သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံထဲ လက်နက်ခိုးသွင်းမှု ထိုင်းနဲ့ကမ္ဘောဒီးယား စုံစမ်း


ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့သည့် တရားမဝင်လက်နက်များ (June 2014)
ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့သည့် တရားမဝင်လက်နက်များ (June 2014)

ထိုင်းနိုင်ငံကိုဖြတ်ပြီး ကမ္ဘောဒီးယားနိုင်ငံကနေ မြန်မာနိုင်ငံထဲ လက်နက်တွေ ခိုးယူ တင်သွင်းနေတာတွေကို စုံစမ်းစစ်ဆေးဖို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။

ထိုင်းနိုင်ငံ Trat ခရိုင်မှာ မကြာခင်ကပဲ ထိုင်းစစ်တပ်က လက်နက်တွေ သိမ်းဆည်းရမိ ခဲ့ပြီး တဲ့နောက် အခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်လာခဲ့တာပါ။ ဒီလက်နက်တွေ ဘယ်ကလာတာလဲ၊ ဒီလက်နက်တွေ ကို ခိုးထုတ်ရာမှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေ သလဲ ဆိုတာတွေကို စုံစမ်း ဖော်ထုတ်နိုင်ဖို့အတွက် ကမ္ဘောဒီးယား နိုင်ငံတော် ရဲချုပ် Neth Savoeun နဲ့ ထိုင်းရဲချုပ်တို့ အတူလက်တွဲ ဆောင်ရွက်နေတဲ့အကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး Sar Kheng က နယ်စပ် Koh Kong ခရိုင် အုပ်ချုပ်ရေး မှူးသစ် ခန့်အပ်ပွဲမှာ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင် ခဲ့ပေမဲ့လို့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်သေးသလို၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တဲ့အကြောင်း၊ အခုခိုး သွင်းနေတဲ့ လက်နက်တွေကိုလည်း မြန်မာအစိုးရနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေက ဝယ်ယူနေတယ်လို့ ယူဆရတဲ့အကြောင်း ကမ္ဘောဒီးယားပြည်ထဲရေး ဝန်ကြီးက ပြောသွားပါတယ်။ ပြီးခဲ့တဲ့လအစောပိုင်းတုန်းက ထိုင်းနိုင်ငံ Trat ခရိုင်မှာ pickup ထရပ်ကားတစီးနဲ့ လက်နက်တွေအများအပြား သယ်ဆောင်လာတာကို ရှာဖွေ တွေ့ရှိခဲ့ပြီးတဲ့နောက် ဒီကားကို မောင်းလာတဲ့ ထိုင်းလေတပ် အရာရှိတဦးနဲ့ ကမ္ဘောဒီးယား အမျိုးသားတဦးကို ထိုင်းစစ်ဘက်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေရဲ့ အသေးစိတ်ကိုတော့ သူက ပြောမသွားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG