သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔စစ္ေရးပူးေပါင္းမႈ တိုးျမႇင့္မယ္လို႔ ႐ုရွားသမၼတေျပာဆို


RUSSIA-CHINA/XI

(zawgyi/unicode)

တ႐ုတ္နဲ႔ ႐ုရွား ႏွစ္ႏိုင္ငံ စစ္ေရး ပူးေပါင္းေဆာင္႐ြက္မႈေတြ တိုးျမႇင့္သြားဖို႔ ႐ုရွားသမၼတ Vladimir Putin က တ႐ုတ္သမၼတ Xi Jinping နဲ႔ ဒီကေန႔ အြန္လိုင္းမွာ ေတြ႕ဆုံခ်ိန္ ေျပာဆိုသြားပါတယ္။ အေနာက္ႏိုင္ငံေတြဘက္က ဘယ္တုန္းကမွနဲ႔မတူတဲ့ ဖိအားေတြနဲ႔ ရန္လိုမႈေတြကို ႏွစ္ႏိုင္ငံစလုံးက ေအာင္ေအာင္ျမင္ျမင္ တုံ႔ျပန္ထားႏိုင္တယ္ ဆိုၿပီးေတာ့လည္း သမၼတ ပူတင္က ဂုဏ္ယူ ေျပာဆိုပါတယ္။

“ကမာၻ႔ ပထဝီႏိုင္ငံေရး အခင္းအက်င္း ေျပာင္းလဲလာတဲ့ အေျခအေနနဲ႔ အေၾကာင္းျခင္းရာ ကိစၥရပ္ေတြကို လက္ေတြ႕က်က် မွန္မွန္ကန္ကန္ ရႈျမင္ပုံခ်င္း” ႏွစ္ႏိုင္ငံၾကား တူညီၾကတယ္လို႔ ဆိုၿပီး ႐ုရွား သမၼတပူတင္က ေျပာသြားပါတယ္။

ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အေနာက္ႏိုင္ငံေတြက ႐ုရွားအေပၚ ျပင္းထန္တဲ့ ပိတ္ဆို႔ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ေနခ်ိန္မွာ ႐ုရွားသမၼတ ပူတင္အေနနဲ႔ တ႐ုတ္နဲ႔ ႏိုင္ငံေရး၊ စစ္ေရး ပူးေပါင္း ေဆာင္႐ြက္မႈေတြ ပိုမိုခိုင္မာ အားေကာင္းလာဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ ယူကရိန္းပဋိပကၡမွာ တ႐ုတ္က ႐ုရွား ေဝဖန္ေျပာဆိုတာ မရွိသလို၊ သူ႔ရဲ႕ မဟာဗ်ဴဟာက် မဟာမိတ္ ႐ုရွားကို သံတမန္ေရးအရ ေထာက္ခံမႈ ေပးထားပါတယ္။ ႐ုရွားထံကေန ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ဝယ္ယူမႈေတြကို အေနာက္ႏိုင္ငံေတြက ေလွ်ာ့ခ်တာ၊ ျဖတ္ေတာက္တာေတြ လုပ္ေနခ်ိန္မွာ ႐ုရွားက တ႐ုတ္နဲ႔ အာရွႏိုင္ငံေတြမွာ ေဈးကြက္သစ္ ရွာေနတာပါ။ လာမယ့္ ေႏြဦးက်ရင္ တ႐ုတ္သမၼတ Xi ႐ုရွားကို ႏိုင္ငံေတာ္ခရီးစဥ္ လာေရာက္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း ႐ု႐ုားသမၼတ ပူတင္က ဒီကေန႔ ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)

တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရုရှားသမ္မတ Vladimir Putin က တရုတ်သမ္မတ Xi Jinping နဲ့ ဒီကနေ့ အွန်လိုင်းမှာ တွေ့ဆုံချိန် ပြောဆိုသွားပါတယ်။ အနောက်နိုင်ငံတွေဘက်က ဘယ်တုန်းကမှနဲ့မတူတဲ့ ဖိအားတွေနဲ့ ရန်လိုမှုတွေကို နှစ်နိုင်ငံစလုံးက အောင်အောင်မြင်မြင် တုံ့ပြန်ထားနိုင်တယ် ဆိုပြီးတော့လည်း သမ္မတ ပူတင်က ဂုဏ်ယူ ပြောဆိုပါတယ်။

“ကမ္ဘာ့ ပထဝီနိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာတဲ့ အခြေအနေနဲ့ အကြောင်းခြင်းရာ ကိစ္စရပ်တွေကို လက်တွေ့ကျကျ မှန်မှန်ကန်ကန် ရှုမြင်ပုံချင်း” နှစ်နိုင်ငံကြား တူညီကြတယ်လို့ ဆိုပြီး ရုရှား သမ္မတပူတင်က ပြောသွားပါတယ်။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက ရုရှားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်နေချိန်မှာ ရုရှားသမ္မတ ပူတင်အနေနဲ့ တရုတ်နဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုခိုင်မာ အားကောင်းလာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ယူကရိန်းပဋိပက္ခမှာ တရုတ်က ရုရှား ဝေဖန်ပြောဆိုတာ မရှိသလို၊ သူ့ရဲ့ မဟာဗျူဟာကျ မဟာမိတ် ရုရှားကို သံတမန်ရေးအရ ထောက်ခံမှု ပေးထားပါတယ်။ ရုရှားထံကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူမှုတွေကို အနောက်နိုင်ငံတွေက လျှော့ချတာ၊ ဖြတ်တောက်တာတွေ လုပ်နေချိန်မှာ ရုရှားက တရုတ်နဲ့ အာရှနိုင်ငံတွေမှာ ဈေးကွက်သစ် ရှာနေတာပါ။ လာမယ့် နွေဦးကျရင် တရုတ်သမ္မတ Xi ရုရှားကို နိုင်ငံတော်ခရီးစဉ် လာရောက်ဖို့ မျှော်လင့်ထားတယ်လို့လည်း ရုရုားသမ္မတ ပူတင်က ဒီကနေ့ ပြောဆိုသွားပါတယ်။

XS
SM
MD
LG