သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဒီမိုကရေစီနိုင်ငံတွေ ကမ္ဘောဒီးယားဝေဖန်


ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး Prak Sokhon ၇၂ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဉ်
ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး Prak Sokhon ၇၂ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဉ်

အနောက် ဒီမိုကရေစီနိုင်ငံတွေဟာ အပြောတမျိုး အလုပ်တမျိုးတွေဖြစ်ပြီး သူတို့ ကိုယ်ကျိုးစီးပွားရှိမယ်ဆိုမှသာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အားပေးဖို့ စိတ်ဝင်စား ကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန် တိုက်ခိုက်ခဲ့ ပါတယ်။

အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားတခုခုနဲ့ ပတ်သက်လာမှာသာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအကြောင်း ပြောကြတာဖြစ် တယ်လို့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ပြောတဲ့မိန့်ခွန်းထဲ ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး Prak Sokhon က ထည့်ပြောသွားတာပါ။ အကျိုးစီးပွားသာ မရှိဘူးဆိုရင် လုံးဝကို ပါးစပ်ပိတ်နေပြီး တခါတခါဆိုရင် အကွက်ချပြီးတော့ကို ပါးစပ်ပိတ်နေတော့ တာပဲလို့လဲ သူကဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင်က အမေရိကန်ဆန့်ကျင်ရေးစကားတွေ ပြောနေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီးကလဲ အဲဒီလိုပြောသွားတာပါ။ သူ့အစိုးရကိုဖြုတ်ချဖို့ အမေရိကန်နဲ့ပေါင်းပြီး ကြံစည်တယ်ဆိုပြီး အတိုက်အခံခေါင်းဆောင်ကိုတောင်မှာ ဝန်ကြီးချုပ်ဟွန်ဆန်က ထောင်ချထားပါသေးတယ်။

ဒါပေမဲ့ဲလဲ ဗွီအိုအေ ကမ္ဘောဒီးယားဌာနနဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး Sokhon က လေသံလျှော့ပြီး ကမ္ဘောဒီးယားဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ချင်ကြောင်း၊ အနိမ့်ဆုံးတော့ နဂိုကအဆင့် ပြန်ရောက်ချင်ကြောင်း ပြောသွားပါတယ်။ ဒါ့အပြင် ကမ္ဘောဒီယားအတိုက်အခံတွေကို အစိုးရက နှိမ်နင်းတဲ့အပေါ် နိုင်ငံတကာမီဒီယာတွေက ဖော်ပြပုံကို လဲ မစ္စတာ Sokhon က ပြစ်တင်ဝေဖန်သွားပါတယ်။ ကမ္ဘောဒီးယားမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေ အပေါ် နိုင်ငံတကာ မီဒီယာတွေက တဘက်သတ်သတင်းတွေကိုပဲ ဖော်ပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Sokhon က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG