သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡေတြအတြက္ ကူညီေပးရင္း ေသဆုံးရတဲ့ ထိပ္ဆုံး ၃ ႏိုင္ငံမွာ ျမန္မာႏိုင္ငံပါ


ျမန္မာၾကက္ေျခနီအသင္းဝင္ ဦးမိုးေက်ာ္သန္း လူမႈကူညီေရးလုပ္ငန္းစဥ္အတြင္း စီးနင္းလာတဲ့ ယာဥ္တန္းတုိက္ခုိုက္ခံရၿပီး ဒဏ္ရာရခဲ့စဥ္။ (ေဖေဖၚဝါရီ ၁၇၊ ၂၀၁၅)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံဟာ အကူအညီေပးေရးလုပ္သားေတြအတြက္ ကမာၻမွာအႏၲရာယ္အႀကီးဆုံး လႈပ္ရွားလုပ္ကိုင္ေနရတဲ့ ႏိုင္ငံေတြထဲက တခုအျဖစ္ပါဝင္ေနတယ္လို႔ CARE International ႏိုင္ငံတကာပရဟိတအဖြဲ႕ႀကီးရဲ႕ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံထဲမွာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေနသူေတြ ဘယ္လိုျဖတ္သန္းေနရပါသလဲ။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

၂၀၂၂ ခုႏွစ္က အေစာပိုင္းကစၿပီး ကမာၻေပၚက ပဋိပကၡေတြၾကား အကူအညီေပးေရးလုပ္သား ၄၄ ေယာက္ေသဆုံးခဲ့ၿပီး ေတာင္ဆူဒန္၊ အာဖဂန္နစၥတန္နဲ႔ ျမန္မာႏိုင္ငံမွာ အမ်ားဆုံး ေသဆုံးခဲ့တာလို႔ CARE International အဖြဲ႕ ႀကီးရဲ႕ စစ္တမ္းမွာ ေဖာ္ျပပါတယ္။ အခုႏွစ္ဆန္းကစလို႔ ေတာင္ဆူဒန္ မွာ ေသဆုံးခဲ့တဲ့ အကူအညီေပးေရးလုပ္သား ၁၁ ေယာက္ရွိၿပီး အာဖဂန္နစၥတန္မွာ ၈ ေယာက္ရွိသလို ျမန္မာႏိုင္ငံမွာ ၇ ဦး ေသဆုံးခဲ့အေၾကာင္း စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အကူအညီေပးေရးလုပ္ငန္းေတြလုပ္ကိုင္ရာမွာ အရင္နဲ႔မတူဘဲ အခက္အခဲေတြ ရင္ဆိုင္ေနရတယ္လို႔ ပရဟိတေဆာင္႐ြက္သူေတြက ေျပာပါတယ္။ ဒုကၡေရာက္ေနသူေတြကို ၂၄ နာရီ အခ်ိန္မေ႐ြးကူညီေပးႏိုင္ဖို႔က စစ္ေကာင္စီကထုတ္ျပန္ထားတဲ့ ညမထြက္ရအမိန႔္အပါအဝင္ ေဒသတြင္းလုံၿခဳံေရး အေျခအေနေတြေၾကာင့္ အခက္ေတြ႕ေနတယ္လို႔ မြန္ျပည္နယ္အေျခစိုက္ ကူညီေပးေနတဲ့ ပရဟိတအဖြဲ႕တခုရဲ႕ တာဝန္ခံက ေျပာပါတယ္။

"ဟိုးအရင္တုန္းကနဲ႔ ဒီေနာက္ပိုင္း အခ်ိန္ကာလေတြမွာ က်ေနာ္တို႔သြားလာရတာ သိပ္ၿပီးေတာ့ လြတ္လပ္မႈမရွိဘူးေပါ့ဗ်ာ။ အရင္တုန္းကဆိုရင္ က်ေနာ္တို႔ကို ၂၄ နာရီေခၚမယ္ဆိုလို႔ရွိရင္ ၂၄ နာရီပတ္လုံးသြားလို႔ရတယ္။ အခုေနာက္ပိုင္းမွာ ညမထြက္ရအမိန႔္တို႔ဘာတို႔ ရွိတဲ့အခါက်ေတာ့ ညပိုင္းဖုန္းဝင္လာရင္ က်ေနာ္တို႔က ရဲစခန္းကိုဖုန္းဆက္လိုက္လို႔ ထြက္ပါလို႔ သူတို႔ေျပာရင္ ၿမိဳ႕ထဲမွာဆိုရင္ က်ေနာ္တို႔ထြက္တယ္။ ၿမိဳ႕ျပင္က်ေတာ့ က်ေနာ္တို႔ထြက္လို႔ အဆင္မေျပေတာ့ဘူး။ ဘာလို႔ဆို က်ေနာ္တို႔ အသက္အႏၲရာယ္ကိုလည္း ျပန္ၾကည့္ရေသးတယ္။ က်ေနာ္တို႔လုပ္ေနတယ္ဆိုတာလည္း ျပည္သူလူထုရဲ႕ အလႉေငြနဲ႔လုပ္တာဆိုေတာ့ ညပိုင္းသြားလို႔မရတဲ့အေနအထား ျဖစ္တဲ့အခါက်ေတာ့ က်ေနာ္တို႔ကအားနာတယ္။ ဘာလို႔ဆို သူမ်ားအသက္ကိုကယ္ရင္းနဲ႔ ကိုယ့္အသက္ကိုထိခိုက္လာႏိုင္တဲ့ အေနအထားမ်ိဳး ရွိတဲ့ဟာကလည္း ဝိုင္းကူေပးေနတဲ့ကေလးေတြကို မေပးျဖစ္ေစခ်င္ဘူးေလ။"

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ လမိုင္းၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔တုန္းက လမိုင္းၿမိဳ႕ရဲစခန္းအတြင္းကေန ေသနတ္နဲ႔ပစ္ခတ္ခဲ့လို႔ ပရဟိတလူငယ္တဦး ေသဆုံးခဲ့တဲ့ျဖစ္စဥ္လည္း ရွိခဲ့ပါတယ္။ ပရဟိတအသင္း႐ုံးကေန ေနအိမ္ဆီျပန္လာတဲ့ လမ္းမွာ ေသနတ္နဲ႔ပစ္သတ္ခံလိုက္ရတဲ့ အဲဒီျဖစ္စဥ္ နဲ႔ပတ္သက္လို႔ အသင္း႐ုံးတာဝန္ရွိသူေတြကို ေခၚယူေမးျမန္းတာပဲ လုပ္ေဆာင္ေနၿပီး ဘာမွထူးမလာေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

အကူအညီေပးေရး လုပ္ငန္းလုပ္ကိုင္ေနသူေတြမွာ မတူညီတဲ့ အခက္အခဲေတြ ရွိေနၾကတာပါ။ ရခိုင္ျပည္နယ္မွာ ေဒသတြင္းလူမႈဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကူညီေဆာင္႐ြက္ေနတဲ့ Youth Bright အဖြဲ႕ကေတာ့ သူတို႔အေနနဲ႔ အကူအညီလိုအပ္ေနသူေတြကို ကူညီေပးေနတဲ့ေနရာမွာ မ်ားေသာအားျဖင့္ ကိုယ္ပိုင္ေငြေၾကးနဲ႔သာ ရပ္တည္ေနတာျဖစ္လို႔ ေငြေၾကးပိုင္းဆိုင္ရာမွာ အခက္ေတြ႕ေနတယ္လို႔ အဖြဲ႕တည္ေထာင္သူ ကိုေက်ာ္သိန္းက ေျပာပါတယ္။

"ရခိုင္မွာက AA ရွိတယ္၊ စစ္ေကာင္စီ ရွိတယ္။ က်ေနာ္တို႔လုပ္တာက ဘာမွဘက္မလိုက္ဘူး။ UN ရဲ႕ Law အတိုင္းပဲ လူသားေတြကို ကူညီတဲ့အဖြဲ႕အစည္းေလ။ ဆိုေတာ့ သူတို႔တားရင္ေတာင္မွ က်ေနာ္တို႔မွာက ႐ြာတိုင္း႐ြာတိုင္းမွာ Youth Network ဆိုတာ ရွိေနၿပီးသားဆိုေတာ့ အရမ္းအေရးႀကီးတဲ့ ေနရာမ်ိဳးမွာ အလုပ္လုပ္ကိုင္ရတာ အဆင္ေျပပါတယ္။ အခက္အခဲအရွိဆုံးကေတာ့ Fund ေပါ့ေနာ္။ က်ေနာ္တို႔ဆိုရင္ မ်ားေသာအားျဖင့္ ကိုယ့္ Budget နဲ႔ပဲ ရပ္တည္တာမ်ားပါတယ္။ အခုဆိုရင္ ခရီးစရိတ္က အရမ္းေထာက္တယ္။ အရင္ကဆို ေျမာက္ဦးနဲ႔ စစ္ေတြလာရင္ ၅,၀၀၀ ပဲ ရွိတယ္။ အခုက ၁၂,၀၀၀ ျဖစ္ေနၿပီ။ ပလက္ဝဆို ပိုဆိုးေပါ့။ က်ေနာ္တို႔လူငယ္ေလးေတြ သြားရလာရတာေတာ့ စိန္ေခၚမႈကေတာ့ တျခားသိပ္မရွိပါဘူး။ ဒါေပမဲ့ အဓိကစိန္ေခၚမႈက Fund ေပါ့ေနာ္။"

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ၈ သိန္း၊ ၇ ေသာင္း နီးပါးရွိတယ္လို႔ UNOCHA ကုလသမဂၢ လူသားခ်င္းစာနာကူညီမႈ ညႇိႏႈိင္းေရး႐ုံးက ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး အဖြဲ႔ေတြၾကားက လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးလာသူေတြကို ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ကူညီေထာက္ပံ့ေပးေနသူေတြလည္း ရွိပါတယ္။ အခု ဩဂုတ္လအေစာပိုင္းေလာက္က စၿပီး စစ္ေဘးေရွာင္ကူညီေနသူတခ်ိဳ႕ကို စစ္ေကာင္စီဘက္က ဝန္ခံကတိထိုးခိုင္းတာေတြ ရွိေနတယ္လို႔ လူမႈအဖြဲ႕အစည္းေတြကေန သိရပါတယ္။ အဲဒီ ဝန္ခံကတိမွာ အၾကမ္းဖက္ေသာင္းက်န္းသူေတြနဲ႔ မပတ္သက္၊ မဆက္ႏြယ္ဖို႔ အဓိကပါဝင္တယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီနဲ႔ လက္နက္ကိုင္အဖြဲ႔အစည္း အသီးသီးၾကားမွာ ဒုကၡေရာက္ေနသူေတြကို ကူညီေပးႏိုင္ဖို႔က ကိုယ့္ရဲ႕လုံၿခဳံေရးအတြက္ စိုးရိမ္ေနရတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။

"အထူးသျဖင့္ က်ေနာ္တို႔ရဲ႕ လုံၿခဳံေရးကို အၿမဲသတိထားရတယ္။ အဓိက က်ေနာ္တို႔က ပရဟိတလုပ္ငန္းပဲ လုပ္တာ။ ဘယ္အဖြဲ႕အစည္းနဲ႔မွ က်ေနာ္တို႔ ပတ္သက္မႈမရွိဘူး၊ ဆက္ႏြယ္မႈလည္း မရွိဘူး။ ဒုကၡျဖစ္ေနသူေတြကို လူသားခ်င္းစာနာမႈ အေထာက္အပံ့အေနနဲ႔ ပရဟိတပဲလုပ္တာေလ။ သြားလာမႈကိစၥ နည္းနည္းခက္ခဲတာေတြ ရွိတယ္။ စိုးရိမ္ေတာ့ စိုးရိမ္တာေပါ့။ စိတ္ရဲ႕ ေႏွာင့္ယွက္မႈလည္း ျဖစ္တာေပါ့ဗ်ာ။"

ျမန္မာႏိုင္ငံမွာ အကူအညီေပးေရး လုပ္သားေတြကို အကာအကြယ္ေပးႏိုင္ဖို႔ အေရးႀကီးတယ္လို႔ CARE International ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာ Nate Rabe က ေျပာပါတယ္။ အကူအညီေပးေနတဲ့ လုပ္သားေတြ ေဘးကင္းေအာင္ အကာအကြယ္ေပးႏိုင္ဖို႔နဲ႔ လိုအပ္ေနတဲ့ ေဘးဒုကၡေရာက္တဲ့သူေတြဆီ အကူအညီ အတားအဆီးမရွိ ေပးႏိုင္ဖို႔ အေရးႀကီးတဲ့အေၾကာင္းလည္း Nate Rabe က ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ပဋိပက္ခတွေအတွက် ကူညီပေးရင်း သေဆုံးရတဲ့ ထိပ်ဆုံး ၃ နိုင်ငံမှာ မြန်မာနိုင်ငံပါ

မြန်မာနိုင်ငံဟာ အကူအညီပေးရေးလုပ်သားတွေအတွက် ကမ္ဘာမှာအန္တရာယ်အကြီးဆုံး လှုပ်ရှားလုပ်ကိုင်နေရတဲ့ နိုင်ငံတွေထဲက တခုအဖြစ်ပါဝင်နေတယ်လို့ CARE International နိုင်ငံတကာပရဟိတအဖွဲ့ကြီးရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသူတွေ ဘယ်လိုဖြတ်သန်းနေရပါသလဲ။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

၂၀၂၂ ခုနှစ်က အစောပိုင်းကစပြီး ကမ္ဘာပေါ်က ပဋိပက္ခတွေကြား အကူအညီပေးရေးလုပ်သား ၄၄ ယောက်သေဆုံးခဲ့ပြီး တောင်ဆူဒန်၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံမှာ အများဆုံး သေဆုံးခဲ့တာလို့ CARE International အဖွဲ့ ကြီးရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။ အခုနှစ်ဆန်းကစလို့ တောင်ဆူဒန် မှာ သေဆုံးခဲ့တဲ့ အကူအညီပေးရေးလုပ်သား ၁၁ ယောက်ရှိပြီး အာဖဂန်နစ္စတန်မှာ ၈ ယောက်ရှိသလို မြန်မာနိုင်ငံမှာ ၇ ဦး သေဆုံးခဲ့အကြောင်း စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကူအညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာ အရင်နဲ့မတူဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ပရဟိတဆောင်ရွက်သူတွေက ပြောပါတယ်။ ဒုက္ခရောက်နေသူတွေကို ၂၄ နာရီ အချိန်မရွေးကူညီပေးနိုင်ဖို့က စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်အပါအဝင် ဒေသတွင်းလုံခြုံရေး အခြေအနေတွေကြောင့် အခက်တွေ့နေတယ်လို့ မွန်ပြည်နယ်အခြေစိုက် ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တခုရဲ့ တာဝန်ခံက ပြောပါတယ်။

"ဟိုးအရင်တုန်းကနဲ့ ဒီနောက်ပိုင်း အချိန်ကာလတွေမှာ ကျနော်တို့သွားလာရတာ သိပ်ပြီးတော့ လွတ်လပ်မှုမရှိဘူးပေါ့ဗျာ။ အရင်တုန်းကဆိုရင် ကျနော်တို့ကို ၂၄ နာရီခေါ်မယ်ဆိုလို့ရှိရင် ၂၄ နာရီပတ်လုံးသွားလို့ရတယ်။ အခုနောက်ပိုင်းမှာ ညမထွက်ရအမိန့်တို့ဘာတို့ ရှိတဲ့အခါကျတော့ ညပိုင်းဖုန်းဝင်လာရင် ကျနော်တို့က ရဲစခန်းကိုဖုန်းဆက်လိုက်လို့ ထွက်ပါလို့ သူတို့ပြောရင် မြို့ထဲမှာဆိုရင် ကျနော်တို့ထွက်တယ်။ မြို့ပြင်ကျတော့ ကျနော်တို့ထွက်လို့ အဆင်မပြေတော့ဘူး။ ဘာလို့ဆို ကျနော်တို့ အသက်အန္တရာယ်ကိုလည်း ပြန်ကြည့်ရသေးတယ်။ ကျနော်တို့လုပ်နေတယ်ဆိုတာလည်း ပြည်သူလူထုရဲ့ အလှူငွေနဲ့လုပ်တာဆိုတော့ ညပိုင်းသွားလို့မရတဲ့အနေအထား ဖြစ်တဲ့အခါကျတော့ ကျနော်တို့ကအားနာတယ်။ ဘာလို့ဆို သူများအသက်ကိုကယ်ရင်းနဲ့ ကိုယ့်အသက်ကိုထိခိုက်လာနိုင်တဲ့ အနေအထားမျိုး ရှိတဲ့ဟာကလည်း ဝိုင်းကူပေးနေတဲ့ကလေးတွေကို မပေးဖြစ်စေချင်ဘူးလေ။"

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက လမိုင်းမြို့ရဲစခန်းအတွင်းကနေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပရဟိတလူငယ်တဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ပရဟိတအသင်းရုံးကနေ နေအိမ်ဆီပြန်လာတဲ့ လမ်းမှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတဲ့ အဲဒီဖြစ်စဉ် နဲ့ပတ်သက်လို့ အသင်းရုံးတာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းတာပဲ လုပ်ဆောင်နေပြီး ဘာမှထူးမလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အကူအညီပေးရေး လုပ်ငန်းလုပ်ကိုင်နေသူတွေမှာ မတူညီတဲ့ အခက်အခဲတွေ ရှိနေကြတာပါ။ ရခိုင်ပြည်နယ်မှာ ဒေသတွင်းလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်နေတဲ့ Youth Bright အဖွဲ့ကတော့ သူတို့အနေနဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးနေတဲ့နေရာမှာ များသောအားဖြင့် ကိုယ်ပိုင်ငွေကြေးနဲ့သာ ရပ်တည်နေတာဖြစ်လို့ ငွေကြေးပိုင်းဆိုင်ရာမှာ အခက်တွေ့နေတယ်လို့ အဖွဲ့တည်ထောင်သူ ကိုကျော်သိန်းက ပြောပါတယ်။

"ရခိုင်မှာက AA ရှိတယ်၊ စစ်ကောင်စီ ရှိတယ်။ ကျနော်တို့လုပ်တာက ဘာမှဘက်မလိုက်ဘူး။ UN ရဲ့ Law အတိုင်းပဲ လူသားတွေကို ကူညီတဲ့အဖွဲ့အစည်းလေ။ ဆိုတော့ သူတို့တားရင်တောင်မှ ကျနော်တို့မှာက ရွာတိုင်းရွာတိုင်းမှာ Youth Network ဆိုတာ ရှိနေပြီးသားဆိုတော့ အရမ်းအရေးကြီးတဲ့ နေရာမျိုးမှာ အလုပ်လုပ်ကိုင်ရတာ အဆင်ပြေပါတယ်။ အခက်အခဲအရှိဆုံးကတော့ Fund ပေါ့နော်။ ကျနော်တို့ဆိုရင် များသောအားဖြင့် ကိုယ့် Budget နဲ့ပဲ ရပ်တည်တာများပါတယ်။ အခုဆိုရင် ခရီးစရိတ်က အရမ်းထောက်တယ်။ အရင်ကဆို မြောက်ဦးနဲ့ စစ်တွေလာရင် ၅,၀၀၀ ပဲ ရှိတယ်။ အခုက ၁၂,၀၀၀ ဖြစ်နေပြီ။ ပလက်ဝဆို ပိုဆိုးပေါ့။ ကျနော်တို့လူငယ်လေးတွေ သွားရလာရတာတော့ စိန်ခေါ်မှုကတော့ တခြားသိပ်မရှိပါဘူး။ ဒါပေမဲ့ အဓိကစိန်ခေါ်မှုက Fund ပေါ့နော်။"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈ သိန်း၊ ၇ သောင်း နီးပါးရှိတယ်လို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြားက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကူညီထောက်ပံ့ပေးနေသူတွေလည်း ရှိပါတယ်။ အခု ဩဂုတ်လအစောပိုင်းလောက်က စပြီး စစ်ဘေးရှောင်ကူညီနေသူတချို့ကို စစ်ကောင်စီဘက်က ဝန်ခံကတိထိုးခိုင်းတာတွေ ရှိနေတယ်လို့ လူမှုအဖွဲ့အစည်းတွေကနေ သိရပါတယ်။ အဲဒီ ဝန်ခံကတိမှာ အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ မပတ်သက်၊ မဆက်နွယ်ဖို့ အဓိကပါဝင်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကြားမှာ ဒုက္ခရောက်နေသူတွေကို ကူညီပေးနိုင်ဖို့က ကိုယ့်ရဲ့လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"အထူးသဖြင့် ကျနော်တို့ရဲ့ လုံခြုံရေးကို အမြဲသတိထားရတယ်။ အဓိက ကျနော်တို့က ပရဟိတလုပ်ငန်းပဲ လုပ်တာ။ ဘယ်အဖွဲ့အစည်းနဲ့မှ ကျနော်တို့ ပတ်သက်မှုမရှိဘူး၊ ဆက်နွယ်မှုလည်း မရှိဘူး။ ဒုက္ခဖြစ်နေသူတွေကို လူသားချင်းစာနာမှု အထောက်အပံ့အနေနဲ့ ပရဟိတပဲလုပ်တာလေ။ သွားလာမှုကိစ္စ နည်းနည်းခက်ခဲတာတွေ ရှိတယ်။ စိုးရိမ်တော့ စိုးရိမ်တာပေါ့။ စိတ်ရဲ့ နှောင့်ယှက်မှုလည်း ဖြစ်တာပေါ့ဗျာ။"

မြန်မာနိုင်ငံမှာ အကူအညီပေးရေး လုပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ CARE International ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Nate Rabe က ပြောပါတယ်။ အကူအညီပေးနေတဲ့ လုပ်သားတွေ ဘေးကင်းအောင် အကာအကွယ်ပေးနိုင်ဖို့နဲ့ လိုအပ်နေတဲ့ ဘေးဒုက္ခရောက်တဲ့သူတွေဆီ အကူအညီ အတားအဆီးမရှိ ပေးနိုင်ဖို့ အရေးကြီးတဲ့အကြောင်းလည်း Nate Rabe က ပြောဆိုသွားပါတယ်။

XS
SM
MD
LG