သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္တည္ေဆာက္မယ့္ ေရလႊဲဆည္စီမံကိန္း ထိုင္းအတည္ျပဳ


ထိုင္း-ျမန္မာ နယ္စပ္နားက Yuam ျမစ္တည္ရွိရာ ေျမပုံ။

(Zawgyi / Unicode)

ထိုင္းႏိုင္ငံထဲက Yuam ျမစ္ေၾကာင္းမွာ တည္ေဆာက္မယ့္ အျငင္းပြါးဖြယ္ ေရလႊဲဆည္စီမံကိန္းကို ထိုင္းအစိုးရက ၂ ႀကိမ္တိုင္တိုင္ ပယ္ခ်ခဲ့ေပမယ့္ တ႐ုတ္ကုမၸဏီတခုက တာဝန္ယူတည္ေဆာက္ဖို႔ ကမ္းလွမ္းခဲ့တဲ့ေနာက္မွာ စက္တင္ဘာလထဲမွာပဲ ထိုင္းသဘာဝဝန္းက်င္ဆိုင္ရာ ဘုတ္အဖြဲ႔က ဒီစီမံကိန္းအတြက္ EIA သဘာဝဝန္းက်င္အေပၚ သက္ေရာက္မႈအလားအလာ တင္ျပခ်က္ကို လက္ခံ အတည္ျပဳေပးလိုက္ၿပီ ျဖစ္ပါတယ္။

အခုလို ဒီျမစ္ေၾကာင္းမွာ ေရလႊဲဆည္တည္ေဆာက္ခြင့္ ထိုင္းဘက္က ခြင့္ျပဳလိုက္တာဟာ တ႐ုတ္ရဲ႕ ခါးပတ္လမ္းစီမံကိန္းအတြက္ အက်ိဳးရွိေစမယ္လို႔ အကဲခတ္ေတြက သံုးသပ္ၾကပါတယ္။

ထိုင္းႏိုင္ငံရဲ႕ ၾသဇာႀကီးတဲ့ ဒုတိယဝန္ႀကီးခ်ဳပ္ Prawit Wongsuwan ဦးေဆာင္တဲ့ သဘာဝဝန္းက်င္ဆိုင္ရာ ဘုတ္အဖြဲ႔က ဒီ EIA သံုးသပ္ခ်က္ကို ၂ ႀကိမ္တိုင္တိုင္ ပယ္ခ်ခဲ့တာျဖစ္ၿပီး ေနာက္ဆံုးပယ္ခ်ခဲ့တာက ၂၀၁၉ ဒီဇင္ဘာလမွာ ျဖစ္ပါတယ္။

အခုေတာ့ တ႐ုတ္အစိုးရပိုင္ ကုမၸဏီတခုျဖစ္တဲ့ Norinco International က ဒီေရလႊဲဆည္ တည္ေဆာက္ေရးအတြက္ ခန္႔မွန္းကုန္က်စရိတ္ ေဒၚလာ ၂ ဒသမ ၁ ဘီလီယံအစား ထက္ဝက္ေလာက္နဲ႔ တည္ေဆာက္ေပးမယ့္အျပင္ ဒီစရိတ္ကိုပါ က်ခံမွာျဖစ္ၿပီး ခန္႔မွန္းစီမံကိန္းကာလ ၇ ႏွစ္အစား ၄ ႏွစ္နဲ႔ အၿပီးတည္ေဆာက္ေပးဖို႔ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

ဒီေရလႊဲဆည္ တည္ေဆာက္ေရးနဲ႔ ပတ္သက္ၿပီး ဗြီအုိေအရဲ႕ ေမးျမန္းခ်က္ကို ဆည္ေျမာင္းဌာနကေရာ ထိုင္းအစိုးရဘက္ကပါ တုံ႔ျပန္ေျဖၾကားျခင္း မရွိသလို တ႐ုတ္ကုမၸဏီ Norinco International ကလည္း မွတ္ခ်က္တစံုတရာ မေပးပါဘူး။

ဒီစီမံကိန္းဟာ ထိုင္း-ျမန္မာ နယ္စပ္နားက Yuam ျမစ္ (ေသာင္ရင္းျမစ္ထဲစီးဝင္တဲ့ျမစ္) ေၾကာင္းကေန Bhumibol ေရေလွာင္ကန္ဆီကို ၃၈ မိုင္အရွည္ေလာက္ ေျမေအာက္ေရပိုက္ေတြနဲ႔ ေရသြယ္ပို႔မယ့္ အေတာ္ႀကီးမားတဲ့ ထိုင္းႏိုင္ငံရဲ႕ ပထမဆံုး စီမံကိန္းလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တရုတ်တည်ဆောက်မယ့် ရေလွှဲဆည်စီမံကိန်း ထိုင်းအတည်ပြု

ထိုင်းနိုင်ငံထဲက Yuam မြစ်ကြောင်းမှာ တည်ဆောက်မယ့် အငြင်းပွါးဖွယ် ရေလွှဲဆည်စီမံကိန်းကို ထိုင်းအစိုးရက ၂ ကြိမ်တိုင်တိုင် ပယ်ချခဲ့ပေမယ့် တရုတ်ကုမ္ပဏီတခုက တာဝန်ယူတည်ဆောက်ဖို့ ကမ်းလှမ်းခဲ့တဲ့နောက်မှာ စက်တင်ဘာလထဲမှာပဲ ထိုင်းသဘာဝဝန်းကျင်ဆိုင်ရာ ဘုတ်အဖွဲ့က ဒီစီမံကိန်းအတွက် EIA သဘာဝဝန်းကျင်အပေါ် သက်ရောက်မှုအလားအလာ တင်ပြချက်ကို လက်ခံ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုလို ဒီမြစ်ကြောင်းမှာ ရေလွှဲဆည်တည်ဆောက်ခွင့် ထိုင်းဘက်က ခွင့်ပြုလိုက်တာဟာ တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်းအတွက် အကျိုးရှိစေမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ သြဇာကြီးတဲ့ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan ဦးဆောင်တဲ့ သဘာဝဝန်းကျင်ဆိုင်ရာ ဘုတ်အဖွဲ့က ဒီ EIA သုံးသပ်ချက်ကို ၂ ကြိမ်တိုင်တိုင် ပယ်ချခဲ့တာဖြစ်ပြီး နောက်ဆုံးပယ်ချခဲ့တာက ၂၀၁၉ ဒီဇင်ဘာလမှာ ဖြစ်ပါတယ်။

အခုတော့ တရုတ်အစိုးရပိုင် ကုမ္ပဏီတခုဖြစ်တဲ့ Norinco International က ဒီရေလွှဲဆည် တည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအစား ထက်ဝက်လောက်နဲ့ တည်ဆောက်ပေးမယ့်အပြင် ဒီစရိတ်ကိုပါ ကျခံမှာဖြစ်ပြီး ခန့်မှန်းစီမံကိန်းကာလ ၇ နှစ်အစား ၄ နှစ်နဲ့ အပြီးတည်ဆောက်ပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီရေလွှဲဆည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဗွီအိုအေရဲ့ မေးမြန်းချက်ကို ဆည်မြောင်းဌာနကရော ထိုင်းအစိုးရဘက်ကပါ တုံ့ပြန်ဖြေကြားခြင်း မရှိသလို တရုတ်ကုမ္ပဏီ Norinco International ကလည်း မှတ်ချက်တစုံတရာ မပေးပါဘူး။

ဒီစီမံကိန်းဟာ ထိုင်း-မြန်မာ နယ်စပ်နားက Yuam မြစ် (သောင်ရင်းမြစ်ထဲစီးဝင်တဲ့မြစ်) ကြောင်းကနေ Bhumibol ရေလှောင်ကန်ဆီကို ၃၈ မိုင်အရှည်လောက် မြေအောက်ရေပိုက်တွေနဲ့ ရေသွယ်ပို့မယ့် အတော်ကြီးမားတဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG