သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီဒဏ်ခံ ရေမျောအလုံခန်း


Survival Capsule နည်းပညာကုမ္ပဏီက ထုတ်လုပ်တဲ့ ဆူနာမီဒဏ်ခံ ရေမျောအလုံခန်း။
Survival Capsule နည်းပညာကုမ္ပဏီက ထုတ်လုပ်တဲ့ ဆူနာမီဒဏ်ခံ ရေမျောအလုံခန်း။

ဆူနာမီဒီလှိုင်းကြီးတွေရဲ့ ဘေးတွေ့လာတဲ့အခါ လုံလုံခြုံခြုံ အန္တရာယ် ကို ရှောင်နိုင်အောင် အမေရိကန် အနောက်အလယ်ပိုင်းမှာရှိတဲ့ ကုမ္မဏီလေး တခုက အဆင့်မြင့်နည်းပညာနဲ့ အလုံခန်းတခုကို ဖန်တီးလိုက်ပါတယ်။ လူ ၂ ယောက်ဝင်ထိုင်နိုင်တဲ့ ဘောလုံးအကြီးစားပုံစံ အလုံခန်းကို လေယာဉ်ပျံ တည်ဆောက်တဲ့အဆင့် အလူမီနီယံနဲ့လုပ်ထားပါတယ်။

အချင်း ၁.၃ မီတာရှိတဲ့ ဘောလုံးပုံအလုံခန်းမှာ ပြူတင်းပေါက်လေး ၂ ခုပါသလို အောက်စီဂျင်ပေးတိုင်ကီတွေနဲ့ ၅ ရက် ၆ ရက်စာလောက် ခံမယ့် သောက်ရေလဲပါဝင်ပါတယ်။ တကယ်လို့ အိမ်သာအိုးထည့်ချင်တယ် ဆိုရင်လည်း ထည့်လို့ရပါတယ်။ ရေထဲမှာ ၅ ရက် ၆ ရက်လောက်မြောနေရင်လည်း အသက်ဘေးစိုးရိမ်စရာ မရှိအောင်ဖန်တီးထားတာပါ။

Seattle မြို့နားမှာရှိတဲ့ Survival Capsule ဆိုတဲ့ နည်းပညာကုမ္ပဏီသစ်တခုက တီထွင်လိုက်တာဖြစ်ပြီး ကုမ္ပဏီဥက္ကဋ္ဌ Julian Sharpe က လေယာဉ်ပျံတွေ၊ အာကာသယာဉ်တွေတည်ဆောက်တဲ့ အင်ဂျင်နီယာဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေမြို့တမြို့ကို သွားခဲ့ရင်းက ခုလို အန္တရာယ်ရှောင် အလုံခန်းကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာလို့ ပြောပါတယ်။ ဈေးကတော့ ၂ ယောက်စာ ဘောလုံး အကြီးစားပုံစံ အလုံခန်းကို ဒေါ်လာ တစ် သောင်း သုံးထောင့် ငါးရာကစပါတယ်။

ဆူနာမီဒဏ်ခံ ရေမျောအလုံခန်း
please wait

No media source currently available

0:00 0:00:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG