သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမပါတဲ့ တ႐ုတ္-အာဆီယံထိပ္သီးစည္းေဝး


Cambodia China Southeast Asia

{{Zawgyi/Unicode}}

ျမန္မာမပါဘဲ တ႐ုတ္နဲ႔ အာဆီယံေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးအစည္းအေဝးကို တနလၤာေန႔မွာ က်င္းပလိုက္ပါတယ္။ အြန္လိုင္းက ေတြ႔ဆုံေဆြးေႏြးၾကတဲ့ပြဲကို ႏိုင္ငံေရးအဆင့္မဟုတ္တဲ့ သံတမန္တေယာက္တက္မယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္ ေပၚမလာခဲ့ေၾကာင္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က အတည္ျပဳ ေျပာၾကားပါတယ္။

“ျမန္မာကို ဘယ္သူကိုယ္စားျပဳရမယ္ဆိုတာကိုေတာ့ အနည္းဆုံး အားလုံး သေဘာတူၾကပါတယ္။ အနည္းဆုံး နာမည္ေတာ့ ရွိပါတယ္” လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္ သြားေရာက္ေရးကိစၥ အေကာင္အထည္ ေပၚလာလိမ့္မယ္လို႔ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြက အလြန႔္ကို ေမွ်ာ္လင့္ေနၾကဆဲ ျဖစ္ပါတယ္လို႔လည္း ဝန္ႀကီး Saifuddin Abdullah က ဆိုပါတယ္။ ျမန္မာစစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ တ႐ုတ္-အာဆီယံထိပ္သီးေဆြးေႏြးပြဲအတြက္ ျမန္မာကိုယ္စားလွယ္တက္ႏိုင္ေအာင္ တ႐ုတ္ႏိုင္ငံကညႇိဳႏႈိင္းေဆာင္႐ြက္ခဲ့ေပမယ့္ အခ်ိဳ႕ အာဆီယံႏိုင္ငံမ်ားက ႏိုင္ငံေရးရာထူးမရွိတဲ့ ကိုယ္စားလွယ္ဖိတ္ၾကားေရးကိုပဲ ဖိအားေပးေဆာင္႐ြက္ခဲ့တယ္လို႔ ေဖာ္ျပပါတယ္။ ဒါေၾကာင့္ ျမန္မာစစ္ေကာင္စီဘက္က ကိုယ္စားလွယ္တတ္ေရာက္ႏိုင္ျခင္းမရွိဘူးလို႔ ေဖာ္ျပပါတယ္။

ႏိုင္ငံငယ္ေတြကို အႏိုင္က်င့္ လႊမ္းမိုးမွာမဟုတ္ပါဘူးလို႔ ဒီ ထိပ္သီးအစည္းအေဝး မွာ တ႐ုတ္သမၼတရွီက်င္းပင္က ေျပာပါတယ္။ ဒါေပမဲ့ ဖိလစ္ပိုင္သမၼတ ဒူတာေတးကေတာ့ ေတာင္တ႐ုတ္ပင္လယ္ကိစၥနဲ႔ပတ္သက္ၿပီး အျငင္းအခုန္ျဖစ္ေနရတာကို သူမုန္းတီးေၾကာင္းနဲ႔ တရားဥပေဒစိုမိုးဖို႔လိုအပ္ေၾကာင္း တ႐ုတ္သမၼတက အိမ္ရွင္ အျဖစ္က်င္းပတဲ့ ဒီ အစည္းအေဝး မွာ ေျပာၾကားသြားပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္ဟာ တ႐ုတ္ေရပိုင္နက္ျဖစ္တယ္ဆိုတဲ့ ဥပေဒအေထာက္အထားမရွိေၾကာင္း ၂၀၁၆ ခုႏွစ္ က ႏိုင္ငံတကာ ေရေၾကာင္းဆိုင္ရာ ခုံ႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို ရည္ၫႊန္းၿပီး ဒူတာေတးက ေျပာခဲ့တာပါ။

“တ႐ုတ္က အာဆီယံရဲ႕ တြဲဖက္ေကာင္း၊ မိတ္ဖက္ေကာင္း၊ အိမ္နီးခ်င္းေကာင္း ျဖစ္ခဲ့၊ ျဖစ္ေန၊ ျဖစ္ပါမယ္” လို႔ တ႐ုတ္သမၼတ ရွီက်င္းပင္ က ေျပာၾကားသြားေၾကာင္း တ႐ုပ္မီဒီယာေတြက ဆိုပါတယ္။

ျမန္မာမပါတဲ့ တ႐ုတ္-အာဆီယံထိပ္သီးစည္းေဝး
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္


=============

{{Unicode}}

မြန်မာမပါတဲ့ တရုတ်-အာဆီယံထိပ်သီးစည်းဝေး

မြန်မာမပါဘဲ တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တနင်္လာနေ့မှာ ကျင်းပလိုက်ပါတယ်။ အွန်လိုင်းက တွေ့ဆုံဆွေးနွေးကြတဲ့ပွဲကို နိုင်ငံရေးအဆင့်မဟုတ်တဲ့ သံတမန်တယောက်တက်မယ်လို့ မျှော်လင့်ထားပေမယ့် ပေါ်မလာခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အတည်ပြု ပြောကြားပါတယ်။

“မြန်မာကို ဘယ်သူကိုယ်စားပြုရမယ်ဆိုတာကိုတော့ အနည်းဆုံး အားလုံး သဘောတူကြပါတယ်။ အနည်းဆုံး နာမည်တော့ ရှိပါတယ်” လို့ နိုင်ငံခြားရေး ဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် သွားရောက်ရေးကိစ္စ အကောင်အထည် ပေါ်လာလိမ့်မယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အလွန့်ကို မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်လို့လည်း ဝန်ကြီး Saifuddin Abdullah က ဆိုပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် မြန်မာကိုယ်စားလှယ်တက်နိုင်အောင် တရုတ်နိုင်ငံကညှိုနှိုင်းဆောင်ရွက်ခဲ့ပေမယ့် အချို့ အာဆီယံနိုင်ငံများက နိုင်ငံရေးရာထူးမရှိတဲ့ ကိုယ်စားလှယ်ဖိတ်ကြားရေးကိုပဲ ဖိအားပေးဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်တတ်ရောက်နိုင်ခြင်းမရှိဘူးလို့ ဖော်ပြပါတယ်။

နိုင်ငံငယ်တွေကို အနိုင်ကျင့် လွှမ်းမိုးမှာမဟုတ်ပါဘူးလို့ ဒီ ထိပ်သီးအစည်းအဝေး မှာ တရုတ်သမ္မတရှီကျင်းပင်က ပြောပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုန်ဖြစ်နေရတာကို သူမုန်းတီးကြောင်းနဲ့ တရားဥပဒေစိုမိုးဖို့လိုအပ်ကြောင်း တရုတ်သမ္မတက အိမ်ရှင် အဖြစ်ကျင်းပတဲ့ ဒီ အစည်းအဝေး မှာ ပြောကြားသွားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ဟာ တရုတ်ရေပိုင်နက်ဖြစ်တယ်ဆိုတဲ့ ဥပဒေအထောက်အထားမရှိကြောင်း ၂၀၁၆ ခုနှစ် က နိုင်ငံတကာ ရေကြောင်းဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ရည်ညွှန်းပြီး ဒူတာတေးက ပြောခဲ့တာပါ။

“တရုတ်က အာဆီယံရဲ့ တွဲဖက်ကောင်း၊ မိတ်ဖက်ကောင်း၊ အိမ်နီးချင်းကောင်း ဖြစ်ခဲ့၊ ဖြစ်နေ၊ ဖြစ်ပါမယ်” လို့ တရုတ်သမ္မတ ရှီကျင်းပင် က ပြောကြားသွားကြောင်း တရုပ်မီဒီယာတွေက ဆိုပါတယ်။

#ChinaASEANSummit #MyanmarASEAN #MyanmarMiltiaryCoup #VOABurmese #ရှီကျင်းပင် #ဒူတာတေး

XS
SM
MD
LG