သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြကို ႏွိမ္နင္းမယ့္အေၾကာင္း တ႐ုတ္ ကြန္ျမဴနစ္ပါတီ သတိေပး


(Zawgyi / Unicode)

ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရး တင္းက်ပ္တဲ့ ကန္႔သတ္ခ်က္ေတြ အေပၚ မေက်နပ္ရာက အစိုးရအေပၚ ဆန္႔က်င္ဆႏၵျပေနတာေတြကို ႏွိမ္နင္းမယ့္အေၾကာင္း အာဏာရ ကြန္ျမဴနစ္ပါတီက ေျပာလိုက္ပါတယ္။ ႏိုင္ငံေတာင္ပိုင္းက ကြမ္ဂ်ဳိးၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ ရဲေတြၾကား ႐ုန္းရင္းဆန္ခတ္မႈေတြ ျဖစ္ခဲ့ၿပီးေနာက္မွာပဲ၊ ရန္လိုတဲ့ အင္အားစုေတြရဲ႕ အဖ်က္အေမွာင့္ လုပ္ရပ္ေတြအျဖစ္ ရည္ၫႊန္းၿပီး ျပတ္ျပတ္သားသား ႏွိမ္နင္းမယ့္အေၾကာင္း အဂၤါေန႔ေႏွာင္းပိုင္းမွာ ကြန္ျမဴနစ္ပါတီ ဗဟိုႏိုင္ငံေရးနဲ႔ ဥပေဒေရးရာ ေကာ္မရွင္က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုလိုက္တာပါ။

ၿမဳိ႕ေတာ္ေဘဂ်င္းနဲ႔ စီးပြားေရးျမဳိ႕ေတာ္ ရွန္ဟိုင္း အပါအဝင္ အနည္းဆုံး(၁၅) ျမဳိ႕မွာ ဆန္႔က်င္ဆႏၵျပပဲြေတြ ျဖစ္ေနၿပီး အစိုးရက အင္အားသုံး ျဖဳိခဲြသြားမယ္လို႔ ကြန္ျမဴနစ္ပါတီ ဗဟို ႏိုင္ငံေရးနဲ႔ ဥပေဒေရးရာ ေကာ္မရွင္ရဲ႕ေၾကညာခ်က္ထဲမွာ ေဖၚျပထားပါတယ္။

ဗုဒၶဟူးေန႔က ေဘဂ်င္းျမဳိ႕ လမ္းမေတြမွာ ရာခ်ီတဲ့ SUV ကားေတြ၊ က်ည္ကာကားေတြနဲ႔ လုံျခဳံေရးတင္းၾကပ္ထားၿပီး ဆႏၵျပပဲြမွာ ပါဝင္ခဲ့ျခင္း ရွိမရွိ ဆိုတာကို ရဲေတြနဲ႔ တ႐ုတ္ အရန္ စစ္တပ္က လမ္းသြားလမ္းလာေတြရဲ႕ မွတ္ပုံတင္ကတ္ျပားနဲ႔ မိုဘိုင္းဖုန္းထဲက ဓါတ္ပုံေတြကို စစ္ေဆးပါတယ္။
ဆႏၵျပသူ တခ်ဳိ႕ကေတာ့ ေနာက္ထပ္ သက္တမ္း ၅ ႏွစ္ အတြက္ ေအာက္တိုဘာလထဲ ျပန္လည္ေရြးေကာက္ခံထားရတဲ့ သမၼတ ရွီက်င့္ဖ်င္ ႏုတ္ထြက္ေပးဖို႔ကို ေတာင္းဆိုခဲ့ၾကတာပါ။

ဒါေပမဲ့လည္း လူ႔အသက္ဆုံးရႈံးမႈကို ကာကြယ္ဖို႔ တင္းက်ပ္တဲ့ ကိုဗစ္မူဝါဒကို ခ်မွတ္လုပ္ေဆာင္ခဲ့တာသာ ျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ကာကြယ္ေျပာဆိုေနပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ကိုဗစ္လုံးဝကင္းစင္ေရး မူဝါဒေၾကာင့္ လူေတြရဲ႕ေနစဥ္ဘဝမွာ အခက္အခဲမ်ဳိးစုံ ၾကဳံေနရသလို၊ ျပည္တြင္းျပည္ပ ကုန္စည္ ျဖန္႔ျဖဴးမႈ အပိုင္းမွာလည္း က်ဆင္းထိခိုက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဆန္ဒပြသူတွေကို နှိမ်နင်းမယ့်အကြောင်း တရုတ်ကွန်မြူနစ်ပါတီ သတိပေး

ကိုဗစ်ရောဂါ ထိန်းချုပ်ရေး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ အပေါ် မကျေနပ်ရာက အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြနေတာတွေကို နှိမ်နင်းမယ့်အကြောင်း အာဏာရ ကွန်မြူနစ်ပါတီက ပြောလိုက်ပါတယ်။ နိုင်ငံတောင်ပိုင်းက ကွမ်ဂျိုးမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက်မှာပဲ၊ ရန်လိုတဲ့ အင်အားစုတွေရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေအဖြစ် ရည်ညွှန်းပြီး ပြတ်ပြတ်သားသား နှိမ်နင်းမယ့်အကြောင်း အင်္ဂါနေ့နှောင်းပိုင်းမှာ ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေးနဲ့ ဥပဒေရေးရာ ကော်မရှင်က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မြိုတော်ဘေဂျင်းနဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်း အပါအဝင် အနည်းဆုံး(၁၅) မြို့မှာ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်နေပြီး အစိုးရက အင်အားသုံး ဖြိုခွဲသွားမယ်လို့ ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေးနဲ့ ဥပဒေရေးရာ ကော်မရှင်ရဲ့ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့ လမ်းမတွေမှာ ရာချီတဲ့ SUV ကားတွေ၊ ကျည်ကာကားတွေနဲ့ လုံခြုံရေးတင်းကြပ်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ခြင်း ရှိမရှိ ဆိုတာကို ရဲတွေနဲ့ တရုတ် အရန် စစ်တပ်က လမ်းသွားလမ်းလာတွေရဲ့ မှတ်ပုံတင်ကတ်ပြားနဲ့ မိုဘိုင်းဖုန်းထဲက ဓါတ်ပုံတွေကို စစ်ဆေးပါတယ်။

ဆန္ဒပြသူ တချို့ကတော့ နောက်ထပ် သက်တမ်း ၅ နှစ် အတွက် အောက်တိုဘာလထဲ ပြန်လည်ရွေးကောက်ခံထားရတဲ့ သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ပေးဖို့ကို တောင်းဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း လူ့အသက်ဆုံးရှုံးမှုကို ကာကွယ်ဖို့ တင်းကျပ်တဲ့ ကိုဗစ်မူဝါဒကို ချမှတ်လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့ တရုတ်အစိုးရက ကာကွယ်ပြောဆိုနေပါတယ်။ တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကြောင့် လူတွေရဲ့နေစဉ်ဘဝမှာ အခက်အခဲမျိုးစုံ ကြုံနေရသလို၊ ပြည်တွင်းပြည်ပ ကုန်စည် ဖြန့်ဖြူးမှု အပိုင်းမှာလည်း ကျဆင်းထိခိုက်နေပါတယ်။

XS
SM
MD
LG