ကမ ၻာတဝန္းက ဖြံ႕ၿဖိဳးေရး စီမံကိန္းေတြမွာ တ႐ုတ္က ေငြေၾကးမတည္ေနတာဟာ ဆယ္စုႏွစ္ ၂ ခု ရွိခဲ့ပါၿပီ။ ကုန္းလမ္းနဲ႔ ေရလမ္း ႏွစ္သြယ္ ပဏာမ အစီအစဥ္ အျဖစ္ စီးပြားေရးဆိုင္ရာ ခါးပတ္လမ္း ပိုးလမ္းမ စီမံကိန္းနဲ႔ ၂၁ ရာစု ေရေၾကာင္းဆိုင္ရာ ပိုးလမ္းမ စီမံကိန္းလို႔ နာမည္ေပးထားတဲ့ စီမံကိန္း ႏွစ္ခုကို တ႐ုတ္ သမၼတ Xi Jinping က အဆိုျပဳလိုက္တဲ့ ၂၀၁၃ ခုႏွစ္မွာ ေငြေၾကး သုံးစြဲမႈ တိုးလာခဲ့ပါတယ္။ BRI – Belt and Road Initiative - ခါးပတ္တကြင္း လမ္းတစင္း စီမံကိန္းလို႔ ေခၚၾကတဲ့ ဒီအယူအဆဟာ ၿပီးခဲ့တဲ့ ၁၀ ႏွစ္တာ အတြင္းမွာ ႀကီးထြားလာေနပါတယ္။ တ႐ုတ္ရဲ႕ ကမာၻလုံး ဆိုင္ရာ မဟာဗ်ဴဟာက က႑သစ္ တရပ္ကို ေရာက္လာပုံ ရၿပီလို႔ ေလ့လာသူေတြက ေျပာၾကပါတယ္။ ဗြီအိုေအ Elizabeth Lee ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ တင္ျပပါမယ္။
BRI စီမံကိန္းကေန တဆင့္ တ႐ုတ္က အီေကြေဒါမွာ ဓာတ္အားေပးစက္႐ုံကေန လာအိုမွာ ျမန္ႏႈန္းျမင့္ ရထားလမ္းေတြ အထိ ကမာၻတလႊားမွာ ေငြေၾကးထည့္ဝင္ၿပီး စီမံကိန္းေတြ လုပ္ေနတာပါ။ ဒါေပမဲ့ BRI စီမံကိန္းရဲ႕ တကယ့္ အႏွစ္သာရကေတာ့
" BRI စီမံကိန္းရဲ႕ အယူအဆကေတာ့ တ႐ုတ္နဲ႔ ကမာၻ႔ေတာင္ပိုင္းၾကား ဆက္ႏြယ္မႈကို တိုးတက္ေအာင္ လုပ္ဖို႔ ျဖစ္ပါတယ္။ BRI ရန္ပုံေငြ အမ်ားစုက သယ္ယူပို႔ေဆာင္ေရး၊ စြမ္းအင္၊ သတၱဳတူးေဖာ္ေရးနဲ႔ အလားတူ ခိုင္မာတဲ့ အေျခခံ အေဆာက္အအုံေတြ အတြက္ သုံးပါတယ္။ ဒါေပမဲ့ အခုအခါမွာေတာ့ ဧရာမ BRI စီမံကိန္းႀကီးထဲမွာ တ႐ုတ္က သူတို႔ရဲ႕ ယဥ္ေက်းမႈ ဆိုင္ရာ ပညာေရးဆိုင္ရာ ပညာသင္ဆုေတြ အမ်ားအျပားလည္း ထည့္သြင္းလာပါတယ္။ "
Ammar Malik က AidData ရဲ႕ အႀကီးတန္း သုေတသန ပညာရွင္ ျဖစ္ပါတယ္။ William & Mary တကၠသိုလ္ရဲ႕ သုေတသန ဌာန AidData က ကမာၻတလႊားက တ႐ုတ္ရဲ႕ ဖြံ႕ၿဖိဳးေရးဆိုင္ရာ ရန္ပုံေငြ အခ်က္အလက္ေတြကို စုေဆာင္းေနတာပါ။ ၿပီးခဲ့တဲ့ ႏွစ္ ၂၀ အတြင္း တ႐ုတ္ဟာ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံ အမ်ားအျပား အတြက္ မျဖစ္မေန ေငြေခ်းရတဲ့ ႏိုင္ငံျဖစ္လာေၾကာင္း အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။ ေဘာ့စတြန္ တကၠသိုလ္က တ႐ုတ္ ႏိုင္ငံေရးဆိုင္ရာ စီးပြားေရး ကြၽမ္းက်င္သူ Min Ye ကေတာ့ ကမာၻတဝန္း စီးပြားေရး မတည္မၿငိမ္ျဖစ္ခဲ့တဲ့ ကာလမွာ BRI စီမံကိန္း အေျခတည္ခဲ့တာလို႔ ေျပာပါတယ္။
"ေနာက္ခံ အေၾကာင္းအရာကေတာ့ ၂၀၀၈ ခုႏွစ္ ကမာၻတဝန္း ဘ႑ာေရး အၾကပ္အတည္းနဲ႔ ကမာၻ႔ေဈးကြက္ က်ဳံ႕သြားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီကုမၸဏီေတြ၊ လမ္းေတြ၊ တံတားေတြ၊ ဘိလပ္ေျမ ထုတ္စက္႐ုံေတြ၊ သံမဏိ၊ ကိရိယာေတြနဲ႔ လွ်ပ္စစ္ပစၥည္းေတြ အားလုံးမွာ တ႐ုတ္က အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့တာပါ။ အဆုံးစြန္ လိုအပ္ခ်က္ ရွိခဲ့ၿပီး စက္႐ုံ အမ်ားအျပားက အလြန္အကြၽံ စၿပီး ထုတ္လုပ္လာၾကပါတယ္။ ၂၀၁၁ - ၂၀၁၂ ခုႏွစ္မွာေတာ့ တ႐ုတ္ရဲ႕ ပိုလွ်ံထုတ္လုပ္ႏိုင္စြမ္းက က႑အလိုက္ ၃၀ ရာခိုင္ႏႈန္းကေန ၈၀ ရာခိုင္ႏႈန္းေလာက္ထိ ရွိခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္ အတြင္းမွာ Xi Jinping က အာဏာရလာခ်ိန္မွာ တ႐ုတ္ဟာ ပိုလွ်ံထုတ္လုပ္မႈ ျပႆနာ အႀကီးအက်ယ္ ျဖစ္ေနခဲ့တာပါ။ "
အဲဒီေနာက္ ၂၀၁၃ ခုႏွစ္ ႏိုဝင္ဘာလမွာေတာ့ သမၼတ Xi က အခု BRI လို႔ သိၾကတဲ့ အစီအစဥ္ကို စတင္လိုက္တာပါ။ ခါးပတ္လမ္း ကိုစၿပီး ေၾကညာခ်ိန္မွာေတာ့ စီးပြားေရး ကုန္ထုတ္လုပ္ေရးက႑ေတြကေန ျပည္ပမွာ ရင္းႏွီးျမႇဳပ္ႏွံေရး၊ ပို႔ကုန္တင္ပို႔ေရး အခြင့္အလမ္းေတြကို အမိအရ ဆုပ္ကိုင္ႏိုင္ဖို႔ လုပ္ခဲ့ၾကတာဟာ စိတ္ဝင္စားစရာ ျဖစ္ခဲ့တယ္လို႔ ကြၽမ္းက်င္သူ Min Ye က ေျပာသြားတာပါ။
တ႐ုတ္ ဖြံ႕ၿဖိဳးမႈ ဘ႑ာေရးဆိုင္ရာ ကြၽမ္းက်င္သူ Ammar Malik ကေတာ့ ခါးပတ္တကြင္း လမ္းတစင္းဟာ လုပ္ငန္းႀကီး တခုတည္း မဟုတ္သလို တ႐ုတ္အစိုးရ ရန္ပုံေငြနဲ႔လည္း မသက္ဆိုင္ဘူးလို႔ ေျပာပါတယ္။
" ဒါက အယူအဆ တရပ္ ျဖစ္ပါတယ္။ ကမာၻတလႊား ႏိုင္ငံေတြရဲ႕ က႑ အမ်ားအျပားမွာ စီမံကိန္းေတြ လုပ္ေနၾကတဲ့ လုပ္ငန္းႀကီးေတြကို ေပါင္းစည္းထားမႈ ျဖစ္ပါတယ္။ "
တ႐ုတ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြနဲ႔ တျခားေသာ အဖြဲ႕အစည္းေတြကို ကမာၻတဝန္း ျဖန႔္က်က္ႏိုင္ေရး ျမႇင့္တင္ ေဆာင္႐ြက္ေပးႏိုင္ေရးနဲ႔ တ႐ုတ္ရဲ႕ ကမာၻလုံးဆိုင္ရာ မဟာဗ်ဴဟာ အျဖစ္ တ႐ုတ္ ႏိုင္ငံေရးဆိုင္ရာ စီးပြားေရး ကြၽမ္းက်င္သူ Min Ye က ေျပာပါတယ္။
" အထူးသျဖင့္ ဖြံ႕ၿဖိဳးမႈနည္းတဲ့ ႏိုင္ငံေတြမွာ ကုန္စည္ေတြ အတြက္ ၊ ေနာက္ တ႐ုတ္နဲ႔ ခ်ိတ္ဆက္ေရး အတြက္ အေျခခံ အေဆာက္အအုံေတြ အမွန္တကယ္ လိုအပ္ပါတယ္။ ဒါေၾကာင့္ တ႐ုတ္ရဲ႕ ေရွ႕ေျပးေဆာင္႐ြက္ခ်က္ ဆိုတာထက္ ကမာၻလုံးဆိုင္ရာ ေရွ႕ေျပးေဆာင္႐ြက္ခ်က္ သေဘာ ပိုၿပီး သက္ေရာက္ပါတယ္။ "
ခါးပတ္တကြင္း လမ္းတစင္း စီမံကိန္းေတြေၾကာင့္ အိမ္ရွင္ ႏိုင္ငံ အမ်ားအျပား အတြက္ အက်ိဳးရွိေစပါတယ္။ ၂၀၁၆ တုန္းက အီေကြေဒါ သမၼတ Rafael Correa က တ႐ုတ္ေဆာက္ ဓာတ္အားေပး စက္႐ုံ ၿပီးေျမာက္မႈကို ေအာင္ပြဲခံခဲ့ပါတယ္။
" ဒီႏိုင္ငံမွာ အႀကီးဆုံး အေျခခံ အေဆာက္အအုံ ျဖစ္တဲ့ ေရအားလွ်ပ္စစ္စက္႐ုံ Coca Codo Sinclair ကို ဖြင့္လွစ္ႏိုင္ခဲ့ပါၿပီ။ ၁၅၀၀ မဂၢါဝပ္ ထုတ္တဲ့ ဒီစက္႐ုံ တခုတည္းကေန အီေကြေဒါက အိမ္အားလုံးကို မီးေပးႏိုင္ပါတယ္။"
အင္ဒိုနီးရွားမွာလည္း တ႐ုတ္ရဲ႕ ျမန္ႏႈန္းျမင့္ ရထား စီမံကိန္း တခု ရွိပါတယ္။ အင္ဒိုနီးရွား ျပည္သူ Achmad Rasyad ကေတာ့
