သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်ီကာဂိုရဲတပ္ဖြဲ႔နဲ႔ ေဒသအာဏာပိုင္အၾကား ကာကြယ္ေဆးမူဝါဒဆိုင္ရာ အျငင္းပြား


ခ်ီကာဂိုၿမိဳ႕မွာ ကိုဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ခ်ီကာဂိုၿမိဳ႕မွာေတာ့ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးနဲ႔ ရဲသမဂၢတို႔အၾကား ကာကြယ္ေဆးကိစၥနဲ႔ ပတ္သက္လို႔ သေဘာတူညီမႈ မရတာေၾကာင့္ ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႔ဝင္ တဝက္ေလာက္ လစာမဲ့ခြြင့္ယူဖို႔ အေျခအေန ေရာက္လာဖြယ္ရွိတယ္လို႔ အေမရိကန္ သတင္းေတြမွာ ေဖာ္ျပပါတယ္။

ျပည္ေထာင္စု ဖက္ဒရယ္အစိုးရမွာ လုပ္ကိုင္တဲ့ အစိုးရဝန္ထမ္းေတြနဲ႔ ကန္ထ႐ိုက္ဝန္ထမ္းေတြ အားလံုးဟာ ကိုဗစ္ကာကြယ္ေဆး ထိုးရမယ္ဆိုၿပီး သမၼတ Joe Biden အစိုးရက ဒီလအေစာပိုင္းက စည္းမ်ဥ္းထုတ္ထားပါတယ္။ ဒီစည္းမ်ဥ္းအရဆိုရင္ ဝန္ထမ္း ၁၀၀ ေက်ာ္ရွိတဲ့ ပုဂၢလိက ကုမၸဏီေတြ အေနနဲ႔လည္း သူတို႔ဝန္ထမ္းေတြ ကာကြယ္ေဆးထိုးဖို႔ ဒါမွမဟုတ္ရင္ ေရာဂါပိုးမရွိေၾကာင္း အပတ္စဥ္ စစ္ေဆးအတည္ျပဳခ်က္ ရယူရမွာ ျဖစ္ပါတယ္။

ခ်ီကာဂိုၿမိဳ႕ေတာ္ရဲတပ္ဖြဲ႔သမဂၢ ဥကၠ႒ John Catanzara ဟာ ရဲအရာရွိေတြ အေနနဲ႔ ကာကြယ္ေဆးထိုးေရးဆိုင္ရာ ဒီစည္းမ်ဥ္းကို မလိုက္နာဖို႔ တိုက္တြန္းေနတယ္ဆိုၿပီး Cook ခ႐ိုင္တရား႐ုံးမွာ တရားစြဲတင္ထားတယ္လို႔ ခ်ီကာဂိုၿမိဳ႕ေတာ္ဝန္ Lori Lightfoot က ေသာၾကာေန႔တုန္းက ေၾကညာခဲ့ပါတယ္။

ရဲသမဂၢရဲ႕ တုံ႔ျပန္ေၾကညာခ်က္ထဲမွာေတာ့ ကာကြယ္ေဆးထိုးေရး မူဝါဒနဲ႔ ပတ္သက္လို႔ ရဲဌာနနဲ႔ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖဲြ႔အၾကား ညိႇႏႈိင္းဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ ေဆြးေႏြးညႇိႏိႈင္းစရာေတြ က်န္ေသးေပမယ့္ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးဘက္က တဖက္သတ္ မူဝါဒအေျပာင္းအလဲ လုပ္ခဲ့တယ္လို႔လည္း ရဲသမဂၢ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒါေၾကာင့္ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖဲြ႔ရဲ႕ ကာကြယ္ေဆးထိုးေရးဆိုင္ရာ အမိန္႔ကို ဆိုင္းေပးထားဖို႔ ခ်ီကာဂိုရဲဌာနက ျပန္ၿပီး တရား႐ုံး တင္ျပထားတယ္လို႔ ဆိုပါတယ္။ ဒီအတြက္ ၾကားနာစစ္ေဆးမႈ မလုပ္ခင္မွာေတာ့ ရဲသမဂၢဥကၠ႒ အေနနဲ႔ ကာကြယ္ေဆးထိုးေရး မူဝါဒကို မလိုက္နာဖို႔ တိုက္တြန္းအားေပးတဲ့ ထုတ္ျပန္မႈေတြ မလုပ္ရဘူးဆိုၿပီး ခ႐ိုင္တရား႐ုံးက ေသာၾကာေန႔ ညေနပိုင္းက အမိန္႔ထုတ္ထားပါတယ္။

အေမရိကန္ျပည္ထာင္စု ေနရာအေတာ္မ်ာမ်ားမွာေတာ့ ရဲဌာနေတြနဲ႔ သက္ဆိုင္ရာ ေဒသအုပ္ခ်ဳပ္ေရး အဖဲြ႔ေတြအၾကား ကာကြယ္ေဆးထိုးေရးဆိုင္ရာ မူဝါဒနဲ႔ ပတ္သက္ၿပီး အျငင္းအခံုေတြ ျဖစ္ေနပါတယ္။ ခ်ီကာဂိုၿမိဳ႕လိုပဲ နယူးေယာက္၊ ေလာ့စ္အိန္ဂ်လိစ္နဲ႔ ဆန္ဖရန္စစၥကို ၿမိဳ႕ေတြမွာလည္း အလားတူ အေျခအေနေတြ ႀကံဳေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ချီကာဂိုရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်အကြား ကာကွယ်ဆေးမူဝါဒဆိုင်ရာ အငြင်းပွား

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာတော့ မြို့တော်အုပ်ချုပ်ရေးနဲ့ ရဲသမဂ္ဂတို့အကြား ကာကွယ်ဆေးကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီမှု မရတာကြောင့် မြို့တော်ရဲတပ်ဖွဲ့ဝင် တဝက်လောက် လစာမဲ့ခွင့်ယူဖို့ အခြေအနေ ရောက်လာဖွယ်ရှိတယ်လို့ အမေရိကန် သတင်းတွေမှာ ဖော်ပြပါတယ်။

ပြည်ထောင်စု ဖက်ဒရယ်အစိုးရမှာ လုပ်ကိုင်တဲ့ အစိုးရဝန်ထမ်းတွေနဲ့ ကန်ထရိုက်ဝန်ထမ်းတွေ အားလုံးဟာ ကိုဗစ်ကာကွယ်ဆေး ထိုးရမယ်ဆိုပြီး သမ္မတ Joe Biden အစိုးရက ဒီလအစောပိုင်းက စည်းမျဉ်းထုတ်ထားပါတယ်။ ဒီစည်းမျဉ်းအရဆိုရင် ဝန်ထမ်း ၁၀၀ ကျော်ရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့လည်း သူတို့ဝန်ထမ်းတွေ ကာကွယ်ဆေးထိုးဖို့ ဒါမှမဟုတ်ရင် ရောဂါပိုးမရှိကြောင်း အပတ်စဉ် စစ်ဆေးအတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။

ချီကာဂိုမြို့တော်ရဲတပ်ဖွဲ့သမဂ္ဂ ဥက္ကဋ္ဌ John Catanzara ဟာ ရဲအရာရှိတွေ အနေနဲ့ ကာကွယ်ဆေးထိုးရေးဆိုင်ရာ ဒီစည်းမျဉ်းကို မလိုက်နာဖို့ တိုက်တွန်းနေတယ်ဆိုပြီး Cook ခရိုင်တရားရုံးမှာ တရားစွဲတင်ထားတယ်လို့ ချီကာဂိုမြို့တော်ဝန် Lori Lightfoot က သောကြာနေ့တုန်းက ကြေညာခဲ့ပါတယ်။

ရဲသမဂ္ဂရဲ့ တုံ့ပြန်ကြေညာချက်ထဲမှာတော့ ကာကွယ်ဆေးထိုးရေး မူဝါဒနဲ့ ပတ်သက်လို့ ရဲဌာနနဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့အကြား ညှိနှိုင်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေးနွေးညှိနှိုင်းစရာတွေ ကျန်သေးပေမယ့် မြို့တော်အုပ်ချုပ်ရေးဘက်က တဖက်သတ် မူဝါဒအပြောင်းအလဲ လုပ်ခဲ့တယ်လို့လည်း ရဲသမဂ္ဂ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် မြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကာကွယ်ဆေးထိုးရေးဆိုင်ရာ အမိန့်ကို ဆိုင်းပေးထားဖို့ ချီကာဂိုရဲဌာနက ပြန်ပြီး တရားရုံး တင်ပြထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် ကြားနာစစ်ဆေးမှု မလုပ်ခင်မှာတော့ ရဲသမဂ္ဂဥက္ကဋ္ဌ အနေနဲ့ ကာကွယ်ဆေးထိုးရေး မူဝါဒကို မလိုက်နာဖို့ တိုက်တွန်းအားပေးတဲ့ ထုတ်ပြန်မှုတွေ မလုပ်ရဘူးဆိုပြီး ခရိုင်တရားရုံးက သောကြာနေ့ ညနေပိုင်းက အမိန့်ထုတ်ထားပါတယ်။

အမေရိကန်ပြည်ထာင်စု နေရာအတော်မျာများမှာတော့ ရဲဌာနတွေနဲ့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေအကြား ကာကွယ်ဆေးထိုးရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်နေပါတယ်။ ချီကာဂိုမြို့လိုပဲ နယူးယောက်၊ လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကို မြို့တွေမှာလည်း အလားတူ အခြေအနေတွေ ကြုံနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG