သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး နည်းပညာသစ်များ


ကမ္ဘာကို အဓိကပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုံညထိလေ ျှာ့ချရေး ကမ္ဘာ့ ရည်မှန်းချက်တွေ ပြည့်မှီအောင်ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ နည်းပညာသစ်တွေ တမျိုးပြီး တမျိုးထွက်ပေါ်လာနေပါတယ်။

ကမ္ဘာကို အဓိကပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုံညထိလေ ျှာ့ချရေး ကမ္ဘာ့ ရည်မှန်းချက်တွေ ပြည့်မှီအောင်ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ နည်းပညာသစ်တွေ တမျိုးပြီး တမျိုးထွက်ပေါ်လာနေပါတယ်။ လ ျှပ်စစ်ဓာတ်အားတွေကိုထုတ်ယူတဲ့နေရာမှာ ရေအား၊ နေအားနဲ့လေစွမ်းအားသာမက နျူကလီးယားစွမ်းအင်အပါအဝင် အခြားနည်းလမ်းမျိုးစုံနဲ့ကျိုးပမ်းချက်တွေမှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်ဖို့တော့ အပ်နေပါသေးတယ်။ ဒါပေမယ့်လည်း ကမ္ဘာအရပ်ရပ်က အစိုးရတွေအနေနဲ့ သက်ဆိုင်ရာ ပထဝီဝင်မြေအနေအထားနဲ့ ဘဏ္ဍငွေအပေါ်မူတည်ပြီး သင့်တော်သလိုရင်းနှီးမြှပ်နှံနေကြရတာပါ။ အေပီသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို စုပ်ယူမယ့်နည်းပညာသစ်တွေ လစဉ်လို ထွက်လာနေပါတယ်။ ပြင်သစ်နိုင်ငံတောင်ပိုင်းက Thermonuclear လို့ခေါ်တဲ့ အပူချိန်မြင့် နျူကလီးယား ဓာတ်ပေါင်းဖို International Thermonuclear Experimental Reactor (ITER) မှာတော့ Nuclear Fusion လို့ခေါ်တဲ့ ယူရေနီယံ အက်တမ်လေးတွေကွဲသွားအောင် ခွဲထုတ်ပေးတဲ့နျူကလီးယားဓာတ်ပေါင်းဖိုဖြစ်ပါတယ်။ ဈေးနှုန်းသက်သာတဲ့စွမ်းအင်ထုတ်ယူနိုင်ဖို့ ကျိုးပမ်းနေတဲ့ ITER ဓာတ်ပေါင်းဖိုမှာလည်း ကမ္ဘာ့အကြီးဆုံးလို့ဆိုတဲ့ သံလိုက်စက်ကွင်း လ ျှပ်ကူးပစ္စည်းတခုကို စမ်းသပ်နေပါတယ်။ ITER က သိပ္ပံပညာရှင်တွေရဲ့ အန္တိမရည်မှန်းချက်ကတော့ နျူကလီးယားဓာတ်ပေါင်းဖိုကနေ လ ျှပ်စစ်ဓာတ်အားထုတ်ယူတဲ့အခါ ရေဒီယိုသတ္တိကြွ ဘေးထွက် ပစ္စည်းတွေထွက်မလာရေး ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Massachusetts နည်းပညာ တက္ကသိုလ် MIT က သိပ္ပံပညာရှင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတို့ကလည်း ကမ္ဘာပေါ်က အရွယ်အစားအကြီးဆုံးဆိုတဲ့ High temperature superconducting magnet အပူချိန်မြင့်တဲ့ အထူးသံလိုက်လ ျှပ်ကူးပစ္စည်းတမျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သီးခြားစီ ကြေငြာခဲ့ကြပါတယ်။ လက်ရှိချိန်ထိ အားအကောင်းဆုံးလို့ဆိုရမယ့် ဒီလ ျှပ်ကူးပစ္စည်းကြောင့် ITER န်ူကလီးယား သိပ္ပွံပညာရှင်တွေရဲ့ စွမ်းအင်ထုတ်ယူရေး စမ်းသပ်ချက်တွေ အဆင့်ကျော်ပြီး တိုးတက်သွားစေပါတယ်။

ယူကေနိုင်ငံ Cambridge တက္ကသိုလ်ပါမောက္ခလည်းဖြစ်၊ အမေရိကန် ဟားဗတ်တက္ကသိုလ်က သုတေသီလည်းဖြစ်တဲ့ Laura Diaz Anadon ကလည်း သန့်ရှင်းစွမ်းအင်ကလာတဲ့ လ ျှပ်စစ်ဓာတ်အားကို အရင်းပြုပြီး ကမ္ဘာတဝန်း စီးပါွးရေးလုပ်ကိုင်ကြဖို့ အကြံပြုနေပါတယ်။

“ နည်းပညာသစ်တွေကို တီထွင်တဲ့အခါမှာရော၊ သုတေသနလုပ်ငန်းတွေကနေ စီးပွါးဖြစ်ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချတဲ့ထိ လ ျှပ်စစ်ဓာတ်အားကဏ္ဍက သိပ်ကိုအဓိကကျပါတယ်။ နောက်ပြီး အခြားကဏ္ဍေပါင်းစုံမှာလည်း လ ျှပ်စစ်ဓာတ်အားလိုပါတယ်။ ကိုယ်ပိုင်ကားတွေနဲ့သွားလာတဲ့အခါ ညစ်ညမ်းလေထုမထွက်အောင် လ ျှပ်စစ်ဓာတ်အားကို အသုံးချလာကြဖို့လည်းအရေးကြီးတယ်။ သန့်ရှင်းလ ျှပ်စစ်စွမ်းအင်တွေမထုတ်လုပ်နိုင်ရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့လည်း လေ ျှာ့ချနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စွမ်းအင်ကဏ္ဍမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ သိပ်မထွက်အောင်အရင်အာရုံစိုက်ဖို့လိုပါတယ်။ ဒါမှသာ သန့်ရှင်းစွမ်းအင်ထုတ်ယူဖို့၊ စွမ်းအင်သိုလှောင်နိုင်မယ့် နည်းပညာတွေကဏ္ဍတွေသိပ်ကိုအရေးပါလာပါလိမ့်မယ်”

Iceland ကျွန်းပေါ်မှာတော့ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို တိုက်ရိုက် စုပ်ယူနေတဲ့ ကုမ္ပဏီကြီးနှစ်ခုကလည်း လုပ်ငန်းစတင်နေပါပြီ။ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC ကတော့ ဥတုရာသီပြောင်းလဲမှုနဲ့ပတ်သက်လို့ အစိုးရရဲ့ကတိစကားအတိုင်း ဒီနေ့ထိ အပြည့်အဝ ဆောင်ရွက်နေကြတယ်ဆိုရင်တောင် ၂၀၅၀ ခုနှစ်အရောက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုံညထိလေ ျှာ့ချပြီး ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီဆဲလ်စိယပ်ထက် တိုးမလာအောင် ထိန်းထား နိုင်မယ့်ပုံမရှိဘူးလို့ ထောက်ပြကြပါတယ်။

Imperial College London ကထောက်ပံ့ငွေနဲ့လည်ပတ်နေတဲ့ Grantham Institute က ဒေါက္တာ Ajay Gambhir ကတော့ လက်ရှိမှာ နေစွမ်းအင်နဲ့လေစွမ်းအင်ထုတ်ယူရေး နည်းပညာတွေက အဆင့်အမြင့်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။

“ ဆိုလာပြားတွေ၊ လေတာဘိုင်စက်ကြီးတွေဟာ ကမ္ဘာတဝန်းက စွမ်းအင္ကဏ္ဍထဲ ခပ်မြန်မြန် ထိုးဖောက်ဝင်ရောက်လာပြီး ကုန်ကျစားရိတ်လည်း နည်းလာပါတယ်။ ဒါက ကာဗွန်ဒိုင်အောက်ဆိုဓ်ဓာတ်ငွေ့ လျော့ချရေး အလားအလာကောင်းတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ “

လ ျှပ်စစ်ကား ထုတ္လုပ္မှုများလာကြောင့်လည်း ဘထ္ထရီနည်းပညာတွေပိုကောင်းအောင် လူတွေပိုပြီးအာရုံစိုက်လာကြပါတယ်။

'လ ျှပ်စစ်စွမ်းအင်သိုလှောင်မယ့် နည်းပညာပိုင်းမှာတော့ အဆင့်အမျိုးမျိုးရှိပါတယ်။ ဥပမာပြောရရင် lithium သံနဲ့လုပ်ထားတဲ့ ဘထ္ထရီထုတ်လုပ်မှုက ဈေးနှုန်းလည်းသက်သာနေပြီး နည်းပညာလည်း အတော်လည်း တိုးတက်နေပါပြီ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လ ျှပ်စစ်ကားထုတ်လုပ်မှုတိုးလာတာနဲ့အမ ျှ Lithium ဘထ္ထရီတွေရဲ့ဈေးနှုန်းကလည်း ၈၀ ကနေ ၈၅ ရာခိုင်နှုန်းထိ ကျဆင်းလာပါတယ်။ အဲဒီကဏ္ဍမှာတော့ အတော့်ကို တိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။”

ဒါပေမယ့်လည်း ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍမှာ စွမ်းအင်တြေသိုလှောင်ထားနိုင်ဖို့ကတော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ စွမ်းအင်ကုမ္ပဏီတွေအနေနဲ့လည်း သန့်ရှင်းစွမ်းအင်တွေကို အဆက်မပြတ်ထုတ်ယူပြီး စိတ်ချလက်ချ သိလှောင်ထားနိုင်ဖို့လိုပါတယ်။ လ ျှပ်စစ်ကားတွေအတွက်၊ အိမ်တွေကို အပူပေးနိုင်ဖို့အတွက်ဆိုရင်တော့ စိတ်ချရတဲ့ စွမ်းအင်မျိုးကိုပဲ လူမှုအသိုင်းအဝိုင်းက လိုလားကြတာပါ။

“ ဆောင်းတွင်းတတွင်းလုံး အသုံးပြုနိုင်လောက်အောင် အရွယ်အစားကြီးတဲ့ ဘထ္ထရီတွေ ရှိတယ်ဆိုပေမယ့် ဈေးချိုတာတော့မဟုတ်ပါဘူး။ ရေရှည် အားသွင်းထားနိုင်မယ့် ဘထ္ထရီမျိုးကို ကျမတို့လိုအပ်ပါတယ်။ ရေစွမ်းအင်ထုတ်ယူဖို့ ရေစုပ်နိုင်တဲ့ ဘထ္ထရီတွေတော့ရှိပါတယ်။ လက်ရှိနည်းပညာတွေကို ပိုကောင်းအောင်လုပ်နေတာလည်းရှိသလို ဆက်ပြီးတီထွင်နေတာလည်းရှိပါတယ်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေကို စွမ်းအင်အဖြစ်သိုလှောင်ထားနိုင်တဲ့ အလားအလာလည်းရှိပါတယ်။ ရေကနေရတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်တွေကို ကဏ္ဍအေတော်များများမှာ အသုံးပြုလို့ရပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ အိမ်ကိုအနွေးပေးဖို့ ဆိုတာမျိုးတွေပေါ့။ လိုအပ်လာရင် လ ျှပ်စစ်စွမ်းအားအဖြစ်လည်း လုပ်လို့ရပါတယ်။ “

ကမ္ဘာ့ပူနွေးမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေလေ ျှာ့ချနိုင်အောင် နေစွမ်းအင်၊ လေစွမ်းအင်နဲ့ ရေစွမ်းအင်ကနေ သန့်ရှင်းစွမ်းအင်တြေ အဓိက ထုတ်ယူကြဖို့ ထောက်ခံပြောဆိုတာတွေ ပိုကြားလာရသလို နိုင်ငံ တကာအနုမြူစွမ်းအင်အေဂျင်စီကလည်း Nuclear Fusion လို့ခေါ်တဲ့ ပေါင်းစည်းစွမ်းအင်ထုတ်ယူမှုလို အခြားနည်းပညာတွေသစ်တွေကိုပါ ရွာဖြေကြံဆေနကြတာပါ။

လာမယ့် ၂၀၅၀ ခုနှစ်အရောက်မှာတော့ အဆင့်မြင့်နည်းပညာတွေအသုံးပြုရာက ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို တဝက်နီးပါးလေ ျှာ့ချနိုင်ဖို့ခန့်မှန်းထားကြပေမယ့်လည်း လက်ရှိမှာတော့ စမ်းသပ်နေကြတဲ့အဆင့်ပဲရှိပါသေးတယ်။ လေထုထဲကနေ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူတဲ့နည်းလမ်းတွေအပြင် Fusion ပေါင်းစည်းစွမ်းအင်ထုတ်ယူမှုတွေကလည်း အလားအလာကောင်းတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။

နိုင်ငံပေါင်း ၃၅ နိုင်ငံတို့ ပူးပေါင်းပြီးလုပ်ကိုင်နေတဲ့ ITER ဓာတ်ပေါင်းဖိုမှာတော့ Nuclaer Fusion Hydrogen နဲ့ ဟီလီယမ်အက်တမ်တွေကို အတင်းပေါင်းစပ်တာ၊ ဒါမှမဟုတ် ဒီပေါင်းစပ်မှုဖြစ်စဉ်ကို လိုသလိုထိန်းချုပ်နိုင်အောင်စမ်းသပ်နေကြတာပါ။ နျူကလီးယားဓာတ်ပေါင်းဖိုကနေ စွမ်းအင်ထုတ်ယူတဲ့နေရာမှာ အပူချိန်အများကြီးထွက်သလို ၊ ရေဒီယိုသတ္တိကြွ အန္တရာယ်လည်း ရှိတတ်ပါတယ်။ ITER ဓာတ်ပေါင်းဖိုမှာတော့ အပူချိန်ထွက်တာသိပ်များပေမယ့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကတော့ သိပ်ကိုနည်းပါတယ်။ (ITER) ရဲ့ပြောခွင့်ရသူ Laban Coblentz ကလည်း သန့်ရှင်းစွမ်းအင်ကဏ္ဍမှာ ခပ်မြန်မြန်ရင်း နှီးမြှပ်နှံကြဖို့တိုက်တွန်းနေပါတယ်။

“နျူကလီးယားဓာတ်ပေါင်းဖိုဆောက်လုပ်ရေး ဥရောပငွေကြေး ဘီလီယံ၂၀ လောက်ကျသင့်မယ်လို့ ITER ကခန့်မှန်းထားပါတယ်။ဥရောပမှာ တရက်ကို ဥရောပငွေကြေး ၁ ဘီလီယံဖိုး လောင်စာတွေ ဝယ်ယူနေရတာပါ။ သုံးပတ်တခါ ငွေချေနေရတာဖြစ်ပါတယ်။ ဒါက လက်ရှိ အဓီက ဦးစားပေးဖြစ်နေပါတယ်”

ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ ကျောက်မီးသွေးတွေလို တွင်းထွက်လောင်စာတွေကြောင့်ကမ္ဘာကြီး တနေ့ထက်တနေ့ ပိုပြီးပူနွေးလာတာဖြစ်တဲ့အတွက် ပြန်ပြည့်မြဲသန့်ရှင်းစွမ်းအင်တွေကိုသာ ၁၀၀ ရာခိုင်နှုန်းထုတ်ယူသုံးစွဲသင့်တယ်လို့ အတော်များများက ယူဆနေကြတယ်လို့လည်း ပါမောက္ခ Gambhir ကပြောပါတယ်။ နျူကလီးယားစွမ်းအင်ထုတ်ယူရေး အကုန်အကျများလှပေမယ့်လည်း သန့်ရှင်းစွမ်းအင်ထုတ်ယူရေးကတော့ အကုန်အကျအနည်းဆုံးနည်းလမ်း ဖြစ်ပါတယ်လို့လည်း ပါမောက္ခ Gambhir ကပြောပါတယ်။

ဥတုရာသီပြောင်းလဲမှုကြောင့်ပေါ်ပေါက်လာတဲ့ သဘာဝဘေးအန္တရာယ်တွေ တနေ့တခြားဆိုးရွားလာနေသလို ဒါကိုထိန်းချုပ်ဖို့မလုပ်နိုင်ဘူးဆိုရင် နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်ရတော့မယ် လို့လည်း သိပ္ပံပညာရှင်တွေက သတိပေးနေကြတာပါ။ ဒါကြောင့်လည်း သန့်ရှင်းစွမ်းအင်ထုတ်ယူရေး ကမ္ဘာတဝန်းအပြိုင်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာကျင်းပတော့မယ့် COP26 ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာတော့ ကမ္ဘာ့ပူနွေးမှုထိန်းချုပ်ရေး ကြုံနေရတဲ့အခက်အခဲတွေကို အပြင်းအထန်ဆွေးနွေးကြမယ်လို့ ခန့်မှန်းနေကြပါတယ်။
XS
SM
MD
LG