" ပုံမွန္ေတာ့ ၄ နာရီေလာက္ၾကာေပမဲ့ ျမန္ႏႈန္းျမင့္ ရထားနဲ႔ဆိုရင္ ၁ နာရီ - ၂ နာရီေလာက္ အခ်ိန္ေလွ်ာ့ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ "
ဒါေပမဲ့ တ႐ုတ္ရဲ႕ ခါးပတ္လမ္း စီမံကိန္းေတြမွာ မေကာင္းတဲ့ အခ်က္ေတြလည္း ရွိပါတယ္။ အီေကြေဒါမွာ ဆိုရင္ ေရအားလွ်ပ္စစ္ ဓာတ္အားေပး စက္႐ုံကို သီးျခားဌာန တခုနဲ႔ စစ္ေဆးထားတာေၾကာင့္ ေဘးကင္းတယ္လို႔ တ႐ုတ္က ေျပာထားေပမဲ့လည္း စက္႐ုံမွာ ေထာင္ခ်ီတဲ့ အက္ကြဲရာေတြ ေပၚေနတာေၾကာင့္ အင္ဂ်င္နီယာေတြ စိုးရိမ္ေနၾကပါတယ္။
အင္ဒိုနီးရွားရဲ႕ ျမန္ႏႈန္းျမင့္ ရထားလမ္းဟာ ဆိုရင္လည္း ေဖာက္ခြဲတဲ့ နည္းလမ္းေတြ သုံး တည္ေဆာက္တာေၾကာင့္ လူေနအိမ္ေတြ ပ်က္စီးေစတယ္၊ အမိုးက ၿပိဳက်ေတာ့မယ္ စသျဖင့္ ေဒသခံေတြက ေျပာခဲ့ၾကတာပါ။
အေျခခံ အေဆာက္အအုံ စီမံကိန္းေတြမွာေတာ့ အက်ိဳးရွိသူေတြ ရွိသလို အက်ိဳးမဲ့သူေတြလည္း ရွိၾကမွာ ျဖစ္တယ္လို႔ တ႐ုတ္ ဖြံ႕ၿဖိဳးမႈ ဘ႑ာေရးဆိုင္ရာ ကြၽမ္းက်င္သူ Ammar Malik ကလည္း ေထာက္ျပပါတယ္။ ခါးပတ္လမ္း စီမံကိန္းေတြကို ဆယ္စုႏွစ္ တခုၾကာ အေကာင္အထည္ေဖာ္လာၿပီးခ်ိန္နဲ႔ ကပ္ေဘးေရာဂါကို တိုက္ဖ်က္ေနရခ်ိန္ေနာက္ပိုင္းမွာေတာ့ တ႐ုတ္ အစိုးရဘက္က ျပန္လည္ ခ်ိန္ညႇိလာႏိုင္တယ္လို႔လည္း တ႐ုတ္အေရး ေလ့လာသူေတြက ေျပာပါတယ္။ BRI ပုံစံသစ္လို႔လည္း ကြၽမ္းက်င္သူေတြ သုံးႏႈန္းၾကတဲ့ အေၾကာင္း Ammar Malik က ေျပာပါတယ္။
" ဧရာမ စီမံကိန္းႀကီးေတြ၊ အတိုးႏႈန္းနည္းနည္းနဲ႔ ေငြလြယ္လြယ္ရတဲ့ ေခတ္ ၿပီးဆုံးသြားပုံ ရတာကေတာ့ ေပၚလြင္လာပါတယ္။"
ကပ္ေဘးကာလ ၿပီးခဲ့တဲ့ သုံးႏွစ္တာအတြင္း အမ်ားအျပား ရပ္ဆိုင္းသြားတယ္လို႔လည္း တ႐ုတ္ ျပည္သူ႔ေရးရာ မူဝါဒဆိုင္ရာ ကြၽမ္းက်င္သူ Hong Zhang ကလည္း သုံးသပ္ပါတယ္။
" ရွင္းရွင္းလင္းလင္း တိတိက်က် သတ္မွတ္မထားတဲ့ ကိစၥ တခုကို အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ႏိုင္စြမ္း အေပၚမွာ တ႐ုတ္အစိုးရဘက္က ပိုပိုသာသာ ခန႔္မွန္းထားတာမ်ိဳး ဒါမွမဟုတ္လည္း အခက္အခဲ အမ်ားအျပား ရွိေနတာကို တ႐ုတ္ဘက္က သေဘာေပါက္သြားတာက အေရးအႀကီးဆုံး အေၾကာင္းရင္းလို႔ ယူဆပါတယ္။ "
ခါးပတ္လမ္း စီမံကိန္း ပထမ ၅ ႏွစ္ အတြင္း ေပးထားတဲ့ ေခ်းေငြေတြက အခုအခ်ိန္မွာ ျပန္ဆပ္ရေတာ့မွာေၾကာင့္ တ႐ုတ္ဟာ ကမာၻ႔အႀကီးဆုံး ေႂကြးရွင္ ျဖစ္ေနၿပီလို႔လည္း တ႐ုတ္ရဲ႕ ဖြံ႕ၿဖိဳးမႈ ဘ႑ာေရးဆိုင္ရာ ကြၽမ္းက်င္သူ Ammar Malik က ေျပာပါတယ္။
" စီမံကိန္း အမ်ားအျပားက သူတို႔ ေမွ်ာ္လင့္ထားတဲ့ အတိုင္း စီးပြားေရး အလားအလာ မရွိဘူးဆိုတာကို သူတို႔ နားလည္လာၾကပါၿပီ။ "
တ႐ုတ္ရဲ႕ ႏိုင္ငံေရးဆိုင္ရာ စီးပြားေရး ကြၽမ္းက်င္သူ Min Ye ကေတာ့ တ႐ုတ္ဟာ ပါကစၥတန္က Gwadar ဆိပ္ကမ္းလို အထူးစီးပြားေရး ဇုံႀကီးေတြလိုမ်ိဳး မဟုတ္ေတာ့ေပမဲ့ အေျခခံ အေဆာက္အအုံေတြ ဆက္ၿပီး လုပ္လိမ့္မယ္လို႔ ေျပာပါတယ္။
" ဖြံ႕ၿဖိဳးမႈနည္းတဲ့ ႏိုင္ငံေတြမွာ လွ်ပ္စစ္လိုအပ္ခ်က္ေၾကာင့္ လွ်ပ္စစ္စက္႐ုံေတြ အမ်ားအျပား ဆက္ၿပီး လုပ္ပါလိမ့္မယ္။ ေက်ာက္မီးေသြးသုံးေတာ့ မဟုတ္ႏိုင္ပါဘူး။ "
ခါးပတ္လမ္း စီမံကိန္းေတြနဲ႔ တ႐ုတ္ဟာ ကမာၻတလႊား ေျခကုပ္ရယူမႈကို တိုးခ်ဲ႕လာေနတယ္၊ တ႐ုတ္အစိုးရရဲ႕ ကမာၻတလႊား ၾသဇာလႊမ္းမိုးမႈက ေျပာင္းလဲလာတယ္လို႔ အေမရိကန္နဲ႔ မဟာမိတ္ေတြက ရႈျမင္ၾကပါတယ္။ တ႐ုတ္ဟာ ကမာၻမွာ ေဈးသက္သာတဲ့ ပို႔ကုန္ေတြ ထုတ္လုပ္ရာ မဟုတ္ေတာ့ဘဲ ၿခိမ္းေျခာက္မႈ တခု ျဖစ္လာၿပီလို႔ တခ်ိဳ႕ တာဝန္ရွိသူေတြက သတိေပးပါတယ္။
တ႐ုတ္ဟာ ဥေရာပကို ေရာက္လာၿပီး မဟာဗ်ဴဟာေျမာက္ အေရးပါတဲ့ အေျခခံ အေဆာက္အုံကို ဝယ္ယူလာတာကို ဥေရာပက ႐ုတ္တရက္ သေဘာေပါက္သြားၿပီး တ႐ုတ္ အေပၚ အျမင္လည္း ေျပာင္းသြားခဲ့တယ္လို႔ ဥေရာပနဲ႔ အေရွ႕ ဥေရာပ ဆက္ဆံေရးဆိုင္ရာ အေမရိကန္ လက္ေထာက္ ႏိုင္ငံျခားေရး ဝန္ႀကီး Karen Donfried က ေျပာဆိုခဲ့တာပါ။ တ႐ုတ္ ႏိုင္ငံေရးဆိုင္ရာ စီးပြားေရး ကြၽမ္းက်င္သူ Min Ye ကေတာ့ အတိတ္တုန္းက အေမရိကန္ ဒါမွမဟုတ္လည္း ၿဗိတိန္လိုမ်ိဳး ကမာၻမွာ ၾသဇာလႊမ္းမိုးသူမ်ိဳး တ႐ုတ္ ျဖစ္လာဖို႔ အေထာက္အကူ ျဖစ္မယ္လို႔ မယူဆပါဘူး။
"တ႐ုတ္ရဲ႕ စီးပြားေရး အမ်ားစုက ႏိုင္ငံတြင္းမွာဘဲ ရွိေနဆဲ ျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။ BRI မွာ တ႐ုတ္က ဘယ္ေလာက္ ထည့္ဝင္မလဲ ဆိုတာကလည္း တ႐ုတ္ အတြက္ ဘယ္ေလာက္ အလုပ္ျဖစ္မလဲ၊ အေထာက္အကူ ျဖစ္မလဲ ဆိုတဲ့ အေပၚမွာ မူတည္ ဆုံးျဖတ္တာပါ။ "
တ႐ုတ္ ဖြံ႕ၿဖိဳးမႈ ဘ႑ာေရးဆိုင္ရာ ကြၽမ္းက်င္သူ Ammar Malik ကေတာ့ တ႐ုတ္ဟာ ကမာၻတလႊား ၾသဇာလႊမ္းမိုးမႈ ခ်ဲ႕ထြင္ဖို႔ စိတ္အားထက္သန္ေနတယ္လို႔ ေျပာပါတယ္။
" ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြက ၾသဇာ အာဏာ ရွိသူေတြနဲ႔ ေရရွည္ ဆက္ဆံေရးကို သူတို႔က တည္ေဆာက္လိုေနပါတယ္။ အရင္ကနဲ႔ မတူဘဲ သူတို႔ တကၠသိုလ္ေတြကို ႏိုင္ငံျခား ေက်ာင္းသားေတြ လက္ခံလာပါတယ္။ တ႐ုတ္ အေပၚ လူထု သေဘာထား ယိမ္းလာေအာင္ သိမ္းသြင္းစည္း႐ုံးေရးနဲ႔ ယဥ္ေက်းမႈ ဖလွယ္တာေတြလည္း ပိုၿပီး လုပ္လာပါတယ္။"
တ႐ုတ္ကို ကမာၻ႔အင္အားအႀကီးဆုံး ႏိုင္ငံ တခု ျဖစ္လာမယ့္ ေခတ္သစ္ တခုကို ဦးတည္ၿပီး တ႐ုတ္ အစိုးရက လမ္းဖြင့္ေနပါတယ္။
(Unicode)
တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်း အတိတ်၊ လက်ရှိနဲ့ အနာဂတ်
ကမ ္ဘာတဝန်းက ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ တရုတ်က ငွေကြေးမတည်နေတာဟာ ဆယ်စုနှစ် ၂ ခု ရှိခဲ့ပါပြီ။ ကုန်းလမ်းနဲ့ ရေလမ်း နှစ်သွယ် ပဏာမ အစီအစဉ် အဖြစ် စီးပွားရေးဆိုင်ရာ ခါးပတ်လမ်း ပိုးလမ်းမ စီမံကိန်းနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်းလို့ နာမည်ပေးထားတဲ့ စီမံကိန်း နှစ်ခုကို တရုတ် သမ္မတ Xi Jinping က အဆိုပြုလိုက်တဲ့ ၂၀၁၃ ခုနှစ်မှာ ငွေကြေး သုံးစွဲမှု တိုးလာခဲ့ပါတယ်။ BRI – Belt and Road Initiative - ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းလို့ ခေါ်ကြတဲ့ ဒီအယူအဆဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာ အတွင်းမှာ ကြီးထွားလာနေပါတယ်။ တရုတ်ရဲ့ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာက ကဏ္ဍသစ် တရပ်ကို ရောက်လာပုံ ရပြီလို့ လေ့လာသူတွေက ပြောကြပါတယ်။ ဗွီအိုအေ Elizabeth Lee ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြပါမယ်။
BRI စီမံကိန်းကနေ တဆင့် တရုတ်က အီကွေဒေါမှာ ဓာတ်အားပေးစက်ရုံကနေ လာအိုမှာ မြန်နှုန်းမြင့် ရထားလမ်းတွေ အထိ ကမ္ဘာတလွှားမှာ ငွေကြေးထည့်ဝင်ပြီး စီမံကိန်းတွေ လုပ်နေတာပါ။ ဒါပေမဲ့ BRI စီမံကိန်းရဲ့ တကယ့် အနှစ်သာရကတော့
" BRI စီမံကိန်းရဲ့ အယူအဆကတော့ တရုတ်နဲ့ ကမ္ဘာ့တောင်ပိုင်းကြား ဆက်နွယ်မှုကို တိုးတက်အောင် လုပ်ဖို့ ဖြစ်ပါတယ်။ BRI ရန်ပုံငွေ အများစုက သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သတ္တုတူးဖော်ရေးနဲ့ အလားတူ ခိုင်မာတဲ့ အခြေခံ အဆောက်အအုံတွေ အတွက် သုံးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဧရာမ BRI စီမံကိန်းကြီးထဲမှာ တရုတ်က သူတို့ရဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပညာရေးဆိုင်ရာ ပညာသင်ဆုတွေ အများအပြားလည်း ထည့်သွင်းလာပါတယ်။ "
Ammar Malik က AidData ရဲ့ အကြီးတန်း သုတေသန ပညာရှင် ဖြစ်ပါတယ်။ William & Mary တက္ကသိုလ်ရဲ့ သုတေသန ဌာန AidData က ကမ္ဘာတလွှားက တရုတ်ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ အချက်အလက်တွေကို စုဆောင်းနေတာပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ အများအပြား အတွက် မဖြစ်မနေ ငွေချေးရတဲ့ နိုင်ငံဖြစ်လာကြောင်း အချက်အလက်တွေက ဖော်ပြပါတယ်။ ဘော့စတွန် တက္ကသိုလ်က တရုတ် နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye ကတော့ ကမ္ဘာတဝန်း စီးပွားရေး မတည်မငြိမ်ဖြစ်ခဲ့တဲ့ ကာလမှာ BRI စီမံကိန်း အခြေတည်ခဲ့တာလို့ ပြောပါတယ်။
"နောက်ခံ အကြောင်းအရာကတော့ ၂၀၀၈ ခုနှစ် ကမ္ဘာတဝန်း ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကမ္ဘာ့ဈေးကွက် ကျုံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကုမ္ပဏီတွေ၊ လမ်းတွေ၊ တံတားတွေ၊ ဘိလပ်မြေ ထုတ်စက်ရုံတွေ၊ သံမဏိ၊ ကိရိယာတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးမှာ တရုတ်က အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့တာပါ။ အဆုံးစွန် လိုအပ်ချက် ရှိခဲ့ပြီး စက်ရုံ အများအပြားက အလွန်အကျွံ စပြီး ထုတ်လုပ်လာကြပါတယ်။ ၂၀၁၁ - ၂၀၁၂ ခုနှစ်မှာတော့ တရုတ်ရဲ့ ပိုလျှံထုတ်လုပ်နိုင်စွမ်းက ကဏ္ဍအလိုက် ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်ထိ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာ Xi Jinping က အာဏာရလာချိန်မှာ တရုတ်ဟာ ပိုလျှံထုတ်လုပ်မှု ပြဿနာ အကြီးအကျယ် ဖြစ်နေခဲ့တာပါ။ "
အဲဒီနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာတော့ သမ္မတ Xi က အခု BRI လို့ သိကြတဲ့ အစီအစဉ်ကို စတင်လိုက်တာပါ။ ခါးပတ်လမ်း ကိုစပြီး ကြေညာချိန်မှာတော့ စီးပွားရေး ကုန်ထုတ်လုပ်ရေးကဏ္ဍတွေကနေ ပြည်ပမှာ ရင်းနှီးမြှုပ်နှံရေး၊ ပို့ကုန်တင်ပို့ရေး အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ လုပ်ခဲ့ကြတာဟာ စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်လို့ ကျွမ်းကျင်သူ Min Ye က ပြောသွားတာပါ။
တရုတ် ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik ကတော့ ခါးပတ်တကွင်း လမ်းတစင်းဟာ လုပ်ငန်းကြီး တခုတည်း မဟုတ်သလို တရုတ်အစိုးရ ရန်ပုံငွေနဲ့လည်း မသက်ဆိုင်ဘူးလို့ ပြောပါတယ်။
" ဒါက အယူအဆ တရပ် ဖြစ်ပါတယ်။ ကမ္ဘာတလွှား နိုင်ငံတွေရဲ့ ကဏ္ဍ အများအပြားမှာ စီမံကိန်းတွေ လုပ်နေကြတဲ့ လုပ်ငန်းကြီးတွေကို ပေါင်းစည်းထားမှု ဖြစ်ပါတယ်။ "
တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တခြားသော အဖွဲ့အစည်းတွေကို ကမ္ဘာတဝန်း ဖြန့်ကျက်နိုင်ရေး မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးနဲ့ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အဖြစ် တရုတ် နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye က ပြောပါတယ်။
" အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာ ကုန်စည်တွေ အတွက် ၊ နောက် တရုတ်နဲ့ ချိတ်ဆက်ရေး အတွက် အခြေခံ အဆောက်အအုံတွေ အမှန်တကယ် လိုအပ်ပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ရှေ့ပြေးဆောင်ရွက်ချက် ဆိုတာထက် ကမ္ဘာလုံးဆိုင်ရာ ရှေ့ပြေးဆောင်ရွက်ချက် သဘော ပိုပြီး သက်ရောက်ပါတယ်။ "
ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းတွေကြောင့် အိမ်ရှင် နိုင်ငံ အများအပြား အတွက် အကျိုးရှိစေပါတယ်။ ၂၀၁၆ တုန်းက အီကွေဒေါ သမ္မတ Rafael Correa က တရုတ်ဆောက် ဓာတ်အားပေး စက်ရုံ ပြီးမြောက်မှုကို အောင်ပွဲခံခဲ့ပါတယ်။
" ဒီနိုင်ငံမှာ အကြီးဆုံး အခြေခံ အဆောက်အအုံ ဖြစ်တဲ့ ရေအားလျှပ်စစ်စက်ရုံ Coca Codo Sinclair ကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ၁၅၀၀ မဂ္ဂါဝပ် ထုတ်တဲ့ ဒီစက်ရုံ တခုတည်းကနေ အီကွေဒေါက အိမ်အားလုံးကို မီးပေးနိုင်ပါတယ်။"
အင်ဒိုနီးရှားမှာလည်း တရုတ်ရဲ့ မြန်နှုန်းမြင့် ရထား စီမံကိန်း တခု ရှိပါတယ်။ အင်ဒိုနီးရှား ပြည်သူ Achmad Rasyad ကတော့
" ပုံမှန်တော့ ၄ နာရီလောက်ကြာပေမဲ့ မြန်နှုန်းမြင့် ရထားနဲ့ဆိုရင် ၁ နာရီ - ၂ နာရီလောက် အချိန်လျှော့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ "
ဒါပေမဲ့ တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းတွေမှာ မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ အီကွေဒေါမှာ ဆိုရင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကို သီးခြားဌာန တခုနဲ့ စစ်ဆေးထားတာကြောင့် ဘေးကင်းတယ်လို့ တရုတ်က ပြောထားပေမဲ့လည်း စက်ရုံမှာ ထောင်ချီတဲ့ အက်ကွဲရာတွေ ပေါ်နေတာကြောင့် အင်ဂျင်နီယာတွေ စိုးရိမ်နေကြပါတယ်။
အင်ဒိုနီးရှားရဲ့ မြန်နှုန်းမြင့် ရထားလမ်းဟာ ဆိုရင်လည်း ဖောက်ခွဲတဲ့ နည်းလမ်းတွေ သုံး တည်ဆောက်တာကြောင့် လူနေအိမ်တွေ ပျက်စီးစေတယ်၊ အမိုးက ပြိုကျတော့မယ် စသဖြင့် ဒေသခံတွေက ပြောခဲ့ကြတာပါ။
အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာတော့ အကျိုးရှိသူတွေ ရှိသလို အကျိုးမဲ့သူတွေလည်း ရှိကြမှာ ဖြစ်တယ်လို့ တရုတ် ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik ကလည်း ထောက်ပြပါတယ်။ ခါးပတ်လမ်း စီမံကိန်းတွေကို ဆယ်စုနှစ် တခုကြာ အကောင်အထည်ဖော်လာပြီးချိန်နဲ့ ကပ်ဘေးရောဂါကို တိုက်ဖျက်နေရချိန်နောက်ပိုင်းမှာတော့ တရုတ် အစိုးရဘက်က ပြန်လည် ချိန်ညှိလာနိုင်တယ်လို့လည်း တရုတ်အရေး လေ့လာသူတွေက ပြောပါတယ်။ BRI ပုံစံသစ်လို့လည်း ကျွမ်းကျင်သူတွေ သုံးနှုန်းကြတဲ့ အကြောင်း Ammar Malik က ပြောပါတယ်။
" ဧရာမ စီမံကိန်းကြီးတွေ၊ အတိုးနှုန်းနည်းနည်းနဲ့ ငွေလွယ်လွယ်ရတဲ့ ခေတ် ပြီးဆုံးသွားပုံ ရတာကတော့ ပေါ်လွင်လာပါတယ်။"
ကပ်ဘေးကာလ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း အများအပြား ရပ်ဆိုင်းသွားတယ်လို့လည်း တရုတ် ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ Hong Zhang ကလည်း သုံးသပ်ပါတယ်။
" ရှင်းရှင်းလင်းလင်း တိတိကျကျ သတ်မှတ်မထားတဲ့ ကိစ္စ တခုကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်စွမ်း အပေါ်မှာ တရုတ်အစိုးရဘက်က ပိုပိုသာသာ ခန့်မှန်းထားတာမျိုး ဒါမှမဟုတ်လည်း အခက်အခဲ အများအပြား ရှိနေတာကို တရုတ်ဘက်က သဘောပေါက်သွားတာက အရေးအကြီးဆုံး အကြောင်းရင်းလို့ ယူဆပါတယ်။ "
ခါးပတ်လမ်း စီမံကိန်း ပထမ ၅ နှစ် အတွင်း ပေးထားတဲ့ ချေးငွေတွေက အခုအချိန်မှာ ပြန်ဆပ်ရတော့မှာကြောင့် တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ကြွေးရှင် ဖြစ်နေပြီလို့လည်း တရုတ်ရဲ့ ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik က ပြောပါတယ်။
" စီမံကိန်း အများအပြားက သူတို့ မျှော်လင့်ထားတဲ့ အတိုင်း စီးပွားရေး အလားအလာ မရှိဘူးဆိုတာကို သူတို့ နားလည်လာကြပါပြီ။ "
တရုတ်ရဲ့ နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye ကတော့ တရုတ်ဟာ ပါကစ္စတန်က Gwadar ဆိပ်ကမ်းလို အထူးစီးပွားရေး ဇုံကြီးတွေလိုမျိုး မဟုတ်တော့ပေမဲ့ အခြေခံ အဆောက်အအုံတွေ ဆက်ပြီး လုပ်လိမ့်မယ်လို့ ပြောပါတယ်။
" ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာ လျှပ်စစ်လိုအပ်ချက်ကြောင့် လျှပ်စစ်စက်ရုံတွေ အများအပြား ဆက်ပြီး လုပ်ပါလိမ့်မယ်။ ကျောက်မီးသွေးသုံးတော့ မဟုတ်နိုင်ပါဘူး။ "
ခါးပတ်လမ်း စီမံကိန်းတွေနဲ့ တရုတ်ဟာ ကမ္ဘာတလွှား ခြေကုပ်ရယူမှုကို တိုးချဲ့လာနေတယ်၊ တရုတ်အစိုးရရဲ့ ကမ္ဘာတလွှား သြဇာလွှမ်းမိုးမှုက ပြောင်းလဲလာတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုမြင်ကြပါတယ်။ တရုတ်ဟာ ကမ္ဘာမှာ ဈေးသက်သာတဲ့ ပို့ကုန်တွေ ထုတ်လုပ်ရာ မဟုတ်တော့ဘဲ ခြိမ်းခြောက်မှု တခု ဖြစ်လာပြီလို့ တချို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။
တရုတ်ဟာ ဥရောပကို ရောက်လာပြီး မဟာဗျူဟာမြောက် အရေးပါတဲ့ အခြေခံ အဆောက်အုံကို ဝယ်ယူလာတာကို ဥရောပက ရုတ်တရက် သဘောပေါက်သွားပြီး တရုတ် အပေါ် အမြင်လည်း ပြောင်းသွားခဲ့တယ်လို့ ဥရောပနဲ့ အရှေ့ ဥရောပ ဆက်ဆံရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Karen Donfried က ပြောဆိုခဲ့တာပါ။ တရုတ် နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye ကတော့ အတိတ်တုန်းက အမေရိကန် ဒါမှမဟုတ်လည်း ဗြိတိန်လိုမျိုး ကမ္ဘာမှာ သြဇာလွှမ်းမိုးသူမျိုး တရုတ် ဖြစ်လာဖို့ အထောက်အကူ ဖြစ်မယ်လို့ မယူဆပါဘူး။
"တရုတ်ရဲ့ စီးပွားရေး အများစုက နိုင်ငံတွင်းမှာဘဲ ရှိနေဆဲ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ BRI မှာ တရုတ်က ဘယ်လောက် ထည့်ဝင်မလဲ ဆိုတာကလည်း တရုတ် အတွက် ဘယ်လောက် အလုပ်ဖြစ်မလဲ၊ အထောက်အကူ ဖြစ်မလဲ ဆိုတဲ့ အပေါ်မှာ မူတည် ဆုံးဖြတ်တာပါ။ "
တရုတ် ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik ကတော့ တရုတ်ဟာ ကမ္ဘာတလွှား သြဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောပါတယ်။
" ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သြဇာ အာဏာ ရှိသူတွေနဲ့ ရေရှည် ဆက်ဆံရေးကို သူတို့က တည်ဆောက်လိုနေပါတယ်။ အရင်ကနဲ့ မတူဘဲ သူတို့ တက္ကသိုလ်တွေကို နိုင်ငံခြား ကျောင်းသားတွေ လက်ခံလာပါတယ်။ တရုတ် အပေါ် လူထု သဘောထား ယိမ်းလာအောင် သိမ်းသွင်းစည်းရုံးရေးနဲ့ ယဉ်ကျေးမှု ဖလှယ်တာတွေလည်း ပိုပြီး လုပ်လာပါတယ်။"
တရုတ်ကို ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံ တခု ဖြစ်လာမယ့် ခေတ်သစ် တခုကို ဦးတည်ပြီး တရုတ် အစိုးရက လမ်းဖွင့်နေပါတယ်။