သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးျပႆနာေတြၾကား ျမန္မာနဲ႔ ရထားလမ္းသစ္ တ႐ုတ္ဖြင့္လွစ္


"တ႐ုတ္-ျမန္မာလမ္းေၾကာင္းသစ္"လို႔ အမည္ရွိတဲ့ BRI စီမံကိန္း ရထားလမ္းဖြင့္ပဲြ။

[ Zawgyi ]

"တ႐ုတ္- ျမန္မာလမ္းေၾကာင္းသစ္"လို႔ အမည္တပ္ထားတဲ့ ယူနန္ျပည္နယ္၊ လင္ခ်မ္းခ႐ိုင္နဲ႔ ျမန္မာျပည္တြင္း ဆက္သြယ္မယ့္ တ႐ုတ္ဘက္အျခမ္း ရထားလမ္းပိုင္းကို ဗုဒၶဟူးေန႔က ဖြင့္လွစ္လိုက္ပါတယ္။ ဒီလမ္းပိုင္းက တ႐ုတ္ရဲ႕ ရပ္ဝန္းနဲ႔လမ္းေၾကာင္း BRI စီမံကိန္းရဲ႕ တစိတ္တပိုင္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အေျခအေနေတြ ရႈပ္ေထြးေနေပမယ့္ တ႐ုတ္ဘက္က သူတို႔အစီအစဥ္အတိုင္း ဆက္လုပ္ေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ျမန္မာျပည္တြင္းနဲ႔ ခ်ိတ္ဆက္မယ့္ ရထားလမ္းသစ္ဖြင့္ပြဲကို တ႐ုတ္ႏိုင္ငံ လင္ခ်မ္းခ႐ိုင္ (Lincang) အာဏာပိုင္ေတြက ဩဂုတ္လ ၂၅ ရက္ ေန႔လည္ပိုင္းမွာ ျပဳလုပ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းက နယ္စပ္ကုန္သြယ္ေရး ၿမိဳ႕တခုျဖစ္တဲ့ ခ်င္းေ႐ႊေဟာ္ရဲ႕ တဖက္ကမ္းမွာ ဒီရထားလမ္းသစ္ ဖြင့္ပြဲကို က်င္းပခဲ့တာပါ။

တ႐ုတ္သတင္းဌာန တခုက ေဖာ္ျပသြားတဲ့ လင္ခ်မ္းခ႐ိုင္ဘက္က ရထားလမ္းဖြင့္ပြဲ ႐ုပ္သံ သတင္းထဲမွာ ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းကေန တ႐ုတ္ျပည္ကူမင္းၿမိဳ႕အထိ ဆက္သြယ္မယ့္ ရထားလမ္းရဲ႕ အနာဂတ္စီမံကိန္းကို ကြန္ပ်ဴတာ ဂရပ္ဖစ္ဒီဇိုင္းနဲ႔ ပုံေဖာ္ျပသခဲ့ပါတယ္။ သတင္းစာ ရွင္းလင္းပြဲနဲ႔အတူ ရထား စမ္းသပ္ေမာင္းႏွင္တာေတြပါ လုပ္ေဆာင္ခဲ့ပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းမွာ ကြမ္လုံ တံတားစီမံကိန္းလုပ္ဖို႔၊ ခ်င္းေ႐ႊေဟာ္ၿမိဳ႕ကေန လားရႈိးအထိ အျမန္ရထားလမ္းေဖာက္ဖို႔ စီမံကိန္းေတြကို လင္ခ်မ္းအစိုးရက ျမန္မာအစိုးရကို ၂၀၁၈ ထဲမွာ တင္ျပခဲ့တာပါ။ တ႐ုတ္အစိုးရ အေကာင္အထည္ေဖာ္ေနတဲ့ ရပ္ဝန္းနဲ႔လမ္းမ BRI စီမံကိန္းရဲ႕ တစိတ္တေဒသျဖစ္တဲ့တ႐ုတ္-ျမန္မာစီးပြားေရးစၾကၤန္ စီမံကိန္းေတြမွာ ဒါကိုထည့္သြင္းသြားဖို႔ လင္ခ်မ္းခ႐ိုင္ အာဏာပိုင္ေတြရဲ႕ ႀကိဳးပမ္းမႈလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာနဲ႔ကတိျပဳထားတဲ့ စီမံကိန္းေတြအတြက္ အဆင္သင့္ျဖစ္ေနေၾကာင္း ဒီရထားလမ္းဖြင့္ပြဲက ျပသလိုက္တာလို႔ ေလ့လာသူတခ်ဳိ႕က ခန္႔မွန္းပါတယ္။ တ႐ုတ္အစိုးရဟာ ျမန္မာ့ႏိုင္ငံေရး အေျပာင္းအလဲေတြထက္ သူရဲ႕စီမံကိန္းေတြကိုပဲ တစိုက္မတ္မတ္ လုပ္သြားလိမ့္မယ္လို႔ျမင္ေၾကာင္း တ႐ုတ္-ျမန္မာအေရး ေလ့လာသုံးသပ္သူ ေဒါက္တာလွေက်ာ္ေဇာက ဗြီအိုေအကို ေျပာပါတယ္။

“ တ႐ုတ္ကေတာ့ ၾကည့္ရတာသူ စီမံကိန္းေတြေတာ့ ဆက္လုပ္မယ္ထင္တယ္။ တျခားႏိုင္ငံေတြနဲ႔လည္း ဒီလိုပဲဆက္လုပ္တာပဲရွိတယ္။ သူကအစိုးရ အေျပာင္းအလဲေၾကာင့္ ဘာမွသိပ္ၿပီးေတာ့၊ အာဖဂန္နစၥတန္ေတာင္မွ သူက တာလီဘန္ေတြ လာတဲ့အခါမွာ စီးပြားေရးအရ ဆက္လက္ အကူအညီေပးမယ္ေတာင္ ေျပာေသးတာပဲ။ အဲဒီေတာ့ တ႐ုတ္က သူ႔ရဲ႕စဥ္းစားနည္းက ႏိုင္ငံေရးအရ အဲဒီႏိုင္ငံရဲ႕ ျပည္တြင္းအေရးမွာ ဘာမွဝင္မပါဘဲနဲ႔ အဲဒီႏိုင္ငံနဲ႔ သူကစီးပြားေရး လုပ္လက္စလမ္းေတြရွိတယ္၊၊ ဒီလမ္းေတြက အေစာႀကီးကတည္းက ေဖာက္ေနတာပါ။ အဲဒီေတာ့ သူတို႔က သူတို႔လုပ္စရာရွိတာ ဆက္လုပ္မွာပဲ။”

တ႐ုတ္သမၼတ ရွီက်င့္ပင္ရဲ႕ ၂၀၁၉ ျမန္မာႏိုင္ငံခရီးစဥ္အတြင္းမွာ NLD အစိုးရနဲ႔ နားလည္မႈ စာခြၽန္လႊာေတြ၊ လုပ္ငန္းသေဘာတူ စာခ်ဳပ္ေတြ စုစုေပါင္း ၃၃ ခုကို လက္မွတ္ေရးထိုး ခဲ့ပါတယ္။ ဒီအထဲမွာ တ႐ုတ္ႏိုင္ငံက အေကာင္အထည္ေဖာ္ေနတဲ့ ရပ္ဝန္းနဲ႔လမ္းမစီမံကိန္း BRI ကို အေထာက္အပံ့ျဖစ္ေစမယ့္ သေဘာတူ စာခ်ဳပ္ေတြလည္း ပါဝင္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္က အာဏာသိမ္းခဲ့တဲ့ စစ္ေကာင္စီဟာ ဒီစီမံကိန္းေတြကို တ႐ုတ္အစိုးရနဲ႔ဆက္ၿပီး စကားေျပာႏိုင္ေျခရွိတယ္လို႔ ခန႔္မွန္းၾကတာလည္း ရွိပါတယ္။ လင္ခ်မ္းခ႐ိုင္ထဲက ရထားလမ္းဖြင့္ပြဲနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီရဲ႕ စီးပြားကူးသန္းဌာနက တာဝန္ရွိသူကို ဗြီအိုေအက ေမးျမန္းခဲ့တာမွာ အခုေနာက္ပိုင္း ကိစၥရပ္ေတြကို ေျပာျပဖို႔ မလြယ္ကူေၾကာင္း ေျဖဆိုခဲ့ပါတယ္။

စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာ အသိုင္းအဝုိင္းအေနနဲ႔ ဒဏ္ခတ္မႈေတြ၊ မသင့္ေတာ္တဲ့ ဝင္ေရာက္စြက္ဖက္မႈေတြကို ေ႐ွာင္႐ွားၿပီး ႏိုင္ငံေရးျပည္လည္သင့္ျမတ္မႈရ႐ွိေစမယ့္ ျပည္တြင္းေဆြးေႏြးမႈေတြျဖစ္ေအာင္ အားေပးဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ႏိုင္ငံတကာ အသိုင္းအဝို္င္းကို ဇူလိုင္လကပဲ တိုက္တြန္းထားပါတယ္။

လက္႐ွိျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအေျပာင္းအလဲေတြျဖစ္ေနေပမယ့္ အရင္ထဲက သေဘာတူ စာခ်ဳပ္ထားတဲ့ အစီအစဥ္ေတြအတုိင္း လုပ္ေနမွာျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္း(သီေပါ) က ဗြီအိုေအကို ေျပာပါတယ္။

“ ေျပာႏိုင္တာက ဒီေနရာဟာေနာင္မွာ ဗမာျပည္ဘက္ကေန အေျခအေနေကာင္းလာၿပီဆိုရင္ ဗမာျပည္ကိုျဖတ္ၿပီးေတာ့ ေက်ာက္ျဖဴကိုသြားမယ့္ လမ္းေၾကာင္းက ဒီေနရာကစမွာဆိုတဲ့ဟာ သူကသတင္းထဲ တခါတည္းထည့္ထားတဲ့သေဘာ။ ဆိုလိုခ်င္တာက သူ႔ျပည္တြင္းထဲမွာ တျခားႏိုင္ငံက မလုပ္လည္း သူ႔ဟာသူလုပ္ရမွာပဲေလ။ အရင္အစိုးရနဲ႔ ထိုးထားတဲ့စာခ်ဳပ္ေတြအတိုင္း ဆက္လုပ္ေနတဲ့သေဘာ ရွိတာေပါ့ဗ်ာ။ အဲဒီေတာ့ အခုတက္လာတဲ့ စစ္ေကာင္စီကလည္း အဲဒါေတြကို ဖ်က္တယ္လို႔ မေျပာဘူးေလ၊ မေျပာထားတဲ့အခါက်ေတာ့ မပ်က္ျပယ္ဘူးဆိုေတာ့ သူ႔လုပ္စရာရွိတာ ဆက္လုပ္ေနတာေပါ့။ ”

တ႐ုတ္၊ လင္ခ်မ္းခ႐ိုင္ဟာဆိုရင္ ျမန္မာဘက္အျခမ္းက လူမ်ိဳးစု လက္နက္ကိုင္ေတြျဖစ္တဲ့ ဝျပည္ေသြးစည္းညီၫြတ္ေရး တပ္မေတာ္၊ ေလာက္ကိုင္၊ ခ်င္းေ႐ႊေဟာ္၊ ဟိုပုန္း စတဲ့ေဒသေတြနဲ႔ နယ္နိမိတ္ ထိဆက္ေနပါတယ္။ လင္ခ်မ္းခ႐ိုင္နဲ႔ ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕ၾကားမွာ ခ်စ္ၾကည္ေရး ခရီးသြားလုပ္ငန္း အေကာင္အထည္ေဖာ္ဖို႔ကိုလည္း ျမန္မာအစိုးရနဲ႔ ၂၀၁၈ မွာ သေဘာတူ လက္မွတ္ ေရးထိုးခဲ့တာလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္



[ Unicode ]

နိုင်ငံရေးပြဿနာတွေကြား မြန်မာနဲ့ ရထားလမ်းသစ် တရုတ်ဖွင့်လှစ်

"တရုတ်- မြန်မာလမ်းကြောင်းသစ်"လို့ အမည်တပ်ထားတဲ့ ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နဲ့ မြန်မာပြည်တွင်း ဆက်သွယ်မယ့် တရုတ်ဘက်အခြမ်း ရထားလမ်းပိုင်းကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ဒီလမ်းပိုင်းက တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေတွေ ရှုပ်ထွေးနေပေမယ့် တရုတ်ဘက်က သူတို့အစီအစဉ်အတိုင်း ဆက်လုပ်နေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာပြည်တွင်းနဲ့ ချိတ်ဆက်မယ့် ရထားလမ်းသစ်ဖွင့်ပွဲကို တရုတ်နိုင်ငံ လင်ချမ်းခရိုင် (Lincang) အာဏာပိုင်တွေက ဩဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မြို့တခုဖြစ်တဲ့ ချင်းရွှေဟော်ရဲ့ တဖက်ကမ်းမှာ ဒီရထားလမ်းသစ် ဖွင့်ပွဲကို ကျင်းပခဲ့တာပါ။

တရုတ်သတင်းဌာန တခုက ဖော်ပြသွားတဲ့ လင်ချမ်းခရိုင်ဘက်က ရထားလမ်းဖွင့်ပွဲ ရုပ်သံ သတင်းထဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ တရုတ်ပြည်ကူမင်းမြို့အထိ ဆက်သွယ်မယ့် ရထားလမ်းရဲ့ အနာဂတ်စီမံကိန်းကို ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပုံဖော်ပြသခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲနဲ့အတူ ရထား စမ်းသပ်မောင်းနှင်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ကွမ်လုံ တံတားစီမံကိန်းလုပ်ဖို့၊ ချင်းရွှေဟော်မြို့ကနေ လားရှိုးအထိ အမြန်ရထားလမ်းဖောက်ဖို့ စီမံကိန်းတွေကို လင်ချမ်းအစိုးရက မြန်မာအစိုးရကို ၂၀၁၈ ထဲမှာ တင်ပြခဲ့တာပါ။ တရုတ်အစိုးရ အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနဲ့လမ်းမ BRI စီမံကိန်းရဲ့ တစိတ်တဒေသဖြစ်တဲ့တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းတွေမှာ ဒါကိုထည့်သွင်းသွားဖို့ လင်ချမ်းခရိုင် အာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနဲ့ကတိပြုထားတဲ့ စီမံကိန်းတွေအတွက် အဆင်သင့်ဖြစ်နေကြောင်း ဒီရထားလမ်းဖွင့်ပွဲက ပြသလိုက်တာလို့ လေ့လာသူတချို့က ခန့်မှန်းပါတယ်။ တရုတ်အစိုးရဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေထက် သူရဲ့စီမံကိန်းတွေကိုပဲ တစိုက်မတ်မတ် လုပ်သွားလိမ့်မယ်လို့မြင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

“ တရုတ်ကတော့ ကြည့်ရတာသူ စီမံကိန်းတွေတော့ ဆက်လုပ်မယ်ထင်တယ်။ တခြားနိုင်ငံတွေနဲ့လည်း ဒီလိုပဲဆက်လုပ်တာပဲရှိတယ်။ သူကအစိုးရ အပြောင်းအလဲကြောင့် ဘာမှသိပ်ပြီးတော့၊ အာဖဂန်နစ္စတန်တောင်မှ သူက တာလီဘန်တွေ လာတဲ့အခါမှာ စီးပွားရေးအရ ဆက်လက် အကူအညီပေးမယ်တောင် ပြောသေးတာပဲ။ အဲဒီတော့ တရုတ်က သူ့ရဲ့စဉ်းစားနည်းက နိုင်ငံရေးအရ အဲဒီနိုင်ငံရဲ့ ပြည်တွင်းအရေးမှာ ဘာမှဝင်မပါဘဲနဲ့ အဲဒီနိုင်ငံနဲ့ သူကစီးပွားရေး လုပ်လက်စလမ်းတွေရှိတယ်၊၊ ဒီလမ်းတွေက အစောကြီးကတည်းက ဖောက်နေတာပါ။ အဲဒီတော့ သူတို့က သူတို့လုပ်စရာရှိတာ ဆက်လုပ်မှာပဲ။”

တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ ၂၀၁၉ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ NLD အစိုးရနဲ့ နားလည်မှု စာချွန်လွှာတွေ၊ လုပ်ငန်းသဘောတူ စာချုပ်တွေ စုစုပေါင်း ၃၃ ခုကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနဲ့လမ်းမစီမံကိန်း BRI ကို အထောက်အပံ့ဖြစ်စေမယ့် သဘောတူ စာချုပ်တွေလည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ဒီစီမံကိန်းတွေကို တရုတ်အစိုးရနဲ့ဆက်ပြီး စကားပြောနိုင်ခြေရှိတယ်လို့ ခန့်မှန်းကြတာလည်း ရှိပါတယ်။ လင်ချမ်းခရိုင်ထဲက ရထားလမ်းဖွင့်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနက တာဝန်ရှိသူကို ဗွီအိုအေက မေးမြန်းခဲ့တာမှာ အခုနောက်ပိုင်း ကိစ္စရပ်တွေကို ပြောပြဖို့ မလွယ်ကူကြောင်း ဖြေဆိုခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒဏ်ခတ်မှုတွေ၊ မသင့်တော်တဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ရှောင်ရှားပြီး နိုင်ငံရေးပြည်လည်သင့်မြတ်မှုရရှိစေမယ့် ပြည်တွင်းဆွေးနွေးမှုတွေဖြစ်အောင် အားပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဇူလိုင်လကပဲ တိုက်တွန်းထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်နေပေမယ့် အရင်ထဲက သဘောတူ စာချုပ်ထားတဲ့ အစီအစဉ်တွေအတိုင်း လုပ်နေမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) က ဗွီအိုအေကို ပြောပါတယ်။

“ ပြောနိုင်တာက ဒီနေရာဟာနောင်မှာ ဗမာပြည်ဘက်ကနေ အခြေအနေကောင်းလာပြီဆိုရင် ဗမာပြည်ကိုဖြတ်ပြီးတော့ ကျောက်ဖြူကိုသွားမယ့် လမ်းကြောင်းက ဒီနေရာကစမှာဆိုတဲ့ဟာ သူကသတင်းထဲ တခါတည်းထည့်ထားတဲ့သဘော။ ဆိုလိုချင်တာက သူ့ပြည်တွင်းထဲမှာ တခြားနိုင်ငံက မလုပ်လည်း သူ့ဟာသူလုပ်ရမှာပဲလေ။ အရင်အစိုးရနဲ့ ထိုးထားတဲ့စာချုပ်တွေအတိုင်း ဆက်လုပ်နေတဲ့သဘော ရှိတာပေါ့ဗျာ။ အဲဒီတော့ အခုတက်လာတဲ့ စစ်ကောင်စီကလည်း အဲဒါတွေကို ဖျက်တယ်လို့ မပြောဘူးလေ၊ မပြောထားတဲ့အခါကျတော့ မပျက်ပြယ်ဘူးဆိုတော့ သူ့လုပ်စရာရှိတာ ဆက်လုပ်နေတာပေါ့။ ”

တရုတ်၊ လင်ချမ်းခရိုင်ဟာဆိုရင် မြန်မာဘက်အခြမ်းက လူမျိုးစု လက်နက်ကိုင်တွေဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဟိုပုန်း စတဲ့ဒေသတွေနဲ့ နယ်နိမိတ် ထိဆက်နေပါတယ်။ လင်ချမ်းခရိုင်နဲ့ ရှမ်းပြည်နယ် လားရှိုးမြို့ကြားမှာ ချစ်ကြည်ရေး ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ကိုလည်း မြန်မာအစိုးရနဲ့ ၂၀၁၈ မှာ သဘောတူ လက်မှတ် ရေးထိုးခဲ့တာလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG