သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမဝတီက စီမံကိန္းႀကီးေတြနဲ႔ပတ္သက္သူ တ႐ုတ္လုပ္ငန္းရွင္ေပၚ ကန္အေရးယူမႈ ခ်မွတ္


ကရင္ျပည္နယ္အတြင္းက ေရႊကုကၠိဳလ္ၿမိဳ႕သစ္ (မွတ္တမ္းဓာတ္ပံု - RFA)

[Zawgyi/Unicode]

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕က စီမံကိန္းႀကီးေတြမွာ အဓိက ရင္းႏွီးျမွဳပ္ႏွံသူေတြထဲက တစ္ဦးျဖစ္တဲ့ တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္အပါအဝင္ လူ ၃ ေယာက္ကို အဂတိလိုက္စားမႈတုိက္ဖ်က္ေရးဆိုင္ရာ လုပ္ပိုင္ခြင့္အာဏာေတြသုံးၿပီး အေမရိကန္အစိုးရက ဗုဒၶဟူးေန႔မွာ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္လိုက္ပါတယ္။

တ႐ုတ္ႏုိင္ငံက 14 K Triad လို႔ေခၚတဲ့ ရာဇ၀တ္ဂုိဏ္းေခါင္းေဆာင္လည္းျဖစ္၊ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ တ႐ုတ္လူထု ႏုိင္ငံေရးအတိုင္ပင္ခံ ညီလာခံ အဖြဲ႔ဝင္တစ္ဦးလည္းျဖစ္တဲ့ Wan Kuok Koi နဲ႔ တျခားလူႏွစ္ဦးတို႔ကို ဒဏ္ခတ္အေရးယူလိုက္တာပါ။

Wan Kuok Koi နဲ႔အတူ လိုင္ေဘးရီးယားႏုိင္ငံက ထိပ္တန္းႏိုင္ငံေရးသမားတဦးနဲ႔ KHIR-giz တာ၀န္ရွိသူေဟာင္းတဦးတုိ႔ကို ဒဏ္ခတ္အေရးယူတာျဖစ္ၿပီး သူတုိ႔ကို အမည္မည္းစာရင္းထဲ ထည့္သြင္းလိုက္တယ္လို႔ အေမရိကန္ဘ႑ာေရးဌာနက ဗုဒၶဟူးေန႔မွာ ေၾကျငာပါတယ္။

အဲဒီဒဏ္ခတ္ပိတ္ဆုိ႔မႈေတြအရ အေမရိကန္ရဲ႕ တရားစီရင္ပိုင္ခြင့္အာဏာေအာက္မွာ ရွိေနတဲ့ သူတုိ႔ရဲ႕ ပုိင္ဆုိင္မႈေတြနဲ႔ ကုမၸဏီေတြကို အေမရိကန္က ထိန္းခ်ဳပ္သြားမွာျဖစ္ပါတယ္။

Wan Kuok Koi က ဟာ တရားမ၀င္ ရာဇ၀တ္မႈနဲ႔ မကင္းတဲ့လႈပ္ရွားမႈေတြကို ဖုံးကြယ္ဖို႔အတြက္ တ႐ုတ္နုိင္ငံရဲ႕ ခါးပတ္လမ္းစီမံကိန္းေအာက္ကေန သူ႔ရဲ႕ကုမၸဏီေတြကို အသုံးခ်ေနတာျဖစ္တယ္လို႔ စြပ္စဲြခံထားရပါတယ္။

ရာဇ၀တ္မႈနဲ႔ပတ္သက္တဲ့ သူ႔အေပၚ စြပ္စြဲခ်က္ေတြထဲမွာ မူးယစ္ေဆးကုန္ကူးတာ၊ တရားမ၀င္ေလာင္းကစား လုပ္ငန္းေတြ၊ တရားမ၀င္လုပ္ငန္းေတြနဲ႔ လူကုန္ကူးမႈေတြလည္း ပါ၀င္ပါတယ္။

Wan Kuok Koi ဟာ ထိုင္းႏုိင္ငံနဲ႔နယ္စပ္၊ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွာ ေဆာက္လုပ္ေနတဲ့ စက္မႈဇုန္ဆိုတဲ့ စီမံကိန္းတခုနဲ႔ ေလာင္းကစားၿမိဳ႕ စီမံကိန္းတခုတို႔မွာ အဓိကရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးျဖစ္ပါတယ္။

Wan Kuok Kio နဲ႔ မေလးရွား စီးပြားေရးလုပ္ငန္းရွင္တစ္ဦးတို႔ ပူးတြဲတည္ေထာင္ထားတဲ့ မေလးရွားအေျခစိုက္ Dongmei Group ကုမၸဏီက ျမဝတီမွာ တည္ေဆာက္ေနတဲ့ Saixiagang စက္မႈဇုန္စီမံကိန္း၊ Wan Kuok Kio နဲ႔အဆက္အစပ္ရွိတဲ့ Yatai Group ကုမၸဏီက ျမဝတီမွာပဲ တည္ေဆာက္ေနတဲ့ ေရႊကုကၠိဳလ္ဆိုတဲ့ Yatai International City စီမံကိန္းေတြအေၾကာင္း အေမရိကန္အေျခစိုက္ ၿငိမ္းခ်မ္းေရးအင္စတီက်ဴ (USIP) က ၿပီးခဲ့တဲ့ ဇူလိုင္လမွာထုတ္ခဲ့တဲ့ အစီရင္ခံစာတစ္ခုထဲမွာ အေသးစိတ္ေဖာ္ျပထားပါတယ္။

ေရႊကုကၠိဳလ္ၿမိဳ႕သစ္စီမံကိန္းဟာ တ႐ုတ္အစိုးရက အေကာင္အထည္ေဖာ္ေနတဲ့ ခါးပတ္လမ္း (BRI) စီမံကိန္းႀကီးရဲ႕ တစိတ္တပိုင္းျဖစ္တယ္လို႔ Yatai Group ကုမၸဏီကေျပာေပမဲ့ ျမန္မာႏုိင္ငံဆိုင္ရာ တ႐ုတ္သံ႐ံုးက အဲဒါကိုျငင္းဆိုၿပီး တတိယႏုိင္ငံတခုရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈအျဖစ္ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြဝတီက စီမံကိန်းကြီးတွေနဲ့ပတ်သက်သူ တရုတ်လုပ်ငန်းရှင်ပေါ် ကန်အရေးယူမှု ချမှတ်

ကရင်ပြည်နယ်၊ မြဝတီမြို့က စီမံကိန်းကြီးတွေမှာ အဓိက ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ဦးဖြစ်တဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်အပါအဝင် လူ ၃ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာတွေသုံးပြီး အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံက 14 K Triad လို့ခေါ်တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်လည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်လူထု နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ Wan Kuok Koi နဲ့ တခြားလူနှစ်ဦးတို့ကို ဒဏ်ခတ်အရေးယူလိုက်တာပါ။

Wan Kuok Koi နဲ့အတူ လိုင်ဘေးရီးယားနိုင်ငံက ထိပ်တန်းနိုင်ငံရေးသမားတဦးနဲ့ KHIR-giz တာဝန်ရှိသူဟောင်းတဦးတို့ကို ဒဏ်ခတ်အရေးယူတာဖြစ်ပြီး သူတို့ကို အမည်မည်းစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပါတယ်။

အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေအရ အမေရိကန်ရဲ့ တရားစီရင်ပိုင်ခွင့်အာဏာအောက်မှာ ရှိနေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကုမ္ပဏီတွေကို အမေရိကန်က ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

Wan Kuok Koi က ဟာ တရားမဝင် ရာဇဝတ်မှုနဲ့ မကင်းတဲ့လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်းအောက်ကနေ သူ့ရဲ့ကုမ္ပဏီတွေကို အသုံးချနေတာဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။

ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ သူ့အပေါ် စွပ်စွဲချက်တွေထဲမှာ မူးယစ်ဆေးကုန်ကူးတာ၊ တရားမဝင်လောင်းကစား လုပ်ငန်းတွေ၊ တရားမဝင်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေလည်း ပါဝင်ပါတယ်။

Wan Kuok Koi ဟာ ထိုင်းနိုင်ငံနဲ့နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဆောက်လုပ်နေတဲ့ စက်မှုဇုန်ဆိုတဲ့ စီမံကိန်းတခုနဲ့ လောင်းကစားမြို့ စီမံကိန်းတခုတို့မှာ အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပါတယ်။

Wan Kuok Kio နဲ့ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ ပူးတွဲတည်ထောင်ထားတဲ့ မလေးရှားအခြေစိုက် Dongmei Group ကုမ္ပဏီက မြဝတီမှာ တည်ဆောက်နေတဲ့ Saixiagang စက်မှုဇုန်စီမံကိန်း၊ Wan Kuok Kio နဲ့အဆက်အစပ်ရှိတဲ့ Yatai Group ကုမ္ပဏီက မြဝတီမှာပဲ တည်ဆောက်နေတဲ့ ရွှေကုက္ကိုလ်ဆိုတဲ့ Yatai International City စီမံကိန်းတွေအကြောင်း အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးအင်စတီကျူ (USIP) က ပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ခဲ့တဲ့ အစီရင်ခံစာတစ်ခုထဲမှာ အသေးစိတ်ဖော်ပြထားပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဟာ တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ ခါးပတ်လမ်း (BRI) စီမံကိန်းကြီးရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ Yatai Group ကုမ္ပဏီကပြောပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဲဒါကိုငြင်းဆိုပြီး တတိယနိုင်ငံတခုရဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG