယ် နားကြတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ရောင်းအားတွေကျကုန်တာ။ နောက် ထီထိုးတဲ့ တချို့တွေကလည်း CDM လုပ်တယ်ပေါ့ဗျာ။ ထိုးအားသိပ်မရှိတော့ ရောင်းအားကလည်း သိပ်မရှိတော့ဘူး။”

အောင်ဘာလေ ထီရောင်းချရငွေရဲ့ ၄၀% ကို နိုင်ငံတော်ဘဏ္ဍာငွေထဲ ထည့်သွင်းတာဖြစ်လို့ ပြည်သူအများ ထီမထိုးဘဲ ဆန့်ကျင်နေကြတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ အရင်လို ပုံမှန် ထီမဖွင့်နိုင်ခဲ့ပါဘူး။

အခုလို ဆုကြေးငွေ အဆမတန် လျှော့ချလိုက်တာကြောင့် ကတိမတည်တဲ့လုပ်ရပ်သာဖြစ်တယ်လို့ ပုံမှန်ထီထိုးနေသူတယောက်က ပြောပါတယ်။ သူကတော့ ဖေဖော်ဝါရီလမတိုင်ခင်အထိ ထီအမြဲကံစမ်းသူ ကိုမင်းလွင်ဖြစ်ပါတယ်။

“နဂိုတည်းက သူတို့ ဒီလောက် ဒီလောက် ဆုတွေပေးမယ်လို့ဆိုပြီးတော့ အရင်တုန်းက ၅၀၀၊ နောက်ကျတော့ ထီဆုကိုမြှင့်ပြီးတော့ ၁,၀၀၀ ဆိုပြီးတော့ ရောင်းတာလေ။ ပြည်သူလူထုကလည်း ၁,၀၀၀ နဲ့ ဝယ်လို့ရှိရင် သိန်း ၁၅,၀၀၀ ရမယ်ဆိုပြီးတော့ မျှော်လင့်ချက်နဲ့ ထိုးတာပေါ့နော်။ ရောင်းအားကျသွားလို့ သူတို့ဝင်ငွေမရတော့ဘူး ဆိုတဲ့အချိန်ကျတော့ ဆုငွေလျှော့ထုတ်ပေးတယ်ဆိုတာ ဒါမလုပ်သင့်တဲ့အလုပ်ပေါ့နော်။ တကယ်တော့ သူတို့ နှစ်ပေါင်းများစွာ သူတို့အမြတ်ရခဲ့တယ်။ ဒီတကြိမ်မှာ တကယ်လို့ မရောင်းရဘူးဆိုရင် သူတို့ဘက်က ပြန်စိုက်ထုတ်ပြီးတော့ နဂိုကြေညာထားတဲ့ဆုအတိုင်း သူတို့ထုတ်ပေးသင့်တယ်ပေါ့နော်။ သူတို့ရတုန်းကကျ ယူထားပြီးတော့ မရတဲ့အခါကျတော့ မစိုက်နိုင်ဘူးဆိုတာကတော့ အဓိပ္ပါယ်မရှိဘူးလေ။”

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ကျပ် ၁,၀၀၀ တန် ထီလက်မှတ်တွေကို စတင်ထုတ်ဝေခဲ့ပြီး အမြင့်ဆုံးဆုကြေးငွေ ကျပ်သိန်း ၁၅,၀၀၀ သတ်မှတ်ခဲ့တာပါ။ ထီဖွင့်ပွဲကို လစဉ် ပုံမှန်လုပ်ခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် ၂၅ ကြိမ်မြောက် ထီဖွင့်ပွဲ ၁၅ ရက်နောက်ကျခဲ့ပါတယ်။ ဧပြီလ ၁ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၆ ကြိမ်မြောက် ထီဖွင့်ပွဲကိုလည်း အချိန် ၁ လ နောက်ကျပြီးမှ ဖွင့်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG