သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို ကန် တိုက်ဂျက်လေယာဉ်တွေ ရောင်းချမှု တရုတ် ဒဏ်ခတ်အရေးယူ


F 16 တိုက်လေယာဉ်။
F 16 တိုက်လေယာဉ်။

ထိုင်ဝမ်ကို အမေရိကန်က F16 အမျိုးအစား တိုက်လေယာဉ် ရောင်းချမှုမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မယ်လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ခြိမ်းခြောက်လိုက်ပြီး အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်အစီအစဉ်ကိုလည်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့လက စစ်လက်နက်ပစ္စည်း ရောင်းချဖို့ သဘောတူခဲ့ပြီးနောက် အခု တခါ LockHeed Martin ကုမ္ပဏီက ဆောက်လုပ်တဲ့ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ F16 တိုက်ဂျက်လေယာဉ် ၆၆ စင်းရောင်းချဖို့ ထပ်မံ သဘောတူခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒေါ်လာဘီလီယံချီတဲ့ ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး တင်းမာနေချိန်မှာ အခုလို သဘောတူညီမှုတွေ ပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Geng Shuang က တရုတ်အနေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှ ဘက်ပေါင်းစုံက အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ အမေရိကန် ကုမ္ပဏီတွေအပေါ်လည်း ချမှတ်သွားမှာဖြစ်တယ်လို့ Geng Shuang ကပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG