သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လိုက်နာဖို့ တရုတ်ကို ကန်ဖိအားပေးမည်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley

မြောက်ကိုရီးယားနိုင်ငံက မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ချမှတ်လိုက်တဲ့ ဒဏ်ခတ်အရေးယူ တားဆီးမှုတွေကို တရုတ်အစိုးရအနေနဲ့ ထိရောက်သေချာအောင် လိုက်နာဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို ပိုမိုဖိအားပေးမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်နေတဲ့ နျူကလီးယား အစီအစဉ်ကို ရပ်တန့်သွားအောင် ကြိုးပမ်းဆောင်ရွက် တဲ့ နေရာမှာ ပဋိပက္ခဖြစ်ရတာမျိုး မကြုံရအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှောင်ရှားလိုတဲ့အကြောင်း သံအမတ် Haley က ပြောပါတယ်။

ICBM လို့ ခေါ်တဲ့ ပဲ့ထိန်းတပ် ဆင့်ကဲဒုံးကျည် ပစ်လွှတ်မှု ဟာ ကျနုပ်တို့ အတွက်သာမက ကမ္ဘာပေါ်မှာရှိတဲ့ ကျနုပ်တို့ရဲ့ မိတ်ဆွေ နိုင်ငံတွေအတွက် အလွန်မတန်မှ အန္တရာယ်များကြောင်းနဲ့ ဒီလုပ်ရပ်ကို ရပ်တန့်သွားအောင် လုပ်ရမှာ ဖြစ်တယ်လို့ သံအမတ်ကြီး Haley က CBS ရုပ်သံဌာနကို ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ တို့ဟာ မဟာမိတ်တွေဖြစ်ကြပြီး ကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်ကြပါတယ်။ အခုချိန်အထိတော့ မြောက်ကိုရီးယားရဲ့ မကြာသေးခင်က ဒုံးပျံ ပစ်လွှတ်ခဲ့မှုအပေါ် တခြားတိုင်းပြည်တွေနည်းတူ တရုတ်နိုင်ငံက ပစ်တင်ဝေဖန်လိုက်ပြီး ဒါဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖေါက်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒဏ်ခတ်အရေးယူ တားဆီးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ဘာမှ အခိုင်အမာ ပြောဆိုတာမျိုး မရှိသေးပါဘူး။

မြောက်ကိုရီးယား အရေးနဲ့ပတ်သက်ပြီး ဗုဒဟူးနေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ ရေးဆွဲတဲ့ ဆုံးဖြတ်ချက်အသစ်မူကြမ်းကို ကောင်စီအဖွဲ့ဝင်နိုင်ငံတွေထံ လာမယ့် ရက်ပိုင်းအတွင်း ဖြန့်ဝေပေးမှာ ဖြစ်တယ်လို့ သံအမတ်ကြီး Haley ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG