သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို အီရန်စစ်တပ်တိုက်ခိုက်မှု အီရန်ဘာသာရေးခေါင်းဆောင်ချီးကျူး


အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က အီရန်စစ်ဘက်ခေါင်းဆောင်တွေနဲ့ Tehran မြို့မှာတွေ့ဆုံစဥ်။ (ဧပြီလ ၂၁၊ ၂၀၂၄/အေပီ)
အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က အီရန်စစ်ဘက်ခေါင်းဆောင်တွေနဲ့ Tehran မြို့မှာတွေ့ဆုံစဥ်။ (ဧပြီလ ၂၁၊ ၂၀၂၄/အေပီ)

အစ္စရေးလ်နိုင်ငံကိုဒရုန်းတွေ မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တပတ်က တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်တပ်ကို အီရန်ဘာသာရေးဥသျှောင် Ayatollah Ali Khamenei က”လတ်တလောအောင်မြင်တဲ့လုပ်ရပ်" အတွက် ပထမဆုံး လူသိရှင်ကြားချီးကျူးပြောဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က အီရန်စစ်ဘက် အကြီးတန်းတပ်မှူးတွေနဲ တွေ့ဆုံတဲ့အချိန်မှာ ခါမေနီက အဲဒီလိုပြောဆိုခဲ့တာပါ။

ဧပြီလ ၁၃ ရက်နေ့က အစ္စရေးလ်နိုင်ငံထဲ​ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။​ အီရန်စစ်တပ်က သူတို့ရဲ့လေးစားဖွယ်စွမ်းရည်နဲ့အင်အားကို အီရန်နိုင်ငံကိုပြသလိုက်တာဖြစ်တယ်လို့လည်း ခါမေနီက ပြောပါတယ်။ အီရန်ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကို နိုင်ငံတကာစင်မြင့်မှာ သက်သေပြသလိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ အမေရိကန်နဲ့ အခြားမဟာမိတ်နိုင်ငံတို့ရဲ့ အကူအညီနဲ့ အီရန်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ဒရုန်းနဲ့ ဒုံးကျည် ၃၀၀ ကျော်ထဲက ၉၉ ရာခိုင်နှုန်းကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ကျရောက်ပေါက်ကွဲခဲ့တဲ့လက်နက်တွေကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိတယ်လို့လည်း အစ္စရေလ်းက ပြောပါတယ်။

အေပီသတင်းဌာနက စနေနေ့မှာ လေ့လာဆန်းစစ်ခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံအရ အစ္စရေးလ်ရဲ့ ပြောဆိုချက်မှန်ကန်တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က အစ္စရေလ်းရဲ့လက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့လက်နက်ဟာ ကလေးကစားစရာအရုပ်နဲ့ ပိုတူတယ်ဆိုပြီး အီရန်နိုင်ငံခြားရေးဌာနက လျှော့ပေါ့ပြောဆိုခဲ့ပါတယ်။ အစ္စရေးဘလ်ဘက်က သိသာထင်ရှားစွာတိုက်ခိုက်တာမျိုးလုပ်မလာရင် အီရန်ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်ဖို့အစီအစဥ်မရှိပါဘူးလို့လည်း ကုလလုံခြုံရေးကောင်စီအစည်းအဝေးတက်ရောက်လာတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရာဒိုလာဟီရန် (Hossein Amirabdollahian) က NCB သတင်းဌာနကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG