သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Spratly ကျွန်းစုအနီး သင်္ဘောတိုက်မှု ဖိလစ်ပိုင်နဲ့တရုတ် အပြန်အလှန်အပြစ်တင်


ဖိလစ်ပိုင်သင်္ဘော BRP Sierra Madre ကို တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒုတိယ သောမတ်စ် ရေတိမ်ပိုင်းမှာ တွေ့ရစဥ်။ (ဧပြီ ၂၃၊ ၂၀၂၃)
ဖိလစ်ပိုင်သင်္ဘော BRP Sierra Madre ကို တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒုတိယ သောမတ်စ် ရေတိမ်ပိုင်းမှာ တွေ့ရစဥ်။ (ဧပြီ ၂၃၊ ၂၀၂၃)

တောင်တရုတ်ပင်လယ်ပြင်ထဲက Spratly ကျွန်းစုတွေအနီး တနင်္လာနေ့က သင်္ဘောနှစ်စင်း တိုက်မိခဲ့တဲ့ဖြစ်ရပ်မှာ တရုတ်နဲ့ဖိလစ်ပိုင်တို့ အပြန်အလှန်ပြစ်တင်ပြောဆိုနေကြပါတယ်။ ဖိလစ်ပိုင်ဘက်ကတော့ သူတို့ပိုင်စီးပွါးရေးအထူးဇုံထဲမှာ တရုတ်ရေယာဥ်က အန္တရာယ်ဖြစ်လောက်အောင် ဝင်ရောက်လာတာလို့ ပြောသလို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ဖိလစ်ပိုင်ထောက်ပို့ သင်္ဘောရဲ့ အပြစ်ဆိုပြီး ပြောဆိုနေတာပါ။

ဒါဟာ ရေပြင်ပိုင်နက်အငြင်းပွါးနေတဲ့တရုတ်နဲ့ဖိလစ်ပိုင်တို့ကြား နောက်ဆုံးထိပ်တိုက်တွေ့မှု ဖြစ်ပါတယ်။​ အခင်းဖြစ်ပြီးနာရီပိုင်းအကြာမှာပဲ ဖိလစ်ပိုင်ရဲ့အထူးစီးပွါးရေးဇုံထဲမှာ ဖိလစ်ပိုင်၊ ဂျပန်၊ ကနေဒါတို့ရဲ့ ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားပြီလို့ အမေရိကန်ပြည်ထောင်စုက ကြေညာချက်ထုတ်ပြန်ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရဲ့အဆိုအရ ဖိလစ်ပိုင်ထောက်ပို့သင်္ဘောက တရုတ်သင်္ဘောတွေဆီ အန္တရာယ်ဖြစ်လောက်အောင် တမင် ခုတ်မောင်းလာတယ်လို့ပြောပါတယ်။ တရားမဝင် ကျူးကျော်ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်သင်္ဘောက Spratly ကျွန်းစုထဲက ရေအောက် သန္တာကျောက်တန်းတွေကြောင့် အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ တရုတ်ကမ်းစောင့်တပ်က ပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင်တွင်းက Spratly ကျွန်းစုတွေကို နိုင်ငံအတော်များများက ပိုင်ဆိုင်ကြောင်းပြောဆိုနေကြတာပါ။

WeChat လူမှုစာမျက်နှာမှာဖော်ပြထားတဲ့ တရုတ်တို့ထုတ်ပြန်ချက်မှာတော့ ဖိလစ်ပိုင်ထောက်ပို့ရေးသင်္ဘောဟာ တရုတ်တို့ဖက်က အကြိမ်ကြိမ်သတိပေးမှုကို လျစ်လျှူရှုပြီး တရုတ်သင်္ဘာတွေဆီ အန္တရာယ်ဖြစ်လောက်အောင် ခုတ်မောင်းလာတဲ့အတွက် တိုက်မိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဖိလစ်ပိုင်အစိုးရက ဒီဖြစ်ရပ်အပေါ် တိုက်ရိုက်မှတ်ချက်ပေးတာမျိုးမရှိပေမယ့် တရုတ်တို့ရဲ့ စွပ်စွဲပြောဆိုချက်ကိုတော့ ပယ်ချခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ မဟာမိတ်ဖိလစ်ပိုင်နိုင်ငံနဲ့အတူရပ်တည်ပြီး တရုတ်နိုင်ငံရဲ့ တာဝန်မဲ့လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဂျွန်လ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG