သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာစပါးအုံးဖမ္းပဲြ ဖေလာ္ရီဒါမွာ စတင္က်င္းပ 


Record-Breaking Python-Florida 2021 ခုႏွစ္ မွာဖမ္းမိခဲ့တဲ့ စပါးအုံးေျမြ

အေမရိကန္ ျပည္ေထာင္စု ၊ ဖေလာ္ရီဒါျပည္နယ္ Everglades အမည္ရွိ အပူပိုင္း စိုစြတ္ သဘာဝ အမ်ဳိးသား ဥယ်ာဥ္ အတြင္းမွာ ႏွစ္စဥ္က်င္းပတဲ့ ျမန္မာစပါးအုံးေႁမြေတြ ရွာေဖြ ဖမ္းဆီးသတ္ျဖတ္တဲ့ၿပိဳင္ပြဲကို ေသာၾကာေန႔ မနက္ပိုင္း စတင္လိုက္ပါတယ္။

ျမန္မာစပါးအုံးဖမ္းပဲြ ဖေလာ္ရီဒါမွာ စတင္က်င္းပ

{{Zawgyi/Unicode}}
အေမရိကန္ ျပည္ေထာင္စု ၊ ဖေလာ္ရီဒါျပည္နယ္ Everglades အမည္ရွိ အပူပိုင္း စိုစြတ္ သဘာဝ အမ်ဳိးသား ဥယ်ာဥ္ အတြင္းမွာ ႏွစ္စဥ္က်င္းပတဲ့ ျမန္မာစပါးအုံးေႁမြေတြ ရွာေဖြ ဖမ္းဆီးသတ္ျဖတ္တဲ့ၿပိဳင္ပြဲကို ေသာၾကာေန႔ မနက္ပိုင္း စတင္လိုက္ပါတယ္။

ေျမြဖမ္း မုဆိုး ၈ဝဝ ေက်ာ္ပါဝင္ၾကတဲ့ အဲဒီၿပိဳင္ပြဲဟာ မေန႔ ေသာၾကာ ၾသဂုတ္ ၅ ရက္ေန႔ကေန ၁၅ ရက္ေန႔ ညေန ၅ နာရီအထိျဖစ္ၿပီး ျမန္မာ စပါးအုံးေျမြ အမ်ားဆုံး ရွာေဖြဖမ္းဆီးႏိုင္သူကို ကြ်မ္းက်င္အဆင့္ နဲ႔ အေပ်ာ္တန္းအဆင့္ဆိုၿပီး ၂မ်ဳိးခြဲထားေပမယ့္ ၂ဖြဲ႔စလုံးက အႏိုင္ရသူကို ေဒၚလာ ၂၅ဝဝစီ ဆု႔ခ်ီးျမွင့္မွာျဖစ္ပါတယ္။ ဒါအျပင္ အရွည္ဆုံးေျမြကို ဖမ္းဆီးမိသူကို္လည္း သီးသန္႔ ဆုခ်ီးျမွင့္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဖမ္းမိတဲ့ေျမြကို လူမဆန္စြာသတ္မိသူနဲ႔ ျမန္မာစပါးအုံးေျမြမဟုတ္ပဲ ဌာေနတိုင္းရင္းေျမြကို သတ္မိသူကိုေတာ့ ၿပိဳင္ပြဲကေန ထုတ္ပယ္မွာျဖစ္ပါတယ္။

ၿပိဳင္ပြဲကို အေမရိကန္ ျပည္ေထာင္စု ျပည္နယ္ ၃၂ ျပည္နယ္ နဲ႔ ကေနဒါက ေျမြဖမ္းမုဆိုေတြ ပါဝင္ၾကပါတယ္။ အဲဒီၿပိဳင္ပြဲကို ၂၅ ေဒၚလာဝင္ေၾကးသြင္းၿပီး အြန္လိုင္းကေန သင္တန္းတက္ေရာက္ ပါဝင္ႏိုင္ၾကပါတယ္။

မ်ဳိးပြားမႈမ်ားလြန္းတဲ့ ျမန္မာစပါးအုံးေႁမြေတြဟာ ဥယ်ာဥ္အတြင္းမွာ က်က္စားေနၾကတဲ့ ဌာေန တိုင္းရင္း ငွက္ေတြ၊ ႏို႔တုိက္သတၱဝါေတြ နဲ႔ တြားသြား သတၱဝါေတြကို ဖမ္းဆီးစားေသာက္တဲ့အတြက္ေၾကာင့္ ေဂဟေဗဒစနစ္ကို ထိခိုက္လာပါတယ္။

ၿပီးခဲ့တဲ့ ၂ဝဝဝ ခုႏွစ္ကတည္းက စၿပီး အဲဒီလို ၿပိဳင္ပြဲလုပ္ၿပီး စပါးအုံးေႁမြေတြကို ဖမ္းဆီးလာခဲ့ရာမွာ ၁ ေသာင္း ၇ ေထာင္ေက်ာ္အထိ ဖယ္ရွားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေျမြမတေကာင္ဟာ တႏွစ္ကို ဥေပါင္း တရာအထိ ဥေပါက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

မြန်မာစပါးအုံးဖမ်းပွဲ ဖလော်ရီဒါမှာ စတင်ကျင်းပ

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ် Everglades အမည်ရှိ အပူပိုင်း စိုစွတ် သဘာဝ အမျိုးသား ဥယျာဉ် အတွင်းမှာ နှစ်စဉ်ကျင်းပတဲ့ မြန်မာစပါးအုံးမြွေတွေ ရှာဖွေ ဖမ်းဆီးသတ်ဖြတ်တဲ့ပြိုင်ပွဲကို သောကြာနေ့ မနက်ပိုင်း စတင်လိုက်ပါတယ်။

မြွေဖမ်း မုဆိုး ၈ဝဝ ကျော်ပါဝင်ကြတဲ့ အဲဒီပြိုင်ပွဲဟာ မနေ့ သောကြာ သြဂုတ် ၅ ရက်နေ့ကနေ ၁၅ ရက်နေ့ ညနေ ၅ နာရီအထိဖြစ်ပြီး မြန်မာ စပါးအုံးမြွေ အများဆုံး ရှာဖွေဖမ်းဆီးနိုင်သူကို ကျွမ်းကျင်အဆင့် နဲ့ အပျော်တန်းအဆင့်ဆိုပြီး ၂မျိုးခွဲထားပေမယ့် ၂ဖွဲ့စလုံးက အနိုင်ရသူကို ဒေါ်လာ ၂၅ဝဝစီ ဆု့ချီးမြှင့်မှာဖြစ်ပါတယ်။ ဒါအပြင် အရှည်ဆုံးမြွေကို ဖမ်းဆီးမိသူကိုလည်း သီးသန့် ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖမ်းမိတဲ့မြွေကို လူမဆန်စွာသတ်မိသူနဲ့ မြန်မာစပါးအုံးမြွေမဟုတ်ပဲ ဌာနေတိုင်းရင်းမြွေကို သတ်မိသူကိုတော့ ပြိုင်ပွဲကနေ ထုတ်ပယ်မှာဖြစ်ပါတယ်။

ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု ပြည်နယ် ၃၂ ပြည်နယ် နဲ့ ကနေဒါက မြွေဖမ်းမုဆိုတွေ ပါဝင်ကြပါတယ်။ အဲဒီပြိုင်ပွဲကို ၂၅ ဒေါ်လာဝင်ကြေးသွင်းပြီး အွန်လိုင်းကနေ သင်တန်းတက်ရောက် ပါဝင်နိုင်ကြပါတယ်။

မျိုးပွားမှုများလွန်းတဲ့ မြန်မာစပါးအုံးမြွေတွေဟာ ဥယျာဉ်အတွင်းမှာ ကျက်စားနေကြတဲ့ ဌာနေ တိုင်းရင်း ငှက်တွေ၊ နို့တိုက်သတ္တဝါတွေ နဲ့ တွားသွား သတ္တဝါတွေကို ဖမ်းဆီးစားသောက်တဲ့အတွက်ကြောင့် ဂေဟဗေဒစနစ်ကို ထိခိုက်လာပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝဝ ခုနှစ်ကတည်းက စပြီး အဲဒီလို ပြိုင်ပွဲလုပ်ပြီး စပါးအုံးမြွေတွေကို ဖမ်းဆီးလာခဲ့ရာမှာ ၁ သောင်း ၇ ထောင်ကျော်အထိ ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မြွေမတကောင်ဟာ တနှစ်ကို ဥပေါင်း တရာအထိ ဥပေါက်နေပါတယ်။

XS
SM
MD
LG