(Zawgyi/Unicode)
ဒုတိယကမၻာစစ္ကာလအတြင္း ျမန္မာနိုင္ငံထဲ က်ဆုံး၊ ေပ်ာက္ဆုံးသြားတဲ့ အေမရိကန္စစ္သည္မ်ားရဲ့ ျဖစ္နိုင္ေျခ လူသား႐ုပ္ႂကြင္းေတြကို မႏၲေလးေလဆိပ္မွာ ဒီကေန႔ ဂုဏ္ျပဳအခမ္းအနားနဲ႔ အေမရိကန္ျပည္ေထာင္စုဆီ ျပန္လည္ပို႔ေဆာင္ပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက တႀကိမ္ ျဖစ္နိုင္ေျခ ႐ုပ္ႂကြင္းေတြကို အေမရိကန္ျပည္ေထာင္စုဆီ ပို႔ေဆာင္ခဲ့ၿပီးေတာ့ ျမန္မာနိုင္ငံသားေတြရဲ့ ေက်းဇူးေၾကာင့္လို႔ အခုပို႔ေဆာင္တာက ဒုတိယအႀကိမ္ ပို႔ေဆာင္နိုင္တာျဖစ္တယ္လို႔ အေမရိကန္သံ႐ုံးတာဝန္ရွိသူက ေျပာပါတယ္။ အေမရိကန္စစ္သည္႐ုပ္ႂကြင္း ျပန္လည္ပို႔ေဆာင္တဲ့ ဂုဏ္ျပဳအခမ္းအနားအေၾကာင္း ကိုစည္သူေျပာျပေပးမွာပါ။
အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနေအာက္က စစ္ႂကြင္းရွာေဖြမွတ္တမ္းတင္ေရး ေအဂ်င္စီ (DPAA) ရဲ့ အစီအစဥ္ကတစ္ဆင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဆားလင္းႀကီး ေဒသတဝိုက္က ရွာေဖြေတြ႕ရွိခဲ့တဲ့ ဒုတိယကမၻာစစ္အတြင္း က်ဆုံး၊ ေပ်ာက္ဆုံး က်န္ရစ္ခဲ့သည့္ အေမရိကန္ စစ္သည္မ်ား၏ ျဖစ္နိုင္ေျခရွိေသာ လူသား႐ုပ္ႂကြင္းမ်ားကို အေမရိကန္ ျပည္ေထာင္စုက ယေန႔ ျပန္လည္ သယ္ယူပို႔ေဆာင္ခဲ့တာပါ။ အခုလို ျပန္လည္သယ္ယူပို႔ေဆာင္တဲ့ ျဖစ္နိုင္ေျခရွိတဲ့ လူသား႐ုပ္ႂကြင္းေတြဟာ ၁၉၄၄ ေဖေဖာ္ဝါရီလအတြင္း ျမန္မာနိုင္ငံထဲပ်ံသန္းခဲ့တဲ့ B-25G ေလယာဥ္ေပၚမွာ လိုက္ပါလာသူ ခုႏွစ္ေယာက္ရဲ့ ႐ုပ္ႂကြင္းလို႔ယူဆတာေၾကာင့္ အခုလိုသယ္ယူရတာလို႔ DPAA ရဲ့ ရွာေဖြေရးကၽြမ္းက်င္သူ Dr.Alexander Baer က အခုလိုေျပာပါတယ္။
“ဒုတိယကမၻာစစ္တုန္းက ေလယာဥ္ပ်က္က်သြားတဲ့ ေနရာကို မူတည္ၿပီး ရွာေဖြထားတာပါ။ ေလယာဥ္ပ်ံပ်က္က်သြားတုန္းက အေထာက္အထား ဓာတ္ပုံတခ်ိဳ႕က်ေနာ္တို႔ ရထားပါတယ္။ ႐ုပ္ႂကြင္းေတြက ေလယာဥ္အစိတ္အပိုင္းတစ္ခ်ိဳ႕နဲ႔ တြဲရက္ ေတြ႕ရွိထားရတာဆိုေတာ့ ဒါေတြက အေမရိကန္စစ္သားေတြရဲ့ ႐ုပ္ႂကြင္းျဖစ္လိမ့္မယ္ဆိုတာ က်ေနာ္တို႔ ယုံၾကည္ပါတယ္။”
အခု႐ုပ္ႂကြင္းေတြကို မည္သူမည္ဝါ၊ မည္သည့္အရာျဖစ္ေၾကာင္းကို အေမရိကန္ျပည္ေထာင္စု၊ ဟာဝိုင္အီမွာရွိတဲ့ DPAA ဓာတ္ခြဲခန္းမွာ ဆက္လက္ရွာေဖြေဖာ္ထုတ္မွာျဖစ္ပါတယ္။
ျဖစ္နိုင္ေခ်႐ုပ္ႂကြင္း ျပန္လည္ပို႔ေဆာင္ေရးကို ၂၀၁၉ မွာ ပထမအႀကိမ္ျပဳလုပ္ခဲ့ၿပီးေတာ့ အဲဒီတုန္းက သယ္ယူပို႔ေဆာင္ခဲ့တဲ့ အရိုးစုေတြဟာ မည္သည့္ စစ္သည္ျဖစ္တယ္ဆိုတာကိုေတာ့ DPAA ဓာတ္ခြဲခန္းက အတည္မျပဳနိုင္ေသးပါဘူး။ အခုရွာေဖြမႈကို စစ္ကိုင္းတိုင္းေဒသမွာ လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက စတင္ခဲ့တာလို႔ အစီအစဥ္ရဲ့ အဖြဲ႕ေခါင္းေဆာင္ Captain Matt Moschgat က သတင္းေထာက္ေတြကို ေျပာပါတယ္။
အရင္လည္း ရွာေဖြမႈေတြလုပ္ခဲ့ဖူးပါတယ္။ အခုရွာေဖြမႈကို DPA က ကာလအေတာ္ၾကာကတည္းက ျပင္ဆင္ေနခဲ့တာပါ။ ႏွစ္နိုင္ငံညႇိႏွိုင္းမႈေတြၿပီးတဲ့ လြန္ခဲ့တဲ့ ၂ ႏွစ္ကမွ စတင္ႏိုင္ခဲ့တာပါ။
DPAA အေနနဲ႔ ျမန္မာနိုင္ငံမွာ ၂၀၀၃-၀၄ မွာရွာေဖြေရးအစီအစဥ္ ၃ ႀကိမ္နဲ႔ ၂၀၁၃-၂၀၂၀ အတြင္း ရွာေဖြေရး ၉ ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ ျမန္မာနိုင္ငံအတြင္းမွာ အေမရိကန္က်ဆုံး၊ေပ်ာက္ဆုံးစစ္သည္ ၂၃ ေယာက္ရဲ့ ႐ုပ္ႂကြင္းေတြကို အတည္ျပဳ ရွာေဖြနိုင္ခဲ့ၿပီးေတာ့ စစ္သည္ ၅၀၅ ေယာက္ က်န္ရစ္ ေပ်ာက္ဆုံးေနေသးတယ္လို႔ DPAA က ထုတ္ျပန္ထားပါတယ္။
ဒုတိယကမၻာစစ္အပါအဝင္ စစ္ပြဲေတြေၾကာင့္ အေမရိကန္နိုင္ငံျပင္ပ က်ဆုံး၊ ေပ်ာက္ဆုံးအေမရိကန္စစ္သည္ ၈၂,၀၀၀ ေက်ာ္ရွိတယ္လို႔ (DPAA) ရဲ့အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။ က်ဆုံး၊ ေပ်ာက္ဆုံးစစ္သည္ေတြကို ရွာေဖြရာမွာ ျမန္မာနိုင္ငံအျပင္ ဒုတိယကမၻာစစ္အတြင္း စစ္ေျမျပင္ျဖစ္ခဲ့တဲ့ အိႏၵိယ၊ လာအို၊ ကေမၺာဒီးယား၊ ဖိလစ္ပိုင္နိုင္ငံေတြမွာလည္း ျပန္လည္ရွာေဖြေရးအစီအစဥ္ေတြ လုပ္ေနပါတယ္။ ဒါ့အျပင္ ၁၉၅၀-၅၃ ကိုရီးယားစစ္ပြဲနဲ႔ ၁၉၇၅ ဗီယက္နမ္စစ္ၿပီးကာလ သက္ဆိုင္ရာနိုင္ငံေတြမွာ က်ဆုံး၊ ေပ်ာက္ဆုံးခဲ့ၾကတဲ့ အေမရိကန္စစ္သည္ေတြကို ျပန္လည္ရွာေဖြေဖာ္ထုတ္ၿပီးေတာ့ သက္ဆိုင္ရာမိသားစုနဲ႔ နိုင္ငံေတာ္ထံ ျပန္လည္အပ္ႏွံေရးအစီအစဥ္ေတြလည္း ေဆာင္ရြက္ေနပါတယ္။
[Unicode Version]
အမေရိကန်တပ်ဖွဲ့ဝင်ရုပ်ကြွင်း ဖြစ်နိုင်ခြေများ အမေရိကန် ပြန်ပို့
ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံထဲ ကျဆုံး၊ ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သည်များရဲ့ ဖြစ်နိုင်ခြေ လူသားရုပ်ကြွင်းတွေကို မန္တလေးလေဆိပ်မှာ ဒီကနေ့ ဂုဏ်ပြုအခမ်းအနားနဲ့ အမေရိကန်ပြည်ထောင်စုဆီ ပြန်လည်ပို့ဆောင်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက တကြိမ် ဖြစ်နိုင်ခြေ ရုပ်ကြွင်းတွေကို အမေရိကန်ပြည်ထောင်စုဆီ ပို့ဆောင်ခဲ့ပြီးတော့ မြန်မာနိုင်ငံသားတွေရဲ့ ကျေးဇူးကြောင့်လို့ အခုပို့ဆောင်တာက ဒုတိယအကြိမ် ပို့ဆောင်နိုင်တာဖြစ်တယ်လို့ အမေရိကန်သံရုံးတာဝန်ရှိသူက ပြောပါတယ်။ အမေရိကန်စစ်သည်ရုပ်ကြွင်း ပြန်လည်ပို့ဆောင်တဲ့ ဂုဏ်ပြုအခမ်းအနားအကြောင်း ကိုစည်သူပြောပြပေးမှာပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအောက်က စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (DPAA) ရဲ့ အစီအစဉ်ကတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး ဒေသတဝိုက်က ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံး၊ ပျောက်ဆုံး ကျန်ရစ်ခဲ့သည့် အမေရိကန် စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို အမေရိကန် ပြည်ထောင်စုက ယနေ့ ပြန်လည် သယ်ယူပို့ဆောင်ခဲ့တာပါ။ အခုလို ပြန်လည်သယ်ယူပို့ဆောင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူသားရုပ်ကြွင်းတွေဟာ ၁၉၄၄ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံထဲပျံသန်းခဲ့တဲ့ B-25G လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ခုနှစ်ယောက်ရဲ့ ရုပ်ကြွင်းလို့ယူဆတာကြောင့် အခုလိုသယ်ယူရတာလို့ DPAA ရဲ့ ရှာဖွေရေးကျွမ်းကျင်သူ Dr.Alexander Baer က အခုလိုပြောပါတယ်။
“ဒုတိယကမ္ဘာစစ်တုန်းက လေယာဉ်ပျက်ကျသွားတဲ့ နေရာကို မူတည်ပြီး ရှာဖွေထားတာပါ။ လေယာဉ်ပျံပျက်ကျသွားတုန်းက အထောက်အထား ဓာတ်ပုံတချို့ကျနော်တို့ ရထားပါတယ်။ ရုပ်ကြွင်းတွေက လေယာဉ်အစိတ်အပိုင်းတစ်ချို့နဲ့ တွဲရက် တွေ့ရှိထားရတာဆိုတော့ ဒါတွေက အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းဖြစ်လိမ့်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။”
အခုရုပ်ကြွင်းတွေကို မည်သူမည်ဝါ၊ မည်သည့်အရာဖြစ်ကြောင်းကို အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီမှာရှိတဲ့ DPAA ဓာတ်ခွဲခန်းမှာ ဆက်လက်ရှာဖွေဖော်ထုတ်မှာဖြစ်ပါတယ်။
ဖြစ်နိုင်ချေရုပ်ကြွင်း ပြန်လည်ပို့ဆောင်ရေးကို ၂၀၁၉ မှာ ပထမအကြိမ်ပြုလုပ်ခဲ့ပြီးတော့ အဲဒီတုန်းက သယ်ယူပို့ဆောင်ခဲ့တဲ့ အရိုးစုတွေဟာ မည်သည့် စစ်သည်ဖြစ်တယ်ဆိုတာကိုတော့ DPAA ဓာတ်ခွဲခန်းက အတည်မပြုနိုင်သေးပါဘူး။ အခုရှာဖွေမှုကို စစ်ကိုင်းတိုင်းဒေသမှာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက စတင်ခဲ့တာလို့ အစီအစဉ်ရဲ့ အဖွဲ့ခေါင်းဆောင် Captain Matt Moschgat က သတင်းထောက်တွေကို ပြောပါတယ်။
အရင်လည်း ရှာဖွေမှုတွေလုပ်ခဲ့ဖူးပါတယ်။ အခုရှာဖွေမှုကို DPA က ကာလအတော်ကြာကတည်းက ပြင်ဆင်နေခဲ့တာပါ။ နှစ်နိုင်ငံညှိနှိုင်းမှုတွေပြီးတဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကမှ စတင်နိုင်ခဲ့တာပါ။
DPAA အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၀၃-၀၄ မှာရှာဖွေရေးအစီအစဉ် ၃ ကြိမ်နဲ့ ၂၀၁၃-၂၀၂၀ အတွင်း ရှာဖွေရေး ၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အမေရိကန်ကျဆုံး၊ပျောက်ဆုံးစစ်သည် ၂၃ ယောက်ရဲ့ ရုပ်ကြွင်းတွေကို အတည်ပြု ရှာဖွေနိုင်ခဲ့ပြီးတော့ စစ်သည် ၅၀၅ ယောက် ကျန်ရစ် ပျောက်ဆုံးနေသေးတယ်လို့ DPAA က ထုတ်ပြန်ထားပါတယ်။
ဒုတိယကမ္ဘာစစ်အပါအဝင် စစ်ပွဲတွေကြောင့် အမေရိကန်နိုင်ငံပြင်ပ ကျဆုံး၊ ပျောက်ဆုံးအမေရိကန်စစ်သည် ၈၂,၀၀၀ ကျော်ရှိတယ်လို့ (DPAA) ရဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကျဆုံး၊ ပျောက်ဆုံးစစ်သည်တွေကို ရှာဖွေရာမှာ မြန်မာနိုင်ငံအပြင် ဒုတိယကမ္ဘာစစ်အတွင်း စစ်မြေပြင်ဖြစ်ခဲ့တဲ့ အိန္ဒိယ၊ လာအို၊ ကမ္ဗောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း ပြန်လည်ရှာဖွေရေးအစီအစဉ်တွေ လုပ်နေပါတယ်။ ဒါ့အပြင် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲနဲ့ ၁၉၇၅ ဗီယက်နမ်စစ်ပြီးကာလ သက်ဆိုင်ရာနိုင်ငံတွေမှာ ကျဆုံး၊ ပျောက်ဆုံးခဲ့ကြတဲ့ အမေရိကန်စစ်သည်တွေကို ပြန်လည်ရှာဖွေဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာမိသားစုနဲ့ နိုင်ငံတော်ထံ ပြန်လည်အပ်နှံရေးအစီအစဉ်တွေလည်း ဆောင်ရွက်နေပါတယ်။