သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မှာ ချယ်ရီတွေ အပွင့်ဆုံးအချိန်ရောက် 


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အနီး ချယ်ရီပန်းပင်များကိုတွေ့ရစဉ် (မတ် ၂၁၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အနီး ချယ်ရီပန်းပင်များကိုတွေ့ရစဉ် (မတ် ၂၁၊ ၂၀၂၃)

ဒီသီတင်းပတ်ထဲမှာပဲ နွေဦးရာသီ တရားဝင်ကူးပြောင်းပြီဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ ချယ်ရီပင်တွေဟာလည်း အပွင့်တွေ ဝေနေပါပြီ။ အမျိုးသား ဥယျာဉ်ဌာနတာဝန်ရှိသူတွေကတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ ချယ်ရီတွေ အပွင့်ဆုံးအချိန်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဝါရှင်တန်ဒီစီချယ်ရီပွဲမှာ လာကြည့်ကြတဲ့ ဧည့်သည်တွေနဲ့ အခုကတည်းက စည်ကားစ ပြုနေပါပြီ။

“သိပ်လှပါတယ်။ ဂျပန်က လက်ဆောင်ပေးတာဆိုတော့ သမိုင်းဝင် အခိုက်အတန့်နဲ့လည်း တူပါတယ်။ ဒါက နွေဦးရာသီ သင်္ကေတလည်း ဖြစ်ပါတယ်။” လို့ ချယ်ရီပွဲကို အလည်လာတဲ့ Charlotte Happle ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က tidal basin ဧရိယာက ချယ်ရီပန်းပင်များကိုတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က tidal basin ဧရိယာက ချယ်ရီပန်းပင်များကိုတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၃)

ဝါရှင်တန်ဒီစီမြို့တော် အမျိုးသားရင်ပြင်အနီးတဝိုက်က ချယ်ရီပင်တွေကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၁ နှစ်တုန်းက တိုကျိုမြို့တော်ဝန်က လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။ ပထမအသုတ်အဖြစ် ချယ်ရီပင်ပေါင်း ၃၇၅၀ ပေးအပ်ခဲ့တာပါ။ ဝါရှင်တန်ဒီစီမှာ နှစ်စဉ်ချယ်ရီပွဲကို လူပေါင်း ၁ သန်းကျော် လာရောက်ကြည့်ရှုလေ့ရှိပြီး၊ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

ဝါရှင်တန်မှာ ချယ်ရီတွေ အပွင့်ဆုံးအချိန်ရောက်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG