သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်တိုက်ခိုက်မှုတုံ့ပြန်ရေး အစ္စရေးကသာ ဆုံးဖြတ်မည် (အစ္စရေးဝန်ကြီးချုပ်)


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

အီရန်ရဲ့ အရင်အပတ်တိုက်ခိုက်မှုအပေါ် ဘယ်လို..ဘယ်အချိန် တုံ့ပြန်မလဲဆိုတာ အစ္စရေးကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင်န် နေသန်ယာဟုက ပြောလိုက်ပါတယ်။

အစ္စရေး-အီရန်ပဋိပက္ခ ပိုဆိုးမသွားစေဖို့ လာရောက်ပြောကြတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး David Cameron နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အင်န်နာလီးနား ဘဲယားဘောဂ့် (Annalena Baerbock) တို့ကို ဝန်ကြီးချုပ် နေသန်ယာဟု က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာလို့ သူ့ရုံး က ပြောပါတယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လိုအပ်တာမှန်သမျှ အစ္စရေးကလုပ်မှာဖြစ်ပြီး ကိုယ့်ဖာသာဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးကို အီရန်ကတိုက်ခိုက်ခဲ့တာဟာ လုပ်သင့်လုပ်ထိုက်၊ ထိုက်တန်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ဟာမတ်စ်အဖွဲ့ကတော့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ ပဋိပက္ခပိုးဆိုးလာမှာက ဘယ်သူ့အတွက်မှ အကျိုးမရှိ၊ အစ္စရေးရဲ့ လုံခြုံရေး၊ ဟာမတ်စ်လက်က ဓားစာခံတွေ၊ ဂါဇာမှာ ဒုက္ခရောက်နေသူတွေ၊ အီရန် အစိုးရအောက်မှာ ဒုက္ခရောက်နေကြတဲ့ အီရန်ပြည်သူတွေ၊ ဒေသတွင်းက ဘယ်.. တတိယနိုင်ငံမဆို အကျိုးမရှိပါဘူးလို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဘဲယားဘော့ဂ်က ပြောပါတယ်။

ဒါပေမဲ့ မိမိရဲ့ယုံကြည်ကိုးစားထိုက်မှုကို ထိန်းသိမ်းဖို့အတွက် လက်တုံ့ပြန်ရပါလိမ့်မယ်လို့ အစ္စရေးက ဆိုပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ G-7 စက်မှုထိပ်သီး နိုင်ငံတွေက အစ္စရေးကိုထိန်းချုပ်ဖို့ပြောပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမယ့် အစီအစဥ်တွေ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG