သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားအတိုက်အခံအမတ် သတ်ဖြတ်သူအဖြစ် သံသယရှိခံရသူကို ဖမ်းဆီးရမိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လုပ်ကြံခံရတဲ့ ကမ္ဘောဒီးယားအမတ်ဟောင်း Lim Kimya ရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လုပ်ကြံခံရတဲ့ ကမ္ဘောဒီးယားအမတ်ဟောင်း Lim Kimya ရဲ့ယခင်မှတ်တမ်းဓာတ်ပုံ။

ကမ္ဘောဒီးယားအတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်း ဖြစ်တဲ့ Lim Kimya ကို သတ်ခဲ့သူအဖြစ် သံသယရှိသူသေနတ်သမားကို ကမ္ဘောဒီယားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ Lim Kimya ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လူစည်ကားတဲ့မြို့လယ် တနေရာမှာ မနေ့ ဇန်နဝါရီ ၇ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

လုပ်ကြံ သတ်ဖြတ်ခဲ့သူအဖြစ် သံသယရှိခံရသူ သေနတ်နတ်သမားဟာ ထိုင်းနိုင်ငံသားတဦးဖြစ်ပြီး ထိုင်းရေတပ်စစ်သားဟောင်းဖြစ်တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖေါ်ပြောဆိုပါတယ်။ သံသယရှိသူထိုင်းနိုင်ငံသား Ekkalak Paenoi ကိုဖမ်းဆီးဖို့ ဝရမ်းအမိန့်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပြီး သူ့ကို ထိုင်းနယ်စပ် ကမ္ဘောဒီးယားနိုင်ငံ Battambang ခရိုင်အတွင်း အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ဖမ်းဆီးခဲ့ပါတယ်။

ထင်ရှားတဲ့အတိုက်အခံခေါင်းဆောင် Sam Rainsy ကတော့ လွှတ်တော်ကိုယ်းလှယ်ဟောင်း Lim Kimya ကိုလုပ်ကြံမှုမှာ ကမ္ဘောဒီးမှာ အာဏာကို နှစ်ပေါင်းများစွာချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က နောက်ကွယ်ကစေခိုင်းခဲ့တာလို့ သူ့ရဲ့ဖေ့ဘုတ်ကနေတဆင့် စွပ်စွဲ ပြောဆိုပါတယ်။

အသတ်ခံရသူ Lim Kimya ဟာ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီ Cambodia National Rescue Party (CNRP) ရဲ့ ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံသား တဦးလည်း ဖြစ်ပါတယ်။

Lim Kimya ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရောက်ရှိနေစဉ် အင်္ဂါနေ့က သေနတ်သမားက ပစ်ခတ် သတ်ဖြတ်ခဲ့တာဖြစ်ပါ တယ်။ အဲဒီအင်္ဂါနေ့မှာပဲ ကမ္ဘောဒီးယားရဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်မနက်အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းသူတွေကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်နိုင်မယ့် ဥပေဒတခုပြဌာန်းဖို့ ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က တိုက်တွန်းခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်သူ Ekkalak Paenoi ဆိုသူဟာ ထိုင်းစစ်သားဟောင်းတဦးဖြစ်ပြီး မော်တော်ဆိုင်ကယ်-တက္ကစီမောင်းသူတဦးလို့သာ ပြောဆိုထားပြီး နောက်ထပ်အသေးစိပ်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

ကမ္ဘောဒီးယားအတိုက်အခံအမတ် သတ်ဖြတ်သူအဖြစ် သံသယရှိခံရသူကို ဖမ်းဆီးရမိ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG