သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားခရီးစဉ် တရုတ်သမ္မတစဉ်းစားနေ


China Asian Games Diplomacy
China Asian Games Diplomacy

တရုတ်သမ္မတ ရှီကျင်းပင်အနေနဲ့ ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စအတွက် တောင်ကိုရီးယားကို သွားရောက်ဖို့ အလေးအနက် စဉ်းစားနေတယ်လို့ ပြောဆိုကြောင်း တောင်ကိုရီးယား ယုံဟပ် Yonhap သတင်းဌာနက စနေနေ့မှာဖေါ်ပြပါတယ်။

တောင်ကိုရီးယားခရီးစဉ် တရုတ်သမ္မတ စဉ်းစားနေ

တရုတ်သမ္မတ ရှီကျင်းပင်အနေနဲ့ ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စအတွက် တောင်ကိုရီးယားကို သွားရောက်ဖို့ အလေးအနက် စဉ်းစားနေတယ်လို့ ပြောဆိုကြောင်း တောင်ကိုရီးယား ယုံဟပ် Yonhap သတင်းဌာနက စနေနေ့မှာဖေါ်ပြပါတယ်။

တရုတ်ပြည် ဟန်ဂျိုး Hangzhou မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲဖွင့်ပွဲကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒတ်စွန်း Han Duck-soon နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ ဟန်ဂျိုးမြို့မှာပဲ ဖွင့်ပွဲ မတိုင်မီ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။ တရုတ်အနေနဲ့ တောင်ကိုရီးယားနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တိုးမြှင့် ပူးပေါင်းလုပ်ဆောင်လိုကြောင်း သမ္မတရှီကျင်းပင်က တောင်ကိုရီးယားဝန်ကြီးချုပ်ကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းက ဖေါ်ပြခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလ ၂၆ မှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံက တာဝန်ရှိသူတွေ တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ တွေ့ဆုံဖို့ရှိနေပြီး၊ ဒီတွေ့ဆုံပွဲ မတိုင်မီ တရုတ်သမ္မတ ရှီကျင်းပင်က အခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို ပြောဆိုခဲ့တာပါ။

တရုတ်အစိုးရ သတင်းဌာနရဲ့ ဖေါ်ပြချက်မှာတော့ သမ္မတ ရှီကျင်းပင်ဟာ နှစ်နိုင်ငံကိစ္စအတွက် သွားရောက်လိုတာလား၊ ထိပ်သီးအစည်းအဝေး သွားရောက်ဖို့ကို ဆိုတာလားဆိုတာကိုတော့ ခွဲခြား ပြောဆိုခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတ ရှီကျင်းပင်ဟာ ၂၀၁၄ ခုနှစ်က တောင်ကိုရီးယားကို နောက်ဆုံး သွားရောက်ခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်အတွင်း မြောက်ကိုရီးယားရဲ့ နူကလီးယားအပါအဝင် ဒုံးလက်နက်တွေ စမ်းသပ်နေပြီး စစ်ရေးခြိမ်းမြောက်မှုတွေ ရှိနေတဲ့အတွက်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

တောင်ကိုရီးယားခရီးစဉ် တရုတ်သမ္မတစဉ်းစားနေ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG