သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ ကန္ပက္လက္မွာ တိုက္ပဲြေတြေၾကာင့္ ေဒသခံေတြတိမ္းေရွာင္


Kanpetlet CDF / ကန္ပက္လက္ (မွတ္တမ္းဓါတ္ပုံ)

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ကေန အင္အားနဲ႔ထိုးစစ္ဆင္လာတာေၾကာင့္ ေဒသခံခ်င္းကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြနဲ႔ ရက္ဆက္ တိုက္ပြဲျဖစ္ေနသလို ႐ြာ(၄)႐ြာက ေဒသခံ ႐ြာသားတေထာင္ခန႔္ဟာလဲ ေဘးလြတ္ရာ တိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ ကေျပာျပေပးမွာပါ။

ခ်င္းျပည္နယ္ ကန္ပက္လက္မွာ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြတိမ္းေရွာင္

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ကေန အင္အားနဲ႔ထိုးစစ္ဆင္လာတာေၾကာင့္ ေဒသခံခ်င္းကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြနဲ႔ ရက္ဆက္ တိုက္ပြဲျဖစ္ေနသလို ႐ြာ(၄)႐ြာက ေဒသခံ ႐ြာသားတေထာင္ခန႔္ဟာလဲ ေဘးလြတ္ရာ တိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ ကေျပာျပေပးမွာပါ။

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ အတြင္းမွာ ေဒသခံ ခ်င္းကာကြယ္ေရးပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား ဒီကေန႔မွာ ႏွစ္ေနရာတိုက္ပြဲျဖစ္ပြါးေနတယ္လို႔ CDF-Kanpetlet ျပန္ၾကားေရး တာဝန္ရွိသူတဦး ကေျပာပါတယ္။

“ ဒီေန႔ကေတာ့ ထိေတြ႕တိုက္ပြဲကေတာ့ ၿမိဳ႕တြင္းမွာလဲျဖစ္တယ္ေပါ့ေနာ္။ ကန္ပက္လက္ၿမိဳ႕ထဲမွာလဲ ထိေတြ႕တိုက္ပြဲျဖစ္ပြါးခဲ့တယ္။ ၿပီးေတာ့မွ ဒုတိယတိုက္ပြဲ ျဖစ္တဲ့ေနရာကေတာ့ စစ္ေကာင္စီအထိုင္ခ်တဲ့ေနရာေပါ့။ Vokok ကြၽန္ေတာ္တို႔တပ္ရင္း(၂) အထိုင္စခန္းမွာ။ စစ္ေကာင္စီအထိုင္ကေတာ့ ကြၽန္ေတာ္တို႔က အနီးကပ္ေျပာက္က်ားစံနစ္နဲ႔ ဝင္ပစ္ေတာ့ အျပန္လွန္ပစ္ခတ္မႈေတြ ျဖစ္တယ္ေပါ့ေနာ္။ ’’

လက္ရွိညေနပိုင္းအထိ ပစ္ခတ္မႈရွိေနလို႔ ထိခိုက္မႈကိုမသိရေသးဘူးလို႔သူကဆိုပါတယ္။

ဒီကေန တိုက္ပြဲျဖစ္ပြါးခဲ့တဲ့ Vokokစခန္းဟာ CDF-Kanpetletရဲ႕ တပ္ရင္း(၂) အထိုင္စခန္းျဖစ္ၿပီး မေန႔က ဇြန္လ(၁၀)ရက္ေန႔မွာ စစ္ေကာင္စီတပ္က အင္အားအလုံးအရင္းနဲ႔ တိုက္ခိုက္ခဲ့တာေၾကာင့္ ေနာက္ဆုတ္ေပးရတယ္လို႔ CDF-Kanpetlet ျပန္ၾကားေရး တာဝန္ရွိသူက ဆက္ေျပာပါတယ္။

“ မေန႔တုန္းကေတာ့ CDF-Kanpetlet တပ္ရင္း(၂) ကြၽန္ေတာ္တို႔ Vokok အထိုင္စခန္းကို သူတို႔က အင္အားအလုံးအရင္း နဲ႔ ထိုးလာတဲ့ အတြက္ေၾကာင့္မို႔ ကြၽန္ေတာ္တို႔ လက္နက္အင္အားမမွ်တဲ့အတြက္ေၾကာင့္ေပါ့ေနာ္။ ၿပီးေတာ့မွ ေက်ာက္ထု အေျမာက္တပ္ကေနၿပီးေတာ့မွ မင္းတပ္ ခလရ(၂၇၄)ကေန လက္နက္ႀကီး ပစ္ကူေတြေပးၿပီးေတာ့မွ အလုံးအရင္းနဲ႔ထုလာတဲ့ အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ တပ္ေနာက္ဆုတ္ေပးရတဲ့အေျခအေနျဖစ္သြားတာေပါ့။ ’’

ဒီစခန္းသိမ္းတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္က ထိခိုက္မႈမ်ားတယ္လို႔ CDF-Kanpetletဘက္က သတင္း ထုတ္ျပန္ ထားပါတယ္။

ဇြန္လ(၁၀)ရက္ေန႔က အထက္လက္ မြန္႐ြာနားမွာ တိုက္ပြဲျဖစ္ပြါးရာမွာလဲ ႐ြာသား(၃)ဦးကို စစ္ေကာင္စီတပ္ဘက္က ဖမ္းဆီးထားၿပီး ျပန္လည္လြတ္ေျမာက္လာတာမရွိေသးပါဘူး။

ကန္ပက္လက္ၿမိဳ႕နယ္ အတြင္းျဖစ္ပြါးေနတဲ့ တိုက္ပြဲအေျခအေနကို သိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့မရခဲ့ပါဘူး။ ကန္ပက္လက္ၿမိဳ႕နယ္အတြင္း(၃)ရက္ဆက္ျဖစ္ပြါးေနတဲ့တိုက္ပြဲေၾကာင့္ အနဲဆုံး႐ြာ(၄)႐ြာက ႐ြာသားတေထာင္ခန႔္ စစ္ေဘး ေရွာင္ေနရတယ္လို႔ ကန္ပက္လက္ လူမႈကူညီေရးအဖြဲ႕တာဝန္ရွိသူတဦးကေျပာပါတယ္။

“ တိုက္ပြဲျဖစ္ေနတာက(၃)ရက္ရွိသြားၿပီး။ အခုအေျခအေနက ဖမ္ပုံရယ္ ရဲေလာင္းပန္းရယ္ ၿပီးေတာ့ ေၾကာ့ေတာ္ ၿပီးေတာ့ ဖားၿပိဳင္း(၄)႐ြာေပါ့။ (၄)႐ြာကအခု စစ္ေရွာင္ေနရတယ္။ သူတို႔ေခ်ာင္းေတြမွာ ေတာင္ဂတုံးေတြမွာ ေတာင္ေတြမွာ အခုေလာ ေလာဆယ္ စစ္ေရွာင္ေနၾကတယ္။ ဦးေရက ခန႔္မွန္းေျခ ဟိုဟာေလာက္ရွိမယ္ တေထာင္ဝန္းက်င္ရွိမယ္။ ’’

တိုက္ပြဲျဖစ္ပြါးခ်ိန္တိမ္းေရွာင္လာရတာျဖစ္လို႔ စစ္ေဘးေရွာင္ေတြအတြက္ စားေသာက္ေရးမွာအခက္ခဲရွိေနၿပီး ကေလးငယ္ တခ်ိဳ႕လဲ ဝမ္းေလ်ာဝမ္းပ်က္ေရာဂါျဖစ္ပြါးေနတယ္လို႔သူကေျပာပါတယ္။

“ မေန႔က စေျပးခိုင္းတယ္။ ဆန္ယူခ်ိန္ေတာင္မရဘူးသူတို႔။ စားေသာက္ေရးတအားခက္ခဲတယ္။ အဲဒီဖက္ကိုဘယ္လိုမွ သြားလို႔ မရဘူး။ လမ္းပန္းဆက္သြယ္ေရးကမေကာင္းဘူး။ ဝမ္းေလွာဝမ္းပ်က္က အခုကြၽန္ေတာ္တို႔က ရဲေလာင္းပန္းစစ္ေရွာင္ေတြဘက္က ေလး ငါး ဆယ္ေယာက္စီ။ ကေလးေတြက ဝမ္းေလွ်ာဝမ္းပ်က္ျဖစ္တာမ်ားတယ္။ ’’

ခ်င္းျပည္နယ္ေတာင္ပိုင္း ကန္ပက္လက္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ CDF-Kanpetlet တို႔ အၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြအတြင္း ေက်း႐ြာ ၁၀ ႐ြာက လူဦးေရ(၃၀၀၀)ခန႔္စစ္ေဘးတိမ္းေရွာင္ေနရသလို ဆိုး႐ြားတဲ့ ရာသီဉတုေတြ အၾကား ေဘးလြတ္ရာေတာေတာင္ထဲမွာ စစ္ေရွာင္ေနၾကရတယ္လို႔ စစ္ေရွာင္ကူညီေရးအဖြဲ႕ဝင္ေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................................

ချင်းပြည်နယ် ကန်ပက်လက်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်

{{Zawgyi/Unicode}}

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ကနေ အင်အားနဲ့ထိုးစစ်ဆင်လာတာကြောင့် ဒေသခံချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ ရက်ဆက် တိုက်ပွဲဖြစ်နေသလို ရွာ(၄)ရွာက ဒေသခံ ရွာသားတထောင်ခန့်ဟာလဲ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ကပြောပြပေးမှာပါ။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အတွင်းမှာ ဒေသခံ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ဒီကနေ့မှာ နှစ်နေရာတိုက်ပွဲဖြစ်ပွါးနေတယ်လို့ CDF-Kanpetlet ပြန်ကြားရေး တာဝန်ရှိသူတဦး ကပြောပါတယ်။

“ ဒီနေ့ကတော့ ထိတွေ့တိုက်ပွဲကတော့ မြို့တွင်းမှာလဲဖြစ်တယ်ပေါ့နော်။ ကန်ပက်လက်မြို့ထဲမှာလဲ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တယ်။ ပြီးတော့မှ ဒုတိယတိုက်ပွဲ ဖြစ်တဲ့နေရာကတော့ စစ်ကောင်စီအထိုင်ချတဲ့နေရာပေါ့။ Vokok ကျွန်တော်တို့တပ်ရင်း(၂) အထိုင်စခန်းမှာ။ စစ်ကောင်စီအထိုင်ကတော့ ကျွန်တော်တို့က အနီးကပ်ပြောက်ကျားစံနစ်နဲ့ ဝင်ပစ်တော့ အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်တယ်ပေါ့နော်။ ’’

လက်ရှိညနေပိုင်းအထိ ပစ်ခတ်မှုရှိနေလို့ ထိခိုက်မှုကိုမသိရသေးဘူးလို့သူကဆိုပါတယ်။

ဒီကနေ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ Vokokစခန်းဟာ CDF-Kanpetletရဲ့ တပ်ရင်း(၂) အထိုင်စခန်းဖြစ်ပြီး မနေ့က ဇွန်လ(၁၀)ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နောက်ဆုတ်ပေးရတယ်လို့ CDF-Kanpetlet ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ မနေ့တုန်းကတော့ CDF-Kanpetlet တပ်ရင်း(၂) ကျွန်တော်တို့ Vokok အထိုင်စခန်းကို သူတို့က အင်အားအလုံးအရင်း နဲ့ ထိုးလာတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ လက်နက်အင်အားမမျှတဲ့အတွက်ကြောင့်ပေါ့နော်။ ပြီးတော့မှ ကျောက်ထု အမြောက်တပ်ကနေပြီးတော့မှ မင်းတပ် ခလရ(၂၇၄)ကနေ လက်နက်ကြီး ပစ်ကူတွေပေးပြီးတော့မှ အလုံးအရင်းနဲ့ထုလာတဲ့ အတွက်ကြောင့် ကျွန်တော်တို့ တပ်နောက်ဆုတ်ပေးရတဲ့အခြေအနေဖြစ်သွားတာပေါ့။ ’’

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတယ်လို့ CDF-Kanpetletဘက်က သတင်း ထုတ်ပြန် ထားပါတယ်။

ဇွန်လ(၁၀)ရက်နေ့က အထက်လက် မွန်ရွာနားမှာ တိုက်ပွဲဖြစ်ပွါးရာမှာလဲ ရွာသား(၃)ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးထားပြီး ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။

ကန်ပက်လက်မြို့နယ် အတွင်းဖြစ်ပွါးနေတဲ့ တိုက်ပွဲအခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။ ကန်ပက်လက်မြို့နယ်အတွင်း(၃)ရက်ဆက်ဖြစ်ပွါးနေတဲ့တိုက်ပွဲကြောင့် အနဲဆုံးရွာ(၄)ရွာက ရွာသားတထောင်ခန့် စစ်ဘေး ရှောင်နေရတယ်လို့ ကန်ပက်လက် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

“ တိုက်ပွဲဖြစ်နေတာက(၃)ရက်ရှိသွားပြီး။ အခုအခြေအနေက ဖမ်ပုံရယ် ရဲလောင်းပန်းရယ် ပြီးတော့ ကြော့တော် ပြီးတော့ ဖားပြိုင်း(၄)ရွာပေါ့။ (၄)ရွာကအခု စစ်ရှောင်နေရတယ်။ သူတို့ချောင်းတွေမှာ တောင်ဂတုံးတွေမှာ တောင်တွေမှာ အခုလော လောဆယ် စစ်ရှောင်နေကြတယ်။ ဦးရေက ခန့်မှန်းခြေ ဟိုဟာလောက်ရှိမယ် တထောင်ဝန်းကျင်ရှိမယ်။ ’’

တိုက်ပွဲဖြစ်ပွါးချိန်တိမ်းရှောင်လာရတာဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် စားသောက်ရေးမှာအခက်ခဲရှိနေပြီး ကလေးငယ် တချို့လဲ ဝမ်းလျောဝမ်းပျက်ရောဂါဖြစ်ပွါးနေတယ်လို့သူကပြောပါတယ်။

“ မနေ့က စပြေးခိုင်းတယ်။ ဆန်ယူချိန်တောင်မရဘူးသူတို့။ စားသောက်ရေးတအားခက်ခဲတယ်။ အဲဒီဖက်ကိုဘယ်လိုမှ သွားလို့ မရဘူး။ လမ်းပန်းဆက်သွယ်ရေးကမကောင်းဘူး။ ဝမ်းလှောဝမ်းပျက်က အခုကျွန်တော်တို့က ရဲလောင်းပန်းစစ်ရှောင်တွေဘက်က လေး ငါး ဆယ်ယောက်စီ။ ကလေးတွေက ဝမ်းလျှောဝမ်းပျက်ဖြစ်တာများတယ်။ ’’

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ CDF-Kanpetlet တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကျေးရွာ ၁၀ ရွာက လူဦးရေ(၃၀၀၀)ခန့်စစ်ဘေးတိမ်းရှောင်နေရသလို ဆိုးရွားတဲ့ ရာသီဉတုတွေ အကြား ဘေးလွတ်ရာတောတောင်ထဲမှာ စစ်ရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။

XS
SM
MD
LG