သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒရုန်းတင်ပို့မှု တရုတ်ပိုမိုတင်းကြပ်


တရုတ်နိုင်ငံ တောင်ပိုင်း ရှန်းဟိုင်းမှာ ပျံသန်းပြတဲ့ တရုတ် ဒရုန်းယာဥ်များ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄)
တရုတ်နိုင်ငံ တောင်ပိုင်း ရှန်းဟိုင်းမှာ ပျံသန်းပြတဲ့ တရုတ် ဒရုန်းယာဥ်များ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄)

တရုတ်နိုင်ငံအနေနဲ့ လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကပြီး ဒရုန်းတင်ပို့ရောင်းချမှုထိန်းချုပ်ထားတာတွေကို ပြန်လည်ထိန်းညှိတင်းကြပ်သွားမှာဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စက်မှု ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေ ဘေးကင်းလုံခြုံရေးအတွက် အပျော်ထမ်းသုံးဒရုန်းအမျိုးအစားတချို့ တင်ပို့မှု ယာယီထိန်းချုပ်ထားတာကို ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။

အရပ်ဖက်သုံးဒရုန်းတွေကို စစ်ရေးရည်မှန်းချက် ဒါမှမဟုတ် အကြမ်းဖက်တိုက်ခိုက်ရေးလုပ်ငန်းတွေမှာ အသုံးချလာတာကို ကာကွယ်ဖို့ ဒရုန်းအမျိုးအစားတချို့နဲ ဒရုန်းအစိတ်အပိုင်းတွေ ပြည်ပို့တင်ပို့မှုကို လုံးဝတားမြစ်သွားမယ်လို့ ဆိုပါတယ်။ လူအမြောက်အများသေဆုံးစေတဲ့ လက်နက်ပြန့်ပွားမှုရှိမယ့် ဒရုန်းအသုံးပြုမှုကို ဟန့်တားနိုင်ဖို့ ဒီလို ဆုံးဖြတ်တာဖြစ်တယ် လို့ တရုတ်ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ ဒရုန်းထုတ်လုပ်ရေးမှာ အကြီးဆုံးကမ္ဘာ့နိုင်ငံတခုဖြစ်သလို နိုင်ငံတကာဈေးကွက်ကို တင်ပို့နေတာပါ။ စစ်ရေးအရ ရည်မှန်းပြီး အရပ်ဖက်ဒရုန်းအသုံးပြုမှုတွေကို ဆန့်ကျင်တယ်လို့ တရုတ်အစိုးရ ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ ဥရောပမှာ ရုရှားကျူးကျော်တဲ့ ယူကရိန်းစစ်အတွင်းမှာ နှစ်ဖက်စလုံးက ဒရုန်းအသုံးပြုနေပြီး ရုရှားဟာ စစ်ရေးမှာ သုံးဖို့ တရုတ်နိုင်ငံကနေ ဒရုန်းတွေ ဝယ်ယူခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းအတွေက မကြာခဏထောက်ပြ နေတာပါ။ တရုတ်နိုင်ငံအနေနဲ့ ပြည်ပတင်ပို့မှုလုံးဝပိတ်ပင်တဲ့ အရပ်ဖက်သုံးဒရုန်းအမျိုးအစားတွေ ဘာတွေလဲဆိုတာကို တော့ တိတိကျကျ ဖော်ပြတာမရှိသေးပါဘူး။

တရုတ်နိုင်ငံ တရုတ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ DJI နည်းပညာကုမဏီကတော့ ဒီဆောင်ရွက်မှုကိုကျေနပ်ပြီး ဒါဟာ ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတိုးတက်လာဖို့ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သူတို့ထုတ်လုပ်တဲ့ ဒရုန်းတွေဟာ အရပ်ဖက်သက်သက် သုံးဖို့ဖြစ်ပြီး စစ်ရေးအတွက် ဖန်တီး ထုတ်လုပ်တာမဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနကို စာနဲ့ရေးတုံ့ပြန်ထားပါတယ်။ ဒါပေမယ့်လို့ ဒီကုမ္ပဏီဟာ တရုတ်စစ်ဖက်နဲ့ ဆက်စပ်မှုရှိတဲ့ စွပ်စွဲချက်နဲ့ အအမေရိကန်အစိုးရရဲ့ စောင့်ကြည်မှုခံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG