သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထီဆုကြေးများ စံချိန်တင် များလာနေ


အမေရိကန်ပြည်ထောင်စုမှာဖွင့်တဲ့ ထီတွေရဲ့ ပထမဆုကြေးတွေ ပိုပြီးတော့ များလာပါတယ်။

စနေနေ့ကဖွင့်တဲ့ Powerball ထီ ပထမဆု ဒေါ်လာ သန်း ၄၇၀ ကို ပေါက်တဲ့သူမရှိတဲ့အတွက် နောက်တကြိမ်ဖွင့်မယ့် ဗုဒ္ဓဟူးနေ့ ဆိုရင် ဆုကြေး ဒေါ်လာ သန်း ၆၂၀ လောက်အထိ ရှိလာတော့မှာပါ။

သောကြာနေ့က နောက်ဆုံးဖွင့်ထားတဲ့ Mega Millions ထီ ပထမဆုကိုလည်း ဘယ်သူမှမပေါက်တဲ့အတွက် လာမယ့်အင်္ဂါနေ့ နောက်တကြိမ် ထီဖွင့်တဲ့အခါကျရင် ပထမဆုကြေးဟာ ဒေါ်လာ ၁.၆ ဘီလီယံထက်မနည်း ရှိလာမှာဖြစ်ပါတယ်။

ဒီဆုငွေဟာ အမေရိကန်ထီသမိုင်းမှာ အများဆုံးဖြစ်ပါတယ်။ ဒီ့မတိုင်ခင် ဆုကြေးအများဆုံးနဲ့ စံချိန်တင်ထားတာက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကဖွင့်တဲ့ Powerball ထီ ပထမဆုကြေး ၁.၅၈၆ ဘီလီယံပါ။

ဆုကြေးငွေ များလာတာနဲ့အမျှ ရောင်းရတဲ့ ထီလက်မှတ်အရေအတွက် ပိုများလာမှာဖြစ်တဲ့အတွက် လာမယ့် အင်္ဂါနေ့ ထီဖွင့်ရင် တော့ အနည်းဆုံး လက်မှတ်တစောင် ပေါက်နိုင်ခြေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ Mega Millions ပထမထီဆု ဒေါ်လာ ၅၄၃ သန်းကို ကာလီဖိုးနီးယားပြည်နယ်၊ ရုံးတရုံးက ထီဆုထိုးတဲ့ ဝန်ထမ်း ၁၁ ယောက် ပေါက်ပြီးကတည်းက နောက်ပိုင်းမှာ ပထမဆုပေါက်တဲ့သူမရှိတဲ့အတွက် ၂၅ ကြိမ်ထိ ဖွင့်ပြီးတဲ့နောက် အခုလောက် ဆုငွေပမာဏ များလာတာဖြစ်ပါတယ်။

Powerball နဲ့ Mega Millions ထီတွေကို အမေရိကန်ပြည်နယ် ၄၄ ပြည်နယ်နဲ့ ဝါရှင်တန် ဒီစီ၊ U. S. Virgin Islands တို့မှာ ထိုးလို့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG