သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ လူ႔အခြင့္အေရးေရွ႕ေန Wang ကုိ ျပန္လႊတ္ေပမယ့္ မိသားစုနဲ႔ ေတြ႔ခြင့္မရေသး


တ႐ုတ္လူ႔အခြင့္အေရးေရွ႕ေန Wang Quanzhang ကုိ ျပန္လႊတ္ေပးေရး ၂၀၁၈ ခုႏွစ္က ေဟာင္ေကာင္တြင္ ဆႏၵျပေနသူတဦး။ (ဇူလုိင္ ၁၃၊ ၂၀၁၈)

(Zawgyi / Unicode)

ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ ေထာင္ဒဏ္ ၄ ႏွစ္ခဲြ ခ်ခံခဲ့ရတဲ့ တ႐ုတ္ႏုိင္ငံက ထင္ရွားတဲ့ လူ႔အခြင့္အေရးေရွ႕ေန Wang Quanzhang ကို တ႐ုတ္အာဏာပိုင္ေတြက တနဂၤေႏြေန႔မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။

ဒါေပမယ့္ လတ္တေလာ ရင္ဆိုင္ေနရတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ အာဏာပိုင္ေတြက မိသားစုနဲ႔ သူ႔ကို ေတြ႔ခြင့္မေပးဘဲ တ႐ုတ္ႏုိင္ငံအေရွ႕ပိုင္း ရွန္ဒုန္းျပည္နယ္က သူ႔ဇာတိျဖစ္တဲ့ Jinan ၿမိဳ႕မွာ ၁၄ ရက္ၾကာ သီးသန္႔ခဲြေနဖို႔ ေခၚသြားတယ္လို႔ ဇနီးျဖစ္သူ Li Wenzu က ေျပာပါတယ္။

လက္ရွိျဖစ္ေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ သူ႔အေနနဲ႔ အခ်ိန္တခုအထိ သီးသန္႔ခဲြၿပီး ေနရမွာျဖစ္တဲ့အတြက္ ေဘဂ်င္းမွာေတြ႔ႏုိင္မွာ မဟုတ္ေၾကာင္း Wang က သူ႔ဇနီးကို စေနေန႔က ေထာင္ထဲကေန ဖုန္းဆက္ၿပီး ေျပာခဲ့ေပမယ့္ အခ်ိန္တခု ေစာင့္ၿပီးရင္ေတာ့ ျပန္ေတြ႔ရမွာျဖစ္ေၾကာင္း ေျပာတာကုိ သူ႔ဇနီးက တြစ္တာမွာ ေရးပါတယ္။

တ႐ုတ္ႏုိင္ငံမွာ မတရားအသင္းအျဖစ္ ေၾကညာထားတဲ့ Falun Gong အဖဲြ႔၀င္ေတြနဲ႔ ႏုိင္ငံေရး တက္ႂကြလႈပ္ရွားသူေတြအတြက္ ေရွ႕ေနလိုက္ေပးခဲ့တဲ့ Wang Quanzhang ကို အာဏာပိုင္ေတြက ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ အခ်ိန္ၾကာ ဆက္ၿပီး ထိန္းခ်ဳပ္ထားလိုက္မွာကို သူ႔ဇနီးနဲ႔ လူ႔အခြင့္အေရးအဖဲြ႔ေတြက စိုးရိမ္ေနၿပီး အာဏာပုိင္ေတြရဲ႕ အခုလုပ္ရပ္အေပၚ အလြန္ပဲ ေဒါသထြက္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္း တ႐ုတ္အာဏာပိုင္ေတြဟာ တျခားအတုိက္အခံေတြနဲ႔ ေရွ႕ေနေတြကို ဒီလိုမ်ိဳး အခ်ိန္အေတာ္ၾကာ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထားေလ့ရွိတာေၾကာင့္ စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရဟာ ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္းမွာလည္း အစိုးရကို ေ၀ဖန္သူေတြရဲ႕ လႈပ္ရွားမႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ မျဖစ္မေန အခုလို သီးျခားခဲြထားရမယ္လို႔ အေၾကာင္းျပေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

တရုတ် လူ့အခွင့်အရေးရှေ့နေ Wang ကို ပြန်လွှတ်ပေမယ့် မိသားစုနဲ့ တွေ့ခွင့်မရသေး

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၄ နှစ်ခွဲ ချခံခဲ့ရတဲ့ တရုတ်နိုင်ငံက ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ Wang Quanzhang ကို တရုတ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒါပေမယ့် လတ်တလော ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အာဏာပိုင်တွေက မိသားစုနဲ့ သူ့ကို တွေ့ခွင့်မပေးဘဲ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုန်းပြည်နယ်က သူ့ဇာတိဖြစ်တဲ့ Jinan မြို့မှာ ၁၄ ရက်ကြာ သီးသန့်ခွဲနေဖို့ ခေါ်သွားတယ်လို့ ဇနီးဖြစ်သူ Li Wenzu က ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် သူ့အနေနဲ့ အချိန်တခုအထိ သီးသန့်ခွဲပြီး နေရမှာဖြစ်တဲ့အတွက် ဘေဂျင်းမှာတွေ့နိုင်မှာ မဟုတ်ကြောင်း Wang က သူ့ဇနီးကို စနေနေ့က ထောင်ထဲကနေ ဖုန်းဆက်ပြီး ပြောခဲ့ပေမယ့် အချိန်တခု စောင့်ပြီးရင်တော့ ပြန်တွေ့ရမှာဖြစ်ကြောင်း ပြောတာကို သူ့ဇနီးက တွစ်တာမှာ ရေးပါတယ်။

တရုတ်နိုင်ငံမှာ မတရားအသင်းအဖြစ် ကြေညာထားတဲ့ Falun Gong အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအတွက် ရှေ့နေလိုက်ပေးခဲ့တဲ့ Wang Quanzhang ကို အာဏာပိုင်တွေက နေအိမ်အကျယ်ချုပ်နဲ့ အချိန်ကြာ ဆက်ပြီး ထိန်းချုပ်ထားလိုက်မှာကို သူ့ဇနီးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေပြီး အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်အပေါ် အလွန်ပဲ ဒေါသထွက်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း တရုတ်အာဏာပိုင်တွေဟာ တခြားအတိုက်အခံတွေနဲ့ ရှေ့နေတွေကို ဒီလိုမျိုး အချိန်အတော်ကြာ နေအိမ်အကျယ်ချုပ်နဲ့ ထားလေ့ရှိတာကြောင့် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာလည်း အစိုးရကို ဝေဖန်သူတွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်တဲ့အနေနဲ့ မဖြစ်မနေ အခုလို သီးခြားခွဲထားရမယ်လို့ အကြောင်းပြလေ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG