သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ဆက်ဆံရေး တင်းမာချိန် တရုတ်-ရုရှားစည်းလုံး


တရုတ်သမ္မတ Xi Jinping နဲ့ ရုရှားသမ္မတ Vladimir Putin တို့ဟာ ကရင်မလင် နန်းတော်မှာ တွေ့ဆုံပြီး သူတို့ (၂) နိုင်ငံ ဆက်ဆံရေး အပေါ် ချီးကျူး ဂုဏ်ပြုလိုက်ကြပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေ အနေနဲ့ (၂) နိုင်ငံ ပူးပေါင်းဆောင်ရွက်မူ အားကောင်းနေကြောင်း မနေ့က ပြသခဲ့တာပါ။

သမ္မတ Putin က သမ္မတ Xi ရဲ့ ရုရှားခရီးစဉ်ဟာ သူတို့ အိမ်နီးချင်း (၂) နိုင်ငံအကြား ဆက်ဆံရေးမှာ အထူးအရေးပါတယ်၊ သမ္မတ Xi ကိုယ်တိုင်ပါဝင်လာတာကြောင့် မကြုံစဖူး ဆက်ဆံရေး အထွဋ်အထိပ်ကို ရောက်လာခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

မော်စကိုမြို.တော်က Vnukovo လေဆိပ်ကို နေ့လည်ပိုင်း ရောက်လာရာမှာ တခမ်းတနား ဂုဏ်ပြုခံခဲ့ရတဲ့ သမ္မတ Xi ဖက်ကလည်း သူတို့ (၂) နိုင်ငံဟာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မူမြင့်မားပြီး အပြန်အလှန် ကူညီမှုရှိတာကြောင့် ဆက်ဆံရေးက ကောင်းပြီးရင်း ဆက်ကောင်းနေမှာပါလို့ ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံ အနေနဲ့ လွန်ခဲ့တဲ့ (၅) နှစ်က Crimea ကျွန်းဆွယ်ဒေသကို သိမ်းယူအပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာလာခဲ့ အပြီးမှာ အခု တရုတ်သမ္မတ ခရီးစဉ်ဖြစ်လာတာပါ။

ဒီခရီးစဉ်ထဲမှာ အမေရိကန်နဲ့ ကုန်သွယ်ရေး တင်းမာမူတွေ ဖြစ်နေတဲ့ တရုတ်နိုင်ငံရဲ့ သမ္မတ အနေနဲ့ ဒီနေ့နဲ့ နက်ဖြန်မှာ သမ္မတ Putin ဦးဆောင်လုပ်မဲ့ စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG