တ႐ုတ္မွာ ကိုဗစ္ေၾကာင့္ ၆ လအတြင္း ပထမအႀကိမ္ လူေသဆုံး
{{Zawgyi/Unicode}}
တရုတ္ႏုိင္ငံမွာ ၆ ေလာက္အတြင္း COVID-19 ေၾကာင့္ ပထမဆုံး ေသဆုံးသူ တေယာက္ရိွေၾကာင္း တရုတ္အစိုးရက ထုတ္ျပန္လိုက္ပါတယ္။ ၿမိဳ ႔ေတာ္ ဘီဂ်င္းမွာေရာ ႏိုင္ငံတ၀ွမ္းမွာပါ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး တင္းၾကပ္တဲ့ကန္႔သတ္ခ်က္ေတြခ်မွတ္ထားပါတယ္။ ေမလ ၂၆ ရက္ေန႔ ေနာက္ပုိင္း ကိုဗစ္ေၾကာင့္ အသက္ ၈၇ ႏွစ္အရြယ္အမ်ိဳးသား တဦးေသဆုံးေၾကာင္း တ႐ုတ္အမိ်ဳးသားက်န္းမာေရးေကာ္မ႐ွင္က ေၾကညာပါတယ္။
တရုတ္မွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ၅၂၂၇ ဦးရွိသြားပါၿပီ။ တရုတ္ႏုိင္ငံမွာ အသက္အရြယ္ႀကီးရင့္သူေတြကို ကာကြယ္ေဆးထိုးႏွံေရး အဆင္မေျပမႈေတြလည္းရွိေနပါတယ္။ ကိုဗစ္ေၾကာင့္ ေသဆုံးခဲ့တဲ့ အမ်ိဳးသားရဲ ႔ အေသးစိတ္အခ်က္အလက္ကိုလည္း ေကာ္မရွင္ရဲ ႔တနဂၤေႏြေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပမထားပါဘူး။ အသက္အရြယ္ႀကီးရင့္သူေတြ ကာကြယ္ေဆးထိုးႏွံေရး အဆင္မေျပမႈေတြရွိေနတာေၾကာင့္ တရုတ္ႏုိင္ငံက သူ႔နယ္စပ္အမ်ားစုကိုပိတ္ဆို႔ထားတာျဖစ္မယ္လို႔လည္း ယူဆတာေတြရွိပါတယ္။
ျပည္သူေတြနဲ႔ ေန႔စဥ္ လူမႈဘ၀ကိုေရာ ႏုိင္ငံရဲ ႔စီးပြါးေရးကိုပါ ထိခိုက္ေနေပမယ့္လည္း တရုတ္အစိုးရကေတာ့ ကိုဗစ္လုံး၀ကင္းစင္ေရး “zero-COVID” မူ၀ါဒအတုိင္းဆက္လက္က်င့္သုံးေနတာျဖစ္ပါတယ္။
တရုတ္အစိုးရက ျပည္သူေတြကို Lockdown ခ်ၿပီးအသြားအလာကန္႔သတ္တာ၊ သီးျခားခြဲထားတာ၊ ေျခရာေကာက္တာနဲ႔ အႀကီးအက်ယ္ပိုးစစ္ေဆးမႈေတြလုပ္ၿပီး ကိုဗစ္လုံး၀ကင္းစင္သြားေအာင္ မူ၀ါဒခ်မွတ္ၿပီး ေဆာင္ရြက္ေနတာျဖစ္ပါတယ္။
...............................................................................
တရုတ်မှာ ကိုဗစ်ကြောင့် ၆ လအတွင်း ပထမအကြိမ် လူသေဆုံး
{{Zawgyi/Unicode}}
တရုတ်နိုင်ငံမှာ ၆ လောက်အတွင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးသူ တယောက်ရှိကြောင်း တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ မြို့တော် ဘီဂျင်းမှာရော နိုင်ငံတဝှမ်းမှာပါ ကိုဗစ်ရောဂါထိန်းချုပ်ရေး တင်းကြပ်တဲ့ကန့်သတ်ချက်တွေချမှတ်ထားပါတယ်။ မေလ ၂၆ ရက်နေ့ နောက်ပိုင်း ကိုဗစ်ကြောင့် အသက် ၈၇ နှစ်အရွယ်အမျိုးသား တဦးသေဆုံးကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ကြေညာပါတယ်။
တရုတ်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၅၂၂၇ ဦးရှိသွားပါပြီ။ တရုတ်နိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူတွေကို ကာကွယ်ဆေးထိုးနှံရေး အဆင်မပြေမှုတွေလည်းရှိနေပါတယ်။ ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ အသေးစိတ်အချက်အလက်ကိုလည်း ကော်မရှင်ရဲ့တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ အသက်အရွယ်ကြီးရင့်သူတွေ ကာကွယ်ဆေးထိုးနှံရေး အဆင်မပြေမှုတွေရှိနေတာကြောင့် တရုတ်နိုင်ငံက သူ့နယ်စပ်အများစုကိုပိတ်ဆို့ထားတာဖြစ်မယ်လို့လည်း ယူဆတာတွေရှိပါတယ်။
ပြည်သူတွေနဲ့ နေ့စဉ် လူမှုဘဝကိုရော နိုင်ငံရဲ့စီးပွါးရေးကိုပါ ထိခိုက်နေပေမယ့်လည်း တရုတ်အစိုးရကတော့ ကိုဗစ်လုံးဝကင်းစင်ရေး “zero-COVID” မူဝါဒအတိုင်းဆက်လက်ကျင့်သုံးနေတာဖြစ်ပါတယ်။
တရုတ်အစိုးရက ပြည်သူတွေကို Lockdown ချပြီးအသွားအလာကန့်သတ်တာ၊ သီးခြားခွဲထားတာ၊ ခြေရာကောက်တာနဲ့ အကြီးအကျယ်ပိုးစစ်ဆေးမှုတွေလုပ်ပြီး ကိုဗစ်လုံးဝကင်းစင်သွားအောင် မူဝါဒချမှတ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။