သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ ဆႏၵျပပြဲေတြ ျပင္းထန္လာခ်ိန္ Covid ကန္႔သတ္ခ်က္ တခ်ိဳ႕ ေျဖေလွ်ာ့


{{Zawgyi/Unicode}}
တရုတ္ႏိုင္ငံမွာ တနလၤာေန႔က ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ကန္႔သတ္ခ်က္ တခ်ဳိ႕ကို ေျဖေလွ်ာ့ေပးခဲ့ေပမဲ႔လည္း အစိုးရအေနနဲ႔ ခ်မွတ္ထားတဲ့ Zero COVID ကိုဗစ္လံုး၀ကင္းစင္ေရး ရည္မွန္းခ်က္ကိုေတာ့ ဆက္လက္ အတည္ျပဳထားပါတယ္။ အဲဒီလို ကိုဗစ္ကပ္ေရာဂါဆိုင္ရာ တင္းၾကပ္ကန္႔သတ္မႈေတြကို ႏိုင္ငံတဝွမ္း ဆန္႔က်င္ဆႏၵျပေနသလို တခ်ဳိ႕ေနရာေတြမွာ တရုတ္သမၼတ Xi Jinping ႏုတ္ထြက္ေပးေရး ေတာင္းဆိုေနၾကပါတယ္။

ဆယ္စုႏွစ္ေတြ အတြင္း အာဏာရ ကြန္ျမဴနစ္ ပါတီ အေပၚ အႀကီးမားဆံုး ဆန္႔က်င္မႈ ျဖစ္တဲ႔ ဆႏၵျပပြဲေတြကိုေတာ့ တ႐ုတ္ အစိုးရက ရည္ၫႊန္းေျပာဆိုမႈ မရွိပါဘူး။ ဒါေပမဲ႔ တားျမစ္ကန္႔သတ္ခ်က္ အနည္းငယ္ ေျဖေလွ်ာ့ေပးမႈဟာဆိုရင္ ဆႏၵျပပြဲေတြကို ထိန္းခ်ဳပ္ႏိုင္ေရး ရည္ရြယ္တာလို႔လည္း ရႈျမင္ၾကပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းမွာ ဆႏၵျပသူေတြက ႏိုင္ငံအေနာက္ပိုင္း ေဒသမွာ ကိုဗစ္ကန္႔သတ္ခ်က္ေတြ ရုပ္သိမ္းေပး ဆိုၿပီး ေၾကြးေၾကာ္ၾကပါတယ္။ ဒါဟာဆိုရင္ Xinjiang ျပည္နယ္ရွိ လူေန တိုက္တန္းမီးေလာင္ရာ ကိုဗစ္စည္းမ်ဥ္းေတြေၾကာင့္ မီးသတ္ေတြ အခ်ိန္မီ မလာႏိုင္တဲ့အတြက္ေၾကာင့္ လူ၁ဝ ဦး ေသဆုံးခဲ့ရတာကို ရည္ညႊန္းတာျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ႏိုင္ငံရဲ႕ စီးပြားေရး နဲ႔ ဘ႑ာေရး အဓိကၿမိဳ႕ႀကီးျဖစ္တဲ့ Shanghai ၿမိဳ႕မွာဆိုရင္ ဆႏၵျပသူေတြက အစိုးရကို ဆန္က်င္တဲ့အေနနဲ႔ စကၠဴအျဖဴေရာင္ေတြကို ကိုင္ေဆာင္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကပါတယ္။

အဲဒီ Shanghai ၿမိဳ႕ခံတဦး ကဆုိရင္ ကိုဗစ္ကပ္ေရာဂါကို မေၾကာက္ေတာ့ေၾကာင္း အားလုံး ပုံမွန္ျဖစ္ေနၿပီျဖစ္ေၾကာင္း ဗြီအိုေအ ကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

တရုတ်မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာချိန် Covid ကန့်သတ်ချက် တချို့ ဖြေလျှော့


တရုတ်နိုင်ငံမှာ တနင်္လာနေ့က ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် တချို့ကို ဖြေလျှော့ပေးခဲ့ပေမဲ့လည်း အစိုးရအနေနဲ့ ချမှတ်ထားတဲ့ Zero COVID ကိုဗစ်လုံးဝကင်းစင်ရေး ရည်မှန်းချက်ကိုတော့ ဆက်လက် အတည်ပြုထားပါတယ်။ အဲဒီလို ကိုဗစ်ကပ်ရောဂါဆိုင်ရာ တင်းကြပ်ကန့်သတ်မှုတွေကို နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြနေသလို တချို့နေရာတွေမှာ တရုတ်သမ္မတ Xi Jinping နုတ်ထွက်ပေးရေး တောင်းဆိုနေကြပါတယ်။

ဆယ်စုနှစ်တွေ အတွင်း အာဏာရ ကွန်မြူနစ် ပါတီ အပေါ် အကြီးမားဆုံး ဆန့်ကျင်မှု ဖြစ်တဲ့ ဆန္ဒပြပွဲတွေကိုတော့ တရုတ် အစိုးရက ရည်ညွှန်းပြောဆိုမှု မရှိပါဘူး။ ဒါပေမဲ့ တားမြစ်ကန့်သတ်ချက် အနည်းငယ် ဖြေလျှော့ပေးမှုဟာဆိုရင် ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်တာလို့လည်း ရှုမြင်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဆန္ဒပြသူတွေက နိုင်ငံအနောက်ပိုင်း ဒေသမှာ ကိုဗစ်ကန့်သတ်ချက်တွေ ရုပ်သိမ်းပေး ဆိုပြီး ကြွေးကြော်ကြပါတယ်။ ဒါဟာဆိုရင် Xinjiang ပြည်နယ်ရှိ လူနေ တိုက်တန်းမီးလောင်ရာ ကိုဗစ်စည်းမျဉ်းတွေကြောင့် မီးသတ်တွေ အချိန်မီ မလာနိုင်တဲ့အတွက်ကြောင့် လူ၁ဝ ဦး သေဆုံးခဲ့ရတာကို ရည်ညွှန်းတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရဲ့ စီးပွားရေး နဲ့ ဘဏ္ဍာရေး အဓိကမြို့ကြီးဖြစ်တဲ့ Shanghai မြို့မှာဆိုရင် ဆန္ဒပြသူတွေက အစိုးရကို ဆန်ကျင်တဲ့အနေနဲ့ စက္ကူအဖြူရောင်တွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။

အဲဒီ Shanghai မြို့ခံတဦး ကဆိုရင် ကိုဗစ်ကပ်ရောဂါကို မကြောက်တော့ကြောင်း အားလုံး ပုံမှန်ဖြစ်နေပြီဖြစ်ကြောင်း ဗွီအိုအေ ကို ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG