သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခအဆုံးသတ်အောင် ဘုံတိုက်တွန်းဖို့ တရုတ်လိုလား


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (လယ်-ဝဲ) (ဩဂုတ် ၁၆၊ ၂၀၂၄)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (လယ်-ဝဲ) (ဩဂုတ် ၁၆၊ ၂၀၂၄)

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးသွားမယ့်အကြောင်းနဲ့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့အရေး အဖြေရှာနိုင်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"မြန်မာနိုင်ငံ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ ပြည်သူတွေ လုံခြုံစေဖို့နဲ့၊ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်ဖို့ ဘုံတူညီတဲ့ တသံထဲထွက်အောင် တရုတ်နိုင်ငံက အဖွဲ့အားလုံးနဲ့ လက်တွဲကြိုးပမ်းသွားဖို့ လိုလားပါတယ်။ မြန်မာမပါဘဲ အာဆီယံ မိသားစုမဖြစ်နိုင်ပါဘူး"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံအရေး အာဆီယံအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အာဆီယံရဲ့ နည်းလမ်းနဲ့ အညီ အဖြေရှာနိုင်ရေး ကြိုး ပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ပြောဆိုပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်း အားလုံးက အပြုသဘောဆောင် လုပ်ဆောင်ကြဖို့ မျှော်လင့်တဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံမှာ ရောက်နေတာဖြစ်ပါတယ်။ ဒီခရီးစဉ် မတိုင်ခင် မြန်မာနိုင်ငံ နေပြည်တော်မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG