သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိပက္ခဒဏ် မြန်မာ ကလေးတချို့ ခံနေရဆဲ


တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရတဲ့ကလေးစစ်သားများ။
တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရတဲ့ကလေးစစ်သားများ။

မြန်မာအပါအဝင် နိုင်ငံတချို့မှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အင်အားစုတွေမှာ အသုံးပြုနေတဲ့ ကလေးစစ်သား စုစုပေါင်း ၈ ထောင် ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ ၂၀၁၅ ခုနှစ် နှစ်ပါတ်လည် အစီရင်ခံစာ ထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။

ဒါပေမယ့် အာဖဂန်နစ်စတန်၊ အီရတ်၊ ဆိုမာလီယား၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် စတဲ့ နိုင်ငံတွေမှာတော့ ကလေးသူငယ်များ အပေါ်ကျူးလွန်ခဲ့တဲ့ အခွင့်ရေး ချိုးဖေါက်မှုတွေဟာ တုန်လှုပ်ခြောက်ချားစရာ ကောင်းတယ် လို့လည်း ကုလသမဂ္ဂ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အတွင်းရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ် Leila Zerrouguiတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကလေးစစ်သားများ
ကလေးစစ်သားများ

မြန်မာနိုင်ငံမှာတော့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွါးနေပြီး မြန်မာနိုင်ငံတွင်းမှာ ကလေးတွေကို လက်နက်ကိုင် ပဋိပက္ခထဲ သွတ်သွင်းမှုပေါင်း ၂၁၇ မှု ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ပဋိပက္ခအတွင်းကလေးသူငယ် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု အပြင် မိန်းခလေးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရမှု တချို့ရှိကြောင်း သတင်းတွေ ရရှိခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

အထူးကိုယ်စားလှယ် Leila Zerrougui ဟာ မြန်မာနိုင်ငံကို ၂၀၁၅ ဇူလိုင်လမှာ သွားရောက်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့ တချို့ဟာ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရကတော့ ၂၀၁၂ ခုနှစ် ကတည်းက ကလေးစစ်သား မစုဆောင်ဖို့ ကုလသမဂ္ဂနဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အင်အားစုတွေရဲ့ အပြုသဘော လုပ်ဆောင်လာမှုတွေနဲ့ ပါတ်သက်ပြီး သူ့အနေနဲ့ စိတ်အားတက်မိကြောင်း၊ ဒါပေမယ့် ပဋိပက္ခ လွတ်မြောက်လာတဲ့ဒီကလေးငယ်တွေ လူ့အသိုင်းဝိုင်းထဲ ပြန်လည် ဝင်ရောက်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ထားရှိရေးနဲ့ သူတို့အပေါ် လူမှုရေးနဲ့ စိတ်ဓါတ်ရေးရာ အရ အားပေးဖို့၊ မိန်းခလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို အထူးဂရုပြု ဖို့လည်း အခုတင်သွင်းတဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခဒဏ် မြန်မာကလေးတချို့ခံနေရဆဲ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်
လက်နက်ကိုင် ပဋိပက္ခဒဏ် မြန်မာ ကလေးတချို့ ခံနေရဆဲ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG