သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ ထိုင်ဝမ် ဖုန်းဆက်သွယ်မှု တရုတ်က ဆက်ဆံရေး မထိခိုက်စေလို


အမေရိကန်ရွေးကောက်ခံသမ္မတ Trump နဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen
အမေရိကန်ရွေးကောက်ခံသမ္မတ Trump နဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen

အမေရိကန်ရွေးကောက်ခံသမ္မတTrump နဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen တို့ တယ်လီဖုန်းဆက်စကားပြောဆိုခဲ့ပြီးတဲ့နောက် တရုတ်နဲ့အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်တာ ဒါမှမဟုတ် ပျက်စီးသွားစေတာမျိုးမဖြစ်ဖို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဒီကနေ့ ပြော ပါတယ်။ ခုလို တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြတာက ထိုင်ဝမ်ရဲ့လှည့်ကွက် ကလေးတခုသာဖြစ် တယ်လို့လည်း ဝမ်ယီကပြောပါတယ်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့တစိတ်တပိုင်းဖြစ်တယ်လို့ ပြောဆို ထားသလို ထိုင်ဝမ်ကို တရုတ်ပြည်မကြီး ထိန်းချုပ်မှုအောက်ရောက်ဖို့ စစ်ရေး အင်အားသုံးတာကို စွန့်လွှတ်မှာမဟုတ်ဘူး လို့လည်းတရုတ်က ပြောဆိုထားတာပါ။

ထိုင်ဝမ်သမ္မတကို သောကြာနေ့က တယ်လီဖုန်းဆက်ခဲ့တဲ့အတွက် Trump ကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတာပါ။ ဒါပေမယ့်လည်း သူသမ္မတ ရွေးကောက်ပွဲေ အာင်မြင်တာကို ထိုင်ဝမ်သမ္မတက တယ်လီဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြော တာသာ ဖြစ်တယ်လို့ Trump ကသူ့ရဲ့ တွစ်တာစာမျက်နှာကနေ တုန့်ပြန်ပါတယ်။

နောက်ပိုင်းမှာတော့ အမေရိကန်ကနေ ထိုင်ဝမ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ စစ်လက်နက် ကိရိယာတွေ ဘယ်လိုရောင်း ချပေးနေတယ်ဆိုတာ စိတ်ဝင်စားစရာေ ကာင်းပေမယ့် ထိုင်ဝမ်ရဲ့ ဂုဏ်ပြုစကားကို လက်ခံလိုက်ဖို့ မသင့်ဘူးဆိုပြီး ပြောပြန် ပါတယ်။ Trump ရဲ့ ထိုင်ဝမ်သမ္မတတို့ တယ်လီဖုန်းဆက် စကားပြောဆိုတာဟာ အမေရိကန်တို့ ဆယ်စုနှစ်နဲ့ချီကျင့်သုံးလာတဲ့မူဝါဒကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြသလို ဒီလုပ်ရပ်ကြောင့် Trump တာဝန်မစခင်မှာ အမေရိကန်နဲ့ တရုတ်တို့ ရဲ့ ဆက်ဆံရေး တင်းမာလာစေနိုင်တဲ့အနေအထားရှိတယ်လို့ ရှုမြင်ကြတာပါ။ နိုင်ငံတကာ အရေးနဲ့ ပတ်သက်လို့ ထိုင်ဝမ်ရဲ့ ပါဝင်ပတ်သက်မှုကို အမေရိကန်နိုင်ငံ ကဆက်ပြီး ထောက်ခံသွားဖို့ မျှော်လင့်တဲ့အကြောင်း သမ္မတ Tsai က တယ်လီဖုန်း ဆက်ချိန်အတွင်း ပြောဆိုခဲ့တယ်လို့ ထိုင်ဝမ် သမ္မတရုံးက သောကြာနေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ ခုလို စကားပြောဆိုကြတာကို တရုတ်နိုင်ငံအတွက် အလေးအနက် ထားရမယ့် ကိစ္စတခုအဖြစ် ကိုယ်စားပြုနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာန CCTV ကဖတ်ကြားသွားတဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကမ္ဘာမှာ တရုတ်နိုင်ငံ တခုထဲသာရှိပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းဖြစ် တယ်လို့လည်း CCTV သတင်းကြေငြာသူက ဖတ်ကြားသွား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG