သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တင္နက္စီျပည္နယ္ ကုန္စုံဆိုင္မွာ ပစ္ခတ္သူ ျမန္မာမိသားစုဝင္အျဖစ္ ရဲတပ္ဖဲြ႕ အတည္ျပဳ


တင္နက္စီျပည္နယ္ ကုန္စုံဆိုင္မွာ ပစ္ခတ္သူ ျမန္မာမိသားစု၀င္အျဖစ္ ရဲတပ္ဖဲြ႕ အတည္ျပဳ

{{Zawgyi/Unicode}}

အေမရိကန္ေတာင္ပိုင္း Tennessee ျပည္နယ္ Memphis ၿမိဳ႕ Collierville ရပ္ကြက္က Kroger ကုန္စုံဆိုင္မွာ အမ်ိဳးသမီးတဦး ေသဆံုးၿပီး၊ ၁၄ ဦး ဒဏ္ရာရခဲ့တဲ့ ပစ္ခတ္မႈမွာ ေသနတ္သမားဟာ ျမန္မာဒုကၡသည္ မိသားစုတစုက ျဖစ္ေၾကာင္း ရဲတပ္ဖဲြ႕နဲ႔ နီးစပ္သူေတြကို ကိုးကားၿပီး သတင္းေတြက ေဖာ္ျပၾကပါတယ္။

ေသနတ္သမားဟာ လူကုံတန္ရပ္ကြက္က ကုန္စုံဆိုင္မွာ ဆူရွီလုပ္ငန္း လုပ္ကိုင္ေနတဲ့ Uk Thang ဆိုသူျဖစ္ၿပီး ပစ္ခတ္မႈအတြင္း သူ႔ေသနတ္ဒဏ္ရာနဲ႔ပဲ ေသဆုံးသြားခဲ့ေၾကာင္းလည္း ရဲတပ္ဖဲြ႕က ေျပာဆိုခဲ့တာပါ။ ၾကာသပေတးေန႔က ပစ္ခတ္မႈကို တေယာက္တည္း က်ဳးလြန္ခဲ့တာျဖစ္ၿပီး အေၾကာင္းရင္းကို ရဲတပ္ဖဲြ႕က စုံစမ္းေနတုန္း ျဖစ္ပါတယ္။

ပစ္ခတ္ခံရသူေတြထဲမွာ ဆိုင္ဝန္ထမ္း ၁၀ ဦးနဲ႔ ေစ်းဝယ္သူ ၅ ဦးပါဝင္ၿပီး ေသဆံုးသြားသူ အမ်ဳိးသမီးဟာ Olivia King ျဖစ္ေၾကာင္း Collierville ရဲခ်ဳပ္ Dale Lane ကေျပာပါတယ္။ ပစ္ခတ္မႈအတြင္း ဒဏ္ရာရသူေတြထဲက တခ်ိဳ႕ဟာ အေျခေန ဆိုးေနဆဲ ျဖစ္ေၾကာင္းလည္း ေသာၾကာေန႔မွာ ရဲတပ္ဖဲြ႕က ေျပာပါတယ္။

ပစ္ခတ္မႈ က်ဳးလြန္သူရဲ႕ မိဘေတြကေတာ့ Nashville ၿမိဳ႕မွာ ေနထိုင္ၾကၿပီး ျမန္မာ- ခရစ္ယန္ အသိုင္းဝိုင္းက ျဖစ္ေၾကာင္း မိသားစုနဲ႔ နီးစပ္သူ တဦးကို ကိုးကားၿပီး AP သတင္းမွာ ေဖၚျပထားပါတယ္။

Tennessee ျပည္နယ္ မွာ အသက္ ၂၁ ႏွစ္ျပည့္ၿပီးသူသာ ေသနတ္ကိုင္ေဆာင္ခြင့္ရွိၿပီး ေနာက္ေၾကာင္းရာဇဝင္စစ္ေဆးမႈေတြ ေသနတ္ကိုင္ေဆာင္ရာမွာ လိုက္နာရမယ့္ သင္တန္းေတြ တက္ထားသူကိုမွ ကိုင္ေဆာင္ခြင့္ ေပးထားတာ ျဖစ္ပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမေရိကန်တောင်ပိုင်း Tennessee ပြည်နယ် Memphis မြို့ Collierville ရပ်ကွက်က Kroger ကုန်စုံဆိုင်မှာ အမျိုးသမီးတဦး သေဆုံးပြီး၊ ၁၄ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားဟာ မြန်မာဒုက္ခသည် မိသားစုတစုက ဖြစ်ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

သေနတ်သမားဟာ လူကုံတန်ရပ်ကွက်က ကုန်စုံဆိုင်မှာ ဆူရှီလုပ်ငန်း လုပ်ကိုင်နေတဲ့ Uk Thang ဆိုသူဖြစ်ပြီး ပစ်ခတ်မှုအတွင်း သူ့သေနတ်ဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။ ကြာသပတေးနေ့က ပစ်ခတ်မှုကို တယောက်တည်း ကျုးလွန်ခဲ့တာဖြစ်ပြီး အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေတုန်း ဖြစ်ပါတယ်။

ပစ်ခတ်ခံရသူတွေထဲမှာ ဆိုင်ဝန်ထမ်း ၁၀ ဦးနဲ့ ဈေးဝယ်သူ ၅ ဦးပါဝင်ပြီး သေဆုံးသွားသူ အမျိုးသမီးဟာ Olivia King ဖြစ်ကြောင်း Collierville ရဲချုပ် Dale Lane ကပြောပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေထဲက တချို့ဟာ အခြေနေ ဆိုးနေဆဲ ဖြစ်ကြောင်းလည်း သောကြာနေ့မှာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှု ကျုးလွန်သူရဲ့ မိဘတွေကတော့ Nashville မြို့မှာ နေထိုင်ကြပြီး မြန်မာ- ခရစ်ယန် အသိုင်းဝိုင်းက ဖြစ်ကြောင်း မိသားစုနဲ့ နီးစပ်သူ တဦးကို ကိုးကားပြီး AP သတင်းမှာ ဖေါ်ပြထားပါတယ်။

Tennessee ပြည်နယ် မှာ အသက် ၂၁ နှစ်ပြည့်ပြီးသူသာ သေနတ်ကိုင်ဆောင်ခွင့်ရှိပြီး နောက်ကြောင်းရာဇဝင်စစ်ဆေးမှုတွေ သေနတ်ကိုင်ဆောင်ရာမှာ လိုက်နာရမယ့် သင်တန်းတွေ တက်ထားသူကိုမှ ကိုင်ဆောင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG