သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္မွာ တကၠသုိလ္ဝင္တန္း စာေမးပဲြေျဖဆုိဖုိ႔ စာရင္းေပးသူနည္းပါး


Thantlang Fire(ခ်င္းျပည္နယ္ ၊ ထန္တလန္ၿမိဳ႕ မီးရိႈ႕ခံခဲ့ရစဥ္က ၊ မွတ္တမ္းဓါတ္ပုံ)

စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္မွာ ဒီႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုဖို႕ (၃၀၀၀)ခန္သာ စာရင္းတင္ထားတယ္လို႕ ျပည္နယ္ပညာေရးတာဝန္ခံကေျပာပါတယ္။ ခ်င္းျပည္နယ္ရဲ႕ပညာေရးအခက္ခဲအေျခအေနကိုေတာ့ ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုခင္ေမာင္စုိးမင္း က ေျပာျပေပးမွာပါ။

ခ်င္းျပည္နယ္မွာ တကၠသုိလ္ဝင္တန္း စာေမးပဲြေျဖဆုိဖုိ႔ စာရင္းေပးသူနည္းပါး

{{Zawgyi/Unicode}}

စစ္တပ္နဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ တိုက္ပြဲေတြျဖစ္ေနၿပီး စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္မွာ ဒီႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုဖို႔ စာရင္းေပးထားသူ ၃ဝဝဝ ေလာက္သာ႐ွိတယ္လို႔ ျပည္နယ္ပညာေရးတာဝန္ခံက ဗီအိုေအကိုေျပာပါတယ္။ ပံုမွန္ ၁ ေသာင္းေက်ာ္ေလာက္႐ွိရာကေန အခု ၃ ေထာင္ေလာက္ကို ေလ်ာ့သြားတာပါ။ ႏိုင္ငံေရး လံုၿခံဳေရးအေျခအေနေတြေၾကာင့္ ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္ထက္မနည္းမွာ ေက်ာင္းေတြလည္း မဖြင့္ႏိုင္ခဲ့ပါဘူး။ ခ်င္းျပည္နယ္က ပညာေရးအခက္ခဲအေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုခင္ေမာင္စုိးမင္း ကေျပာျပေပးမွာပါ။

ျမန္မာတနိုင္ငံလုံးမွာတကၠသုိလ္ဝင္တန္းစာေမးပြဲကို မတ္လ ၃၁ ရက္ကေန ဧၿပီလ ၉ ရက္ေန႔အထိ က်င္းပသြားမယ္လုိ႔ ပညာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။ တိုက္ပဲြေတြျဖစ္ေနတဲ့ ခ်င္းျပည္နယ္အတြင္းမွာေတာ့ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုဖို႔ စာရင္းေပးထားတဲ့ ၁ဝ တန္းေက်ာင္းသား ၃ဝဝဝ ဝန္းက်င္သာ႐ွိတယ္လို႔ ခ်င္းျပည္နယ္ပညာေရးမွဴး ဦးဘီကူးဒူက ေျပာပါတယ္။

“ ေဖာင္တင္တဲ့သူကေတာ့ (၂၉၅ဝ)ေလာက္ေတာ့ ရွိတာေပါ့ေနာ္။ အမ်ားႀကီးေလွ်ာ့တာေပါ့။ အရင္ကဆို တေသာင္းေက်ာ္ တာေပါ့။ စာသင္ခ်ိန္ကေတာ့ ခါတိုင္းထက္ေလ်ာ့သြားတာေပါ့ေလ။ နိုင္ငံေတာ္က သင္ခန္းစာ ေတာ္ေတာ္ေလး ေျဖေလွ်ာ့ေပးထားတာ။ သူတို႕စာက်က္တဲ့သူေတာ့ေျဖနိုင္မွာပါ။ ”

၂ဝ၁၉-၂ဝ၂ဝ စာသင္ႏွစ္မွာ ခ်င္းျပည္နယ္တခုလုံး ၁ဝ တန္း ေက်ာင္းသားေက်ာင္းသူ(၁ဝဝဝဝ) ေက်ာ္ စာေမးပြဲေျဖဆိုၾကေပမဲ့ ဒီစာသင္ႏွစ္မွာ (၃ဝဝဝ) နီးပါးသာ ေျဖဆိုၾကမွာျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္ထဲက ေနရာေတာ္ေတာ္မ်ားမ်ားမွာ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ ေဒသခံျပည္သူအမ်ားအျပား ေဘးလြတ္ရာမွာ ထြက္ေျပးခိုလႈံေနၾကရပါတယ္။ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ပညာေရးဝန္ထမ္းအမ်ားအျပားလည္း အၾကမ္းမဖက္ CDM လွဳပ္ရွားမွဳမွာ ပါဝင္ခဲ့ၾကသလို၊ ေက်ာင္းသားေတြကလည္း စစ္ေကာင္စီလက္ထက္ ေက်ာင္းမတက္ဘူးလို႔ဆိုၿပီး သပိတ္ေမွာက္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ တခ်ဳိ႕ေက်း႐ြာေတြဘက္မွာ ေက်ာင္းေတြ မဖြင့္ႏိုင္ခဲ့ပါဘူး။ ဒီႏွစ္ ဒီႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲေတြကို ထန္တလန္၊ မင္းတပ္၊ ကန္ပက္လက္ၿမိဳ႕နယ္ေတြမွာလုပ္ႏိုင္မွာ မဟုတ္ဘူးလို႔ ခ်င္းျပည္နယ္ပညာေရးမွဴး ဦးဘီကူးဒူက ေျပာပါတယ္။

“ တၿမိဳ႕နယ္လုံးမဖြင့္နိုင္ဘူးေပါ့ေနာ္။ ၿမိဳ႕ေပၚေက်ာင္းေလးေတြဘဲေျဖမယ္။ မတူပီမွာ ဖလမ္းဆိုလဲ အဲဒီလိုဘဲ ၿမိဳ႕ေပၚေက်ာင္းေလာက္ဖြင့္ၿပီးေတာ့ တီးတိန္လဲအဲဒီအတိုင္းဘဲ ။ တြန္းဇံဘဲနဲနဲမ်ားမ်ား ေျဖမယ္။ (၅၉) ေက်ာင္းေျဖနိုင္မယ္။ မတူပီရယ္ ဟားခါးရယ္ ဖလမ္းရယ္ တီးတိန္ရယ္ တြန္းဇံေတြကေတာ့ေျဖမွာပါ။ ပလက္ဝေရာေပါ့။ မဖြင့္နိုင္တာကေတာ့ မင္းတပ္ရယ္ ကန္ပက္လက္ရယ္ ထန္တလန္ရယ္ေပါ့။”

ခ်င္းျပည္နယ္ တျပည္နယ္လုံးအတိုင္းအတာအေနနဲ႕ ၅၉ ေက်ာင္းမွာပဲ ၁ဝ တန္းစာေမးပြဲေတြ ေျဖဆိုဖုိ႔႐ွိေနတာပါ။ ၿမိဳ႕ေက်ာင္းေတြမွာေတာင္ စစ္ေရးပဋိပကၡနဲ႕ COVID ကပ္ေရာဂါေၾကာင့္ စာသင္ရတဲ့ရက္ေတြ (၃) လေလာက္ ေနာက္က်ေနတယ္လို႕ အထက္တန္းျပ ဆရာမတဦးကအခုလိုေျပာပါတယ္။

“ စာသင္ကာလကေတာ့ ခါတိုင္း(၁၀)လရွိတယ္။ အခု(၆)လရွိတယ္။ ဒါလဲ ေဘးတရက္ တရက္ပိုတက္တယ္။ တလထပ္တိုးတယ္ တို႕စာသင္တဲ့ရက္က (၇)လရွိတယ္။”

ဒီႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုမဲ့ ေက်ာင္းသူ မိုင္တူးတူးကေတာ့ ေက်ာင္းတက္ခ်ိန္နဲတာေၾကာင့္ စာမ်ားမ်ားက်က္ရတယ္လို႕ေျပာပါတယ္။

“ အခက္အခဲကေတာ့ အစကေတာ့ မ်ားမ်ားပိုက်က္ရတာေပါ့။ ပထမကေတာ့ေတာ္ေတာ္ဖတ္ရတယ္။ ေနာက္ပိုင္းက်ေတာ့ သူ႕ဟာသူအဆင္ေျပသြားတယ္။ ”

လက္ရွိခ်င္းျပည္နယ္ ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ ခ်င္းကာကြယ္ေရးအဖြဲ႕ေတြ လွဳပ္ရွားတဲ့ေဒသေတြမွာ ျပည္သူ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ဖြဲ႕စည္းၿပီး တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ အေျခခံပညာေရး ေက်ာင္းေတြဖြင့္လွစ္ထားပါတယ္။ ဒါေပမဲ့အထက္တန္းအဆင့္ပညာေရးကိုမသင္ၾကားနိုင္ေသးဘူးလို႕ မင္းတပ္ျပည္သူ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ ပညာေရး တာဝန္ခံကိုဟုတ္ ကေျပာပါတယ္။

“ ဒီ(၁ဝ)တန္းစာေမးပြဲေျဖမဲ့ဟာေတာ့ NUGကေနၿပီးေတာ့ သူတို႕ခ်မွတ္ထားတဲ့ဟာေပါ့ေနာ္။ ကြ်န္ေတာ္တို႕ဘက္မွာလဲ အခက္ခဲအမ်ားႀကီးရွိတယ္။ အထူးသျဖင့္ကြ်န္ေတာ္တို႕ဒီဖက္မွာ ေတာ္ေတာ္မ်ားမ်ားက စစ္ေဘးေရွာင္ေနရတယ္။ ၿပီးရင္ ဒီသင္ၾကားေပးမဲ့ဆရာ ဆရာမေတြမရွိဘူးေပါ့ေနာ္။ ကြ်န္ေတာ္တို႕ၿမိဳ႕နယ္အေနနဲ႕လုပ္နိုင္တာ (၁ဝ)တန္းေျဖတာနဲ႕ ပက္သက္ၿပီးလုပ္နိုင္တာ ဘာမွမရွိေသးဘူး။ အခုခ်ိန္ထိေပါ့ေနာ္။ ”

ခ်င္းျပည္နယ္ဟာ အရင္ထဲက တိုင္းနဲ႕ျပည္နယ္မ်ားအနက္ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္ျမင္မႈအနိမ့္ဆုံးျဖစ္ေနတာေၾကာင့္ အခုပိုၿပီး ပညာေရးထိခိုက္ေနတာျဖစ္ပါတယ္။

ခ်င္းျပည္နယ္လိုပဲ စစ္ေရးတင္းမာေနတဲ့ ကယားျပည္နယ္နဲ႔ ကရင္ျပည္နယ္တခ်ိဳ႕ေဒေတြမွာ၊ အစိုးရစာသင္ေက်ာင္း မဖြင့္လွစ္ နိုင္လို႕ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုဖို႕ အခြင့္မသာတဲ့အေျခအေနမွာရွိေနၾကပါတယ္။

ျမန္မာတစ္ႏိုင္ငံလံုးမွာ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲကို ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၃ သိန္းေက်ာ္ (၃၁၂၂၉၉) တို႔က ေျဖဆိုၾကသြားမယ္လို႕ ပညာေရးဌာနစာရင္းအရ သိရပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသူနည်းပါး

{{Unicode}}

စစ်တပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်မှာ ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ စာရင်းပေးထားသူ ၃၀၀၀ လောက်သာရှိတယ်လို့ ပြည်နယ်ပညာရေးတာဝန်ခံက ဗီအိုအေကိုပြောပါတယ်။ ပုံမှန် ၁ သောင်းကျော်လောက်ရှိရာကနေ အခု ၃ ထောင်လောက်ကို လျော့သွားတာပါ။ နိုင်ငံရေး လုံခြုံရေးအခြေအနေတွေကြောင့် မြို့နယ် ၃ မြို့နယ်ထက်မနည်းမှာ ကျောင်းတွေလည်း မဖွင့်နိုင်ခဲ့ပါဘူး။ ချင်းပြည်နယ်က ပညာရေးအခက်ခဲအခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပေးမှာပါ။

မြန်မာတနိုင်ငံလုံးမှာတက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်ကနေ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်အတွင်းမှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ စာရင်းပေးထားတဲ့ ၁၀ တန်းကျောင်းသား ၃၀၀၀ ဝန်းကျင်သာရှိတယ်လို့ ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက ပြောပါတယ်။

“ ဖောင်တင်တဲ့သူကတော့ (၂၉၅၀)လောက်တော့ ရှိတာပေါ့နော်။ အများကြီးလျှော့တာပေါ့။ အရင်ကဆို တသောင်းကျော် တာပေါ့။ စာသင်ချိန်ကတော့ ခါတိုင်းထက်လျော့သွားတာပေါ့လေ။ နိုင်ငံတော်က သင်ခန်းစာ တော်တော်လေး ဖြေလျှော့ပေးထားတာ။ သူတို့စာကျက်တဲ့သူတော့ဖြေနိုင်မှာပါ။ ”

၂၀၁၉-၂၀၂၀ စာသင်နှစ်မှာ ချင်းပြည်နယ်တခုလုံး ၁၀ တန်း ကျောင်းသားကျောင်းသူ(၁၀၀၀၀) ကျော် စာမေးပွဲဖြေဆိုကြပေမဲ့ ဒီစာသင်နှစ်မှာ (၃၀၀၀) နီးပါးသာ ဖြေဆိုကြမှာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ထဲက နေရာတော်တော်များများမှာ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပညာရေးဝန်ထမ်းအများအပြားလည်း အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသလို၊ ကျောင်းသားတွေကလည်း စစ်ကောင်စီလက်ထက် ကျောင်းမတက်ဘူးလို့ဆိုပြီး သပိတ်မှောက်ခဲ့ကြပါတယ်။ ဒါကြောင့် တချို့ကျေးရွာတွေဘက်မှာ ကျောင်းတွေ မဖွင့်နိုင်ခဲ့ပါဘူး။ ဒီနှစ် ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေမှာလုပ်နိုင်မှာ မဟုတ်ဘူးလို့ ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက ပြောပါတယ်။

“ တမြို့နယ်လုံးမဖွင့်နိုင်ဘူးပေါ့နော်။ မြို့ပေါ်ကျောင်းလေးတွေဘဲဖြေမယ်။ မတူပီမှာ ဖလမ်းဆိုလဲ အဲဒီလိုဘဲ မြို့ပေါ်ကျောင်းလောက်ဖွင့်ပြီးတော့ တီးတိန်လဲအဲဒီအတိုင်းဘဲ ။ တွန်းဇံဘဲနဲနဲများများ ဖြေမယ်။ (၅၉) ကျောင်းဖြေနိုင်မယ်။ မတူပီရယ် ဟားခါးရယ် ဖလမ်းရယ် တီးတိန်ရယ် တွန်းဇံတွေကတော့ဖြေမှာပါ။ ပလက်ဝရောပေါ့။ မဖွင့်နိုင်တာကတော့ မင်းတပ်ရယ် ကန်ပက်လက်ရယ် ထန်တလန်ရယ်ပေါ့။”

ချင်းပြည်နယ် တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ ၅၉ ကျောင်းမှာပဲ ၁၀ တန်းစာမေးပွဲတွေ ဖြေဆိုဖို့ရှိနေတာပါ။ မြို့ကျောင်းတွေမှာတောင် စစ်ရေးပဋိပက္ခနဲ့ COVID ကပ်ရောဂါကြောင့် စာသင်ရတဲ့ရက်တွေ (၃) လလောက် နောက်ကျနေတယ်လို့ အထက်တန်းပြ ဆရာမတဦးကအခုလိုပြောပါတယ်။

“ စာသင်ကာလကတော့ ခါတိုင်း(၁၀)လရှိတယ်။ အခု(၆)လရှိတယ်။ ဒါလဲ ဘေးတရက် တရက်ပိုတက်တယ်။ တလထပ်တိုးတယ် တို့စာသင်တဲ့ရက်က (၇)လရှိတယ်။”

ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမဲ့ ကျောင်းသူ မိုင်တူးတူးကတော့ ကျောင်းတက်ချိန်နဲတာကြောင့် စာများများကျက်ရတယ်လို့ပြောပါတယ်။

“ အခက်အခဲကတော့ အစကတော့ များများပိုကျက်ရတာပေါ့။ ပထမကတော့တော်တော်ဖတ်ရတယ်။ နောက်ပိုင်းကျတော့ သူ့ဟာသူအဆင်ပြေသွားတယ်။ ”

လက်ရှိချင်းပြည်နယ် မြို့နယ်တော်တော်များများမှာ ချင်းကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းပြီး တချို့မြို့နယ်တွေမှာ အခြေခံပညာရေး ကျောင်းတွေဖွင့်လှစ်ထားပါတယ်။ ဒါပေမဲ့အထက်တန်းအဆင့်ပညာရေးကိုမသင်ကြားနိုင်သေးဘူးလို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေး တာဝန်ခံကိုဟုတ် ကပြောပါတယ်။

“ ဒီ(၁၀)တန်းစာမေးပွဲဖြေမဲ့ဟာတော့ NUGကနေပြီးတော့ သူတို့ချမှတ်ထားတဲ့ဟာပေါ့နော်။ ကျွန်တော်တို့ဘက်မှာလဲ အခက်ခဲအများကြီးရှိတယ်။ အထူးသဖြင့်ကျွန်တော်တို့ဒီဖက်မှာ တော်တော်များများက စစ်ဘေးရှောင်နေရတယ်။ ပြီးရင် ဒီသင်ကြားပေးမဲ့ဆရာ ဆရာမတွေမရှိဘူးပေါ့နော်။ ကျွန်တော်တို့မြို့နယ်အနေနဲ့လုပ်နိုင်တာ (၁၀)တန်းဖြေတာနဲ့ ပက်သက်ပြီးလုပ်နိုင်တာ ဘာမှမရှိသေးဘူး။ အခုချိန်ထိပေါ့နော်။ ”

ချင်းပြည်နယ်ဟာ အရင်ထဲက တိုင်းနဲ့ပြည်နယ်များအနက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှုအနိမ့်ဆုံးဖြစ်နေတာကြောင့် အခုပိုပြီး ပညာရေးထိခိုက်နေတာဖြစ်ပါတယ်။

ချင်းပြည်နယ်လိုပဲ စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တချို့ဒေတွေမှာ၊ အစိုးရစာသင်ကျောင်း မဖွင့်လှစ် နိုင်လို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ အခွင့်မသာတဲ့အခြေအနေမှာရှိနေကြပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃ သိန်းကျော် (၃၁၂၂၉၉) တို့က ဖြေဆိုကြသွားမယ်လို့ ပညာရေးဌာနစာရင်းအရ သိရပါတယ်။

XS
SM
MD
LG