သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံပဋိပက္ခတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ARF တိုက်တွန်း


လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့မှာကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) (ဩဂုတ် ၁၊ ၂၀၂၄)
လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့မှာကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) (ဩဂုတ် ၁၊ ၂၀၂၄)

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကနေ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးကြဖို့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) မှာပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း ‌ မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေ တဖြည်းဖြည်း အရှိန်မြင့် ဖြစ်ပေါ်လာနေပြီး အရပ်သားပြည်သူတွေပါ သေဆုံးတာအပြင် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အခြေအနေတွေကြောင့် အခုလို နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာတာပါ။

ဒေသတွင်းက တခြားအရေးပါတဲ့ကိစ္စကိုလည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားတာမှာ - တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ကိစ္စမှာ အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာကြဖို့၊ ကိုရီးယား နှစ်နိုင်ငံအကြား နျူကလီးယားကင်းမဲ့ဇုံဖြစ်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့အတွက်လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့အခြေအနေကိုလည်း စိုးရိမ် ပူပန်ကြောင်း ARF ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံ စည်းဝေးပွဲ နောက်ဆက်တွဲအဖြစ် ဆက်လက်ကျင်းပတဲ့ ဒီ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအပြင် အမေရိကန်၊ အီးယူ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျနဲ့ ရုရှားနိုင်ငံတို့လည်း တက်ရောက်ကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG