သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓားစာခံတွေ ပြန်လွှတ်ဖို့ အနောက်တိုင်းသံတမန်တွေ တောင်းဆို


ဟာမတ်စ်အဖွဲ့က ဖမ်းဆီးသွားတဲ့ ဓားစာခံများရဲ့‌ဓာတ်ပုံရှေ့ လမ်းသွားလမ်းလာကလေးငယ်တဦးကို တွေ့ရစဉ်။ (ဧပြီ ၂၃၊ ၂၀၂၄) Tel Aviv မြို့၊ အစ္စရေး
ဟာမတ်စ်အဖွဲ့က ဖမ်းဆီးသွားတဲ့ ဓားစာခံများရဲ့‌ဓာတ်ပုံရှေ့ လမ်းသွားလမ်းလာကလေးငယ်တဦးကို တွေ့ရစဉ်။ (ဧပြီ ၂၃၊ ၂၀၂၄) Tel Aviv မြို့၊ အစ္စရေး

အစ္စရေးကို ဟာမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့တာ ရက်ပေါင်း ၂၀၀ ပြည့်လာချိန်မှာပဲ ဂါဇာကမ်းမြှောင်ဒေသမှာ ဟာမတ်စ်တွေ ဆက်လက်ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ အနောက်နိုင်ငံတွေက သံတမန်တွေ ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကြုံခဲ့ရပြီးနောက်ပိုင်း အဆိုးဆုံးအဖြစ် ဂျုးလူမျိုးတွေအပေါ် အသေအပျောက်အများဆုံး တိုက်ခိုက်မှုတွေ လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀၀ က ကြုံခဲ့ရကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက X လူမှုကွန်ရက်မှာ ပြောဆိုခဲ့တာပါ။ ရက်ပေါင်း ၂၀၀ ကြာ ဓားစာခံတွေ ဖမ်းဆီးခံထားရပြီး၊ သူတို့ကို ချစ်ခင်သူတွေကိုပါ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ရအောင် လုပ်နေတယ်လို့လည်း ပြောပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကလည်း ဓားစာခံတွေကို မလွှတ်ပေးသရွေ့ ငြိမ်းချမ်းရေးရဖို့အတွက် အခွင့်အလမ်းတွေ ရှိလာမှာမဟုတ်ဘူးလို့ ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က ဟာမတ်စ်ရဲ့ တိုက်ခိုက်မှုမှာ လူပေါင်း ၁၂၀၀ လောက်သေဆုံးခဲ့ပြီး၊ ဓားစာခံ ၂၅၀ ခန့် ဖမ်းဆီးခံခဲ့ရတာပါ။အစ္စရေးရဲ့ လက်တုံ့ပြန်မှုမှာတော့ ပါလက်စတိုင်း ၃၄,၁၈၃ ဦးထက်မနည်း သေဆုံးပြီး ၇၇,၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အသတ်ခံရသူတွေရဲ့ သုံးပုံနှစ်ပုံကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဂါဇာမှာ ထိန်းသိမ်းခံနေရတဲ့ ဓားစာခံတွေ လွှတ်ပေးရေး၊ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်တွေကို ဟာမတ်စ်တွေက လက်မခံခဲ့ဘူးလို့လည်း အမေရိကန်က မနေ့ကပဲ ပြောခဲ့ပါတယ်။

အစ္စရေးဓားစာခံတွေ ပြန်လွှတ်ဖို့ အနောက်တိုင်းသံတမန်တွေ တောင်းဆို
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG