သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ သမ္မတ Bush အတွက် နိုင်ငံတော်ဈာပန


သောကြာနေ့က ကွယ်လွန်သွားတဲ့ အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက်သမ္မတ George H.W. Bush ကို ဂါရဝပြုနိုင်ဖို့အတွက် ကျွင်းကျန်တဲ့ ရုပ်အလောင်းကို တနင်္လာနေ့ ညနေကနေ စပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းအထိ ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံ ဗဟိုခန်းမကြီးမှာ ဂုဏ်ပြုထားရှိမှာ ဖြစ်ပါတယ်။

လွှတ်တော်မှာ ထားရှိတဲ့ ၃ ရက်တာ ကာလအတွင်း မစ္စတာ Bush ရဲ့ ရုပ်အလောင်း ထားရှိရာနေရာနားကို ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ လူထု အနီးကပ် လာရောက်ပြီး ဂါရဝပြုနိုင်အောင် စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။

နှစ်အတော်ကြာ နာမကျန်းဖြစ်နေတဲ့ မစ္စတာ Bush ဟာ အသက် ၉၄ နှစ်အရွယ်မှာ သူ့ဇာတိ Texas ပြည်နယ်မှာပဲ သောကြာနေ့က ကွယ်လွန်သွားခဲ့တာပါ။

၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ သမ္မတာ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်း George H.W. Bush အတွက် နိုင်ငံတော် ဈာပနကို ဝါရှင်တန်ဒီစီက National Cathedral ဘုရားကျောင်းမှာ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာ ဖြစ်ပြီး ကြာသပတေးနေ့မှာတော့ သူ့ရဲ့ သမ္မတစာကြည့်တိုက် ရှိရာ Texas ပြည်နယ်မှာ မြုပ်နှံသဂြိုဟ်မှာ ဖြစ်ပါတယ်။

ဒီဈာပန အခန်းအနားကို လက်ရှိသမ္မတ Donald Trump တက်ရောက်မှာ ဖြစ်ကြောင်း သမ္မတ အိမ်ဖြူက စနေနေ့မှာပဲ ကြေညာခဲ့ပါတယ်။

သမ္မတ George H.W. Bush ဟာ သက်ရှည် အောင်မြင်ပြီး လှပတဲ့ ဘဝကို ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း သမ္မတ Trump က သူ့တွစ်တာကနေ ဂုဏ်ပြုခဲ့ပါတယ်။ သူ့ကိုတွေ့တဲ့အခါတိုင်း သူဟာ ဘဝကို ပျော်ရွှင်မှု အပြည့်နဲ့ဖြတ်သန်းပြီး မိသားစုအတွက် တကယ်ဂုဏ်ယူတာ တွေ့ရသလို သူဟာ ဘဝအစကနေ အဆုံးထိ ကြီးမြတ်တဲ့ အောင်မြင်မှုတွေနဲ့ တကယ့်ကိုအံ့မခန်းပုဂ္ဂိုလ်တယောက် ဖြစ်တာမို့ အားလုံးက သူ့ကို ဘယ်တော့မှ မမေ့ပဲ သတိရနေကြမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ကွယ်လွန်သူ သမ္မတ Bush အတွက် နိုင်ငံတော်ဈာပန
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG