သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဘောတိုက်မှုအတွက် တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန်အပြစ်တင်


ဖိလစ်ပိုင်ထောက်ပို့သင်္ဘောအနီးရောက်လာတဲ့ တရုတ်ကမ်းစောင့်သင်္ဘော၊ အောက်တိုဘာ ၂၂၊ ၂၀၂၃
ဖိလစ်ပိုင်ထောက်ပို့သင်္ဘောအနီးရောက်လာတဲ့ တရုတ်ကမ်းစောင့်သင်္ဘော၊ အောက်တိုဘာ ၂၂၊ ၂၀၂၃

တောင်တရုတ်ပင်လယ်ပြင်က ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ နယ်မြေမှာ ဖိလစ်ပိုင်ထောက်ပို့ သင်္ဘောတစင်းကို တရုတ်ရေတပ်သင်္ဘောတွေ တားဆီးဖို့ ကြိုးပမ်းရာက သင်္ဘောတိုက်မှု ဖြစ်ပွားခဲ့တဲ့ အပေါ် အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကြား အငြင်းပွားရေပြင်မှာ မကြာသေးခင်ကစ ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံနေတာဖြစ် ပြီး အထူးသဖြင့် Spratly ကျွန်းစုတွေထဲက Second Thomas Shoal မှာ တင်းမာမှုတွေ ပေါ်ပေါက်နေ တာပါ။ ကျွန်းပေါ်က ဒုတိယကမ္ဘာစစ်လက်ကျန် စစ်သင်္ဘောပျက်တခုမှာစခန်းချနေတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ တွေကို ထောက်ပို့သွားတဲ့ သင်္ဘောတွေကို တရုတ်ကမ်းစောင့်သင်္ဘောတွေက ကြားဖြတ် ဟန့်တားလေ့ ရှိတာကြောင့်ထိပ်တိုက်ရင်ဆိုင်မှုတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်း ဖြစ်ရပ်နဲ့ပတ်သက်လို့ တရုတ်ကမ်းစောင့်တပ်က ပြောဆိုရာမှာတော့ ဆောက်လုပ်ရေးပစ္စည်းတွေ ဥပဒေမဲ့တင်ပို့တဲ့ဖိလစ်ပိုင်သင်္ဘောကို ဥပဒေနဲ့အညီ တားဆီးဖို့ ကြိုးစားရင်း ဖိလစ်ပိုင်သင်္ဘောနဲ့တရုတ်ကမ်းစောင့်သင်္ဘောတစင်း ပွတ်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံကတော့ တရုတ်သင်္ဘောတွေက အန္တရာယ်ဖြစ်လောက်အောင် ဟန့်တားတဲ့ လုပ်ရပ်အဖြစ် အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်းတုံ့ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ အန္တရာယ်ကြီးမားပြီး၊ တာဝန်မဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အချုပ်အခြာကို ထိခိုက်စေကြောင်းလည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG