သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ မှန်းခြေမကိုက်တဲ့ တရုတ်နဲ့ကုန်သွယ်မှု သဘောတူညီချက်


Italy's Foreign Minister Antonio Tajani (AFP)
Italy's Foreign Minister Antonio Tajani (AFP)

တရုတ်ရဲ့ ကမ္ဘာပတ် ကုန်သွယ်ရေးလမ်းကြောင်းအစီအစဉ်ဖြစ်တဲ့ Belt and Road အစီအစဉ်မှာ အီတလီရဲ့ ပါဝင်ရင်းနှီးမြှုပ်နှံမှုဟာ အငြင်းပွားဖွယ်ဖြစ်နေပြီး အီတလီမျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ တရုတ်ပြည်ကို မကြာမီသွားရောက်မယ့် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ကစနေနေ့မှာပြောဆိုခဲ့ပါတယ်။

အီတလီ မှန်းခြေမကိုက်တဲ့ တရုတ်နဲ့ကုန်သွယ်မှု သဘောတူညီချက်

တရုတ်ရဲ့ ကမ္ဘာပတ် ကုန်သွယ်ရေးလမ်းကြောင်းအစီအစဉ်ဖြစ်တဲ့ Belt and Road အစီအစဉ်မှာ အီတလီရဲ့ ပါဝင်ရင်းနှီးမြှုပ်နှံမှုဟာ အငြင်းပွားဖွယ်ဖြစ်နေပြီး အီတလီမျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ တရုတ်ပြည်ကို မကြာမီသွားရောက်မယ့် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ကစနေနေ့မှာပြောဆိုခဲ့ပါတယ်။

အီတလီဟာ တရုတ်ရဲ့ ကမ္ဘာပတ် ကုန်သွယ်ရေးလမ်းကြောင်းအစီစဉ်ကို လက်ခံပါဝင်ထားတဲ့ တခုတည်းသော G7 စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ လက်ခံ ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ အခုအခါ ဒီစီစဉ်ကနေ ပြန်လည်နှုတ်ထွက်တော့မယ်လို့ မျှော်လင့်ရပါတယ်။

“ တရုတ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံလုပ်ဆောင်လိုပါတယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ တင်ပို့ကုန်တွေနဲ့ပတ်သက်လို့လည်း ပြန်လည် သုံးသပ်ရပါမယ်။ တရုတ်ပြည်ရဲ့ Belt and Road ကမ္ဘာပတ်လမ်းကြောင်းအစီစဉ်ဟာ ကျနော်တို့ မျှော်လင့်ထားတဲ့ ရလဒ်မျိုး ထွက်ပေါ်မလာပါဘူး” လို့ အီတလီနိုင်ငံခြားရေးဝန်ကြီးက စီးပွားရေးညီလာခံတခုမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က အီတလီကနေ တရုတ်ကို တင်ပို့တဲ့ ကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာတော့ ပြင်သစ် တင်ပို့ကုန် ၂၃ ဘီလီယံရှိပြီး၊ ဂျာမဏီက ဒေါ်လာ ၁၁၅ ဘီလီယံကျော်ဖိုး ရှိပါတယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်ပြည်ကို တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့အထိ သွားရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ အီတလီဝန်ကြီးချုပ် Giorgia Meloni အောက်တိုဘာလ တရုတ်ပြည် ခရီးစဉ်မတိုင်မီ အကြိုညှိနိုင်းဖို့ ဖြစ်ပါတယ်။

အီတလီဟာ တရုတ်ကမ္ဘာပတ်လမ်းကြောင်းအစီစဉ်ကနေ နှုတ်ထွက်ဖို့ တရုတ်အာဏာပိုင်တွေနဲ့ မူအရသဘောတူ ထားပြီးလောက်ပြီလို့ အီတလီဘဏ္ဍာရေးဝန်ကြီးဌာန စီးပွားရေးအရာရှိဟောင်း Lorenzo Codogno ကပြောပါတယ်။ အောက်တိုဘာလ ဝန်ကြီးချုပ် Meloni သွားရောက်တဲ့အခါ တရားဝင်ကြေငြာနိုင်မယ်လို့လည်း ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG