သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မြောက်ကိုရီယား ကုန်သွယ်ရေးတိုး


ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ဒီနှစ် ၂၀၁၇ ပထမ ၆ လအတွင်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုမှာ တိုးတက်မှုတွေ ရှိခဲ့ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာက ဝိုင်းပယ်ခံထားရတဲ့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုမှာ ၂၀၁၇ ဇန်နဝါရီလကနေ ဇွန်လအထိ သန်းပေါင်း ၂၅၀၀ ရှိခဲ့ပြီး၊ ၁၀.၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့သလို၊ တင်ပို့ကုန်ပမာဏဟာလည်း ၂၉.၁ ရာခိုင်နှုန်း တိုးခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာနက ဒီကနေ့ပဲ ထုတ်ပြန်ကြေညာလိုက်တာပါ။

နောက်ဆုံးထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေကို ထိန်းချုပ်ဖို့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံအပေါ် ဖိအားပေးမှုတွေ ပိုတိုးလာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုမှာ ဒီနှစ် ၃ လပတ်အတွင်း ၄၀ ရာခိုင်နှုန်းလောက် တိုးလာတယ်ဆိုပြီး အမေရိကန်သမ္မတ Donald Trump ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Twiteer လူမှုကွန်ယက်ကနေ ဝေဖန်ထားတာပါ။

အမေရိကန်အနေနဲ့ ကြိုးစားကြည့်ခဲ့ပေမဲ့လည်း တရုတ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီးတော့လည်း Twitter မှတ်ချက်မှာ မကျေမနပ် ရေးသားခဲ့ပါတယ်။ တရုတ်အကောက်ခွန်ဌာန ပြောခွင့်ရသူ Huang Songping ကတော့ တရုတ်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆက်လက်လိုက်နာနေဆဲ ဖြစ်ကြောင်းနဲ့ ဒီနှစ်ရဲ့ ပထမ ၆ လအတွင်း မြောက်ကိုရီးုယားက တင်ပို့ကုန်ပမာဏဟာ ၁၃.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို၊ မတ်လကစလို့ သိသိသာသာ ကျဆင်းမှုတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG