သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ကုန်သွယ်ရေးပြပွဲ ယူနန်ပြည်နယ်မှာ ကျင်းပ


တရုတ် မြန်မာ နယ်စပ်။
တရုတ် မြန်မာ နယ်စပ်။

တရုတ် မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်ရေးတိုးမြင့်လာစေဖို့ ရည်ရွယ်ပြီး ၁၆ ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးပြပွဲကို တရုတ်နိုင်ငံ ယူနန်ခရိုင် အရှေ့တောင်ပိုင်းက ဒေသမှာ အင်္ဂါနေ့ကစတင် ဖွင့်လှစ်လိုက်ပါတယ်။

Dehong ဟာ ရွှေလီမြို့ အရှေ့မြောက်ဖက် မိုင် ၃၀၀ နီးပါးအကွာမှာ ရှိပါတယ်။

ဒီနယ်စပ်ကုန်သွယ်ရေး ပြပွဲကို မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ကုမ္ပဏီပေါင်း ၂၈၀ လောက် ပါဝင် ခင်းကျင်းပြသခဲ့တာပါ။

ပြခန်းပေါင်း ၄၈၀ ထဲမှာ တရုတ်နိုင်ငံက ၃၂၆ ခန်း၊ မြန်မာက ၅၄ ခန်းနဲ့ တခြားနိုင်ငံတွေက ဆိုင်ခန်းပေါင်း ၁၀၀ လောက် လာရောက် ခင်းကျင်းပြသ ကြပါတယ်။

အရောင်း ပြခန်းတွေထဲမှာ စားသောက်ကုန်၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်း၊ ဆေးဝါးနဲ့ လက်ဝတ်ရတနာ ပြခန်းတွေ အဓိက ပြသထား တာပါ။

ရှန်ဒေါင်းခရိုင် Dezhou ဒေသ နဲ့ မြန်မာကြား နယ်စပ်ကုန်သွယ်ရေး ဟာ ၂၀၁၆ တုန်းက အမေရိကန် ဒေါ်လာ သန်းပေါင်း ငါးထောင်လောက် ရှိခဲ့ပြီး ဒါဟာ တရုတ်- မြန်မာ ၂ နိုင်ငံ ကုန်သွယ်မှု စုစုပေါင်းရဲ့ ၄၀.၅ ရာခိုင်နှုန်း ရှိနေတာဖြစ်ပါတယ်။

တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး အရောင်း ပြပွဲတွေကို ၂၀၀၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ၂ နိုင်ငံ နယ်စပ်ဒေသတွေမှာ ဒေသတဘက်မှာ တနှစ် တလှည့်စီ ခင်းကျင်း ပြသခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG