သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ၅၅ ဦး မိဘလက်ထံ ပြန်အပ်နှံ


စက်တင်ဘာ ၂၀၁၂ တုန်းက မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။

ကလေးစစ်သားပပျောက်ရေးအတွက် ကုလသမဂ္ဂနဲ့ ပူးတွဲလှုပ်ရှားမှု အစီအစဉ်အဖြစ် မြန်မာစစ်တပ်ကနေ ကလေးစစ်သား ၅၅ ယောက်ကို ဒီကနေ့ မှာပဲ အုပ်ထိန်းသူတွေရဲ့ လက်ထဲ ပြန်ပြီအပ်နှံလိုက်တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂကနေ ကြေညာချက်ထုတ်ပြန်ပါတယ်။ဒါဟာ ဧပြီလမှာ စတင်တာဝန်ယူလိုက်တဲ့ NLD အစိုးရလက်ထက် ကလေးစစ်သားတွေကို လွတ်ပေးတဲ့ ပထမဆုံးလုပ်ရပ်ဖြစ်ပါတယ်။

ကလေးစစ်သားပပျောက်ရေးအတွက် ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာသဘောတူလက်မှတ်ထိုးလိုက်တဲ့နောက်ပိုင်း အရွယ်မရောက်သေးတဲ့ ကလေးစစ်သားအယောက် ၈၀၀ လွှတ်ပေးခဲ့ပြီးပါပြီ။ဒါ့အပြင် ကလေးစစ်သားတွေအဖြစ် စုဆောင်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လူငယ်တွေဖြစ်လာကြပြီဖြစ်တဲ့စစ်သား ၁၃ ဦးကိုလည်း ဒီကနေ့ပဲ အုပ်ထိန်းသူတွေဆီပြန်အပ်နှံလိုက်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ စစ်တပ်တွေမှာ ကလေးစစ်သားစုဆောင်းတာတွေရပ်တန့်သွားအောင် အတတ်နိုင်ဆုံးလုပ်ကိုင်နေချိန်မှာခုလို လွှတ်ပေးလိုက်တဲ့လုပ်ရပ်နဲ့ ကုလသမဂ္ဂနဲ့ ပူးတွဲလှုပ်ရှားမှုမှာ မြန်မာအစိုးရက ဆက်ပြီး လုပ်ကိုင်နေတဲ့အပေါ်ကြိုဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Renata Dessallien က မှတ်ချက်ပေးပြောဆိုပါတယ်။

ကလေးစစ်သားနဲ့ အရွယ်မရောက်သေးတဲ့လူငယ်တွေကို သူတို့ရဲ့မိသားစုနဲ့အတူ ဘဝသစ်ကို ပြန်စနိုင်ဖို့ လူမှု-စီးပါွး ပြန်လည် ဝင်ဆန့်ပေါင်းစည်းရေးစီမံချက် အစီအစဉ်ကနေ အကျိုးကျေးဇူးတွေ၇လာမယ့်အပြင် ပညာသင်ကြားရေးနဲ့ သက်မွေးဝမ်းမှု သင်တန်းတွေကိုသာမက မိသားစု ဝင်ငွေတိုးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့်ရရှိကြမှာဖြစ်ပါတယ်။

ကလေးစစ်သား ၅၅ ဦး မိဘလက်ထံ ပြန်အပ်နှံ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG